• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

တောင်ကိုရီးယား လုပ်ငန်းရှင်များ၏ ကိုယ်ထိလက်ရောက်မှု တိုင်ကြားမည်

by ကြယ်ပြာ
2 October 2012
in Human Rights
A A
တောင်ကိုရီးယား လုပ်ငန်းရှင်များ၏ ကိုယ်ထိလက်ရောက်မှု တိုင်ကြားမည်

တောင်ကိုရီးယား ပညာရှင်၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ခံခဲ့ရသည့် အထည်ချုပ် အလုပ်သမ နှစ်ဦး (ဓာတ်ပုံ - ကြယ်ပြာ / ဧရာဝတီ)

10.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံကြသည့် တောင်ကိုရီးယား လုပ်ငန်းရှင်တချို့က မြန်မာအမျိုးသမီး အလုပ်သမား များအပေါ် လုပ်ငန်းခွင်တွင်း ကိုယ်ထိလက်ရော်စော်ကားမှု များပြားလာသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးနှင့် ကိုရီးယားနိုင်ငံသို့ အသိပေး တိုင်ကြားစာများ တရားဝင် ပေးပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ဦးအေးချိုက ပြောသည်။

ရန်ကုန် စက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံများတွင် တောင်ကိုရီးယား အလုပ်ရှင်တချို့က မြန်မာအမျိုးသမီး အလုပ်သမားများ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်များနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိနေသဖြင့် ပြစ်မှုကျူးလွန်သူများ၏ အမည်၊စက်ရုံ အမည်နှင့် ပြဿနာ ဖြစ်ရသည့် အကြောင်းရင်းများအား အသေးစိတ် ဖော်ပြ၍ ကိုရီးယား သံရုံးနှင့် ကိုရီးယားနိုင်ငံရှိ ကိုရီးယား အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ်ထံသို့ ပေးပို့သွားမည်ဟု သူက ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
281
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
41

“ဒီလိုကျူးလွန်သူတွေကို ကျနော်တို့ နိုင်ငံမှာ လုံး၀ အလုပ်ပြန်လာလုပ်ခွင့် မရှိအောင် အထိကို သူတို့ဘက်က အဖွဲ့တွေနဲ့ ညှိသွားမယ်။ အလုပ်သမားတွေ ဘက်ကလည်း မကျေနပ်လို့ တရားပြန်စွဲချင်တယ် ဆိုရင် ကျနော်တို့ အဖွဲ့က ရှေ့နေတွေက အခမဲ့ ကူညီပေးသွားမှာပါ” ဟု ဦးအေးချိုက ပြောသည်။

ပြီးခဲ့သည်စက်တင်ဘာ ၂၈ ရက်နေ့က ရန်ကုန် လှိုင်သာယာမြို့နယ်တွင် ရှိသည့် The Myth Appalel Myanmar အထည်ချုပ် စက်ရုံရှိ အလုပ်သမ မစမ်းသူဇာနှင့် ရင်သားကင်ဆာ ဝေဒနာ ခံစားနေရသူ တခြား အလုပ်သမ တဦးအား တောင်ကိုရီးယား လူမျိုး ပညာရှင်က ကိုယ်ထိလက်ရောက် ရိုက်နှက်ရာမှ ရင်သား ကင်ဆာ ဝေဒနာ ခံစားနေရသည့် အမျိုးသမီးမှာ အတွင်းဒဏ်ရာ ရသွားခဲ့ပြီး မစမ်းသူဇာမှာ ခြေချောင်း တချို့ ကျိုးကျေသွားခဲ့ကြောင်း သိရသည်။

“စက်ရုံထဲကနေ အလုပ်သမားရုံးကို သွားမယ်ဆိုရင် အလုပ်ထွက်စာ ရေးရမယ်ဆိုပြီးတော့ အတင်းအကျပ် ရေးခိုင်းတယ်၊ မရေးလို့ ဆိုပြီးတော့ စာရွက်တွေကို ကိုင်ပေါက်ပြီး ဆဲတယ်၊ စော်ကားမော်ကားလည်း ပြောပါတယ်” ဟု မစမ်းသူဇာအောင်က ပြောသည်။

တောင်ကိုရီးယားပညာရှင်၏ လုပ်ရပ်အပေါ် မကျေနပ်သည့် ကာယကံရှင် အမျိုးသမီးနှစ်ဦးနှင့် လုပ်ဖော်ကိုင်ဘက် ဝန်ထမ်း ၃၂ ဦးတို့က လှိုင်သာယာမြိ့ုနယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနသို့ သွားရောက် တိုင်ကြားခဲ့သည့် အတွက် စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁၁ နာရီတွင် အလုပ်သမားရုံး၌ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ကုမ္ပဏီ ဘက်မှ အထွေထွေ မန်နေဂျာတို့ ညှိနှိုင်း ခဲ့ကြကြောင်း၊ ညှိနှိုင်းမှု အပြီးတွင် မစမ်းသူဇာအောင်ကို ကျပ် ၇ သိန်း၊ အတွင်းဒဏ်ရာ ရသွားသော မသူဇာနွယ်အား ကျပ် ၅ သိန်းပေးလျော်ပြီး စာချုပ် ချုပ်ဆိုကာ ကျေအေးလိုက်ကြသည်။

သို့သော် ယင်း အလုပ်သမားများမှာ အလုပ်ဆက်လက် လုပ်ဆောင်လိုခြင်း မရှိတော့ကြောင်း ပြောဆို၍ ဝန်ထမ်း ၃၄ ဦးစလုံး အလုပ်မှ နုတ်ထွက်သွားကြောင်း၊ ၎င်းအလုပ်သမားများမှာ အလုပ်သမားရုံးသို့ သွားရောက် တိုင်ကြားခဲ့သည့် အတွက် အလုပ်ရှင်က အလုပ်ထွက်ရန် ဖိအားပေးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

အထည်ချုပ် စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးအများစုမှာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပြုခြင်း ခံနေရသော်လည်း ယင်း ကိစ္စများနှင့် ပတ်သက်၍ ပိုင်ရှင်များအား တိုင်းကြားသည့်အခါ တစုံတရာ အရေးယူပေးခြင်း မရှိကြောင်း၊ ရဲစခန်းများကလည်း အလုပ်ရှင်များနှင့်ပေါင်း၍ အမှုဖွင့်ပေးခြင်း မရှိကြောင်း The Myth Appalel Myanmar အထည်ချုပ်စက်ရုံက ဝန်ထမ်းများက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများသည် အလုပ်ရှင် အလုပ်သမား ပြဿနာအဆင့်ထက် ကျော်လွန်နေသောကြောင့် ရဲစခန်းတိုင်သင့်သည့် အခြေအနေ များသာဖြစ်ကြောင်း၊ အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဖျန်ဖြေ ပေးရုံမှလွဲ၍ မည်သို့မှ လုပ်ဆောင် ပေးနိုင်စွမ်း မရှိသေးကြောင်း ဆိုသည်။

“အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ ပြဿနာကို ဖြေရှင်း ပေးချင်ယောင်ဆောင်ပြီးတော့ စာချုပ်တွေနဲ့ ကျေအေး ခိုင်းနေတာက ဥပဒေကို ချိုးဖောက်နေတာပဲ။ ကိုယ့်လူမျိုးတွေ ကိုယ်၌က ကိုယ့်ဘက်မပါတော့ ဒီကိစ္စတွေက နောက်လည်း ဆက်ဖြစ် နေဦးမှာပဲ” ဟု စီးပွားရေး ဥပဒေ လမ်းညွှန်ပညာရှင် တဦးဖြစ်သည့် ဦးတင်သန်းဦးက ပြောသည်။

ကိုရီးယား အလုပ်ရှင်များသာမက တခြားလူမျိုး လုပ်ငန်းရှင်များက အလုပ်သမားများအပေါ် အနိုင်ကျင့်ခြင်းများ ရှိနေသော်လည်း ယခုနှစ်ပိုင်းအတွင်း ကိုရီးယားအလုပ်ရှင်နှင့် မြန်မာအလုပ်သမား ပြဿနာများ ပိုများလာသည့်အတွက် ပထမဆုံး နမူနာအနေဖြင့် ကိုရီးယား အလုပ်ရှင်များကို တိုင်ကြားသွားမည် ဖြစ်ကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ သိရသည်။

ပြဿနာဖြစ်နေသော တောင်ကိုရီးယားလုပ်ငန်းရှင်နှင့် ပညာရှင် များအား အရေးယူဆောင်ရွက်ခြင်း ရှိ၊ မရှိ ရန်ကုန် အခြေစိုက် တောင်ကိုရီးယား သံရုံးမှ တာဝန်ရှိသူအား ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားပေးရန် ငြင်းဆိုခဲ့သည်။

တိုင်ကြားမှုများအပေါ် အရေးယူရာတွင် ပြဿနာဖြစ်သည့် စက်ရုံအား တောင်ကိုရီးယား အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ်မှနေ၍ တရားဝင် သတိပေးစာ ပို့ခြင်းမှ စ၍ နိုင်ငံတကာက ယင်းစက်ရုံထုတ် ပစ္စည်းများအား လက်သင့် မခံတော့သည် အထိ အရေးယူခြင်းများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

Your Thoughts …
Tags: Garment FactoryInvestmentSouth Korea
ကြယ်ပြာ

ကြယ်ပြာ

ဧရာဝတီ

Similar Picks:

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

by လင်းသန့်
27 December 2012
13.9k

သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။

ကျောက်ဖြူ-တရုတ် ရေနံပိုက်လိုင်းက ဒေသခံပြည်သူတွေ ဘာအကျိုးခံစားခွင့် ရရှိနိုင်မလဲ

ကျောက်ဖြူ-တရုတ် ရေနံပိုက်လိုင်းက ဒေသခံပြည်သူတွေ ဘာအကျိုးခံစားခွင့် ရရှိနိုင်မလဲ

by ခင်ဦးသာ
31 January 2015
2.8k

ဒေသခံ ပြည်သူများ၏ လယ်ယာ မြေများ၊ နွားစာကျက် မြေများ၊ မြေလွတ် မြေရိုင်းများ အတွက် လျော်ကြေး ငွေများကို ထိုက်တန်စွာ ပေးဆောင်မှု မရှိသေး၍ လယ်ယာမြေ အငြင်းပွားမှု ပြဿနာများလည်း ဖြေရှင်းရန် ရှိနေဆဲ ဖြစ်သည်။

စီမံကိန်း သိမ်းမြေများ အကောင်အထည် မဖော်ပါက နိုင်ငံပိုင် ပြန်သိမ်းမည်

စီမံကိန်း သိမ်းမြေများ အကောင်အထည် မဖော်ပါက နိုင်ငံပိုင် ပြန်သိမ်းမည်

by ထက်နိုင်ဇော်
30 July 2013
2.7k

“စီမံကိန်း အကြောင်းပြ သိမ်းထားတဲ့မြေ ဘယ်လောက် များလဲဆိုရင် လူသေရင်မြှုပ်ဖို့ သင်္ချိုင်းကိုတောင် သွားဖို့ လမ်းမရှိတော့ပါဘူး” ဟု ၄င်းဒေသ အခြေအနေကို ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသား လွှတ်တော် အမတ် ဦးရှုမောင်က...

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

by မေစစ်ပိုင်
26 July 2013
2.4k

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို လာမည့် စက်တင်ဘာလတွင် ပြန်လည် အကောင်အထည် ဖော်မည်ဟု သမ္မတရုံး ပြန်ထောင်စု ဝန်ကြီး ဦးလှထွန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသော စာနယ်ဇင်း တွေ့ဆုံ ရှင်းလင်းပွဲ၌ ပြောဆို လိုက်သည်။

ပက်စီနှင့် ကိုကာကိုလာကြောင့် ပြည်တွင်းအချိုရည် ဈေးကွက်ပျက်စပြု

ပက်စီနှင့် ကိုကာကိုလာကြောင့် ပြည်တွင်းအချိုရည် ဈေးကွက်ပျက်စပြု

by ဂျူးဂျူးလှိုင်
3 October 2012
13.9k

“ပက်စီနဲ့ ကိုကာကိုလာ ပြန်ဝင်လာတော့ အချိုရည် ဈေးကွက်မှာ ပြည်တွင်းက ကုမ္ပဏီတွေ အနေနဲ့ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူး။ ပြည်တွင်းအချိုရည် လုပ်ငန်းတွေ ဆက်ရှင်သန်ဖို့က ဉာဏ်အား၊ ငွေအား၊ လူအားနဲ့ ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်”

ဆိုလာ ယဉ်ကျေးမှုနှင့် ဗီဒီယိုကြိုက်သူများ

by ကြယ်ပြာ
17 January 2013
5.6k

အခုဆို ဘာဓာတ်တိုင် ဓာတ်ကြိုးမှ မလိုဘဲနဲ့ကို အဘွားတို့တောတွေမှာ ညဘက်တွေ မီးထွန်းနိုင်ပြီ။ တီဗီကြည့်နိုင်ပြီ

Next Post
ထားဝယ် သဲတူးဖော်ရေး ဒေသခံများ စိုးရိမ်နေ

ထားဝယ် သဲတူးဖော်ရေး ဒေသခံများ စိုးရိမ်နေ

အစိုးရနှင့် KIO တို့ ဆွေးနွေးနိုင်ရေး ကြန့်ကြာနေ

အစိုးရနှင့် KIO တို့ ဆွေးနွေးနိုင်ရေး ကြန့်ကြာနေ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved