တောဆင်ရိုင်းများကို မူလစားကျက် ပဲခူးရိုးမသို့ ပြန်ပို့ရေး၌ လမ်းကြောင်းတလျှောက်မှ ဒေသခံ ရွာသူ ရွာသားများက ဆိုင်ကယ်များ အုပ်စုဖွဲ့၍ လူ ၅ဝ-၇ဝ မှ ၂ဝဝ အထိ မြောက်မြားစွာ လာရောက် ကြည့်ရှု ဆူညံခြင်း ပြုလုပ်နေခြင်းကြောင့် ပြန်ပို့မည့်လမ်းကြောင်းအတွက် အနှောက်အယှက်ဖြစ်နေကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် အနှောက်အယှက်ပေးရုံသာမက အန္တရာယ်ကိုလည်းလည်း လက်ယပ်ခေါ်ယူသကဲ့သို့ ဖြစ်နေကြောင်း ယနေ့ထုတ် အစိုးရသတင်းတွင် ရေးသား ထားသည်။ ပဲခူးရိုးမမှ ဆင်းလာသည့် တောဆင်ရိုင်း ခြောက်ကောင်အနက် တစ်ကောင်မှာ နတ်ပလ္လင်တောင်၌ အုပ်စုမှ သင်းကွဲကာ ကျန်ရစ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရထားသည်ဟု ထင်ကြောင်းလည်း ပါရှိသည်။
ကျန်ရှိငါးကောင်မှာ မနေ့ ညနေပိုင်းအထိ ကျောက်ပန်း တောင်းမြို့နယ် လွန်ပင်ကုန်းကျေးရွာနှင့် စံပြကျေးရွာ အကြားရှိ လျှိုတစ်ခု အတွင်း ရပ်နားခဲ့ကြသည်။
ဆင်အုပ်၏ ဦးတည်ရာ လမ်းကြောင်း မပြောင်းလဲစေရေး၊ ဆင်များ အနှောင့်အယှက် မဖြစ်စေရေး၊ ဒေသခံများ အန္တရာယ် မဖြစ်စေရေး အတွက် ဆင်များကို အနီးကပ် လာရောက် ကြည့်ရှုခြင်း မပြုရန်နှင့် ဆင်များ ဖြတ်သန်းမည့် ခန့်မှန်း လမ်းကြောင်းများ တွင်လည်း သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူများက သတိပေးနေရကြောင်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။