• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

သမ္မတသည် ပါတီ၏ ဆုံးဖြတ်ချက်ကို နာခံရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို

by ဧရာဝတီ
10 November 2015
in Politics
A A
သမ္မတ, NLD, ဒေါ်အောင်ဆန်းစုကြည်

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Channel NewsAsia)

30.4k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရဖွဲ့စည်းနိုင်ခဲ့လျှင် ခန့်အပ်ခံရမည့် သမ္မတသည် လုပ်ပိုင်ခွင့် ရှိလိမ့်မည်မဟုတ်ဟု ပါတီ၏ ဆုံးဖြတ်ချက်နှင့် မူဝါဒအတိုင်း လိုက်နာရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့သော စင်ကာပူ ရုပ်သံ Channel NewsAsia ရုပ်သံ သတင်း ဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အကယ်၍ NLD ပါတီ အနိုင်ရရှိခဲ့ပါက သမ္မတသည် အခြေခံဥပဒေ အရ ခန့်အပ်ခြင်းသာ ဖြစ်လိမ့်မည်ဟု ပြောသည်။

“သူ့မှာ အာဏာရှိမှာ မဟုတ်ဘူး၊ ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ရမယ်ဆိုတာကို သူ့အနေနဲ့ အပြည့်အ၀ နားလည်ထားရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ယုတ္တိကျကျလုပ်နိုင်ဖို့ ဒီတနည်းပဲ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာမဆို အနိုင်ရရှိတဲ့ ပါတီရဲ့ ခေါင်းဆောင်က အစိုးရ အကြီးအကဲ ဖြစ်လာပါတယ်။ တကယ်လို့ ဒီအခြေခံ ဥပဒေက ပါတီခေါင်းဆောင်က အစိုးရအဖွဲ့ အကြီးအကဲလုပ်တာကို ခွင့်မပြုဘူးဆိုရင် ကျမတို့ အနေနဲ့လည်း အစီအစဉ်တွေ လုပ်ရပါမယ်။ ဒါမှသာ ကျမတို့ ပုံမှန် ဒီမိုကရေစီ နည်းလမ်းအတိုင်း ဆက်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု သူကထပ်ပြောသည်။

မြန်မာနိုင်ငံ၏ နိုဝင်ဘာ ၈ ရက် သမိုင်းဝင် ရွေးကောက်ပွဲ မကျင်းပမီ ကတည်းက သမ္မတ၏ အထက်တွင် သူရှိကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း အကယ်၍ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိခဲ့ပါက စစ်အစိုးရ ရေးဆွဲခဲ့သည့် အခြေခံဥပဒေအရ သမ္မတရာထူး တာဝန်ထမ်းဆောင်နိုင်ခွင့် မရှိသည့်အတွက် ခန့်အပ်ခံရသည့် သမ္မတကို သူက ဦးဆောင်မည်ဖြစ်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။

သူက ပါတီ၏ ခေါင်းဆောင် ဖြစ်သည့်အတွက် ခန့်အပ်ခံရမည့် သမ္မတသည် ညွှန်ကြားချက်မှန်သမျှက သူ့ဆီက လာလိမ့် မည်ဆိုသည်ကို နားလည်ထားရမည်ဟု သူက ထပ်ပြောသည်။ ထိုအချက်က အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုကို ထိခိုက် စေလိမ့်မည် မဟုတ်ဟုလည်း ဆိုသည်။

“အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဘာကြောင့် ထိခိုက်ရမှာလဲ။ ဘာကြောင့် လဲဆိုတော့ အစိုးရတခု ရှိနေမှာပဲ။ အဲဒါက စနစ်တကျ အလုပ်လုပ်နေလိမ့်မယ်။ ဘာလုပ်နိုင်တယ်ဆိုတာကို သမ္မတကို အတိအကျပြောမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
164
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

ထို့အခါ အာဏာရှင် စနစ်ကဲ့သို့ ဖြစ်လာနိုင်မည်လားဟု Channel NewsAsia က မေးသည့် အခါ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ၏ အင်အားက ပြည်သူတို့ အားပေးထောက်ခံမှု အပေါ်တွင် မူတည်နေသည့် အတွက် NLD က ထိုလမ်းကြောင်းသို့ သွားလိမ့်မည် မဟုတ်ကြောင်း ပြောသည်။

“ကျမတို့ အချိန်ကြာမြင့်စွာ တောင့်ခံနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ ပြည်သူရဲ့ ထောက်ခံမှု ရှိနေပါတယ်။ အစိုးရတွေဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံမှု အပေါ်မှာ မှီခိုရတာဖြစ်တဲ့အတွက် ဘယ်တော့မှ အာဏာရှင် ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

လွှတ်တော်တွင် စစ်တပ်က နေရာ ၂၅ ရာခိုင်နှုန်း ဆက်လက်ရယူထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ စစ်တပ်နှင့်အတူ လုပ်ဆောင်နိုင်စွမ်း အပေါ် စိုးရိမ်နေမှုများနှင့် ပတ်သက်၍ စစ်တပ်နှင့် အခြားအဖွဲ့အစည်းများနှင့် ပူး ပေါင်း ဆောင်ရွက်သွားမည်ဟု ပြောသည်။

“စစ်တပ်ဖြစ်စေ၊ အခြားအဖွဲ့အစည်းနဲ့ပဲ ဖြစ်စေ ပူးပေါင်းဆောင်ရွက်ရေးက လုပ်ကိုလုပ်ရမယ့် အရာဖြစ်ပါတယ်။ အဲဒါက တညတည်းနဲ့တော့ ဖြစ်မလာပါဘူး။ တည်ဆောက်နိုင်ဖို့ လေ့လာရပါမယ်။ ဒါက သီအိုရီ နည်းလမ်းတခုတည်းနဲ့ အလုပ်မဖြစ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒါကြောင့် ကျမတို့ အကြောင်းကိစ္စတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာက အဲဒါတွေ ဘယ်လို ပေါ်ပေါက်လာသလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ အဲဒီ ၂၅ ရာခိုင်နှုန်းက အချိန်တန်ရင် သွားရမယ်ဆိုတာ NLD က တရားဝင်ပြောခဲ့ပြီးပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ဒီမိုကရေစီနဲ့ မကိုက်ညီလို့ပါ။ ဒါပေမယ့် ကျမတို့က ပြန်လည်သင့်မြတ်ရေးတခုကို ချဉ်းကပ်တဲ့ နည်းလမ်းတခုနဲ့ စေ့စပ်ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။”

“ကျမတို့ အစိုးရဖွဲ့စည်းပြီးတာနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ သူတို့ကို လမ်းဖွင့်ပေးသွားမှာ ဖြစ်ပါတယ်” သူက ထပ် ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံနှင့် ပြည်ပရောက် ပြည်သူ သန်း ၃၀ ကျော် မဲပေး ခဲ့ကြသည်။ NLD ပါတီက သမ္မတရွေးချယ်ရန်နှင့် အစိုးရ ဖွဲ့စည်းနိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်တွင် ၆၇ ရာခိုင် နှုန်း အနိုင်ရရှိရန် ရည်ရွယ်ထားသည်။

Your Thoughts …
Tags: Aung San Suu Kyi
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

by ဧရာဝတီ
19 June 2025
233

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်း ဗီဒီယိုဖိုင် အများဆုံးနဲ့ ဂင်းနစ်စံချိန် တင်ဖို့ ကြိုးပမ်းနေတာမှာ ရုပ်သံဖိုင်ပေါင်း တသိန်းကျော် ရရှိထားပြီး အဲ့ဒီထဲက ၄၀ ရာခိုင်နှုန်းက စီစစ်အောင်မြင်ပြီးဖြစ်တယ်လို့...

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

by လင်းသန့်
30 January 2013
23.2k

“နတ်သမီးနဲ့ လူလိမ်” လို့ မြန်မာတွေ လူသိများတဲ့ ဇာတ်လမ်းတွဲထဲက ကိုရီယားမင်းသား Ahn Jae-wook နဲ့အတူ တခြား မြန်မာပရိသတ်တွေ နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား အနုပညာရှင်တွေလည်း ပါဝင်တယ်

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by သာလွန်ဇောင်းထက်
10 January 2013
10.2k

ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊သူတို့ချမ်းသာပုံချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံ ချမ်းသာနည်းက မတရားမှုတွေပါလား မပါလား အဲဒါတွေ စိစစ်ရမယ်

သူမ နှင့် စစ်အာဏာရှင်များ

သူမ နှင့် စစ်အာဏာရှင်များ

by ဧရာဝတီ
13 June 2025
115

Opinion Talk Snapshot

ဒေါ်အောင်ဆန်းစုကြည် တကယ်ကျန်းမာရဲ့လား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် တကယ်ကျန်းမာရဲ့လား (ရုပ်/သံ)

by ဧရာဝတီ
16 December 2025
109

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ကြောင်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ

by လင်းသန့်
4 May 2013
13k

ဒါကြောင့်ပဲ စစ်တပ် ကျောထောက်နောက်ခံနဲ့ ရေးဆွဲထားတဲ့ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံဟာ ဒီမိုကရေစီစံနှုန်းတွေ ပိုမို ကောင်းမွန်ဖို့ ပြင်ဆင်မှုတွေ လုပ်သင့်တယ်လို့လည်း မစ္စယင်လတ်က ဆိုပါတယ်။

Next Post
သမ္မတ၊ ကာချုပ်နှင့် ဦးရွှေမန်းကို တွေ့ဆုံရန်  ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း

သမ္မတ၊ ကာချုပ်နှင့် ဦးရွှေမန်းကို တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း

သမ္မတ ဦးသိန်းစိန်, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်, ဦးရွှေမန်း, ဒေါ်အောင်ဆန်းစုကြည်

သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဦးရွှေမန်း တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved