• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

OIC အား စစ်တွေနှင့် အခြားမြို့များတွင် ဆန္ဒ ဆက်ပြ

by လဝီဝမ်
15 November 2013
in သတင်း
A A
ရခိုင်ပြည်နယ်, စစ်တွေ, ဗုဒ္ဓဘာသာ, မွတ်ဆလင်, ရိုဟင်ဂျာ

နိုဝင်ဘာ ၁၅ ရက် ရန်ကုန်တွင် ဆန္ဒပြနေသော ဗုဒ္ဓဘာသာ ဘုန်းကြီးများ (ဓာတ်ပုံ - စတိဗ်တက္ကနာ / ဧရာဝတီ)

3.5k
VIEWS
Share on FacebookShare on Twitter

ယနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သော အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(OIC) မှ ကိုယ်စားလှယ်များကို ဒေသခံ ရခိုင်ဗုဒ္ဓဘာသာဝင် ၃၀၀၀ ကျော်က စစ်တွေလေဆိပ်တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး အကြမ်းဖက် ပဋိပက္ခဖြစ်ပွားခဲ့သော အခြားမြို့များတွင်လည်း ဆက်တိုက် ဆန္ဒပြခဲ့သည်။

OIC အဖွဲ့တွင် အဖွဲ့ဝင် အစ္စလမ်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိပြီး ယခုရောက်ရှိနေသော ကိုယ်စားလှယ်အဖွဲ့တွင် OIC အတွင်း ရေးမှူးချုပ် Ekmeleddin Ihsanoglu ၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu တို့နှင့် အတူ မလေးရှား၊ ဆော်ဒီ အာရေဗီးယား၊ အီဂျစ်၊ ဒီဘူတီနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ အဆင့်မြင့်အရာရှိများ လိုက်ပါလာကြသည်။

OIC ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက နေပြည်တော်တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။

OIC ကိုယ်စားလှယ်အဖွဲ့နှင့် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်မဟုတ်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က VOA သတင်းဌာနသို့ မကြာသေးခင်က ပြောကြားခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများကလည်း OIC ကိုယ်စားလှယ်အဖွဲ့နှင့်  ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်မဟုတ်ဟု ထုတ်ပြန်ခဲ့ကြသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော OIC ၏ လူ့အခွင့်အရေးဆိုင်ရာ လွတ်လပ်သော အမြဲတမ်းကော်မရှင် အစည်းအဝေးတခုမှ သဘောတူညီချက်များတွင် OIC အနေဖြင့် ရခိုင်ပြည်နယ် မြောက်ဖက်ပိုင်းတွင် နေထိုင်ကြသော နိုင်ငံမဲ့ ရိုဟင်ဂျာ ဟု ခေါ်ဆိုနေကြသည့် မွတ်ဆလင်များ၏ အခြေအနေကို သိရှိနိုင်ရန် လေ့လာရေးအဖွဲ့တခုစေလွှတ် နိုင်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။

အစိုးရဖက်က OIC ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် အနည်းငယ်ကိုသာ ထုတ်ပြန်ခဲ့သော်လည်း ယခုကဲ့သို့ လာရောက်မှုသည် မြန်မာနိုင်ငံတွင် လက်တွေ့ဖြစ်ပေါ်နေသည့် အခြေအနေများကို OIC အဖွဲ့က သိရှိနားလည်သွားစေရန် အထောက်အပံ့ဖြစ်လိမ့်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ယနေ့ နေ့လည် ၁၂ ရီခန့်တွင် OIC ကိုယ်စားလှယ် အဖွဲ့လိုက်ပါလာသော လေယာဉ် စစ်တွေလေဆိပ်သို့ ဆင်းသက် လာချိန် တွင် “OIC ထွက်သွား” ၊ “OIC အလိုမရှိ” အစရှိသဖြင့်ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသူများက ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

“သူတို့လေယာဉ်က နေ့လည် ၁၂ နာရီလောက်မှာရောက်လာတယ်။ ကျနော်တို့တွေက မနက် ၇ နာရီလောက်ကထဲက ဒီကို ရောက် နေကြတာ။ ကျနော်တို့ အားလုံး လ ူ၃၀၀၀ ကျော်လောက်ရှိပါတယ်။ သူတို့လာတာကို ကျနော်တို့ မလိုလားဘူး လို့ ကျနော်တို့ အော်ကြတယ်။ သူတို့ ဒီမှာ ၁၅ မိနစ်လောက်နေပြီးတော့ မောင်တောနဲ့ ဘူးသီးတောင် ဖက်ကို ဆက်ထွက် သွားတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သူ တဦး ဖြစ်သော ဦးထွန်းလှိုင်က ပြောပြသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
27
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
693
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
199

“သူတို့နဲ့ သွားတွေ့ဖို့ ကျနော်တို့ ခွင့်ပြုချက်မရဘူး. ဒါပေမယ့် ကျနော်တို့ သူတို့ကို အဝေးကနေမြင်ရပါတယ်။ သူတို့ တောင်မှ ကျနော်တို့ အော်ဟစ် ဆန္ဒပြနေတာကို မြင်ရမှာပါ” ဟုလည်း သူကဆိုသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ စစ်တပ် ရဟတ်ယာဉ်များဖြင့် ဆက်လက်မထွက်ခွာမီ OIC ကိုယ်စားလှယ် အဖွဲ့ စစ်တွေလေဆိပ်တွင် ၁၅ မိနစ်မျှ ရပ်နားခဲ့သည်ဟုသိရသည်။ အခြား မြို့နယ်များ ဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ တောက်ကုတ် နှင့် မြောက်ဦးတို့တွင်လည်း ရခိုင်လူမျိုးများ က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

“သူတို့ တွေက OIC ဆီကနေ အကူအညီတွေကိုရပြီးတော့ ကျနော်တို့ပြည်သူတွေကို ပိုပြီးပြဿနာ ရှာ လာမှာ စိုးရိမ်မိပါတယ်။ ဒါဟာကျနော်တို့ ပြည်သူတွေကို ကာကွယ်ရမယ့်တာဝန်ဖြစ်တဲ့ အတွက် ဆန္ဒပြပွဲမှာ ကျနော် ပါဝင်ခဲ့ပါတယ်” ဟု တောင်ကုတ်မြို့မှ ဆန္ဒပြပွဲတွင်ပါဝင်သူ တဦးဖြစ်သော ဦးထွန်းကြည်က ပြောသည်။

ရခိုင်ပြည်နယ်မှ ပဋိပက္ခများတွင် နိုင်ငံတကာမှ ကျောထောက်နောက်ခံပေးနေကြောင်း၊ ထို့ကြောင့် ပြဿနာတွေပို များလာရကြောင်းလည်း ဦးထွန်းကြည်က ပြောသည်။ မောင်တောမြို့နယ်မှ ရခိုင်လူမျိုးများကလည်း OIC ကိုယ်စား လှယ်အဖွဲ့ ရောက်လာသည့် နေ့လည် ၁နာရီခန့်တွင် ဆန့်ကျင် ဆန္ဒပြကြကြောင်း ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော အမျိုးသမီး တဦးကပြောသည်။

“ကျမတို့ ဘာကြောင့် ဆန္ဒပြကြသလဲဆိုတာက ရှင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က သူတို့ကို မလာစေ ချင်ဘူးလေ” ဟု သူကဆက်ပြောသည်။ မောင်တောမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်များက လူနည်းစုဖြစ်သည်။

မတ်လအတွင်းက မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့တွင်လည်း OIC ကိုယ်စားလှယ်အဖွဲ့ လာရောက်စုံစမ်းမည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်ခဲ့ပြီးနောက် ကြာသပတေးနေ့က လူ ၂၀၀ ခန့် OIC ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

“ကျမတို့ လူ၂၀၀ လောက်နဲ့ ဆန္ဒပြခဲ့ကြတယ်။ တဝက်လောက်က ဘုန်းတော်ကြီးတွေပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ (OIC အဖွဲ့) ဒီနေ့လာမယ်လို့ သတင်းကြားလို့ပါ။ ဒါပေမယ့် အခုထက်ထိတော့ သူတို့ကို မတွေ့သေးဘူး” ဟု ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် အမည်မဖော်လိုသူ အမျိုးသမီးတဦးက ပြောသည်။ မိတ္ထီလာ မြို့ကဲ့သို့ပင် မွတ်စလင်ဆန့်ကျင်ရေး ပဋိပက္ခ များ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့တွင်လည်း OIC အဖွဲ့ကို ကန့်ကွက်သည့် ဆန္ဒပြမှုများ ပြုလုပ် ခဲ့သည်။

ဒေသခံ မွတ်စလင်ဆအသိုင်း အဝိုင်းအနေဖြင့် OIC ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင် ၎င်းတို့ကြုံတွေ့နေရ သည့် အခြေအနေများကို ရှင်းပြခွင့်ရရန် မျှော်လင့်ကြောင်း စစ်တွေမြို့မှ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးအောင်ဝင်း က ပြောသည်။

အင်္ဂါနေ့ကလည်း မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တွင် လူ ၁၀၀၀ ခန့်က အစိုးရတာဝန်ရှိသူများထံမှ ခွင့်ပြုချက်ရယူပြီး OIC ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပြီး ယနေ့တွင်လည်း ထပ်မံဆန္ဒပြခဲ့ကြသည်။

ရန်ကုန်ဒေသခံ မူဆလင်ခေါင်းဆောင်များက သူတို့သည်လည်း ယခုအချိန်အထိ OIC ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တွေ့ ဆုံခွင့် မရသေးကြောင်း ပြောကြသည်။ OIC ကို ကန့်ကွက်ဆန္ဒပြမှုများနှင့် ပတ်သက်၍ မေးကြည့်သည့် အခါ ရန်ကုန် အစ္စလမ် စန်တာမှ ခေါင်းဆောင်တဦး ဖြစ်သော ဟာဂျီ ဦးအေးလွင်က “သူတို့မှာ ဆန္ဒပြဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို OIC အဖွဲ့လာရောက်ရခြင်းရဲ့ အကြောင်းရင်းကို နားလည်ဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

ယမန်နှစ်က မြန်မာနိုင်ငံတွင် OIC ရုံးလာရောက်ဖွင့်လှစ်ရန် စီစဉ်ခဲ့သည့်အတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် အစီအစဉ် ပျက်သွားခဲ့ရပြီး မြန်မာအစိုးရကလည်း ရိုဟင်ဂျာအရေး ဆွေးနွေးရန် အတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခွင့်ပြုရန် OIC ၏ တောင်းဆိုမှုကို ယခုနှစ် အစောပိုင်းတွင် ငြင်းဆန်ခဲ့၏။

ယမန်နှစ်က ရခိုင် ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်စလင် ဘာသာဝင်များကြား ပဋိပက္ခများ နှစ် ကြိမ် ဖြစ်ပွားခဲ့ရာတွင် အနည်းဆုံး လူ ၁၉၂ ဦးသေဆုံးပြီး ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး အများစုမှာ မွတ်စလင်များ ဖြစ်သည်။ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သော မွတ်စလင်များသည် ညစ်ပတ်၍ ကြပ်ညပ်နေသော ဒုက္ခသည် စခန်းများတွင် ယခုအချိန် အထိ နေထိုင်နေကြရဆဲဖြစ်ပြီး အစိုးရ၏ ထောက်ပံ့ကူညီမှု အနည်းငယ်သာရရှိကြသည်။ သူတို့ကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်ကိုလည်း အစိုးရက ငြင်းဆန်ထားသည်။

ကန့်ကွက်ဆန္ဒပြရန်အတွက် ခွင့်ပြုချက်တောင်းသည့်အခါ လယ်ယာမြေကိစ္စနှင့် အခြားသောကိစ္စများအတွက် ခွင့်ပြုချက်ရရှိရန် ခက်ခဲသော်လည်း OIC ကိုယ်စားလှယ်အဖွဲ့ကို ကန့်ကွက်ဆန္ဒပြရန်အတွက် အာဏာပိုင်များက အလွယ်တကူပင် ခွင့်ပြုပေးခဲ့သည်။

စစ်တွေမြို့မှ ဆန္ဒပြသူ ဦးထွန်းလှိုင်က ဆန္ဒပြခွင့်ကို တနင်္လာနေ့က လျှောက်ထားခဲ့ရာ အလွယ်တကူပင်ရရှိခဲ့သည် ဟု ဆိုသည်။ မြန်မာနိုင်ငံမှ တည်ဆဲလုပ်ထုံးလုပ်နည်းများ အရ ဆန္ဒပြလိုလျှင် တပတ်ကြိုတင်၍ ခွင့်ပြုချက်ရယူရသည်။ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း အာဏာပိုင်များက ခွင့်ပြုချက်ထုတ်ပေးရန် အချိန်ဆိုင်းထား၍ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့ကြသည့် လူ့အခွင့်အရေး လှုပ်ရှားသူအချို့ ထောင်ဒဏ် ၃လ ချမှတ်အပြစ်ပေးခံရခြင်းများလည်း ရှိခဲ့သည်။

Your Thoughts …
Tags: OIC
လဝီဝမ်

လဝီဝမ်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

by ဧရာဝတီ
14 November 2023
5.4k

ဦးသိန်းစိန် အစိုးရတွင် ပညာရေးအကြံပေး လုပ်ခဲ့သည့် ရှမ်း-မွန် တိုင်းရင်းသူ ဒေါ်ရင်ရင်နွယ်က ဂမ်ဘီယာနိုင်ငံကို ထိုထက်ပင် ပိုမိုစော်ကားသည်။

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.4k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

မြန်မာကို စွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှုတွင် ဥရောပ ၅ နိုင်ငံနှင့် ကနေဒါတို့ ဂမ်ဘီယာနှင့် ပူးပေါင်းမည်

မြန်မာကို စွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှုတွင် ဥရောပ ၅ နိုင်ငံနှင့် ကနေဒါတို့ ဂမ်ဘီယာနှင့် ပူးပေါင်းမည်

by ဧရာဝတီ
17 November 2023
3.9k

တရားရုံးက ထိုအမှုကို စီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ထားသော်လည်း ကြားနာမည့် အစီအစဉ်ကို မပြုလုပ်ရသေးပေ။

ဖေဖေါ်ဝါရီ ၂၁ရက်က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲထား သည့်အမှုကို ပြန်လည်ချေပနေသည့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့  / အိုင်စီဂျေ ဝက်ဘ်ဆိုဒ်

OIC က ကြိုးကိုင်နေ၍ အမှုကို လက်မခံသင့်ဟု ICJ တွင် စစ်ကောင်စီကိုယ်စားလှယ်ပြော

by ဧရာဝတီ
22 February 2022
11k

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အာဏာသိမ်းမြန်မာစစ်ကောင်စီကို အမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကိုယ်စားပြု လက်ခံထွက်ဆိုခွင့်ပြုသည့်အပေါ် ကန့်ကွက်ကြောင်း ၊ ICJ ၏ ဆုံးဖြတ်ချက်များကို NUG က စောင့်ကြည့်နေကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

OIC ဆန့်ကျင်ရေး ရခိုင်အမျိုးသမီးများ ဆန္ဒပြ

OIC ဆန့်ကျင်ရေး ရခိုင်အမျိုးသမီးများ ဆန္ဒပြ

by ခင်ဦးသာ
10 October 2012
4.1k

ရခိုင်ပြည်နယ်နှင့် မြန်မာပြည်တွင် OIC ရုံးဖွင့်ခြင်းကို မလိုလားသည့် အတွက် စစ်တွေ ဒေသခံ အမျိုးသမီးများ ထောင်ချီ၍ ယနေ့ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / ICJ

မြန်မာဘက်က ခုခံချေပချက်ကို ICJ သို့ အချိန်မီ တင်သွင်းသွားမည်

by ဇူးဇူး
8 January 2021
10.5k

မြန်မာနိုင်ငံအနေဖြင့် လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် တင်သွင်းရမည့် ခုခံချေပချက်ကို အချိန်မီ တင်သွင်းသွားမည်ဖြစ်ကြောင်း

Next Post
တိုင်းရင်းသား, ဒီမိုကရေစီ, မတူကွဲပြားမှု

လူမျိုးစုပဋိပက္ခဆိုင်ရာ စိန်ခေါ်ချက် (၁)

ကထိန်, ဘာသာရေး, ဂီတ, ယဉ်ကျေးမှု

ကထိန်အလှူခံ ဖျော်ဖြေရေး ယဉ်ကျေးမှု ပြောင်းလဲလာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved