ရှမ်းပြည်နယ်က အင်းလေးကန်ထဲမှ ကြောင်တွေနေထိုင်တဲ့ ရွာတရွာရှိပါတယ်။ အဲဒီရွာကတော့ Inthar Heritage House ကနေ မြန်မာ့နန်းတွင်းကြောင်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာပဲဖြစ်ပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေရော၊ ပြည်တွင်းခရီးသွားတွေပါ စိတ်ဝင်တစားလာ ရောက် ကြည့်ရှုနေရတဲ့ မြန်မာ့မျိုးရင်း ကြောင်မျိုးစိတ်တွေကို သွားရောက်မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ မြန်မာ့မျိုးရင်းကြောင်တွေဟာ အရင်က နန်းတွင်းမှာ မွေးမြူထားတဲ့ ကြောင်မျိုးဆက်တွေ ဖြစ်ပြီး အင်္ဂလိပ်အစိုးရလက်ထက်မှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိသွားခဲ့တာကနေ ၂၀၀၈ ခုနှစ်မှာ အင်း လေးကန်ဒေသကို ပြန်လည်ရောက်ရှီလာခဲ့ပြီဖြစ်ပါတယ်။
(The Irrawaddy Weekly Journal အတွဲ (၁)၊ အမှတ် (၁၃) တွင် ဖော်ပြထားပြီး ဖြစ်သည်။)