• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်မှန်တဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာအတွက် အဆင်သင့် ဖြစ်ပြီလား

by လင်းသန့်
31 January 2013
in သတင်း
A A
စစ်မှန်တဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာအတွက် အဆင်သင့် ဖြစ်ပြီလား

သတင်းစာများ ရောင်းချရန် စီနေသူ တဦး (ဓာတ်ပုံ - ဧရာဝတီ)

14.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ နိုင်ငံပိုင် သတင်းစာကြီးတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ဝန်ဆောင်မှု မီဒီယာတွေဖြစ်လာအောင် လုပ်ကိုင် ဆောင်ရွက်နေတယ်လို့ မကြာသေးမီက အစိုးရတာဝန်ရှိသူတွေက ပြောဆိုမှုတွေအပေါ် သံသယဖြစ်တဲ့ မေးခွန်းတွေ ကျယ်လောင်လာပါတယ်။

ပြီးခဲ့တဲ့ရက်က နိုင်ငံပိုင် သတင်းစာကြီးတွေမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကထောင်ထားတဲ့ မိုင်းကွဲမှုကြောင့် အပြစ်မဲ့ အရပ်သား သေဆုံးမှုသတင်းမှာ ဖော်ပြခဲ့တဲ့ ဖြတ်ကပ်ညှပ် ဓာတ်ပုံနဲ့ ပတ်သက်ပြီး အတော်ပွဲ ဆူသွားခဲ့ပါတယ်။

သတင်းမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဟာ မနှစ်က ဒီဇင်ဘာ ၂၅ ရက်နေ့ အဲပုဂံလေယာဉ် ပျက်ကျစဉ်က လေယာဉ်နဲ့ တိုက်မိခဲ့တဲ့ ဟဲဟိုး ဒေသခံ ကွယ်လွန်သူ ဦးပြား စီးလာခဲ့တဲ့ ဆိုင်ကယ်ကို ဖြတ်ကပ်ညှပ်လုပ်ပြီး နိုင်ငံပိုင် သတင်းစာ ၃ စောင်လုံးမှာ ဖော်ပြခဲ့တာပါ။

မြန်မာတိုင်းမ်းဂျာနယ်က အခုလို အစိုးရသတင်းစာက ဖြတ်ကပ်ညှပ် ဓာတ်ပုံသုံးမှု သတင်းကို အစောဆုံး ထုတ်ဖော် ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံပိုင် သတင်းစာတွေမှာ သတင်းဓာတ်ပုံ မှားယွင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး  ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်ကလည်း သူ့ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ချက်ချင်း ဝန်ခံပြီး ဖြေရှင်းချက် ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာလည်း တောင်းပန်ထားတာ တွေ့ရပါတယ်။

သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒု ဝန်ကြီး ဦးရဲထွဋ်က သတင်းဖြစ်စဉ် မှန်ကန်ပေမယ့် ဓာတ်ပုံဖော်ပြမှု မှားယွင်းခဲ့ကြောင်း ဧရာဝတီနဲ့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။

“တကယ်ပြောရရင်တော့ ဒါ အင်မတန်မှ မမှားသင့် တဲ့အမှားကို ကျနော်တို့ မှားခဲ့တာပေါ့” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ယခုလို မှားယွင်းခဲ့မှုနဲ့ ပတ်သက်ပြီးတော့လည်း သင်ခန်းစာရကြောင်း ပြောပါတယ်။

“ကျနော်တို့ အမှားကိုလည်း ရှောင်လွှဲလို့မှ မရဘဲကိုး … နော်။ သတင်းစာ၊ မီဒီယာ လုပ်တယ်ဆိုရင်တော့ ဒီလိုမျိုး သတင်း မှားတာတွေ၊ ဓာတ်ပုံမှားတာတွေတော့ ကျနော်တို့ ကြုံရမှာပေါ့။ သို့သော် ဒါကြီးကကျတော့ အရမ်းကြီးမားတဲ့ အမှားကြီးဖြစ်တော့ ကျနော်တို့လည်း ဒါ တော်တော် သင်ခန်းစာလည်း ရပါတယ်။ ကျနော့် ပုဂ္ဂိုလ်ရေး အယူအဆ ပြောရရင် ကျနော် ရှက်လည်း ရှက်ပါတယ်” လို့ ဒု ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ ဒု ဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖြေရှင်းချက်အပေါ် သဘောထားအမြင် ဝင်ရောက်ရေးသားမှုတွေမှာ စိတ်ဝင်စားစရာတွေလည်း တွေ့ရပါတယ်။

ဒီအထဲမှာ ကျော်ဇေယျာမြင့် အမည်နဲ့ ဖေ့စ်ဘုတ် သုံးစွဲသူတဦးက “သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းနဲ့ ဓာတ်ပုံက ကျနော်တို့ သတင်းစာက သတင်းထောက်နဲ့ အယ်ဒီတာတွေ ရေးသား ဖော်ပြထားတာ မဟုတ်ပါဘူး။ သတင်းရော ဓာတ်ပုံပါ သတင်းစဉ်ဆိုတဲ့ ဌာနက ပို့တာကို သတင်းစာတိုက်များက မထည့်မနေရ ထည့်သွင်း ဖော်ပြရခြင်း ဖြစ်ပါတယ်။ အခု ဆရာ ဦးရဲထွဋ် ပြန်လည်ဖြေကြားပုံက သတင်းစာတိုက်က သတင်းထောက်တွေ အယ်ဒီတာတွေ ညံ့ဖျင်းပြီး မစိစစ်ဘဲ ဖော်ပြထားတာမျိုး ဖြစ်နေပါတယ်။ ဒီပြောကြားချက်ကို လုံး၀ လက်မခံ ပါဘူး” လို့ တုံ့ပြန်ရေးသားထားတာ တွေ့ရပါတယ်။

ပြည်သူ့ဝန်ဆောင်မှု မီဒီယာတွေဖြစ်လာအောင် ကြိုးပမ်းနေတယ်ဆိုတဲ့ အစိုးရသတင်းစာများနဲ့ ပတ်သက်လို့ သူကဆက်လက်ပြီး “သတင်းစာကို သတင်းစဉ်က ရာနှုန်းပြည့် လွှမ်းမိုးခြယ်လှယ် ချုပ်ကိုင်ထားပြီး သတင်းမှားတိုင် ပုံမှားတိုင်း သတင်းစာတိုက်က အယ်ဒီတာတွေ သတင်းထောက်တွေ ပေါ့လျော့မှုလို့ပြောနေတာက လုံး၀ မဖြစ်သင့်တော့တဲ့ ကိစ္စပါ။ ဒါကို ဒု ဝန်ကြီးတဦးအနေနဲ့ အမှန်တကယ် မသိတာလား၊ သိလျက်သားနဲ့ ပြည်သူတွေနဲ့ သတင်းစာတိုက်က လူတွေကြား ထင်မြင်လွဲမှားအောင် လုပ်နေတာလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ သတင်းစဉ်ရဲ့ အမှားတွေကို သတင်းစာတိုက်က မြင်လို့ ပြင်ဆင်ခွင့်မရှိသလို သတင်းစဉ်မှ ဗိုလ်ပြုတ်များရဲ့ ဆုံးဖြတ်ချက်များသာ အမှန်ဟု အတင်းအဓ္ဓမ စီရင်ဆုံးဖြတ်နေတာကလည်း လုံးဝကို မဖြစ်သင့်တော့တဲ့ ကိစ္စတခုပါပဲ ခင်ဗျာ။ ဆရာ ဦးရဲထွဋ်အနေနဲ့ အောက်ခြေအထိ ကွင်းဆင်း လေ့လာ သုံးသပ်နိုင်ပါတယ်” လို့ ဆက်ရေးထားပါတယ်။

အစိုးရသတင်းစာတွေရဲ့ သတင်းစီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ အစိုးရသတင်းစာတိုက်တွေကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် တစုံတရာ  ဖြေကြားခြင်း မရှိပါဘူး။

မြန်မာ့သတင်းစဉ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အမည်မဖော်လိုသူ အရာရှိဟောင်း တဦးကတော့ အစိုးရပိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို သတင်းစဉ်ကပဲ သတင်းစာတိုက်တွေကို ပို့ပေးရပြီး ဒါကို အယ်ဒီတာချုပ်တွေက ပြင်ဆင်ခွင့် မရှိကြောင်း၊ ဒါကလည်းအဆင့်ဆင့် အမိန့်က စီးဆင်းပြီးသားဖြစ်ကြောင်း၊ ဒါပေမယ့် အခု ဦးရဲထွဋ်ရဲ့ ပြောဆိုမှုဟာ စနစ်ဟောင်း အတိုင်းပဲ ဖြစ်နေဆဲပဲလို့ ဧရာဝတီကို ပြောပါတယ်။

“ကိစ္စ တခုဖြစ်ပြီဆိုရင် အကြီးဆုံးကနေ အောက်ဆုံး အငယ်ဆုံးထိ ပုံချလိုက်တာ များပါတယ်။ အမှန်ကတော့ Confirmation လုပ်တာတွေ အားလုံးက အထက်ဝန်ကြီးတွေ မသိဘဲနဲ့ ထုတ်လို့မရဘူး။ သိသလောက်ကတော့ အခု နောက်ပိုင်း သတင်းစာထဲမှာ ထည့်တဲ့ သတင်းရော၊ ဓာတ်ပုံရော ကိစ္စတိုင်းမှာ ဦးရဲထွဋ်ရဲ့ Authority အတိုင်းပဲ လုပ်နေရတာ” လို့ ဆိုပါတယ်။

သတင်းစာတွေမှာ မြန်မာ့သတင်းစဉ်က သတင်းတွေ ဖော်ပြပေးနေခဲ့ရတာနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်က ယခင်ကတော့ အများစုက သတင်းစဉ်က ပေးပို့လာတာတွေဖြစ်ပေမယ့် အခုတော့ ပြောင်းလဲလာကြောင်း ပြောပါတယ်။

“အရင်တုန်းကတော့ သတင်းစာထဲမှာပါတဲ့ သတင်း တဝက်ကျော်လောက်က သတင်းစဉ်ကလာတဲ့ သတင်းပါ။ ဒါလည်း အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေးတွေ စ မလုပ်ခင်တုန်းက ဒါ တကယ် ရှိခဲ့တဲ့ အခြေအနေပါပဲ။ အခု နောက်ပိုင်းမှာ ကျနော်တို့ တဖြည်းဖြည်း ပြောင်းလာတယ်” လို့ ဦးရဲထွဋ်က ရှင်းလင်းပြောဆိုပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
547
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

ပြည်သူ့ဝန်ဆောင်မှု သတင်းစာဖြစ်ရေး ကြိုးစားနေချိန်မှာ နောက်ပိုင်း သတင်းစဉ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ဦးရဲထွဋ်က အခုလို ပြောပါတယ်။

“အများပြည်သူ ဝန်ဆောင်မှုကို ပြောင်းမယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ သတင်းစဉ်က ထုတ်ပေးတဲ့ သတင်းတွေက တဖြည်းဖြည်းနဲ့ လျော့လာပြီးတော့ သတင်းစာတိုက်တွေက ကိုယ့်ဟာကို သတင်းရှာဖို့ ကျနော်တို့ ဦးစားပေးနေတာပေါ့။ နောင် အများပြည်သူ ဝန်ဆောင်မှု သတင်းစာ ဖြစ်သွားတဲ့အခါမှာ သတင်းစဉ်ကတော့ Official Press Statements တွေကို အများပြည်သူ ဝန်ဆောင်မှု သတင်းစာတွေရော နောက်တခါ အပြင်မှာ ရှိတဲ့ ဂျာနယ်တွေရောကို ဖြန့်ပေးတဲ့ဌာန ဖြစ်သွားမှာပေါ့ဗျာ။ အဲဒီတော့ သူ့ Role တွေကတော့ တဖြည်းဖြည်းပြန်ပြီး ပြောင်းသွားတော့မှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

အခုလို နိုင်ငံပိုင် သတင်းစာတွေအနေနဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ်ကို ဦးတည်သွားနေချိန်မှာ ဖြစ်ခဲ့တဲ့ အမှားအယွင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ အများကြီးရှိနေပြီး အဓိကကျတဲ့ ကြိုးနီစနစ်ကြီး မရှိတော့မှသာ ဖြစ်နိုင်ကြောင်း သတင်းစဉ်မှာ တာဝန်ယူခဲ့ဖူးသူ အရာရှိဟောင်းက မှတ်ချက်ပေးပါတယ်။

“အဓိကကတော့ ကြိုးနီစနစ်ကြီး ပပျောက်ဖို့ပဲ အရေးကြီးပါတယ်။ အဲဒီစနစ်ကြီး မပျက်သေးသရွေ့ ပြည်သူ့ ဝန်ဆောင်မှု မီဒီယာဆိုတာ ဖြစ်မလာနိုင်ပါဘူး” လို့ သူက ဆိုပါတယ်။

အမည်မဖော်လိုသူ ပြည်သူဝန်ဆောင်မှု မီဒီယာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကို ကိုးကားပြီး AFP က ရေးတာကို ဘန်ကောက်စ်ပို့ သတင်းစာမှာ “မြန်မာ့အလင်း အင်္ဂလိပ်ပိုင်း သတင်းစာကို တင်ဒါစနစ်နဲ့ စိတ်ဝင်စားတဲ့သူတွေကို ဖိတ်ခေါ်ဖို့ ဝန်ကြီးဌာန (ပြန်ကြားရေး) နဲ့လည်း သဘောတူပြီပါပြီ။ လူအရင်းအမြစ် လိုအပ်ချက်တွေနဲ့ ဒီသတင်းစာကို အဆင့်မီမီ ထုတ်ဝေ ဖြန့်ချိဖို့ဆိုတာ ဝန်ကြီးဌာနအနေနဲ့ မဖြစ်နိုင်ပါဘူး” လို့ ဖော်ပြထားပါတယ်။

မြန်မာ့အလင်း အင်္ဂလိပ်ပိုင်း သတင်းစာကို Myanmar Times အင်္ဂလိပ်ပိုင်း အယ်ဒီတာချုပ် ရော့စ် ဒန်ကလေက တွဲလုပ်ဖို့ စိတ်ဝင်စားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Your Thoughts …
Tags: JournalismMedia
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.4k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

by ဧရာဝတီ
31 January 2025
126

အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

by ရန်ပိုင်
15 July 2013
11.2k

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။

စာရေးဆရာ မင်းလူ ကွယ်လွန်

စာရေးဆရာ မင်းလူ ကွယ်လွန်

by စနေလင်း
15 August 2013
5.5k

ကဗျာကြောင့် လူ ၁ ထောင်ကျော် အဖမ်းခံ လိုက်ရသော လူဖမ်းပွဲကြီးတွင် မိမိနှင့်အတူ ဆရာ မင်းလူ၊ ကိုစိုးနိုင်တို့က ထောင် ၇ နှစ် ချခံလိုက်ကြ ရကြောင်း၊ စစ်ကြောရေး တွင်လည်း မိမိတို့က သူမရေးကြောင်း...

အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
2k

လက်ရှိ ပုဂ္ဂလိက သတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီး သွားရမလဲ ဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီး သွားရမယ်။ ကြော်ငြာရရင် အရှုံး သက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာ မရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့...

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

by ဧရာဝတီ
27 April 2015
28.2k

သြစတြေးလျရုပ်သံလိုင်းတခု ဖြစ်သည့် Nine Network ၏ “မိနစ် ၆၀ (60 Minuites)” အစီအစဉ်က သူ၏ အသုံးအဖြုံး ကြီးမားမှုကို ဖွင့်ချခဲ့သည်။

Next Post
“ရေသည် အသက်” ဆုများ မြန်မာ ဓာတ်ပုံဆရာများ သိမ်းပိုက်

“ရေသည် အသက်” ဆုများ မြန်မာ ဓာတ်ပုံဆရာများ သိမ်းပိုက်

လက်ပံတောင်း ဆန္ဒပြ ဖြိုခွဲမှု ဖော့စ်ဖရပ် ဗုံး သုံးကြောင်းတွေ့ရှိ

လက်ပံတောင်း ဆန္ဒပြ ဖြိုခွဲမှု ဖော့စ်ဖရပ် ဗုံး သုံးကြောင်းတွေ့ရှိ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved