• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ANP ပါတီ ဘယ်လဲ၊ ဘာလဲ

by ခင်ဦးသာ
30 January 2016
in Politics
A A
ဦးအေးသာအောင်, ဒေါက်တာ အေးမောင်, ANP, NLD,

ANP ခေါင်းဆောင် ဦးအေးသာအောင်နှင့် ဒေါက်တာ အေးမောင် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

17.5k
VIEWS
Share on FacebookShare on Twitter

ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီကြီးတခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)သည် မတူညီသည့် အဖွဲ့ ၂ ခု၏ ဦးဆောင်မှုအောက်တွင် လက်ရှိ နိုင်ငံရေး အခင်းအကျင်း၌ ပါတီ ရှင်သန်နိုင်ရေး ရုန်းကန်နေရပြီး ပါတီထိပ်ပိုင်း ခေါင်းဆောင်များကြား သဘောထား ကွဲလွဲမှု၊ အ မြင်မတူညီမှုများကြောင့် ANP ပါတီ ပြိုကွဲတော့မည်လားဟု မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက မေးခွန်းထုတ်နေရပြီ ဖြစ်သည်။

ANP သည် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)နှင့် ၁၉၉၀ ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)တို့ကို ၂၀၁၄ ခုနှစ်တွင် ပေါင်းစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

RNDP ကို ဦးဆောင်သူ ဒေါက်တာအေးမောင်မှာ အငြိမ်းစား အစိုးရဝန်ထမ်း၊ ခေတ်ပညာတတ်တဦး ဖြစ်၍ ALD ကို ဦးဆောင်သူ ဦးအေးသာအောင်မှာ ဝါရင့် နိုင်ငံရေးသမားကြီးတဦး ဖြစ်သည်။

ပါတီ ၂ ရပ် ပူးပေါင်းရခြင်း၏ အဓိက အကြောင်းရင်းသည် ပြည်တွင်း၊ ပြည်ပရောက် ရခိုင်လူမျိုးများ၊ ဆရာတော်၊ သံဃာတော်များ၊ လူမှု အဖွဲ့အစည်းများ၏ တောင်းဆို ဖိအားပေးမှုများကြောင့်ဟု သိရပြီး ပါတီ ၂ ခု၏ လာရာနှင့် လားရာ မတူညီမှု၊ RNDP ၊ ALD ဟူသော အစွဲ များကို ယနေ့အထိ ကိုင်စွဲနေဆဲသူများ ရှိခြင်းကြောင့် ANP ၏ ညီညွှတ်မှုကို ထိခိုက်နိုင်သည်ဟု သုံးသပ်မှုများ ရှိသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

ထိုအခြေအနေတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ANP သည် ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် နေရာပေါင်း ၄၇ နေရာအနက် ၂၂ နေ ရာ အနိုင်ရခဲ့ပြီး စစ်တွေမြို့နယ်က ပြည်နယ်လွှတ်တော် တနေရာတွင်လည်း ANP မှ လူဟောင်းတဦးက အနိုင်ရခဲ့သဖြင့် ၂၃ နေရာ ရရှိ ထား၍ ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးထားသော်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတကသာ ပြည်နယ် ဝန်ကြီးချုပ်ကို ခန့်အပ်ပိုင်ခွင့် ရှိခြင်းကြောင်း ANP က NLD နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိခဲ့ကြသည်။

သို့သော် ယနေ့အချိန်အထိ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့နိုင်တော့မည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီက တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခြင်း မရှိဘဲ ပြည်နယ်အစိုးရကိုလည်း NLD က ဦးဆောင်ဖွဲ့မည်ဟု ထုတ်ပြန်လာသည့်အခါ ရခိုင်ခေါင်း ဆောင်များကြား ယင်းကိစ္စကို အကြောင်းပြု၍ သဘောထားကွဲလွဲမှုများ ရှိလာသည်။

ထို့ကြောင့် NLD ပါတီက ပြည်နယ်အစိုးရကို ဦးဆောင် ဖွဲ့စည်းမည် ဆိုပါက အစိုးရနှင့် မပူးပေါင်းဘဲ အတိုက်အခံအဖြစ် ရပ်တည်မည် ဖြစ်ကြောင်း၊ ပါတီ ကိုယ်စားလှယ်များသည်လည်း ပါတီ စည်းကမ်း လိုက်နာရမည်ဖြစ်ပြီး စည်းကမ်း မလိုက်နာပါက ပါတီမှ ထုတ်ပယ် မည်ဟု ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ANP က ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် ထိုထုတ်ပြန် ကြေညာချက်ကို ဦးအေးသာအောင်က မသိရှိကြောင်း ပြောဆိုပြီးနောက် NLD ပါတီက ဦးအေးသာအောင်အား အ မျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌ တာဝန် ကမ်းလှမ်းလာခြင်းတို့ နောက်ပိုင်းတွင် ANP ပါတီတွင်း စည်းလုံး ညီညွှတ်မှု ပြိုကွဲနေပြီဟု ခန့်မှန်းလာကြသည်။

ဦးအေးသာအောင် ကဲ့သို့ပင် ဗဟိုအဖွဲ့ဝင် အများစုသည်လည်း ထိုကြေညာချက် ထုတ်မည့် အစီအစဉ်ကို ၎င်းတို့ထံ ကြိုတင် အသိပေးမှု မရှိခဲ့ဟု ဧရာဝတီသို့ ပြောဆိုကြသည်။

NLD ပါတီမှ အနိုင်ရ ကိုယ်စားလှယ်များက ဇန်နဝါရီလ ၁၆ ရက်တွင် စစ်တွေမြို့ရှိ အရပ်ဘက် အဖွဲ့အစည်းများ၊ မြို့မိ ဖြို့ဖများနှင့် တွေ့ ဆုံစဉ် ပြည်နယ် အစိုးရအား NLD ပါတီမှ ဦးဆောင် ဖွဲ့စည်းသွားမည်ဟု ပြောဆိုခဲ့သည့်အတွက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ANP ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။

ဦးခိုင်ပြည်စိုးက“ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ ဒီကြေညာချက်ကို ဥက္ကဌအဖွဲ့၊ အတွင်းရေးမှူး အဖွဲ့တွေနဲ့ တိုင်ပင် ဆွေးနွေးပြီး အရေးပေါ်ထုတ် ပြန်လိုက်တာပါ။ ဗဟိုအဖွဲ့ဝင်တွေကိုလည်း လက်လှမ်းမီသလောက်တော့ ဖုန်းနဲ့ အကြောင်းကြား ဖြစ် ပါတယ်”ဟု ဆိုသည်။

ANP ပါတီမှ ထုတ်ပြန်သည့် ကြေညာချက် သို့မဟုတ် ဆုံးဖြတ်ချက် အများစုသည် ဗဟိုအဖွဲ့ဝင် အားလုံးနှင့် တိုင်ပင် ဆွေးနွေးမှု မရှိဘဲ အဖွဲ့ဝင် တချို့က လုပ်ဆောင်လေ့ ရှိကြောင်း၊ လူတစုကသာ အရာရာကို ဆုံးဖြတ်လုပ်ဆောင်နေခြင်းသည် ပါတီဝင်များအကြား အပြန် အလှန် လေးစားမှု မရှိခြင်းကို ပြသရာ ရောက်ပြီး ရေရှည် စည်းလုံးမှုကို ပြိုကွဲစေနိုင်သည်ဟု ပါတီခေါင်းဆောင်တချို့က ဝေဖန်ကြသည်။

ANP ဥက္ကဋ္ဌ အဖွဲ့ကမူ ယင်းသို့ ကြိုတင် အသိမပေးခြင်းသည် အရေးပေါ်ကိစ္စ တခုခုပေါ်ပေါက်ပါက ဥက္ကဌအဖွဲ့နှင့် အတွင်းရေးမှူး အဖွဲ့တို့ အား လုပ်ပိုင်ခွင့် အာဏာပေးထား၍ ဖြစ်ကြောင်း ပြောသည်။

ထို့ပြင် ANP ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးအေးသာအောင်ကို NLD အနေဖြင့် တာဝန်တခုခု ကမ်းလှမ်းမည်ဆိုပါက ANP ပါတီ၏ သဘောထားကို ရယူသင့်ကြောင်း၊ ထိုသို့ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ လုပ်ဆောင်ပါက ANP အပေါ် အလေးမထားရာ ရောက် ကြောင်း ဒေါက်တာအေးမောင်က ဧရာဝတီသို့ ပြောသည်။

ဦးအေးသာအောင်ကမူ လွှတ်တော် ဒုတိယ ဥက္ကဌ တာဝန်သည် အစိုးရအဖွဲ့ဝင် ရာထူးတာဝန် မဟုတ်ကြောင်း၊ ၎င်းသည် ပြည်သူများက ရွေးကောက် တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ဖြစ်၍ လွှတ်တော်တာဝန်များ ထမ်းဆောင်ခွင့်သည် ၎င်းကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း မီဒီယာများကို ဖြေဆိုထားသည်။

အကယ်၍ ဦးအေးသာအောင် အနေဖြင့် လွှတ်တော် ဒုတိယ ဥက္ကဌ တာဝန်ကို ပါတီနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း မရှိဘဲ မိမိဆန္ဒဖြင့် ဆုံး ဖြတ်ပါက ပါတီတွင်း စိတ်ဝမ်းကွဲမှုများ ရှိလာနိုင်ကြောင်း ပြောဆိုမှုများ ရှိနေပြီး ဦးအေးသာအောင် လွှတ်တော် ဒုတိယ ဥက္ထဋ္ဌ တာဝန် ယူရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပြုလုပ်မည့် အစည်းအဝေး၌ ဆုံးဖြတ်ပေးမည်ဟု ANP ဥက္ကဋ္ဌအဖွဲ့က ပြောသည်။

ထို့ကြောင့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျင်းပမည့် ပါတီ ဗဟိုအစည်းအဝေး၌ ဦအေးသာအောင်၏ အမျိုးသား လွှတ်တော် ဒု ဥက္ကဌ တာဝန်ယူရေး၊ မယူရေးကို မည်သို့ ဆုံးဖြတ်ချက် ချမှတ်မည်ကိုလည်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက စိတ်ဝင်တစား စောင့်ကြည့် နေ ကြသည်။

အကယ်၍ ဦးအေးသာအောင် အနေဖြင့် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန်အား မယူရန် ANP ဗဟို အစည်းအဝေး၌ ဆုံးဖြတ်ခဲ့မည် ဆိုပါက ပါတီတွင်း သဘောထားကွဲလွဲမှုများ၊ တင်းမာမှုများ ဖြစ်ပေါ်လာနိုင်ပြီး ဦးအေးသာအောင်အား မဲပေးခဲ့သည့် ပြည်သူများကြား တွင်လည်း ANP အပေါ် ဝေဖန် ကန့်ကွက်မှုများ ပေါ်ထွက်လာနိုင်ကြောင်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုသည်။

ထို့အတူ ANP ပါတီတွင်း၌ ဥက္ကဌ ဒေါက်တာအေးမောင် ထောက်ခံသောအဖွဲ့၊ ဦးအေးသာအောင် ထောက်ခံသော အဖွဲ့၊ ဦးခိုင်ပြည်စိုးနှင့် ဦးဦးလှစောတို့ကို ထောက်ခံသောအဖွဲ့ စသည်ဖြင့် အုပ်စုဖွဲ့မှုများ ရှိကြောင်း ပါတီနှင့်နီးစပ်သူတချို့က ဧရာဝတီသို့ ပြောသည်။ ထိုခေါင်းဆောင်များကမူ ထိုသို့ အုပ်စုဖွဲ့ ဂိုဏ်းဂဏ ကွဲပြားမှုများ မရှိဟု ငြင်းဆိုကြသည်။

ANP ပြိုကွဲတော့မည်ဟု ပြောဆိုမှုများသည် မကြာခဏ ထွက်ပေါ်နေသည့် အရာသာဖြစ်ကြောင်း၊ သို့သော် ပါတီခေါင်းဆောင်များ အ နေဖြင့် မိမိတို့ ပုဂ္ဂိုလ်ရေးထက် အမျိုးသားရေးကို ဦးစားပေးသည့်အတွက် ပြိုကွဲခံမည် မဟုတ်ကြောင်း၊ ရခိုင် ပြည်သူများ၏ ဆုံးဖြတ် မှုသည်သာ အဓိက ဖြစ်ကြောင်း ANP ခေါင်းဆောင်များက ပြောသည်။

ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က“တခါတလေ ကြေညာချက်တွေ ထုတ်ရင် ALD ဘက်အခြမ်း၊ RNDP အခြမ်းဆိုတာ မျိုးတွေ ရှိလာတယ်။ ဒါကိုကိုင်စွဲပြီးတော့ တချို့တလေက ဝါဒဖြန့်တတ်ကြတယ်။ အဲဒီလိုမျိုးအစွဲတွေရှိတော့ ဘက်လိုက်မှုမျိုးတွေ ဖြစ်တတ် တယ်။ ဒါကြောင့် အစွဲတွေဖျောက်ပြီးတော့ ANP စိတ်ရှိဖို့ လိုနေကြပြီ”ဟု ဆိုသည်။

ပါတီ မပြိုကွဲရေးအတွက်လည်း ဗဟိုအလုပ်မှုဆောင် အစည်းအဝေးတခုကို ဖေဖော်ဝါရီလဆန်းတွင် ပြုလုပ်၍ ပါတီ ကျစ်လစ် ခိုင်မာ ရေးကို ယင်းအစည်းအဝေး၌ ဆွေးနွေးကြမည် ဖြစ်ကြောင်း နှစ်ဘက် ခေါင်းဆောင်တချို့က ပြောသော်လည်း ပါတီ၏ ဗဟို အဖွဲ့ဝင် အများစုကမူ ၎င်းတို့ထံ အကြောင်းကြားမှု မရှိသေးဟု ဧရာဝတီသို့ ပြောသည်။

သံတွဲမြို့၌ ပြုလုပ်ခဲ့သည့် ANP ပါတီ၏ ပထမအကြိမ် ညီလာခံအပြီးတွင်လည်း ဥက္ကဌ အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ ရွှေးချယ် မှုများနှင့် ပတ်သက်၍ ALD အဖွဲ့ဝင်များနှင့် RNDP အဖွဲ့ဝင်များအကြား သဘောထားတင်းမာမှု တချို့ရှိခဲ့ပြီး ပါတီပြိုကွဲလုနီးပါး ဖြစ်ခဲ့သေးသည်ဟု သိရသည်။

ANP ၏ ထိပ်ပိုင်းနေရာ အများစုကို RNDP ပါတီဝင်များက ရယူသွားသည်ဟုဆိုကာ ALD အဖွဲ့ဝင်များက ကြေနပ်မှု မရှိခဲ့ပေ။ သို့သော် ANP ၏ သဘောထား ပျော့ပျောင်းသည့် ဗဟိုအဖွဲ့ဝင်တချို့က ပါတီ မပြိုကွဲရေးကို ထိန်းသိမ်းနိုင်ခဲ့သည်။ သံတွဲ ညီလာခံအပြီး ပါတီ တွင်း သဘောထား ကွဲလွဲမှုများကြောင့် ANP အပေါ် ရခိုင်ပြည်သူများ၏ ယုံကြည် အားကိုးမှု အနည်းငယ် လျော့ကျစေခဲ့သည်။

ထို့ကြောင့် ANP ပါတီ ခေါင်းဆောင်များ အနေဖြင့် မိမိတို့ပါတီအား ရခိုင်ပြည်သူ တရပ်လုံး၏ ယုံကြည် ထောက်ခံမှု အပြည့်အ၀ ရရှိလို ပါက ခေါင်းဆောင်များ အနေဖြင့် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ အပြန်အလှန် မလေးစားမှု၊ ခေါင်းဆောင် အချင်းအချင်း မညီညွှတ်မှုတို့ကို အမှန်တကယ် ဖျောက်ဖျက်နိုင်မှသာ ရရှိနိုင်မည် ဖြစ်သည်။

Your Thoughts …
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဆင်းရဲမွဲတေမှုကို တိုက်ဖျက်သွားဦးမှာ

ဆင်းရဲမွဲတေမှုကို တိုက်ဖျက်သွားဦးမှာ

မင်္ဂလာဈေး, ဆိုင်ခန်း, NLD

မင်္ဂလားဈေးအသစ် ပြန်လည် တည်ဆောက်မှုအပေါ် သဘောထားကွဲလွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved