• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထန်းကုန်း ပဋိပက္ခကြောင့် ဖမ်းဆီးခံရသူ သေဆုံးမှု ဆေးစစ်ချက် အတိအကျ မသိရသေး

by မန်းသားလေး
2 September 2013
in သတင်း
A A
ထန်းကုန်း ပဋိပက္ခကြောင့် ဖမ်းဆီးခံရသူ သေဆုံးမှု ဆေးစစ်ချက် အတိအကျ မသိရသေး

ထန်းကုန်း ပဋိပက္ခကြောင့် မီးလောင်ထားသည့် မြင်ကွင်း (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)

2.1k
VIEWS
Share on FacebookShare on Twitter

ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းကုန်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် သံသယရှိသူ အဖြစ် ဖမ်းဆီးခံထားရသူများထဲမှ ၁ ဦး သေဆုံးခဲ့ရာ မည်သည့်အတွက်ကြောင့် သေဆုံးသည်နှင့် ပတ်သက်၍ ၅ ရက်ကြာသည့်တိုင် ဆေးစစ်ချက် ထွက်မလာ သေးကြောင်း သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထန်းကုန်း ပဋိပက္ခတွင် သံသယရှိသူ ၁၁ ဦး ဖမ်းဆီးခဲ့ပြီးနောက် သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ရွှေဘို ဆေးရုံကြီး၌ ဖမ်းဆီးခံရသူများ ထဲတွင် ပါဝင်သော ဦးဆန်းချို သေဆုံးခဲ့သည်။

အတည်ပြု၍ မရသည့် သတင်းများအရ ဦးဆန်းချိုသည် ကာလဝမ်းရောဂါကြောင့် သေဆုံးခြင်း ဖြစ်ပြီး သွေးဝမ်းများ သွားခဲ့သည်ဟု ဆိုသည်။

“ဦးဆန်းချို ရွှေဘိုထောင်ထဲမှာ ဗိုက်အောင့်တယ်ဆိုပြီး ရောဂါစဖြစ်တာက မနက် ၄ နာရီမှာ။ အဲဒီကနေ ထောင်ဆေးရုံမှာ တင်ပြီး ကုနေတာ။ နောက်တော့ ရွှေဘိုဆေးရုံကို ရောက်တယ်။ ညနေ ၆ နာရီကျတော့ သူဆုံးတော့တာပဲ။ ဆေးရုံကို ကျနော် မေးကြည့်တော့ ဘာကြောင့်ဆုံးတာလဲ ဆိုတာ သေသေချာချာ မပြောနိုင်ဘူး။ သူ့ကို ဆေးစစ်ထားတဲ့ အဖြေလည်း မရသေးဘူး။ အကြမ်းဖျဉ်းတော့ သွေးဝမ်းသွားလို့ ဆုံးတယ်ဆိုတာပဲ သိရတယ်” ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောသည်။

သေဆုံးသွားသူကို ရင်ခွဲရုံပို့ပြီး စစ်ဆေးသည့်အခါတွင် ဝမ်းဗိုက်ကို ခွဲထားရုံတင်မကဘဲ ဦးနှောက်၏ အနောက်ဘက် ကိုလည်း ခွဲစိတ်ထားကြောင်း၊ အလောင်း၏ ပေါင်တွင်လည်း အညိုအမည်း စွဲနေကြောင်း ၎င်းက ဆက်ပြောသည်။

ဦးဆန်းချိုမှာ ပဋိပက္ခ ဖြစ်ပွားနေချိန်တွင် ကျောင်းတက်နေသော ၎င်း၏ သားငယ်ကို သွားရောက် ခေါ်ယူသည့်အချိန်တွင် အဖမ်းခံ ခဲ့ရခြင်း ဖြစ်သည်ဟု ၎င်း၏ ဇနီးက ပြောသည်။

“သူ့ကို ဖမ်းသွားတာလည်း မသိလိုက်ရဘူး။ သူ ဆေးရုံရောက်မှပဲ သိရတာ။ ဆေးရုံရောက်တဲ့ အချိန်ကျတော့ သတိက လစ်နေပြီ။ သူဆေးရုံက အချုပ်ခန်းမှာ ခေါင်းအုံးမပါဘဲ လဲှနေလို့ ခေါင်းအုံးပြေးဝယ်ပြီး ပြန်လာတော့ သူဆုံးသွားတာပါ” ဟု သူက ဆိုသည်။

သက်ဆိုင်ရာမှ တာဝန်ရှိသူများသည် ပဋိပက္ခ ဖြစ်စဉ်အချိန်အတွင်း ည ၁ နာရီခန့်တွင် အုတ်ဖိုရွာရှိလူ ၇ ဦးကို ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
351
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

“ထောင်က စိတ်ချရတဲ့ အနေထားမှာ မရှိဘူး။ တကယ်လို့ ဒီတရားခံက ရောဂါရနေတယ် ဆိုရင်တောင် သူတို့မှာ ကုသဖို့အတွက် အချိန် အများကြီး ရှိတယ်။ မနက် ၄ နာရီက စဖြစ်တာ ညနေ ၆ နာရီမှာ သေဆုံးတယ် ဆိုတော့ သူတို့မှာ ကုသဖို့အချိန် ၁၄ နာရီတောင် ရတယ်။ ဒီလို ရောဂါလေး ကိုတောင် ကောင်းကောင်း ကုသမပေးနိုင်ဘူး။ နောက်ပြီး ကာလ ဝမ်းရောဂါ ဆိုရင်လည်း ကျန်တဲ့လူတွေကို ကူးစက်ကုန်ပြီပေါ့။ သူတို့ဘာလို့ အခုအချိန်အထိ ကြိုတင် ကာကွယ်မထားတာလဲ။ ဒီလို သွေးဝမ်း သွားတယ်ဆိုတာနဲ့ သေနိုင်တဲ့အနေထားမျိုး မဟုတ်ပါဘူး” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောသည်။

သေဆုံးသူ ဘက်မှ ဒေသခံများ၏ အဆိုအရ ၎င်းသည် အဖမ်းခံရစဉ် အချိန်က လယ်တောထဲတွင် လယ်လုပ်သူတဦး ဖြစ်ကြောင်း၊ အရက် သောက်တတ်သော်လည်း မူးယစ်ဆေးဝါး မသုံးစွဲတတ်ကြောင်း၊ ထောင်သို့ရောက်မှ ကျန်းမာရေး ချက်ခြင်းမကောင်း ဖြစ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။

“သေဆုံးသွားတဲ့သူက ဝမ်းရောဂါ ပိုးတမျိုးကြောင့် သေဆုံးသွားရတဲ့ သဘောမျိုးပါ။ ပြင်ပဒဏ်ရာတော့ မရှိပါဘူး။ ဆေးရုံ ရောက်ကတည်းက သတိလစ်နေတာ။ ကျန်တဲ့ အဖြေတွေကိုတော့ ဆေးစစ်ချက် ထွက်လာမှပဲ သိရမှာပါ” ဟု ရွှေဘို မြို့နယ် ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သက်သက်စိန်က ရှင်းပြသည်။

ဆေးစစ်ချက်များ ထွက်ရှိလာပါက သေဆုံးသူ၏ မိသားစုများ၏ ဆန္ဒအတိုင်း လုပ်ဆောင် ပေးသွားမည်ဟု ဒေါက်တာမြင့်နိုင်က ပြောသည်။

“ကျမတို့ကတော့ တောင်သူလယ်သမားတွေ ဖြစ်နေတဲ့အတွက် ဘာမှ မလုပ်တတ်ဘူး။ ဒါပေမယ့် ဒီကိစ္စကတော့ မတရား ခံရတာပါ။ ဆေးစစ်ချက်တွေ ထွက်လာတဲ့ အပေါ် မူတည်ပြီး နားလည်သူတွေနဲ့ တိုင်ပင် လုပ်ဆောင် သွားမှာပါ” ဟု သေဆုံးသွားသူ၏ ဇနီးက ဆိုသည်။

သေဆုံးသည့် ဦးဆန်းချိုကို ၎င်းနေထိုင်သည့် ကျေးရွာတွင် သြဂုတ်လ ၃၀ ရက်နေ့က မြေမြှပ်သင်္ဂြိုဟ်လိုက်ပြီ ဖြစ်သည်။

ဦးဆန်းချို သေဆုံးမှုသည် ပဋိပက္ခကြောင့် ဖမ်းဆီးခံရသူများထဲမှ ဒုတိယ အကြိမ်မြောက် သေဆုံးမှု ဖြစ်သည်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကျောက်နီမှော် ကျေးရွာမှ မသီတာထွေးကို အဓမ္မပြုကျင့်သည်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရသည့် တရားခံ ၃ ဦးအနက် ၁ ဦးသည် ၂၀၁၂ ဇွန်လအတွင်း ပြစ်ဒဏ်မချခံရမီတွင်ပင် ထောင်တွင်း၌ ကြိုးဆွဲချ သေဆုံးခဲ့သည်ဟု ဆိုသော်လည်း အသေးစိတ်ကို မသိရှိရပေ။

Your Thoughts …
Tags: ConflictReligious
မန်းသားလေး

မန်းသားလေး

Contributor

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော မိုင်းဖုန်းဆရာတော်ကို ပြန်လည်ကြွလာခွင့်ပြုပြီ

ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော မိုင်းဖုန်းဆရာတော်ကို ပြန်လည်ကြွလာခွင့်ပြုပြီ

by နန်းဆိုင်နွမ်
6 July 2013
12.6k

မိုင်းဖုန်းကျောင်းတွင် ကျိုးပဲ့ ဆွေးမြေ့နေသည့် သစ်များကို ပြန်ပြင်ရန် စီစဉ်နေကြောင်း၊ ကာလကြာရှည် ချိတ်ပိတ်ထားသည့် အတွက် မသမာ သူတချို့က ဘုရားဆင်းတုတော်များကို လာရောက် ခိုးယူမှုများ ရှိနေ

ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကို / ထက်နိုင်ဇော် / ဧရာဝတီ

မိုးပြာဂိုဏ်းကို ဗုဒ္ဓဘာသာ အမည်မခံရန် သာသနာရေးဝန်ကြီး သူရဦးအောင်ကို တောင်းဆို

by ထက်နိုင်ဇော်
5 January 2017
121.4k

ဗုဒ္ဓဘာသာနှင့် မကိုက်ညီသည့် မိုးပြာဂိုဏ်း၏ သဘောထားများကို ဟောပြောခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းများ ပြုလုပ်ပါက တရားစွဲဆိုရန် နိုင်ငံတော် သံဃာ့ မဟာနယက က ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
137

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

မြန်မာ့သစ်တော ထိန်းသိမ်းရေး နိုင်ငံတကာ ရန်ပုံငွေ လိုအပ် (ရုပ်/သံ)

မြန်မာ့သစ်တော ထိန်းသိမ်းရေး နိုင်ငံတကာ ရန်ပုံငွေ လိုအပ် (ရုပ်/သံ)

by ဧရာဝတီ
8 July 2024
98

ရာသီဥတုပြောင်းလဲမှု (climate change) နောက်ဆက်တွဲ အပူရှိန်လွန်ကဲတာ၊ ရေကြီးတာနဲ့ သီးနှံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုတွေကို ဆယ်စုနှစ်ချီ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ စစ် ပဋိပက္ခကြောင့် သစ်တောထိန်းသိမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုအရေး ဆိုင်ရာ ရေရှည်ပြဿနာတွေကို ဦးစားပေးဖြေရှင်းနိုင်ဖို့ ခက်ခဲနေရတယ်လို့ ဝါရင့်...

Next Post
ခေါင်က စပြီး မိုးလုံစေချင်

ခေါင်က စပြီး မိုးလုံစေချင်

ထိုင်း – မြန်မာ နယ်စပ်ဂိတ်များမှ နိုင်ငံခြားသား ဝင်ရောက်မှု နည်းနေသေး

ထိုင်း - မြန်မာ နယ်စပ်ဂိတ်များမှ နိုင်ငံခြားသား ဝင်ရောက်မှု နည်းနေသေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved