• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစေတီ ကျောက်စာ ကမ္ဘာ့ အမွေအနှစ် စာရင်းသွင်းရန် ကြိုးပမ်း

by ရန်ပိုင်
17 February 2014
in သတင်း
A A
UNESCO, မြစေတီ ကျောက်စာ, ရာဇကုမာရ် ကျောက်စာ, ဂူပြောက်ကြီး ကျောက်စာ, မြင်းကပါရွာ, ကမ္ဘာ့ အမွေအနှစ်, ပုဂံပြတိုက်

ပုဂံမြို့ မြင်းကပါရွာ မြစေတီ ဘုရား ရင်ပြင်ပေါ်တွင် စိုက်ထူထားသော မြစေတီ ကျောက်စာတိုက်(ဓာတ်ပုံ - ကိုစိုး)

5.3k
VIEWS
Share on FacebookShare on Twitter

မြစေတီ ကျောက်စာဟု လူအများသိသော ကျန်စစ်သားမင်းကြီး၏ သားတော် ရာဇကုမာရ် မင်းသား ရေးထိုးခဲ့သည့် ပုဂံခေတ် ကျောက်စာကို ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း စာရင်း (Memory of The World Register) သွင်းရန် ဆောင်ရွက်မည် ဟု သိရသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဖြစ်ရေး အတွက် လာမည့် မတ်လ အတွင်း လျှောက်ထားရန် ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ အစည်း အဝေးက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အရာရှိတဦးက “မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်နဲ့ မြန်မာစာပေ အရေးအသားကို ကမ္ဘာက အလေးထားစေဖို့ လျှောက်ထားတာပါ”ဟု ဆိုသည်။

ရာဇကုမာရ် ကျောက်စာဟုလည်း ခေါ်ဆိုသည့် ပါဠိ၊ မွန်၊ မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော မြစေတီ ကျောက်စာ သည် မြန်မာ့ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစာပေ များနှင့် ပတ်သက်ပြီး အထူးအရေးပါသည့် အထောက်အထား တခု ဖြစ်သည်။

ပုဂံမြို့တောင်ဘက် မြင်းကပါရွာရှိ မြစေတီ ဘုရားအနီး တွေ့ရှိခဲ့ခြင်းကို အကြောင်းပြု၍ မြစေတီ ကျောက်စာဟု ခေါ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။ မြစေတီ ကျောက်စာကို ဂူပြောက်ကြီး ကျောက်စာ ဟုလည်း ခေါ်ဆိုကြသည်။

မြစေတီ ကျောက်စာတိုင် ၂ ခုရှိသည်။ ပုဂံပြတိုက်တွင် တခု ရှိ၍ မြစေတီ ဘုရား ရင်ပြင်ပေါ်တွင် စိုက်ထူထားသော ကျောက်စာ တိုင် တခုတို့ ဖြစ်သည်။

ပုဂံပြတိုက်ရှိ ကျောက်စာတိုင်မှာ အမြင့် ၅ ပေ ၁၁ လက်မ ရှိ၍ လေးဘက် မျက်နှာပြင် အကျယ်ညီသည်။ စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်မ ခန့်ရှိပြီး ပါဠိဘာသာဖြင့် ၄၁ ကြောင်း၊ မြန်မာစာဖြင့် ၃၉ ကြောင်း၊ မွန်စာဖြင့် ၃၃ ကြောင်း၊ ပျူစာဖြင့် ၂၆ ကြောင်း ရေးထိုး ထားသည်။ ယင်း ကျောက်စာတိုင်ကို အစိုးရ တွဲဖက်ကျောက်စာဝန် ပါဠိ ပါမောက္ခ ဂျာမန် ပညာရှင် ဒေါက်တာ ဖိုရှမ်းမား ဆိုသူက စတင် ၍ မြစေတီ ခြေရင်း၌ ကပ်လျက်တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မြစေတီ ရင်ပြင်ပေါ်ရှိ ကျောက်စာတိုင်မှာ မတ်ရပ် လေးထောင့် ကျောက်တိုင် ဖြစ်ပြီး ကျောက်စာ မျက်နှာပြင် နှစ်ဘက်သည် ပိုမို ကျယ်ပြန့်သည်။ ကျန် ၂ ဘက်မှာ ကျဉ်းသည်။ အကျယ်ဘက် ၂ ဘက်သည် ၁ ပေ ၈ လက်မခန့်ရှိပြီး အကျဉ်းဘက်၌ ၁၀ လက်မခွဲမှ ၁၂ လက်မ အထိရှိကြောင်း၊ အကျယ် မျက်နှာပြင်ဘက်၌ စာမျက်နှာပြင် အမြင့် ၄ ပေ ၄ လက်မခန့်ရှိပြီး ၁ ပေ ၇ လက်မခွဲ အကျယ်ရှိကြောင်း၊ ပါဠိ စာကြောင်းရေ ၄၀ ၊ မြန်မာစာကြောင်းရေ ၃၄ ၊ မွန် စာကြောင်းရေ ၄၆ နှင့် ပျူ စာကြောင်းရေ ၂၉ ရှိကြောင်း မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

မြစေတီ ရင်ပြင်ပေါ်ရှိ ကျောက်စာတိုင်မှာ ဂူပြောက်ကြီးဘုရား လိုဏ်ဂူ အတွင်း၌ သုံးပိုင်း ကျိုးပြတ် နေသည်ကို စတင်တွေ့ရှိရခြင်း ဖြစ်သည်ဟုလည်း မှတ်တမ်းများက ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

ကျန်စစ်သားမင်း နတ်ရွာစံပြီး တနှစ်ခန့်အကြာ သက္ကရာဇ် ၄၇၅ ခုနှစ်တွင် ရေးထိုးသည်ဟု ယူဆရသည့် အဆိုပါ ကျောက်စာတွင် သားတော်ဖြစ်သူ ရာဇကုမာရ် မင်းသားသည် ထီးနန်းစည်းစိမ်ကို မရရှိခဲ့သော်လည်း မိဘဂုဏ်ကျေးဇူးကို ရည်စူးသည့် သားကောင်း ရတနာဖြစ်ကြောင်း ရေးထိုးထားခြင်း ဖြစ်သည်။

မြစေတီ ကျောက်စာကို လန်ဒန်တက္ကသိုလ်မှ ဒေါက်တာ ဘလက်ဒင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က မွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

မြစေတီ ကျောက်စာသာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်အဖြစ် UNESCO က အသိအမှတ် ပြုခဲ့လျှင် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တခု ဒုတိယ အကြိမ် အသိအမှတ်ပြုခံရခြင်းဖြစ်သည်ဟု ဆိုရပေမည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း မန္တလေးမြို့ စန္ဒာမုနိဘုရားအတွင်းရှိ “ကမ္ဘာ့ အကြီးဆုံး စာအုပ်” ဟု တင်စားခေါ်ဝေါ်သည့် ၁၅၃ နှစ် သက်တမ်းရှိ ကုသိုလ်တော် ပိဋကတ် ကျောက်စာများကို မြန်မာနိုင်ငံ၏ ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း စာရင်းဝင် အဖြစ် UNESCO က ပထမဆုံး အကြိမ် အသိအမှတ်ပြုခဲ့သည်။

ပုဂံခေတ်နှင့်ပတ်သက်လျှင် မြစေတီကျောက်စာကို အစောဆုံးဟု ယူဆကြသော်လည်း မကြာသေးမီက မြစ်သားမြို့နယ်၌ စောလူး မင်း ကျောက်စာဟု ယူဆသည့် ကျောက်စာတချပ် ထပ်မံတွေ့ရှိရသည့်အတွက် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း သုတေသန ဌာန (Archaeological Survey of India)၏ အကူအညီဖြင့် စစ်ဆေးလျက် ရှိသည်။

Your Thoughts …
Tags: Heritage
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

နှစ် ၁၂၀ ကျော်ပြီ ဖြစ်တဲ့ စိန်တုံးမိဖုရားကျောင်း

နှစ် ၁၂၀ ကျော်ပြီ ဖြစ်တဲ့ စိန်တုံးမိဖုရားကျောင်း

by စနေလင်း
14 July 2014
14.6k

နှစ် ၁၂၀ ကျော်ပြီ ဖြစ်တဲ့ “ရတနာဘုံမြင့်” လို့ အမည် ပေးထားတဲ့ ရှေးဟောင်း ဘုန်းကြီးကျောင်းကြီး ပါ။ စိန်တုံး မိဖုရားကျောင်း လို့လည်း လူသိများ ပါတယ်။ လက်ရှိ အနေအထား မှာတော့ အုတ်တိုက်...

သရေခေတ္တရာ ပျူမြို့ဟောင်းကို လေ့လာခြင်း

သရေခေတ္တရာ ပျူမြို့ဟောင်းကို လေ့လာခြင်း

by ကောင်းမြတ်မင်း
13 March 2015
1.9k

ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသနက ထိန်းသိမ်း စောင့်ရှောက်လျှက် ရှိပေမယ့် မကြာသေးမီက ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တဦးက ကြံစိုက်ပျိုးဖို့ ထွန်ယက် တာကြောင့် ပျူတိုက်လို့ ခေါ်တဲ့ ရှေးဟောင်းကုန်း ၇ ခု...

ရန်ကုန်မြို့လယ်က သမိုင်းဝင် ဂျူး ဘုရားကျောင်း

ရန်ကုန်မြို့လယ်က သမိုင်းဝင် ဂျူး ဘုရားကျောင်း

by အေးချမ်းမြေ့
16 May 2014
21.2k

ဒါဟာ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှု အတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲ တခုပါပဲ။ ကျနော်တို့ဆီကို ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ လာတယ်။ မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေက အစ ဂျူး ဘုရားကျောင်းကို လာပြီး ဖရောင်းတိုင်...

ဟော်နန်းအိုသို့ အလည်တခေါက်

ဟော်နန်းအိုသို့ အလည်တခေါက်

by ရန်ပိုင်
22 September 2012
16.1k

ဆင်ငိုမြက်များ ဖုံးနေသော ခြံအ၀င် လမ်းလေးနှင့် အဖြူရောင် ဆေးသား ပြယ်လွင့်နေသည့် သော့ခတ် ထားသော သံတံခါး ကြီးကို ကြည့်ခြင်းဖြင့် ဤခြံသည် လူအ၀င် အထွက် နည်းပါးမှန်း သိသာလှ၏။

စစ်ကိုင်း မဟာသိမ်တော်ကြီး နံရံဆေးရေး ပန်းချီများ ထိန်းသိမ်းရေး ထိုင်း ကူညီမည်

စစ်ကိုင်း မဟာသိမ်တော်ကြီး နံရံဆေးရေး ပန်းချီများ ထိန်းသိမ်းရေး ထိုင်း ကူညီမည်

by ရန်ပိုင်
12 August 2014
2.9k

စစ်ကိုင်းမြို့ မဟာ သိမ်တော်ကြီး အတွင်းရှိ နံရံဆေးရေး ပန်းချီများအား ထိုင်းနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာနက နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ပြုပြင် ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်း အမွေအနှစ် တန်ဖိုးမကျအောင် ကာကွယ်ဖို့လိုနေတဲ့ မြောက်ဦးဒေသ

ရှေးဟောင်း အမွေအနှစ် တန်ဖိုးမကျအောင် ကာကွယ်ဖို့လိုနေတဲ့ မြောက်ဦးဒေသ

by ခင်ဦးသာ
7 July 2014
6k

ရခိုင်မှာ ကြီးကျယ် ခမ်းနားတဲ့ ဗိသုကာ လက်ရာတွေ ပေါ်ထွန်းခဲ့ ပါတယ်၊ ဒါကို ကမ္ဘာကို ပြသနိုင်ဖို့ ကျနော်တို့ ကြိုးစား သွားပါမယ်။ ကျနော် ကိုယ်တိုင် ရခိုင်လူမျိုး မဟုတ်ပေမယ့် ရခိုင်တို့ရဲ့ ကြီးကျယ် ခမ်းနားခဲ့တဲ့...

Next Post
Capital hypermarket, Capital idol, singing contest, သီချင်းဆိုပြိုင်ပွဲ

Capital Hypermarket ၆ နှစ်ပြည့် သီချင်းဆိုပြိုင်ပွဲ ကျင်းပမယ်

တာချီလိတ်, ထိုင်း နိုင်ငံသား ၆ ဦး, ကာစီနို လောင်းကစားဝိုင်း, မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့

တာချီလိတ်တွင် လောင်းကစားမှုဖြင့် ထိုင်း နိုင်ငံသား ၆ ဦး ဖမ်းဆီး ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved