အော်စကာဆုကို ရရှိပြီး ၂ရက်အကြာမှာ Joker ရုပ်ရှင်က အဓိကမင်းသား Joaquin Phoenix ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ သားသတ်ရုံက နွားသားအမိကို ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။
Liberty နဲ့ Indigo လို့ အမည်ပေးထားတဲ့ နွားသားအမိကို ကယ်တင်ပြီး ဘေးမဲ့တောတခုမှာ လွှတ်ပေးမှာ ဖြစ်တယ်လို့ Joker ရုပ်ရှင်မင်းသား Joaquin Phoenix က ပြောပါတယ်။ သူကတိရစ္ဆာန်အရေးလှုပ်ရှားသူတဦးဖြစ်ပြီး သက်သတ်လွတ် စားတဲ့ မင်းသား Joaquin Phoenix ဟာ ပရိသတ်တွေကို အမြဲလိုလို သတ္တဝါများကို ညှာတာထောက်ထားဖို့ ပြောလေ့ရှိသူလည်း ဖြစ်ပါတယ်။
အော်စကာ ဆုပေးပွဲအတွင်းမှာလည်း သူဟာ ဆုယူပြီးနောက် ခြံဝန်းထဲမှာ ခတ်ပြီး မွေးထားတဲ့ နွားတွေကို သနားကြောင်းနဲ့ ကယ်တင်ဖို့ လိုအပ်ကြောင်း စတဲ့ စကားတွေကို ပြောခဲ့ပါသေးတယ်။
ဆုပေးပွဲပြီးနောက် ၄၈ နာရီအတွင်းမှာပဲ Joaquin Phoenix ဟာ နွားသားအမိကို ကယ်တင်နေတဲ့ ဗီဒီယိုထွက်ပေါ် လာတာဖြစ်ပါတယ်။ Joaquin Phoenix ဟာ သားသတ်ရုံရဲ့ အမှုဆောင် အရာရှိနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့ နောက်မှာတော့ နွားသားအမိကို ကယ်တင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ သားသတ်ရုံရဲ့ အမှုဆာင်အရာရှိကလည်း သူ့ရဲ့ သားသတ်ရုံမှာ ကလေးမွေးပြီးခါစ နွားများနဲ့ နွားပေါက်လေးများကို မသတ်ဖို့ အမိန့်ထုတ်ထားကြောင်း ပြောဆိုခဲ့တယ် လို့ သိရပါတယ်။
” ကျနော့်ဘဝမှာ သားသတ်ရုံပိုင်ရှင်တယောက်နဲ့ မိတ်ဆွေဖြစ်လိမ့်မယ်လို့ လုံးဝကို မတွေးခဲ့ဖူးပါဘူး။ ဒါပေမယ့် အန်တိုနီကို စကားပြောပြီးတဲ့နောက် တကယ်ကို မိတ်ဆွေရခဲ့ပါတယ်။ အခုဆိုရင်တော့ နွားမကြီး လစ်ဘာတီနဲ့ နွားပေါက်လေး အင်ဒီဂိုတို့က ဘေးမဲ့တောမှာ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ကို ရခဲ့ပါပြီ ” လို့ Joaquin Phoenix က ပြောပါတယ်။
အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ မင်းသား Joaquin Phoenix ဟာ နွားသားအမိကို ကယ်တင်ဖို့ ဇနီးလောင်းနဲ့အတူ သွားခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref; theguardian.com
You may also like these stories:
အွန်လိုင်းပေါ်မှာ ဓာတ်ပုံအဟောင်းတွေ တင်လိုက်တဲ့ မင်းသား ဂျက်လီ
တနေ့ကို ၅နာရီနဲ့အထက် ဖုန်းအသုံးပြုခြင်းဟာ အဝလွန်ခြင်းကို ဖြစ်ပေါ်စေနိုင်
“လေဒီဒိန်းဂျား” ဇာတ်ကားကြီးမှာ စီနီယာ ၂ ယောက်နဲ့ ပါဝင်ခွင့်ရလို့ ဝမ်းသာနေတဲ့ ပိုင်ဖြိုးသု