• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၀၈ အခြေခံဥပဒေ တဖက်သတ်ဖြစ်နေ၍ ပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by လင်းသန့်
23 September 2013
in သတင်း
A A
၂၀၀၈ အခြေခံဥပဒေ တဖက်သတ်ဖြစ်နေ၍ ပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဒေါ်အောင်ဆန်းစုကြည် နှင့် စင်ကာပူ သမ္မတ မစ္စတာ Tony Tan Keng Yam (ဓာတ်ပုံ - စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဂျော့ယိုး တွစ်တာမှ)

4.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တဖက်သတ် ရေးဆွဲ၍ ပြုပြင် ပြောင်းလဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ပိုလန်၊ ဟန်ဂေရီ၊ ချက်ပေါ့နော်။ သူတို့နိုင်ငံတွေမှာ ပြုပြင်ပြောင်းလဲရေးကို ၂ ဦး ၂ ဖက်၊ ၂ ဦး ၂ ဖက်ဆိုတာက အတိုက် အခံနဲ့ အရင်တုန်းက အာဏာရှင် အစိုးရဘက်နဲ့က သဘောတူညီမှု ယူပြီးတော့ ဆွေးနွေးပြီးတော့မှ လုပ်တဲ့ပြုပြင် ပြောင်း လဲ ရေး ဖြစ်တယ်။ အခု ကျမတို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဆိုတာဟာ တဖက်သတ် ဆုံးဖြတ်ပြီး လုပ်တဲ့ ပြုပြင် ပြောင်းလဲ ရေး ဖြစ်တယ်။ အဲဒါဟာ မတူဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စင်ကာပူ ခရီးစဉ်အတွင်း Resort World Sentosa ၌ ယမန်နေ့က မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “အဲဒီ နိုင်ငံတွေမှာ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အတိုက်အခံနဲ့ အရင်တုန်း က အာဏာရှင် အစိုးရများကြားထဲမှာ သဘောတူညီမှု ယူပြီး ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမျိုး၊ အခု ကျမတို့ နိုင်ငံမှာ ရှိနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ကျမတို့ ပြည်သူက ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်တွေ မဖြစ်စလောက် ကလေးနဲ့ ဟို အာ ဏာ ရှင် အစိုးရကနေပြီး ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ”ဟု ပြောသည်။

သို့အတွက် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်မှသာဖြစ်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ထပ်လောင်း ပြောဆိုသည်။

“ကျမတို့ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းကို ပြောင်းရမယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းမှ ကျမတို့ နိုင်ငံဟာ တ ကယ့် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်မယ်။ ဒီမိုကရေစီနိုင်ငံဖြစ်မှ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို အကာအကွယ် ပေးနိုင်မှာပါ” ဟု သူက ဆိုသည်။

အကယ်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မှု မရှိပါက မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

“ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ ရှိဖို့ အင်မတန်မှ ခက်ပါလိမ့်မယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကျမ တို့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ ရဖို့လည်း အင်မတန်မှ ခက်ပါလိမ့်မယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တကယ့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်မြောက်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါလို့ သေသေချာချာ ပြောပါရစေ”ဟု ၎င်းက ဆို သည်။

သို့သော် ယခု ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် အဘက်ဘက်နှင့် ညှိနှိုင်း၍ လုပ်ဆောင်ရာတွင် အဆင်ပြေမည်ဟု မျှော်လင့် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောသည်။
မကြာသေးခင်က ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံမြို့ကြီးတချို့တွင် ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုများနှင့် ပတ်သက်၍ အာဆီယံ အဖွဲ့အနေဖြင့်လည်း ပြဿနာ၏ ဇစ်မြစ်ကို သေချာသိရန် လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ ထိပ်သီးညီလာခံတွင် တိုက်တွန်း ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သမ္မတ မစ္စတာ Tony Tan Keng Yam နှင့် ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းတို့နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများကို အားပေး ထောက်ခံ ကူညီရေးအတွက် ယနေ့ နံနက်ပိုင်းက ဆွေးနွေးခဲ့ကြောင်း စင်ကာပူ အခြေစိုက် Channel News Asia သတင်းများတွင် ဖော်ပြသည်။

စနေနေ့က ကျင်းပခဲ့သည့် စင်ကာပူ ထိပ်သီး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ပြုပြင်ပြောင်းလဲမှု အတွက် နိုင်ငံတကာမှ ဝိုင်းဝန်း ပံ့ပိုး ကူညီကြစေလိုကြောင်းလည်း တိုက်တွန်း ပြောဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် လက်ရှိ အနေအထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ထိုင်စောင့်နေသည်ဟု ထင်မြင်ကြောင်း၊ ပွင့်လင်းမြင်သာသည့် နိုင်ငံတော် စီမံကိန်းများ ရှိရန်လိုကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပေါ်ထွက်ခဲ့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်လင့်ထားသကဲ့သို့ စုပြုံ ဝင်ရောက်လာမှု မရှိသေးကြောင်း၊ စိုးရိမ်မှုတချို့ ရှိ၍ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

“တရား ဥပဒေ စိုးမိုးရေး အပေါ်မှာ ယုံကြည်မှု မရှိလို့”ဟု သူက ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
510
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
41
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
87

ထို့အပြင် အခြေခံ အဆောက်အအုံဆိုင်ရာ အားနည်းချက်များကြောင့်လည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ် ဝင်စားမှု နည်းကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို အားပေးသည့်အနေဖြင့် လက်ရှိ ရင်းနှီး မြှုပ်နှံမှုများလည်း ဆက်လက်ရှိနေသင့်ပြီး တာဝန်သိ ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သင့်ကြောင်း သူက ဆက်ပြောသည်။

တာဝန်သိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ရေးကိစ္စသည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် အဓိက တည်မီကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ ထိပ်သီးဆွေးနွေးပွဲတွင် ပြောဆိုသည်။

Singapore Management University (SMU) တက္ကသိုလ်၌ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်မှု စိတ်နေ စိတ်ထား ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ခေါင်းဆောင်မှုကောင်းသည် အမြဲတမ်း လူကြိုက်များမှု မရှိကြောင်း၊ အမျိုးသား ပြန် လည် သင့်မြတ်ရေးသည် နိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် အရေးကြီးကြောင်း ပြောသည်။

ထို့အပြင် မြန်မာတပ်မတော်နှင့် ဒီမိုကရေစီ အင်အားစုများအကြား၊ မတူညီသည့် လူ့ အဖွဲ့အစည်းများ အချင်းချင်း၊ ခေါင်း ဆောင်များ အချင်းချင်းကြား သင့်မြတ်ရေး လိုအပ်ကြောင်းလည်း ဟောပြောသည်။

“အစိုးရဟာ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက်၊ နိုင်ငံသူ နိုင်ငံသားတွေဟာ အစိုးရအတွက် မဟုတ်ဘူးဆိုတာဟာ ကျမ တို့ လိုအပ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု တခုပါ”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ပြောသည်။

စင်ကာပူနိုင်ငံခရီးစဉ် စတုတ္တနေ့ဖြစ်သော ယနေ့ ညနေပိုင်းတွင် ဒေါ်အောင်းဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ခရီးစဉ်အား မနက်ဖြန် မနက်ပိုင်းတွင် အဆုံးသတ်ကာ စင်ကာပူမှ မြန်မာ နိုင်ငံ သို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

Your Thoughts …
Tags: Aung San Suu KyiSingapore
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

by ဧရာဝတီ
19 June 2025
233

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်း ဗီဒီယိုဖိုင် အများဆုံးနဲ့ ဂင်းနစ်စံချိန် တင်ဖို့ ကြိုးပမ်းနေတာမှာ ရုပ်သံဖိုင်ပေါင်း တသိန်းကျော် ရရှိထားပြီး အဲ့ဒီထဲက ၄၀ ရာခိုင်နှုန်းက စီစစ်အောင်မြင်ပြီးဖြစ်တယ်လို့...

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

by လင်းသန့်
30 January 2013
23.2k

“နတ်သမီးနဲ့ လူလိမ်” လို့ မြန်မာတွေ လူသိများတဲ့ ဇာတ်လမ်းတွဲထဲက ကိုရီယားမင်းသား Ahn Jae-wook နဲ့အတူ တခြား မြန်မာပရိသတ်တွေ နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား အနုပညာရှင်တွေလည်း ပါဝင်တယ်

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by သာလွန်ဇောင်းထက်
10 January 2013
10.2k

ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊သူတို့ချမ်းသာပုံချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံ ချမ်းသာနည်းက မတရားမှုတွေပါလား မပါလား အဲဒါတွေ စိစစ်ရမယ်

သူမ နှင့် စစ်အာဏာရှင်များ

သူမ နှင့် စစ်အာဏာရှင်များ

by ဧရာဝတီ
13 June 2025
115

Opinion Talk Snapshot

ဒေါ်အောင်ဆန်းစုကြည် တကယ်ကျန်းမာရဲ့လား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် တကယ်ကျန်းမာရဲ့လား (ရုပ်/သံ)

by ဧရာဝတီ
16 December 2025
109

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ကြောင်းသိရပါတယ်။

စင်ကာပူ, လီကွမ်ယု

ခေတ်သစ် စင်ကာပူကို ထူထောင်ခဲ့သူ လီကွမ်ယု ကွယ်လွန်

by ဧရာဝတီ
23 March 2015
5.6k

လီကွမ်ယုက ၁၉၉၀ နှစ် အထိ စင်ကာပူနိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၀ တွင် ဂိုချောက်တောင် (Goh Chok Tong) ကို ၀န်ကြီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့သည်။

Next Post
ဟုန်းရှင်းအလုပ်သမား, အလုပ်သမားသပိတ်, ဆန္ဒပြမှု

ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ဟုန်းရှင်းအလုပ်သမား သပိတ် ပြေလည်မှုရ

နိုင်ငံတဝန်း လစာပေးထားရသည့် အငြိမ်းစား ဝန်ထမ်းဦးရေ ၅ သိန်းကျော်ရှိ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved