• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိမ်းမြားမှု ဥပဒေသစ်ပြုရေး ဦးဝီရသူ တိုက်တွန်း

by မေစစ်ပိုင်
13 June 2013
in သတင်း
A A
ထိမ်းမြားမှု ဥပဒေသစ်ပြုရေး ဦးဝီရသူ တိုက်တွန်း

ဥပဒေသစ်က အမျိုးသမီးများနှင့်သာ ဆိုင်ပြီး အမျိုးသားများ မပါဟု ဦးဝီရသူက ဆိုသည် (ဓာတ်ပုံ - ဧရာဝတီ)

18.7k
VIEWS
Share on FacebookShare on Twitter

ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့်  ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို  နိုင်ငံတော်သြဝါဒ ဓမ္မစရိယဆရာတော်ကြီးများ ဦးဆောင်ပါဝင်သော သံဃာအစည်းအဝေးတခုတွင် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဦးဝီရသူဦးစီးသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တင်သွင်းခဲ့သည်။

ယနေ့  မှော်ဘီမြို့ ဓမ္မဒူတ ဇေတဝန် တောရ  ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင်  နိုင်ငံတော်သြဝါဒဓမ္မစရိယ ဆရာတော် ဘန္ဒန္တတိလောကာဘိဝံသ ကြီးမှူးပြီး သံဃာ အပါး၂၀၀ တက်ရောက်နေသည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ပြင်ပမီဒီယာများနှင့် အချို့သောမီဒီယာများတွင် အကြမ်းဖက်သူများ သဘောမျိုးဖော်ပြနေခြင်းအပေါ် တုန့်ပြန်ဖြေရှင်းရန်၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းရေးကို ရှေးရှုသာ ဘာသာတစ်ရပ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုရန် ရည်ရွယ်ကျင်းပရာ အစည်းအဝေးတွင် ဦးဝီရသူက “အမျိုးစောင့်ဥပဒေ”ဟု ခေါ်ဆိုသော အဆိုပါ စာတမ်းတစောင်ကို ထုတ်ပြန်တင်ပြသွားခဲ့သည်။

မည်သည့်ဘာသာဝင်မဆို ဘာသာခြား၊ လူမျိုးခြားဖြစ်ခဲ့ပါက ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း တရားဝင် လက်မှတ်ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး လက်ထပ်မည့် အမျိုးသမီး၏ မိဘ သို့ မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့်သာ လက်မှတ်ရေးထိုး လက်ထပ်ရမည်ဟု ယင်းဥပဒေ မူကြမ်းတွင်  ထည့်သွင်းရေးဆွဲထားသည်။ အဆိုပါ ဥပဒေကို ပြည်တွင်းမှ ဥပဒေပညာရှင်များဖြင့် ပူးပေါင်းကာ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့၏ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ကို အတုယူရေးဆွဲထားသည်ဟု ဦးစီးရေးဆွဲထားသော ဘုန်းတော်ကြီးများက ဆိုသည်။

“ဥပဒေကို အသက်ဝင်အောင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို စာပို့မယ်။ ဒီလမကုန်ခင် တနိုင်ငံလုံးမှာ သဘောထား စစ်တမ်းကောက်မယ်။ လွှတ်တော်မှာ တရားဝင် တင်ပေးမယ့် လွှွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးထားပြီးပြီ” ဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ယူထားသည့် ဆရာတော်ဓမ္မပီယက မိန့်သည်။

အထက်ပါ ဥပဒေအကြောင်းအချက်များကို မလိုက်နာဘဲ လက်ထပ်ပေါင်းသင်းသူကို ထောင်ဒဏ်၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေးရမည်ဖြစ်ကြောင်း၊ ကျူးလွန်သူကို ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မများနှင့် သီးခြား အရေးယူ အပြစ်ပေးရမည်ဖြစ်ကြောင်း မူကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

သို့သော် ဥပဒေသည် ဗုဒ္ဓဘာာသာဝင်အမျိုးသမီးများသာ အကျုံးဝင်ပြီး အမျိုးသားများအတွက် ထည့်သွင်းရေးဆွဲမထားဘဲ ၎င်းတို့အနေဖြင့် မည်သည့်ဘာသာဝင်အမျိုးသမီးကို မဆို လက်ထပ်ခွင့်ရှိမည်ဟု ဆိုသည်။

“ဗုဒ္ဓဘာသာ အမျိုးသားတွေက ဘာသာခြား အမျိုးသမီးနဲ့ လက်ထပ်ခွင့်ရှိမယ်။ သူတို့တွေမှာက ဘာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာ သိပ်မဖြစ်ကြတော့ သူတို့အတွက် ဥပဒေမပါဘူး။ ကာကွယ်စရာမလိုဘူး”ဟု ဦးဝီရသူက မိန့်သည်။

ဧရာဝတီသတင်းဌာနက ဗုဒ္ဓဘာသာ အမျိုးသမီးများအနေဖြင့် ၎င်းတို့စိတ်ဆန္ဒအရ ဘာသာမပြောင်းဘဲ လက်ထပ်ခြင်းပြုမည် ဆိုပါက အမျိုးသမီးအား အရေးယူ မယူ မေးမြန်းရာတွင် ယင်းအချက်အလက်ကိုမူ စဉ်းစားဆဲဖြစ်ပြီး သဘောကျ နှစ်သက်သဖြင့် လုပ်မည်ဆိုပါက အစ္စလာမ်ဘာသာသို့ ကူးပြောင်းစေမည်ဖြစ်ကြောင်း ဦးဓမ္မပီယနှင့် ဦးဝီရသူ တို့ နှစ်ပါးစလုံးက ဆိုသည်။

“ စိတ်ဆန္ဒရှိတယ်ဆိုရင်၊ တကယ် အကျိုးရှိမယ်ဆိုရင် တနိုင်ငံလုံး အစ္စလာမ်ဘာသာ ဖြစ်သွားလည်း သဘောတူတယ်။ မိန်းကလေးရဲ့ သဘောဆန္ဒ ရှိတယ်ဆိုရင် ဥပဒေ အဆင့်ဆင့်ဆောင်ရွက်ပြီးတော့ ဘာသာပြောင်းဖို့ ခွင့်ပြုမယ်”ဟု ဦးဝီရသူက မိန့်သည်။

မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ က ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် “အထူးသဖြင့် မြန်မာတိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းခြင်းဖြစ်ပြီး ဤဥပဒေပေါ်ပေါက်လာပါက မွတ်စလင်တို့ ဝါးမျိုလိုမှု၊ ဖျက်ဆီးလိုမှု၊ ကျူးကျော်သိမ်းပိုက်လိုမှုများကို ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။ အမျိုးစောင့်ဥပဒေ ကမ်ပိန်း လာလေပြီ။ မြန်မာပြည် အပြည့်အဝ လုံခြုံမှု ရှိတော့မည်” ဟု ရေးသားထားသည်။

ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက် ဆရာတော် ဆေကိန္ဒကမူ ယခု သံဃာစုဝေးပွဲမှာ မကြာမီက ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်မှုများတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ပါဝင်နေကြောင်း စွပ်စွဲလာကြပြီး မြန်မာပြည်ရှိ ဗုဒ္ဓဘာသာကို ငြိမ်းချမ်းသည့်ဘာသာအဖြစ် မမြင်ကြတော့သည့်အတွက် တုန့်ပြန်တင်ပြရန် ဆွေးနွေးကြခြင်းဖြစ်ကြောင်း ဆိုသည်။

“ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်နေပါတယ်၊ တချို့ကိစ္စတွေမှာကျတော့ သိသမျှကို ပြောပြလို့မရတာတွေ ရှိတယ်”ဟု ဆရာတော် ဆေကိန္ဒက မိန့်သည်။

ယခု သံဃာ စုဝေးပွဲကို မနက်ဖြန် ဇွန်လ ၁၄ ရက်တွင်လည်း ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ရန် ရှိကြောင်း သိရသည်။

Your Thoughts …
Tags: MuslimReligiousRule of Law
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

မိတီ္ထလာက အမုန်းမီးတောက်များ

မိတီ္ထလာက အမုန်းမီးတောက်များ

by ဂျေဆင်ဇပ်
23 April 2013
15.6k

ရွှေဆံညှပ်ပိုင်ရှင် ဒေါ်အေးအေးမြင့်က ခုချိန်ထိ ထိတ်လန့် တုန်လှုပ်နေဆဲ ရှိသေးသည်။ “အသတ်ခံလိုက်ရတဲ့ မူဆလင်တွေ အတွက် ကျမ စိတ်မကောင်းပါဘူး၊ လူတွေအားလုံး တူတူပါပဲ။ ကျမ ဆံညှပ် ကလေးကြောင့် ဘာတွေဖြစ်လာရတယ် ဆိုတာ ကျမ မသိတော့ပါဘူး”

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

Next Post
ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဒုဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ အင်တာဗျူး (ရုပ်/သံ)

ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဒုဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ အင်တာဗျူး (ရုပ်/သံ)

အလင်္ကာ အလွမ်းမှတ်တမ်းနှင့် ရွှေမန်း မျိုးဆက်များ၏ ရင်တွင်း စကားသံများ

အလင်္ကာ အလွမ်းမှတ်တမ်းနှင့် ရွှေမန်း မျိုးဆက်များ၏ ရင်တွင်း စကားသံများ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved