• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘိုးဘွားများအတွက် နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ ဖွင့်မည်

by မြတ်စုမွန်
24 July 2013
in သတင်း
A A
ဘိုးဘွားများအတွက် နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ ဖွင့်မည်

ပွဲဈေးတန်းတခုတွင် အလှူခံနေသည့် အဘွားအိုတဦးကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

2.7k
VIEWS
Share on FacebookShare on Twitter

အသက် ၇၀ ကျော် ဘိုးဘွားများအတွက် နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ (Day Care Centre) တခုကို လာမည့် စက်တင်ဘာတွင် ကမ္ဘာအေး လူမှုဝန်ထမ်း ဦးစီးဋ္ဌာနရုံးချုပ်၌ စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဋ္ဌာန သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းဋ္ဌာနခွဲမှ ညွှန်ကြားရေးမှူးက ပြောသည်။

“အဓိကကတော့ သားသမီးတွေ အလုပ်သွားတဲ့အချိန် အိမ်မှာ အထီးကျန်ပြီး တယောက်တည်း ကျန်နေခဲ့ရတဲ့ ဘိုးဘွားတွေ၊ လူမှုရေးအရ စောင့်ရှောက်ဖို့ လိုနေတဲ့ ဘိုးဘွားတွေကို ဆင်းရဲချမ်းသာမရွေး လက်ခံသွားမယ်။ မြန်မာနိုင်ငံမှာ ဒီလိုလုပ်တာ
ပထမဆုံးပါ” ဟု ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ဧရာဝတီသို့ ရှင်းပြသည်။

မရမ်းကုန်မြို့နယ်တွင် ဖွင့်လှစ်မည့် အဆိုပါ Day Care Centre တွင် အဆိုပါ စင်တာနှင့် အနီးတဝိုက် မြို့နယ်များမှ ရပ်ကွက်များတွင် စာရင်းရယူပြီး ဘိုးဘွား ၃၀ ကျော်ကို ရှေ့ပြေးအစီအစဉ်အဖြစ် စောင့်ရှောက် ပေးသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် လူဦးရေတိုးချဲ့ လက်ခံသွားမည် ဖြစ်ကြောင်း၊ လာမည့် ၂၀၁၄ – ၁၅ ခုနှစ်တွင် မန္တလေးတိုင်းအတွင်း ဖွင့်လှစ်ရန် စီစဉ်ထားပြီး ပြည်နယ်နှင့်တိုင်း အားလုံးတွင် တိုးခဲျ့ လုပ်ဆောင်သွားမည့် အစီအစဉ်များလည်း ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။

ဘိုးဘွားများအတွက် Day Care Centre တွင် လမ်းဘေး၌ အလှူခံ စားသောက် နေသည့် ဘိုးဘွားများ၊ အိမ်ခြေယာမဲ့ ဘိုးဘွားများကို လက်ခံဦးမည်မဟုတ်ဘဲ အဆိုပါ ဘိုးဘွားများအား စည်းရုံးဆဲ အခြေအနေတွင်ပင် ရှိသေးကြောင်း၊ စည်းရုံးဖူးသည့် အတွေ့အကြုံများအရ အိမ်ခြေယာမဲ့ ဘိုးဘွားအချို့မှာ Day Care Centre တွင် နေလိုသည့် ဆန္ဒမရှိဟု သိရကြောင်း ဦးအောင်ကျော်မိုးက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများ လျင်မြန်စွာ တိုးပွားလာခြင်းကြောင့် ကြုံတွေ့နိုင်သော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း၊ လာမည့် ၂ နှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေတွင် သက်ကြီးရွယ်အို ပါဝင်မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

“ဒီနှစ် လူမှုရေး လုပ်ငန်းတွေလုပ်ဖို့အတွက် နိုင်ငံတော်က ဘတ်ဂျက် တိုးပြီး ချပေးထားတယ်။ ကျနော်တို့မှာ ဝန်ထမ်း အင်အားက တိုင်းနဲ့ ပြည်နယ် အဆင့်ပဲရှိတယ်။ ခရိုင်နဲ့ မြို့နယ် အဆင့်တွေ မရှိသေးဘူး။ ဖွဲ့စည်းပုံအရ တိုးချပေးရင်တော့ လူမှုရေး လုပ်ငန်းတွေကို လူအင်အား လုံလုံလောက်လောက်နဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်” ဟု
ဦးအောင်ကျော်မိုးက ဆိုသည်။

လေ့လာချက်များအရ နိုင်ငံတကာတွင် သက်ကြီးရွယ်အို စောင့်ရှောက်မှုပုံစံ ၆ မျိုးခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဘိုးဘွားရိပ်သာဖြင့် စောင့်ရှောက်မှု၊ တချို့ မြို့နယ်များတွင် အိမ်တိုင်ယာရောက် စောင့်ရှောက်မှုတို့ကို လုပ်နိုင်ခဲ့ပြီး ယခုကဲ့သို့ Day Care Centre ပုံစံဖြင့် စောင့်ရှောက်မှု ပုံစံသည် အသစ်ဖြစ်ကြောင်း သူက ဆက်လက်ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

Day Care Centre တွင်စောင့်ရှောက်မည့် ဘိုးဘွားများကို သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ဝန်ထမ်းများကို သင်တန်းများ ပြုလုပ်ပေးခြင်း၊ အဆောက်အဦး နေရာများ ပြင်ဆင်ခြင်းတို့ကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အို စောင့်ရှောက်မှုပုံစံ တမျိုးဖြစ်သည့် ဘိုးဘွားရိပ်သာပေါင်း ၇၀ ကျော်ရှိပြီး လူဦးရေ ၃ ထောင် ကျော်ကို စောင့်ရှောက် ပေးလျှက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ လွှင့်တင်ထားသည့် အင်တာနက် စာမျက်နှာတွင်
ဖော်ပြထားသည်။

ထို့အပြင် လူမှုဝန်ထမ်း ဦးစီးဋ္ဌာနနှင့် Help Age International ပူးပေါင်းကာ မြန်မာနိုင်ငံ အထက်ပိုင်းရှိ အရာတော်၊ မလှိုင်နှင့် ပြင်ဦးလွင် မြို့များရှိ ကျေးရွာပေါင်း ၂၀၀ ကျော်တွင် ၂၀၀၄ ခုနှစ်မှစတင်၍ အိမ်တိုင်ယာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများကို လုပ်ဆောင်လျှက် ရှိကြောင်း သိရသည်။

Your Thoughts …
Tags: InstitutionPopulationSecurity
မြတ်စုမွန်

မြတ်စုမွန်

Contributor

Similar Picks:

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

by ဧရာဝတီ
2 September 2024
359

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေအပါအဝင် ပြည်သူတရပ်လုံး ခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် တရားမျှတမှု ရရေးကို တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်သည့်အချိန်တွင် ပြည်တွင်းတရားစီရင်ရေးစနစ် နဲ့ပါ ကြိုးပမ်းရင် ပိုမို မြန်ဆန်နိုင်မယ်လို့ ဆရာမ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
257

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

by ဧရာဝတီ
27 August 2024
244

စစ်အာဏာရှင်တော်လှန်ရေးပြီးရင် ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဆက်လက်ထိန်းထားနိုင်ဖို့ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးတွေ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်ဖို့ လိုတယ်လို့ သုတေသနအချက်အလက်တွေကို ထောက်ပြပြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
137

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

by ထက်နိုင်ဇော်
15 July 2013
9k

နစက ဋ္ဌာနချုပ် ဖျက်သိမ်းခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

နိုင်ငံကူး လက်မှတ် ၁၀ ရက်အတွင်း ထုတ်ပေးပြီ

နိုင်ငံကူး လက်မှတ် ၁၀ ရက်အတွင်း ထုတ်ပေးပြီ

by မေစစ်ပိုင်
19 March 2013
7.6k

ထောင်ကျခဲ့ဖူးတဲ့ သူတွေကတော့ ထောင်ထွက် လက်မှတ်ကိုပါ နိုင်ငံကူး လက်မှတ်လျှောက်တဲ့ အချိန်မှာ တခါတည်း တင်ပြရမယ်

Next Post
မန္တလေး ပေါက်ကွဲမှုအတွက် မသင်္ကာသူများကို စတင် စစ်ဆေး

မန္တလေး ပေါက်ကွဲမှုအတွက် မသင်္ကာသူများကို စတင် စစ်ဆေး

အရည်အချင်းရှိတဲ့ လူသစ်တန်း ဂီတသမားတွေကို ကူညီဖို့ Boxer လာပြီ

အရည်အချင်းရှိတဲ့ လူသစ်တန်း ဂီတသမားတွေကို ကူညီဖို့ Boxer လာပြီ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved