• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

ခိုးတတ် ဝှက်တတ်တဲ့ ကလေး

by ခေတ်ဘုန်းသစ်
30 June 2014
in Women
A A
ခိုးဝှက်, လိမ်ညာ, ကိုယ်ကျင့်တရား, ပြည်သူ့ပိုက်ဆံ, နိုင်ငံတော်ပိုက်ဆံ, ကြားပေါက်, အောက်ဆိုက်, အပိုဝင်ငွေ, အတုယူ,

သရုပ်ဖော်ပန်းချီ အာကာ

5.2k
VIEWS
Share on FacebookShare on Twitter

ကိုယ့်ရဲ့ သားသမီးကို ဘယ်မိဘကမှ ခိုးတတ်၊ ဝှက်တတ်တဲ့ ကလေးမျိုး မဖြစ်စေချင်ကြပါဘူး။

ခိုးတယ် ဝှက်တယ် ဆိုတာဟာ လိမ်တတ်၊ ညာတတ်တဲ့ အကျင့်စရိုက်လိုပဲ ဘယ်လိုမှ လက်ခံစရာ မကောင်းတဲ့ အကျင့်စရိုက် တခုပါ။ ဒီ အကျင့်စရိုက်ကို ကလေးတို့ဆီမှာ စွဲမသွားစေဖို့ အတွက် သင်ကြားဆုံးမကြတဲ့ အခါမျိုးမှာ နည်းမှန်လမ်းမှန်နဲ့ ကျမတို့ ဘယ်လိုဆုံးမကြမလဲ၊ ကလေးတို့ရဲ့ ခိုးဝှက်ရခြင်းနောက်မှာ ဘယ်လိုအကြောင်းတရားတွေ ရှိနေသလဲဆိုတာကို ကျမ ဆွေးနွေး တင်ပြသွားပါမယ်။

“ဒီကလေးက ခိုးတတ်တယ်” ၊ “သူကတော့ လက်ဆော့ခြေဆော့ရှိတယ်” ဆိုတာမျိုးကို ကျမတို့ ဝန်းကျင်မှာ ကြားရ တတ်ပါတယ်။ ကလေးတယောက် တခါလောက် ခိုးဝှက်ဖူးတာကို မိထားရင်ပဲ ဘာပစ္စည်းပဲ ပျောက်ပျောက် “မင်းယူတယ် မဟုတ်လား” လို့ မေးတတ်၊ စွပ်စွဲတတ်တဲ့ လူကြီးတွေကိုလည်း တွေ့ခဲ့ဖူးပါတယ်။ ဒါဟာ တကယ်တော့ ကလေးတယောက် (လူတယောက်ရဲ့) အမှားတချက်ကို ပြင်ခွင့် မပေးတော့ဘဲနဲ့ တသက်စာ ဒဏ်ခတ်လိုက်တဲ့ ဒဏ်ခတ်မှုမျိုး ပါ။ တကယ်တော့ အဲဒီလို မလုပ်ရပါဘူး။

ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲ ဖြစ်သည်။
ခေတ်ဘုန်းသစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများ
ရေးသားနေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ကဗျာများ ရေးသားလျက် ရှိသည်။

ကလေးစိတ်ပညာရှင်များရဲ့ အဆိုအရ အသက် ၆ နှစ်အောက်အရွယ် ကလေးများ ခိုးဝှက်ခြင်းကိုတော့ ခိုးဝှက်ခြင်းရယ်လို့ သတ်မှတ် လို့ မရဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၆ နှစ်အောက်အရွယ် ကလေးများဟာ ဒီပစ္စည်းက ကိုယ့်ဟာ မဟုတ်ဘူး၊ ဒါကြောင့် မယူသင့်ဘူး ဆိုတဲ့ သဘောတရားကို နားမလည်ကြ သေးပါဘူး။ ဒါပေမယ့် ၆ နှစ်အထက်  ကလေးများမှာတော့ ခိုးတယ် ဆိုတာဘာလဲ ဆိုတဲ့အကြောင်းကို ကောင်းကောင်း နားလည် နေကြပါပြီ။

ဆယ်ကျော်သက် အရွယ်များနဲ့ ဆယ်ကျော်သက်အောက် ကလေးတို့မှာ ပစ္စည်းလေးတွေကို ယူတယ် (ခိုးတယ်) ဆိုတဲ့ နေရာမှာ ခိုးယူရတဲ့ နောက်ခံ အကြောင်းလေးတွေ အမျိုးမျိုး ရှိပါတယ်။ တချို့ကလေးများဟာ ခိုးချင်ဝှက်ချင်လို့ ခိုးကြတာ မဟုတ်ပါဘူး။ အိမ်မှာ စားစရာ မရှိလို့၊ ဗိုက်ဆာလို့၊ အမေ နေမကောင်းလို့၊ စာအုပ်ဖိုးပေးစရာ ပိုက်ဆံ မရှိလို့ စတဲ့ မဖြစ်မနေ အကြောင်းများကြောင့် မခိုးချင်ဘဲနဲ့ ခိုးကြရတာပါ။  တချို့ ဆယ်ကျော်သက် အရွယ် ကလေးများမှာ လောင်းကစားကြောင့် ပိုက်ဆံလိုလို့ ခိုးတာ၊ ဆေးဝါးသုံးစွဲမှုကြောင့် ခိုးတာအပြင် အပျော်သက်သက် အစွမ်းပြချင်လို့ ခိုးယူတာမျိုး တွေလည်း လုပ်တတ်ကြပါတယ်။

ခိုးယူခြင်းရဲ့ အစ

ကလေး တော်တော်များများဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပထမဆုံး စတင်ခိုးယူတတ်ကြ တာကတော့ အိမ်က (မိဘတွေဆီက) ပဲ ဖြစ်ပါတယ်။ မီးဖိုချောင်ထဲမှာ ဟင်းခိုးစားတာ၊ မုန့်ခိုးစားတာ မျိုးကအစ အမေ့ပိုက်ဆံအိတ်၊ အဖေ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံကို နှိုက်ယူ တာမျိုး အထိ လုပ်လာတတ်ကြပါတယ်။ အထူးသဖြင့် ပိုက်ဆံကို လွယ်လင့်တကူ ထားတတ်တဲ့ အိမ်မျိုးက ကလေးများဟာ မိဘ ပိုက်ဆံအိတ်ထဲကနေ မိဘကို အသိမပေးဘဲနဲ့ ပိုက်ဆံကို ခိုးယူတတ်ကြပါတယ်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
21
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
676
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
45

အမေက ကလေးရဲ့ရှေ့မှာ အဖေ့အိတ်ထဲကနေ အဖေမသိအောင်လို့ ပိုက်ဆံနှိုက်ယူတာမျိုးကို ကျမတို့ နိုင်ငံက မိခင် တော်တော်များများ လုပ်လေ့ရှိပါတယ်။ အမှန်တော့ ဒါဟာ လုံးဝ မလုပ်ရမယ့် အရာပါ။ ကလေးတို့ဟာ ရေမြှုပ်နဲ့ တူပါတယ်။ ဒီလို ပိုက်ဆံနှိုက် တဲ့၊ တနည်းပြောရရင် ခိုးယူတဲ့ အကျင့် စရိုက်ဟာ နေ့စဉ် မြင်တွေ့နေကြမို့လို့ ကလေးတို့ အတွက် အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ခိုးတယ်ဆိုတာဟာ မလုပ်ရမယ့်အရာ၊ မလုပ်သင့်တဲ့ အရာပါလား ဆိုတာကိုလည်း သူတို့ မတွေးမိကြတော့ပါဘူး။

ဒါနဲ့ပဲ ကလေးတို့ဟာ အမေလုပ်တဲ့ ပုံစံအတိုင်း အမေ့ပိုက်ဆံအိတ်၊ အဖေ့အိတ်ကပ်ထဲကနေ ပိုက်ဆံကို အလွယ်တကူ နှိုက်ယူ တတ်လာ ပါတော့တယ်။ အဲဒီကနေတဆင့် သူငယ်ချင်း ပိုက်ဆံကို လွယ်လွယ်တွေ့လာတဲ့ အခါ၊ အလုပ်ထဲမှာ ပိုက်ဆံကို လွယ်လွယ်ရလာတဲ့ အခါမျိုးမှာ သူဟာ မရှောင်နိုင်တော့ပါဘူး။ လွယ်လွယ်တွေ့တာနဲ့ လွယ်လွယ် ခိုးတတ်တဲ့ လက်ယဉ်တဲ့ (ခိုးဝှက်တတ် တဲ့) လူမျိုးတွေ ဖြစ်လာရ ပါတော့တယ်။

ကလေးတို့ ကျောင်းစနေတဲ့အခါ

ကလေးတို့ ကျောင်းစနေတဲ့အရွယ် တတန်း၊ နှစ်တန်းလောက် ရောက်လာပြီ ဆိုရင်ဖြင့် ကလေးတို့ရဲ့ လွယ်အိတ်ထဲမှာ ခဲတံဘူး လေးတွေထဲမှာ ဟိုသူငယ်ချင်းက ပေးလိုက်လို့၊ ဒီသူငယ်ချင်းက ပေးလိုက်လို့ ဆိုတဲ့ ပစ္စည်းလေးတွေ ပါလာ တတ်ကြပါတယ်။ ကလေးအချင်းချင်း ချစ်လို့ခင်လို့ ပေးကြတာမျိုးတွေလည်း ရှိပေမယ့် တခါတလေမှာတော့ ကလေးက ပစ္စည်းလေးလှလို့ ယူချင် စိတ်နဲ့ ယူလာတာမျိုးတွေလည်း ရှိတတ်ပါတယ်။

ကိုယ့်ကလေးရဲ့ လွယ်အိတ်ထဲမှာ ပစ္စည်းလေးတွေပါ ပါလာပြီဆိုရင်ဖြင့် မိဘများ အမူမဲ့အမှတ်မဲ့ မနေသင့်ပါဘူး။ သူငယ်ချင်းက တကယ်ပေးလိုက်တာလား၊ ဒါမှမဟုတ် သူငယ်ချင်း မသိအောင် ကလေးက ယူလာတာလားဆိုတာကို သိအောင် စုံစမ်းဖို့လိုပါတယ်။

တယောက်ယောက်ဆီကနေ ကလေးက ယူလာတယ်ဆိုရင်တော့ ကလေးတို့ယူလာတဲ့ ပစ္စည်းကို ယူလာတဲ့ သူ (ပိုင်ရှင်) ဆီ ပြန် ရောက်အောင် ပြန်ပေးခိုင်းရပါမယ်။ သူငယ်ချင်းဆီကနေ သူငယ်ချင်း မသိအောင် ယူလာတဲ့ ပစ္စည်းကို ပြန်ပေးရမယ်ဆိုတော့ ကလေး အနေနဲ့ ပေးချင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိဘကိုယ်တိုင် လိုက်သွား ပြီးတော့ ရအောင်ကို ပြန်ပေးခိုင်းရပါမယ်။

ကလေး ယူလာတဲ့ပစ္စည်းကို ကာယကံရှင်ဆီ ပြန်ပေးပြီးပြီ ဆိုရင်တော့ ကလေးကို ထပ်ပြီး ဆူတာပူတာ၊ အော်တာ ငေါက်တာ မျိုးတွေ မလုပ်သင့်တော့ ပါဘူး။ ကလေးဟာ သူမှားယွင်းတဲ့ အမှားတခုကို အမှန်ရောက်အောင်လို့ ပြင်ပြီး သွားပါပြီ။ ဒါကြောင့်မို့လို့ ကလေးစိတ်ထဲမှာ ထိခိုက်ခံစားရအောင်လို့ ထပ်ပြီး မပြောသင့်တော့ပါဘူး။ တခါလောက် သူများပစ္စည်းလေးကို ယူမိတာနဲ့ပဲ တသက်လုံး သူခိုး ဖြစ်တော့မယ့်အတိုင်း ကလေးကို တံဆိပ်ကပ်တဲ့ အပြောမျိုးတွေ မပြောသင့် ပါဘူး။

ပစ္စည်းခိုးတာကို မိတဲ့ အခါ

ကလေးတို့ ပစ္စည်းခိုးယူလာတာကို မိပြီဆိုရင်ဖြင့် အမေတော်တော်များများက ငိုကြပါတယ်။ အဖေတော်တော် များများကတော့ ရိုက်နှက်တာ၊ ဆူပူအော်ဟစ်တာမျိုးတွေ လုပ်လေ့ ရှိပါတယ်။ ဒီ နှစ်နည်းစလုံးဟာ တကယ်တော့ ကလေးတို့ နောက်ထပ် မခိုးဝှက်ဖို့ အတွက် ဆုံးမတဲ့ ဆုံးမနည်းတွေ မဟုတ်ပါဘူး။

နောက်တနည်းကတော့ ကလေးတို့ ပစ္စည်းခိုးတာ မိလာပြီဆိုရင် မင်းခိုးတယ်မဟုတ်လား ဆိုတာက စပြီးတော့ အမှုစစ်သလို စစ်ကြ တာပါပဲ။ အဲဒီလိုမှ မဟုတ်ရင်လည်း ငရဲကြီးတတ်တယ် ဆိုတာမျိုးက စပြီးတော့ တို့အမျိုးမှာ သူခိုး မရှိဘူး ဆိုတာမျိုး အထိ ကိုယ် ကျင့်တရားတွေ၊ ဘာသာရေးတွေနဲ့ ဆုံးမတတ်တာမျိုးပါ။

ဆယ်ကျော်သက် အရွယ်ပဲဖြစ်ဖြစ်၊ ဆယ်ကျော်သက် အောက်ပဲ ဖြစ်ဖြစ် ကလေးတို့ဟာ ခိုးတာကို ခိုးရာပါပစ္စည်းနဲ့ အမိခံလိုက်ရပြီ ဆိုကတည်းက ကြောက်ကန်ကန်ဖို့ အတွက် သူတို့မှာ အသင့်ဖြစ်နေ ကြပါပြီ။ မေးတာကို ကောင်းကောင်း မဖြေတတ်ကြ သလို၊ လူကြီးများရဲ့ အမှုစစ်ခြင်းဟာ သူတို့ လိမ်ပြောဖို့ အတွက် ထွက်ပေါက်တခု ဖြစ်ကောင်း ဖြစ်သွားတတ်ကြ ပါတယ်။ နောက်ဆုံးတော့ ခိုးမှုကို စစ်ဆေး ဆုံးမကြတဲ့ လူကြီးများအနေနဲ့ စိတ်တို ဒေါသထွက်ကြရတာနဲ့ပဲ အဆုံးသတ် ကြရတာ များပါတယ်။

စိတ်ပညာရှင်များရဲ့ အဆိုအရကတော့ ကလေးတို့ ခိုးတာကို မိပြီ ဆိုတာနဲ့ အပျော်သက်သက်ပဲ ခိုးလာလာ၊ လိုချင်လို့ပဲ ခိုးလာလာ ကလေးကို စကားတွေ ပြောနေ၊ ဆုံးမနေတာမျိုး ထက်စာရင် ကလေးတို့ ပစ္စည်းယူလာတဲ့ ကာယကံရှင် ဆီကို ကလေးကိုယ်တိုင် သွားပြီးတော့ ပစ္စည်းကို ပြန်ပေးခိုင်းတာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။

ကလေးတို့ ခိုးယူတာကို ဆုံးမတဲ့အခါမျိုးမှာ ကလေးတို့ရဲ့အမှားကနေ အမှန်ကို ပြင်ခွင့်ရအောင်လို့ လုပ်ပေးကြရမှာပါ။ ဒီတကြိမ် မှားခြင်းဟာ တသက်စာ မှားနေတာမျိုး မဟုတ်ဘူး၊ ပြင်ခွင့်ရှိတယ်၊ ပြင်နိုင်တယ် ဆိုတာမျိုးကို ကလေးတို့ သိအောင်လို့ သင်ပေးဖို့ လိုပါတယ်။ မိဘတို့ အနေနဲ့လည်း ကလေးတို့ရဲ့ ခိုးတဲ့ဝှက်တဲ့ အကျင့်စရိုက်ကိုသာ မကြိုက်ပေမယ့် ကလေးကိုတော့ ချစ်မြဲ၊ ချစ်နေဆဲပဲ ဆိုတာကို ကလေးတို့ သိအောင်လို့ ပြသပေးဖို့ လိုပါတယ်။ ဒါဆို ရင်ဖြင့် ကလေးတို့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် မလုံခြုံဖြစ်မှုဆိုတဲ့ စိတ်ခံစားချက်တွေကို ခံစားရတော့မှာ မဟုတ်ပါဘူး။

မှားတယ် ဆိုတာကတော့ လူတိုင်း မှားတတ်ကြ၊ မှားဖူးကြ တာပါပဲ။ မိဘတို့ အနေနဲ့ ကလေးတို့ တစုံတရာ ခိုးလို့ ဝှက်လို့ ဆုံးမကြ တဲ့ အခါမျိုးမှာ ကိုယ်ကိုယ်တိုင်ရော အခုချိန်ထိ ဘယ်ပစ္စည်းတွေကို ဘယ်လို ခိုးခဲ့ဖူးသလဲ၊ အခုချိန် ထိရော ကလေးတို့ အတွက် ကိုယ်ကျင့်တရားမှာ စံပြ အမေ၊ အဖေ အဖြစ် ရှိနေပါရဲ့လား ဆိုတာကို ပြန်တွေးမိဖို့ လိုပါတယ်။

ကြားပေါက်တို့၊ အောက်ဆိုက်တို့ ဆိုတဲ့ စကားလုံးတွေကို အိမ်မှာလှိုင်လှိုင် ကြားဖူးနေတဲ့ ကလေး တယောက်အဖို့၊ အလုပ်ထဲက ပိုက်ဆံ၊ ပြည်သူ့ပိုက်ဆံ၊ နိုင်ငံတော်ပိုက်ဆံ စတာတွေကို ကိုယ်ပိုင်ငွေလို အိမ်မှာသုံးစွဲနေတာကို မြင်ဖူးနေကျ ကလေး တယောက် အဖို့ ကတော့ ခိုးတယ် ဆိုတာ မကောင်းဘူး၊ ခိုးဝှက်ခြင်းဟာ ကိုယ်ကျင့်တရားအရ လက်မခံသင့်တဲ့အရာ ဆိုတဲ့ကိစ္စကို နားလည်ဖို့ အတွက် တော်တော် ခက်ခဲပါလိမ့်မယ်။

ဒါကြောင့်မို့လို့ ကလေးတို့ကို မခိုးစေချင်၊ မဝှက်စေချင်တဲ့ မိဘများအနေနဲ့ ကလေးတို့ရှေ့မှာ ကိုယ်တိုင်စံပြ အဖြစ် နေပြဖို့က ပိုပြီး တော့ အရေးကြီးတာမို့ ကလေးတို့ကို မပြင်ခင်မှာ ကိုယ်တိုင် အရင်ပြင်ကြဖို့ လိုတယ်ဆိုတာ သတိပြုကြ စေလိုပါတယ်။     ။

Your Thoughts …
Tags: Children
ခေတ်ဘုန်းသစ်

ခေတ်ဘုန်းသစ်

Contributor

Similar Picks:

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

by ခေတ်ဘုန်းသစ်
20 March 2013
7.8k

ကျမတို့ တိုင်းပြည်မှာ ဆရာဗဟိုပြု စနစ်က ဗဟိုပြုလွန်း လှတယ်လို့တောင် ဆိုရဦးမှာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျနော့် အဖေသည် ဦးဘဖြစ်ပါသည်လို့ ပုံနှိပ်စာအုပ်မှာ ရေးထားရင် ကိုယ့်အဖေက ဦးအောင်အောင် ဖြစ်ဦးတော့ ဦးဘလို့ပဲ တတန်းလုံးဖြေမှ အမှတ်ရတာမို့ပါပဲ။

ကလေးစိတ်ပညာ, အိပ်ရာဝင်ပုံပြင်, ရသခံစားမှု, ယဉ်ကျေးခြင်း,

ကလေးတို့အတွက် အိပ်ရာဝင် ပုံပြင်

by ခေတ်ဘုန်းသစ်
21 August 2014
11.3k

စာမဖတ်တတ်ခင် ကတည်းက အဘွားတို့ အမေတို့ ပြောပြတဲ့ အိပ်ရာဝင် ပုံပြင်တွေထဲက တဆင့် ကျမတို့ သိနေခဲ့ကြပါပြီ။ ပုံပြင်တွေက တဆင့် ကျမ တို့ဟာ စိတ်နှလုံး လိမ္မာယဉ်ကျေး ခဲ့ကြတယ်

ကလေးစိတ်ပညာ, ဗီဇ, ပတ်ဝန်းကျင်

ကလေးတို့ရဲ့ ဗီဇသဘာဝနဲ့ ဝန်းကျင်

by ခေတ်ဘုန်းသစ်
12 November 2013
4.5k

ကိုယ်နဲ့ အကျင့် သဘာဝချင်းတူရင် ကောင်းတယ် ထင်ပြီးတော့၊ ကိုယ်နဲ့ အကျင့်သဘာ၀ မတူတဲ့ အခါမျိုးမှာ မကောင်းဘူးလို့ ထင်တတ်ကြ ပါတယ်။ ဒါဟာ တော်တော်လွဲမှားတဲ့ အယူအဆ တရပ်ပါပဲ။ ကလေးများဟာ တကယ်တော့ ကျမတို့ရဲ့ ကိုယ်ပွားလေးတွေ...

ကလေးကဗျာများ

ကလေးများနဲ့ ကလေးကဗျာ

by ခေတ်ဘုန်းသစ်
28 August 2014
5.6k

ကလေးတို့ကို ကဗျာရွတ်ပြဖို့နဲ့ ကဗျာဖတ်ပြဖို့ ဆိုတဲ့ ကိစ္စဟာ ကလေးတွေကို ဝလုံး လေးတွေ ရေးခိုင်း ဖို့ထက် ပိုပြီးတော့ အရေးကြီး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကဗျာမှာက အသံတွေ၊ ကာရန်လေးတွေ ပါတာမို့ ကလေးတို့ဟာ...

ပညာရွှေအိုးခေတ်နဲ့ ကလေးတို့ရဲ့ပညာရေး

ပညာရွှေအိုးခေတ်နဲ့ ကလေးတို့ရဲ့ပညာရေး

by ခေတ်ဘုန်းသစ်
10 September 2013
5.2k

ကျမတို့ ဆီကို ၀င်လာတဲ့ (ကျောင်းတွေမှာ သင်နေကြတဲ့) “အဖြူ”ဆရာ တော်တော် များများဟာ တကယ့် ဆရာတွေ မဟုတ်ကြပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် ကျမတို့ နိုင်ငံထဲကို ၀င်လာတဲ့ လူတွေပါ။

Self Control, ဒေါသ, ထိန်းသိမ်းခြင်း, ကလေးစိတ်ပညာရှင်,

ဒေါသကြီးတတ်တဲ့ ကလေး

by ခေတ်ဘုန်းသစ်
7 March 2015
7.7k

ဒေါသ ထွက်နေတဲ့ ကလေးကို အကြောက် တရားနဲ့ခြောက်ပြီး မတားရပါဘူး။ ဒေါသထွက်တယ်၊ စိတ်တိုတယ် ဆိုတာဟာ စိတ်တိုစရာ၊ ဒေါသထွက်စရာ ရှိလို့ ပါ။ ဒါဟာ ပုံမှန် စိတ်ခံစားချက်ပါပဲ။ ဒီခံစားချက်ကို မခံစားရဘူး (တနည်း ပြောရရင်)...

Next Post

UNFC နဲ့ ပြည်တွင်း အတိုက်အခံ နိုင်ငံရေး အင်အားစုအချို့ ထိုင်း-မြန်မာ နယ်စပ်တွင် တွေ့မည်

ကချင် ဒုက္ခသည် စခန်းများ, IDP Camp, ကချင်, တိုက်ပွဲ, စစ်ရှောင် ဒုက္ခသည်များ,ငြိမ်းချမ်းရေး, KIA, စားနပ်ရိက္ခာ ပြတ်လပ် , အမိုးအကာ မလုံလောက်မှု

မိုးတွင်းကာလ ကချင် ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved