• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော မိုင်းဖုန်းဆရာတော်ကို ပြန်လည်ကြွလာခွင့်ပြုပြီ

by နန်းဆိုင်နွမ်
6 July 2013
in သတင်း
A A
001
002
003
12.6k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖုန်းဒေသတွင်သီတင်းသုံးခဲ့သည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ ကျောင်းဆောင်ကို ချိတ်ပိတ်ထားရာမှ ပြန်ဖွင့်နေပြီး ဆရာတော်ကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင်ရန် ကြိုးပမ်းနေကြကြောင်း သိရသည်။

ဆရာတော်ကို ပြန်လည် မပင့်ဆောင်မီ ကျောင်းဆောင်ကို ချိတ်ပြန်ခွာပြီး ပျက်စီးနေသည့် နေရာများကို ပြန်လည်မွမ်းမံမှုများ ပြုလုပ် နိုင်ရန်အတွက် ဇွန် ၃၀ ရက်နေ့က မိုင်းဖုန်းဒေသသို့ နဂါးနှစ်ကောင် ဆရာတော်နှင့် ဒေသ အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း တာချီလိတ်မြို့ခံ အမျိုးသား တဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့လည်း အတိအကျမသိဘူး။ ဖြစ်တာကတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့် မပြုတ်ခင် ကတည်းက ထိုင်းနိုင်ငံဘက်ကို ထွက်သွားရတာ။ ဆရာတော်နဲ့ နီးစပ်တဲ့ သူတချို့က မူးယစ်ဆေးဝါးနဲ့ မှောင်ခို တရားမဝင်တွေ လုပ်တာမိလို့ ကျောင်းကို ချိတ်ပိတ်လိုက်တယ်လို့ ပြောတာ ကြားဖူးတာပဲ” ဟု တာချီလိတ်မြို့ခံ တဦးက ဆိုသည်။

မိုင်းဖုန်းကျောင်းတွင် ကျိုးပဲ့ ဆွေးမြေ့နေသည့် သစ်များကို ပြန်ပြင်ရန် စီစဉ်နေကြောင်း၊ ကာလကြာရှည် ချိတ်ပိတ်ထားသည့် အတွက် မသမာ သူတချို့က ဘုရားဆင်းတုတော်များကို လာရောက် ခိုးယူမှုများ ရှိနေရာ ဆရာတော်ကို မပင့်ဆောင်ခင် ပြင်စရာအားလုံး ပြင်ဆင်ရန်အတွက် နဂါးနှစ်ကောင် ဆရာတော်က မိန့်ကြားထားကြောင်း အဆိုပါ ဒေသခံက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

ဆရာတော် မိုင်းဖုန်းတွင် သီတင်းသုံးစဉ်က ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ၎င်း၏ လက်အောက်မှ ထောက်လှမ်းရေး အဖွဲ့များ မကြာခဏ လာကြကြောင်း၊ ဗျူဟာမှူး၊ တိုင်းမှူးများလည်း လာရောက် ဖူးမြော်လေ့ရှိကြောင်း ၎င်းက ဆိုသည်။

နအဖ အစိုးရက ၂၀၀၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေရှိနေသည့် ဆရာတော် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ကြွရောက်ခွင့် မပြုတော့ကြောင်း လျှောက်ထားရန် တာချီလိတ်မြို့နယ် မယက ဒေသ အာဏာပိုင် အဖွဲ့အစည်းများ ရှေ့၌ မိုင်းဖုန်းကျောင်း ဂေါပက အဖွဲ့ဝင် ၄ ဦးကို လက်မှတ် ရေးထိုးစေခဲ့သည်ဟု သိရသည်။

“မြန်မာပြည်မှာက ဘုန်းကြီးကားဆိုရင် ဘယ်ဂိတ်ကမှ မရှာဘူး။ ဒါကို အခွင့်ကောင်းယူပြီး တပည့်တွေက လုပ်ချင်တာ လုပ်တဲ့အတွက် မိုင်းဖုန်းဆရာတော် မြန်မာပြည်ကို ပြန်ကြွခွင့် မရတော့တာပါ။ ဆရာတော်တွေကို အခွင့်ကောင်းယူပြီး လုပ်ချင်တာ မလုပ်ဖို့ တားမြစ်ရမယ်” ဟု မူဆယ်မြို့ဒေသခံ ဦးစိုင်းစံလှိုင်းက ဧရာဝတီသို့ ပြောသည်။

မိုင်းဖုန်း ဆရာတော်သည် ရှမ်းလူထု အားထားကိုးကွယ်သည့် ဆရာတော် တပါးဖြစ်ပြီး ယခင်က ရှမ်းပြည်နယ် တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာတွင် သီတင်းသုံး နေထိုင်ရာမှ ၂၀၀၄ ခုနစ်တွင် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ကျိန်းသျှာန်မြို့နယ် ဝိန်းကျောက်ရွာသို့ ပြောင်းရွေ့ သီတင်းသုံးနေကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် ငယ်စဉ်ကပင် တရားဓမ္မ ပွားများခြင်း၊ အကျင့်သီလ မြဲမြံခြင်းတို့ကြောင့် လူအများက လေးစား ကြည်ညိုကြကြောင်း တာချီလိတ် ဒေသခံ တဦးက ဆိုသည်။

“ဆရာတော် မိုင်းဖုန်းဒေသမှာ သီတင်းသုံးနေစဉ်က သိန္နီကို အမြဲတမ်းလိုလို လာတယ်။ ဆရာတော်လာရင် ဒေသခံတွေရော အမြို့မြို့ အနယ်နယ်က ဒကာတွေ ဒကာမတွေ အားလုံး လာရောက်ဖူးမြော်တယ်။ သိန္နီမှာလည်း ဆရာတော် ဂူပိတ် တရား ကျင့်ကြံခဲ့ ပါတယ်။ အခု မြန်မာပြည်ကို ပြန်လည်ပင့်ဆောင်မယ် ဆိုရင်တော့ အရမ်းကို ဝမ်းသာပါတယ်” ဟု သိန္နီမြို့နယ်တွင် နေထိုင်သည့် စိုင်းနန္ဒက ဧရာဝတီသို့ ပြောသည်။

မိုင်းဖုန်း ဆရာတော်သည် လက်ရှိ ဂူပိတ်တရား ကျင့်နေပြီး ဇူလိုင် ၂၀ ရက်တွင် ဂူထွက်ကာ ထိုင်းနိုင်ငံ ချင်းမိုင်ရှိ နမ့်ပန်း ကျေးရွာတွင် တရားပွဲ ကျင်းပ ပြုလုပ်ပြီး ဇူလိုင် ၂၂ ရက်နေ့တွင် ထပ်မံ ဂူပိတ်တရားကို ၃ လနှင့် ၃ ရက် ကျင့်ကြံ ပြီးမှသာလျှင် မြန်မာပြည်သို့ ပြန်လည် ပင့်ဆောင်မည့် အစီအစဉ် ဆောင်ရွက်နိုင်မည်ဟု စိုင်းနန္ဒက ဆိုသည်။

ဆရာတော်၏ ကျောင်းဆောင် ဖြစ်သည့် မိုင်းဖုန်းကျောင်းကို ပြန်လည်ပြုပြင်ရန် အတွက် ချိတ်ပိတ်ထားသည့် နေရာကို ဖွင့်လှစ်ပြီး သော့ကိစ္စကိုလည်း အထက်သို့ တင်ပြထားကြောင်း၊ ဆရာတော်ကို ပြန်လည် ပင့်ဆောင်ရာတွင်လည်း ပြည်နယ် ဝန်ကြီးအဖွဲ့မှ ဝန်ကြီးများ ကိုယ်တိုင် ပင့်ဆောင်မည် ဖြစ်ကြောင်း၊ ယခုလက်တလော မိုင်းဖုန်း ဆရာတော်သည် ဂူပိတ်တရား ကျင့်နေသည့် အတွက် ဂူထွက်လာမှ ကော်မတီအနေဖြင့် ဆရာတော်ထံ သွားရောက်ကာ ပြန်လည် ပင့်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုင်းပျဉ်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ မိုင်းဆတ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခတ္တိယနှင့် မိုင်းတုံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည် တို့က ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် တင်သွင်းသည့် အဆိုကြောင့် ပြည်နယ်အစိုးရ အဖွဲ့၏ ဖေဖော်ဝါရိ ၈ ရက် နေ့စွဲပါ စာအမှတ် ၁၄၂၁/ ၅ – ၁၃၃/ အစရ (ရှမ်း) ၏ ခွင့်ပြု သဘောတူညီချက်ကြောင့် ၂၀၀၄ ဇွန် ၁၂ ရက်နေ့က ရေးထိုးခဲ့သော ကိစ္စကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ပြန်လည် ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်လိုက်သဖြင့် ယခုအခါ မိုင်းဖုန်းဆရာတော်အား ပြန်လည် ပင့်ဆောင်ရန် ကြိုးစားနေကြပြီး ဆရာတော် ပြန်လည်ကြွလာမည့် သတ်မှတ်ရက်ကိုမူ မသိရှိရသေးပေ။

Your Thoughts …
Tags: Religious
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကို / ထက်နိုင်ဇော် / ဧရာဝတီ

မိုးပြာဂိုဏ်းကို ဗုဒ္ဓဘာသာ အမည်မခံရန် သာသနာရေးဝန်ကြီး သူရဦးအောင်ကို တောင်းဆို

by ထက်နိုင်ဇော်
5 January 2017
121.4k

ဗုဒ္ဓဘာသာနှင့် မကိုက်ညီသည့် မိုးပြာဂိုဏ်း၏ သဘောထားများကို ဟောပြောခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းများ ပြုလုပ်ပါက တရားစွဲဆိုရန် နိုင်ငံတော် သံဃာ့ မဟာနယက က ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်

မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှု အရှိန်ရနေပြီ

မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှု အရှိန်ရနေပြီ

by အင်ဒရူးမာရှယ်
1 July 2013
14.1k

၉၆၉ လှုပ်ရှားမှုကို အစိုးရထိပ်တန်း ပုဂ္ဂိုလ်များမှစ၍ အောက်ခြေ လူတန်းစား အလွှာများ အထိ ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံနေကြပြီး မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုသည်လည်း အရှိန်ရနေပြီ ဖြစ်သည်။

ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးက ဘာတွေ ဖြေရှင်းပေးမလဲ

ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးက ဘာတွေ ဖြေရှင်းပေးမလဲ

by စည်သူအောင်မြင့်
5 May 2014
5.1k

၁၉၈၀ ကနေ ၁၉၉၅ ခုနှစ်အထိ ၁၅ နှစ်အတွင်း သံဃာ့အစည်းအဝေးကြီး ၄ ကြိမ် ကျင်းပနိုင်ခဲ့ပြီး အဲဒီနောက်ပိုင်း အနှစ် ၂၀ နီးပါးအကြာ ဒီနေ့အချိန်ထိ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

ထိမ်းမြားမှု ဥပဒေသစ်ပြုရေး ဦးဝီရသူ တိုက်တွန်း

ထိမ်းမြားမှု ဥပဒေသစ်ပြုရေး ဦးဝီရသူ တိုက်တွန်း

by မေစစ်ပိုင်
13 June 2013
18.7k

မည်သည့် ဘာသာဝင် မဆို ဘာသာခြား၊ လူမျိုးခြား ဖြစ်ခဲ့ပါက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည် ဆိုလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း တရားဝင် လက်မှတ် ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး လက်ထပ်မည့် အမျိုးသမီး၏ မိဘ သို့...

Next Post
နက္ခတ်မှားတဲ့ တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနား (ရုပ်/သံ)

နက္ခတ်မှားတဲ့ တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနား (ရုပ်/သံ)

နှောင်ကြိုးနဲ့ လေတံခွန်

နှောင်ကြိုးနဲ့ လေတံခွန်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved