• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခေါင်းဆောင်နဲ့ ဖက်ရှင်

by မစပ်စု
23 February 2013
in သတင်း
A A
ခေါင်းဆောင်နဲ့ ဖက်ရှင်

ချင်းပြည်နယ်အတွင်း သွားရောက်လှည့်လည်စဉ် ချင်းတိုင်းရင်းသား ရိုးရာဖက်ရှင်နှင့် မြင်တွေ့ရသည့် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - president-office.gov.mm)

15.8k
VIEWS
Share on FacebookShare on Twitter

မစပ်စုတို့ တိုင်းပြည်ရဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ပြီးတဲ့ နောက်ပိုင်းမှာ သူဝတ်ဆင်တဲ့ အဝတ်အစား၊ ဖက်ရှင်ဒီဇိုင်းတွေဟာ လူငယ်၊ လူလတ်၊ လူကြီး စတဲ့ အရွယ်အမျိုးမျိုးသော အမျိုးသမီး ထုကြားထဲ လက်ရှိ အချိန်အထိ အလွန်ပဲ ရေပန်းစားနေခဲ့တာပါ။

အနယ်နယ် အရပ်ရပ်က အမျိုးသမီး စက်ချုပ်ဆိုင်တွေ၊ ဖက်ရှင် ဒီဇိုင်နာတွေ ဆီမှာဆိုရင်လည်း ပွဲတက်ဖို့ မြန်မာ့ ရိုးရာ ဝတ်စုံဒီဇိုင်း ရွေးကြပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဘယ်ပွဲမှာ ဝတ်သွားတဲ့ ဘယ်လို ဒီဇိုင်မျိုးလေး ချုပ်ပေးပါဆိုတဲ့ အသံတွေ ကြားလာရတော့ မီဒီယာတွေကတောင် ဒေါ်အောင်ဆန်းစုကြည် ဖက်ရှင်နဲ့ ပတ်သက်လို့ အင်တာဗျူးတွေ၊ သတင်းတွေ ထုတ်ဖော် ရေးသားခဲ့ကြပါသေးတယ်။ သူ တောင်ကိုရီးယားသွားတုန်းက ဝတ်စုံတွေဆိုရင် ဖက်ရှင်လောကမှာတောင် ပြောစမှတ် ပြုရတယ်လို့ သိရပါတယ်။

သူကလည်း မြန်မာလူထုရဲ့ အထင်ကရ ပုဂ္ဂိုလ်ပေကိုး။ အဲဒီလို အတိုက်အခံ ခေါင်းဆောင် တဦးရဲ့ ဝတ်စားဆင်ယင်မှု အကြောင်း စိတ်ဝင်တစား ပြောပြီးပြန်တော့ အခု လက်တလောမှာ မစပ်စုတို့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရိုးရာဖက်ရှင် တခုကိုလည်း ပြည်သူတွေအကြား အပြောများ လာပါတယ်။

အဲဒါကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅၊ ၁၆ လောက်မှာ သမ္မတကြီးရဲ့ ချင်းပြည်နယ် ခရီးစဉ်အတွင်း ဝတ်ခဲ့တဲ့ ဖက်ရှင်လို့ ဆိုရမှာပါပဲ။ ချင်းပြည်နယ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင် ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့တဲ့ သမ္မတကြီးက ချင်း တိုင်းရင်းသားတွေရဲ့ ရိုးရာ ဂျက်ခုပ် အထည်တွေကို တနေ့တမျိုး မရိုးရလေအောင် ဝတ်ဆင်ခဲ့တာကို ဓာတ်ပုံမှတ်တမ်း တွေကနေ တွေ့ကြရပါတယ်။

ဒီလို ချင်းအမျိုးသား ဝတ်စုံကို ဝတ်ဆင်ပြီး ပြည်သူတွေကို လိုက်လံ နှုတ်ဆက် နေလေတော့ သမ္မတကြီးရဲ့ ပုံမှန် လွှတ်တော်တက်ရင် ဝတ်ဆင်ပုံ၊ နိုင်ငံရပ်ခြား ခရီးတွေ သွားရောက်တဲ့အခါ ဝတ်စားပုံ၊ စတဲ့ အနေအထားတွေနဲ့ ကွဲထွက် နေပါတယ်။ ဒါဟာလည်း သမ္မတကြီးရဲ့ ဖက်ရှင်တွေထဲက ရိုးရာဖက်ရှင် တခုလို့ ဆိုရလေမလားဘဲ။

အခုလို သမ္မတကြီးအနေနဲ့ ချင်းတိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်လို့ ချင်းပြည်နယ်တခွင် လှည့်လည်ခဲ့ပြီးတဲ့နောက် ချင်းတိုင်းရင်းသား တွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးဖို့ မျှော်လင့်နေတယ်ဆိုတဲ့ ချင်းပြည်နယ် ဖလမ်းမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လိန်းက “ကျနော်တို့ ချင်း အမျိုးသားတွေအနေနဲ့ အရမ်း ဂုဏ်ယူတယ်။ ဆက်လက် ပြီးတော့ ချင်းပြည်နယ်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းရဲ့ ပထမ ခြေလှမ်း ဖြစ်နိုင်ပါစေလို့ ကျနော်တို့က ပြောချင်ပါတယ်။ အခုလို ချင်းတိုင်းရင်း သားဝတ်စုံကို ဝတ်လိုက်တဲ့အခါမှာ ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေနဲ့ တသားတည်း ကျတယ် လို့ ပြချင်တာပေါ့ဗျာ။ အဲလိုပဲ အဓိပ္ပာယ် ကောက်ပါတယ်။ နောက်ပြီးတော့လည်း ဆုတောင်းပေးချင် တာကတော့ အဲဒီလို ဝတ်စုံကို ဝတ်ဆင်ပြီး ချင်းပြည်နယ်တခွင် လှည့်လည်တဲ့အခါမှာ ချင်းပြည်နယ်ရဲ့ လိုအပ်ချက်တွေကို သူ့အနေနဲ့ ကိုယ်တိုင်မျက်စိနဲ့ တွေ့မြင်ပြီးတော့ သိရှိသွားတာဟာ သူ ချင်းဝတ်စုံဝတ်တာနဲ့ ထပ်တူထပ်မျှ ဖြစ်နိုင်ပါစေလို့ အဲဒီလိုပဲ သဘောရပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

မစပ်စု သိရသလောက်ကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ သမ္မတ သက်တမ်း တလျှောက်မှာ တိုင်းရင်းသား ရိုးရာ ဝတ်စုံကို ဝတ်ဆင်ပြီး ပြည်သူထဲ ကွင်းဆင်းလေ့လာခဲ့တာ ဆိုလို့ ဒီ ချင်းတိုင်းရင်းသားဝတ်စုံဟာ ပထမဆုံး အကြိမ်လို့ ဆိုရမှာပါ။

အခုလို တိုင်းရင်းသားတွေရဲ့ အမြတ်နိုးဆုံး ရိုးရာဝတ်စုံကို တိုင်းပြည်ခေါင်းဆောင် တဦးက ဝတ်ဆင်ပြတဲ့အပေါ် ဂုဏ်ယူ မိပါတယ်လို့လည်း ကချင် တိုင်းရင်းသားတဦးဖြစ်သူ ဖက်ရှင် ဒီဇိုင်နာ ကိုဇော်ဆိုင်းက ဧရာဝတီကို ပြောပါတယ်။

“ကျနော်က ချင်းတိုင်းရင်းသား မဟုတ်ပေမယ့်လည်း တိုင်းရင်းသား တယောက်အနေနဲ့ ဘယ်သူမဆို ကိုယ့်လူမျိုး ဝတ်စုံကို တန်ဖိုး ထားကြတယ်လေ။ သမ္မတကြီး ဦးသိန်းစိန်ဆိုတာလည်း နိုင်ငံတော်ရဲ့ အကြီးအကဲ တယောက် ဆိုတော့ ကိုယ့်တိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ထားတော့ ဘယ်သူမဆို ကြိုက်ကြမှာပဲ။ ဂုဏ်ယူကြမှာပါပဲ။ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်” လို့ ဆိုပါတယ်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန် မာ့ ရိုးရာ ဝတ်စားဆင်ယင်မှု ဖက်ရှင် ဒီဇိုင်းတွေဟာ ယနေ့ခေတ် အမျိုးသမီးထုအကြား ရေးပန်းစားနေသလိုပဲ သမ္မတကြီးရဲ့ ချင်းရိုးရာဖက်ရှင် ဒီဇိုင်းလည်း ထိုနည်းလည်းကောင်း အမျိုးသားတွေ အကြား ရေပန်းစား လာမလားလို့ မစပ်စုတွေးမိနေပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

နိုင်ငံရေးဆိုတာ ဝေးလို့ ပညာရေး၊ အတန်းပညာဆိုတာ ဘာမှန်းမသိရဘဲ ချို့တဲ့လှတဲ့ ချင်းတိုင်းရင်းသား ကလေးငယ်တွေ၊ ဆင်းရဲနုံချာလှတဲ့ ချင်းတိုင်းရင်းသား တွေရဲ့ လူနေမှုဘဝတွေ၊ လမ်းပန်း ဆက်သွယ် ရေးခက်ခဲလွန်းလို့ ချင်းပြည်နယ်ရဲ့ အလှကို လာရောက် လေ့လာမယ့် နိုင်ငံခြားသား ဆိုတာဝေးလို့ ကိုယ့် မြန်မာလူမျိုးချင်းတောင် ချင်းပြည်နယ်ရဲ့ အလှ၊ ချင်းတောင်တန်းတွေရဲ့ အလှကို သွားရောက် မခံစားနိုင်တဲ့ အခြေအနေတွေ၊ စတဲ့ ဒီလို လိုအပ်ချက်တွေ အများအပြားရှိနေတဲ့ ချင်းတောင်တန်းတွေရဲ့ လိုအပ်ချက်တွေကို ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေနဲ့ တသားတည်းပါ ဆိုတဲ့ သမ္မတကြီး သေသေချာချာ မြင်တွေ့ခဲ့ပြီလို့ မစပ်စု ယုံကြည်ပါတယ်။ မြင်တွေ့ခဲ့ရသလောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင် လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့ ချင်းပြည်နယ်တင်မကဘဲ နောက်ထပ် ဘယ်တိုင်းရင်းသား ဒေသတွေကို သွားပြီး လှည့်လည် ဦးမလဲ၊ ဘယ်လို တိုင်းရင်းသား ဖက်ရှင်ဆန်းတွေ ဝတ်ဦးမလဲဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေ အားလုံး မစပ်စုနဲ့ ထပ်တူ စိတ်ဝင်စားနေကြမယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေ အလေးထားတဲ့ သူတို့ရဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်တာဟာ သူတို့ကို အလေးထားတာဖြစ်လေတော့ တိုင်းပြည်ခေါင်းဆောင် ဖြစ်တဲ့ သမ္မတကြီး အနေနဲ့ တိုင်းရင်းသား အားလုံးရဲ့ ရိုးရာဝတ်စုံတွေ တမျိုးစီ ဝတ်ဆင်ပြီး သူတို့ဒေသတွေမှာ လှည့်လည် ကြည့်ရှု ပြီးသွား ရင်တော့ မစပ်စုတို့ မြန်မာပြည်ကြီးလည်း ဖက်ဒရယ် အစစ်နဲ့ နီးစပ်ပြီလို့ ပြောနိုင်ပါတော့မယ်။

Your Thoughts …
Tags: Aung San Suu KyiFashionPresidentsThan Shwe
မစပ်စု

မစပ်စု

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

by ဧရာဝတီ
19 June 2025
232

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်း ဗီဒီယိုဖိုင် အများဆုံးနဲ့ ဂင်းနစ်စံချိန် တင်ဖို့ ကြိုးပမ်းနေတာမှာ ရုပ်သံဖိုင်ပေါင်း တသိန်းကျော် ရရှိထားပြီး အဲ့ဒီထဲက ၄၀ ရာခိုင်နှုန်းက စီစစ်အောင်မြင်ပြီးဖြစ်တယ်လို့...

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

by လင်းသန့်
30 January 2013
23.2k

“နတ်သမီးနဲ့ လူလိမ်” လို့ မြန်မာတွေ လူသိများတဲ့ ဇာတ်လမ်းတွဲထဲက ကိုရီယားမင်းသား Ahn Jae-wook နဲ့အတူ တခြား မြန်မာပရိသတ်တွေ နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား အနုပညာရှင်တွေလည်း ပါဝင်တယ်

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by သာလွန်ဇောင်းထက်
10 January 2013
10.2k

ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊သူတို့ချမ်းသာပုံချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံ ချမ်းသာနည်းက မတရားမှုတွေပါလား မပါလား အဲဒါတွေ စိစစ်ရမယ်

သူမ နှင့် စစ်အာဏာရှင်များ

သူမ နှင့် စစ်အာဏာရှင်များ

by ဧရာဝတီ
13 June 2025
115

Opinion Talk Snapshot

ဒေါ်အောင်ဆန်းစုကြည် တကယ်ကျန်းမာရဲ့လား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် တကယ်ကျန်းမာရဲ့လား (ရုပ်/သံ)

by ဧရာဝတီ
16 December 2025
109

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ကြောင်းသိရပါတယ်။

ဂရိတ်ဝေါ ဦးတင်မောင်ကို သမ္မတ ဆုပေးမှု လယ်သမားများ ဆန္ဒပြ ကန့်ကွက်မည်

ဂရိတ်ဝေါ ဦးတင်မောင်ကို သမ္မတ ဆုပေးမှု လယ်သမားများ ဆန္ဒပြ ကန့်ကွက်မည်

by နန်းသီရိလွင်
10 May 2013
6.9k

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည် ဆုနှင့် ဂုဏ်ပြုဆုရရှိသူ အများစုသည် ဒေသခံလူထုနှင့် မြေယာပြဿနာများ ရင်ဆိုင်နေရဆဲ လုပ်ငန်းရှင်များ ဖြစ်သည်။

Next Post
ဒဏ်ခတ်စာရင်းဝင် မြန်မာဘဏ်များကို အမေရိကန် ငွေလွှဲခွင့် ဖွင့်ပေး

ဒဏ်ခတ်စာရင်းဝင် မြန်မာဘဏ်များကို အမေရိကန် ငွေလွှဲခွင့် ဖွင့်ပေး

ဖရိုဖရဲ အနာဂတ် ရန်ကုန်မြို့တော်လား

ဖရိုဖရဲ အနာဂတ် ရန်ကုန်မြို့တော်လား

Please login to join discussion
No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved