သတင်းတို

ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် အတည်ပြု ခန့်အပ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၌ လစ်လပ်နေသည့် ဝန်ကြီးချုပ် နေရာတွင် ဗိုလ်ချုပ် မောင်မောင်အုန်း အား ယနေ့ကျင်းပသည့် ပြည်နယ် လွှတ်တော် အစည်းအဝေး၌ ကန့်ကွက်သူ မရှိ၍ အတည်ပြု ခန့်အပ်လိုက်ကြောင်းသိရသည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန်လ ၂၀ ရက်တွင် ၎င်း၏ ဆန္ဒအရ ဟုဆိုကာ နှုတ်ထွက်သွားပြီးနောက် ဗိုလ်ချုပ် မောင်မောင်အုန်း အား ဝန်ကြီးချုပ်သစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတ က အဆိုပြုခဲ့သည်။ ချုပ်သစ်သည် ရခိုင်ပြည်နယ်၏ အခြေအနေ အရပ်ရပ်ကို နားလည် သဘောပေါက်သည့် ရခိုင်တိုင်းရင်းသား တဦးဦး ကိုသာ ရွေးချယ်ခန့်အပ်သင့်ကြောင်း ရခိုင်အမျိုးသား ပါတီ ( ANP ) ပါတီ က ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခဲ့ပြီး၊ ရခိုင်ပြည်သူ များ ကလည်း ကန့်ကွက်မှု တချို့ရှိခဲ့သေးသည်။ ဗိုလ်ချုပ် မောင်မောင်အုန်းသည် နယ်စပ်ရေးရာ ဒု ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော အဖွဲ့တချို့တွင် တာဝန်ယူဆောင်ရွက်ခဲ့သေးသည်။ ၎င်းအား ရခိုင်ပြည် နယ် လွှတ်တော်၏ တပ်မတော်သား ကိုယ်စားလှယ် အဖြစ်ခန့်အပ်ကြောင်း ဇွန်လ ၂၁ ရက်နေ့ ထုတ် အစိုးရ သတင်းစာများ က  ဖော်ပြခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading