• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးကလိန်နှင့် ပြဇာတ်များ

by အောင်မြို့
14 August 2016
in သတင်း
A A
ဦးကလိန်နှင့် ပြဇာတ်များ
10.9k
VIEWS
Share on FacebookShare on Twitter

ဦးနု၏ “ခေတ်မီပြဇာတ်များ” ကိုကား အတော်စွဲလမ်းခဲ့၏။ လူ့အတ္ထုပ္ပတ္တိ လူ့ဇာတ်ကို သရုပ်ဖော်ပြသော လူ့ဘဝ ကြေးမုံများ ဖြစ်၏။ ပြဇာတ်ထဲရှိ ပြောသောစကားများမှာ တကယ့်လူဆန်၏။ မြေကြီးနှင့် နီးကပ်၏။ “မယားဆိုးလင်” နှင့် “လင်ဆိုးမယား” မှာ သဘာဝကျလှ၏။

မယားဆိုးလင်ထဲရှိ မိန်းမကြီး၏ လေသံမှာ ဖတ်နေရင်း နားထဲတွင် စူးဝင်လာ၏။ ဖောင်သမားတစ်ဦး၏ မယား လင်ငယ်နေပုံ ပြဇာတ်တစ်ခုမှာ လွမ်းစရာလည်း ကောင်း၏။ သံဝေဂရဖွယ်လည်း ကောင်း၏။ “ နောင်တော်ချွတ်ခန်း” ပြဇာတ်ကား ထိုအခါက သခင်နု၏ လူကျင့်ဝတ်တရားနှင့် နိုင်ငံရေးအမြင်ကို ဖွင့်ဟလိုက်ခြင်းဟု ထင်သည်”

အထက်ပါ မှတ်ချက်ကတော့ ဆရာကြီး ဒဂုန်တာရာက ဦးနုရဲ့ခေတ်မီပြဇာတ်များနဲ့ ပတ်သက်ပြီး ပြုခဲ့တဲ့ မှတ်ချက်ပါ။

စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုုန်တာရာ ကုုိယ်တုုိင် စွဲလမ်းခဲ့ရတယ်ဆုုိတဲ့ သခင်နုခေါ် ဝန်ကြီးချုပ်ဟောင်း၊ စာရေးဆရာ ဦးနုရဲ့ ပြဇာတ်တွေ ဖြစ်ပါတယ်။ ကုုိလုုိနီခေတ်မှာ ရေးခဲ့တာ ဖြစ်ပေမယ့် တချို့ပြဇာတ်ပါ ဖော်ပြချက်တွေက ဒီနေ့ခေတ် အထိ ဖြစ်နေဆဲပျက်နေဆဲ လူ့သဘာဝအကြောင်းတွေမုုိ့ စိတ်ဝင်စားစရာပါ။

နဂါးနီစာအုပ်တိုက်ကနေ ၁၉၄၀ ဝန်းကျင်မှာ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော် တိမ်မြုပ်ပျောက်ကွယ် နေတဲ့ ဦးနုရဲ့ ရှားပါး လက်ရာကောင်းများ ဖြစ်ပါတယ်။

တက်ကြွတဲ့ လူငယ်စာရေးဆရာဘဝက အရေးအသားတွေဖြစ်ပြီး သာသာနာတော် သန့်ရှင်းရေး၊ အိမ်ထောင်မှုရေးရာနဲ့ နိုင်ငံရေး အမြင်တွေကုုိ ရဲရဲကြီး ဖွင့်ချရေးထားတာပါ။ ဒီလုုိ ရှားပါးစာအုုပ်ကောင်းတွေကုုိ မူပုုိင်မိသားစုုဆီက ခွင့်တောင်းပြီး ငါတို့စာပေက ဒုုတိယအကြိမ် ထုုတ်ဝေဖြန့်ချိခဲ့တာပါ။

U nuဗုုဒ္ဓသာသနာတော်တွင်းက သံဃာအရေခြုံတွေကုုိ ဆရာကြီး သိန်းဖေမြင့်ရဲ့ တက်ဘုုန်းကြီးဝတ္ထု မတုုိင်ခင်ကတည်းက ဦးကလိန်ဆုုိတဲ့ ပြဇာတ်နဲ့ ဦးနုက သရော်ခဲ့တာကုုိလည်း ပထမဆုုံးဖတ်ရမှာပါ။ ဦးသောဘိတခေါ် ဦးကလိန်ရဲ့ နည်းတွေ လှည့်ကွက်တွေက ခေတ်မီ တုုိးတက်နေပါပြီဆုုိတဲ့ အခုုကာလအထိ အသုုံးဝင်နေတာကလည်း ဆင်ခြင်စရာပါ။

ဒုုတိယ ပြဇာတ် နောင်တော်ချွတ်ခန်း ကတော့ ရှမ်းဘုုရင် သုုိဟန်ဘွားလက်ထက် အင်းဝနေပြည်တော်က အခြေအနေကုုိ နောက်ခံပြီး နိုင်ငံရေးလုုပ်မယ့်သူတွေ လုုိက်နာသင့်တဲ့ ကုုိယ်ကျင့်တရားအကြောင်း ထောက်ပြထားတာ ဖြစ်ပါတယ်။

လူ့သဘာဝနဲ့ အိမ်ထောင်ရေး အကျိုးအပြစ်တွေ၊ ရှောင်ရန် ဆောင်ရန်တွေကုုိတော့ မယားဆုုိးလင်နဲ့ လင်ဆုုိးမယား ပြဇာတ်တွေမှာ သေသေချာချာကုုိ ရှင်းလင်း တင်ဆက်ထားပါတယ်။ မယားကြောက်လင်ကတော့ နာမည်အတုုိင်း ဇနီးမယားကုုိ ပြားပြားဝပ် ကြောက်နေရတဲ့ ခင်ပွန်းယောကျ်ားတွေ အကြောင်း ဟာသနဲ့ပညာပေး ရောပြီးရေးထားတာပါ။

ကျောင်းသား လူငယ်တွေအတွက် ရည်ရွယ်ရေးသားတယ်လုုိ့ ဆုုိတဲ့ သူ့ရဲ့ဝတ္ထုကတော့ နုုိင်ငံရေးသမား ဆုုိသူတွေရဲ့ နိုင်ငံရေး လှည့်ကွက်တွေကုုိ တောဝက်တွေနဲ့ တောသခင်ကျားတုုိ့ကြားက အဖြစ်အပျက်နဲ့ သရော်ဟန် ဖွဲ့နွဲ့ထားပြီး ခေါင်းဆောင်ကောင်း ဆုုိတာကုုိ လူငယ်တွေ ထင်ထင်ရှားရှား နားလည်အောင် ကြိုးစားရေးပြထားတာ ဖြစ်ပါတယ်။

ပြဇာတ်စာပေ တိမ်ကောနေတဲ့ ခေတ်ထဲမှာ ပြဇာတ်ရေးပုုံ၊ ရေးနည်းတွေကုုိ အတုုယူ လေ့လာနုုိင်မှာပါ။ ဒါ့အပြင် ပြဇာတ်ရေးဖုုိ့ ဖြစ်လာပုုံ၊ ရေးရတဲ့ ရည်ရွယ်ချက်နဲ့ ဇာတ်ကောင် ရွေးချယ်ပုုံ၊ ရွေးချယ်နည်းတွေ နောက်ခံဆက်တင် အပြင်အဆင်တွေကုုိပါ ရေးပြထားတဲ့ ပြဇာတ်တွေပါ။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
35
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
60
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
50

ပြဇာတ်စာပေ အားနည်း ကျဆင်းနေတဲ့ ဒီနေ့အချိန်မှာ ပြဇာတ်ဆုုိတာကုုိ လူငယ်တွေ ဖန်တီး တင်ဆက်နုုိင်ဖုုိ့ အထောက် အကူ ဖြစ်စေမယ့်အပြင် တချို့ပြဇာတ်တွေက ရုုပ်ရှင်ရုုိက်ကူး တင်ဆက်ဖုုိ့ ကောင်းတဲ့ ဇာတ်လမ်းကောင်းတွေ ဖြစ်ပါတယ်။

မြန်မာ့နုုိင်ငံရေးလောကမှာ အကောင်းရော အဆုုိးပါ အကြိမ်ကြိမ် ကြုံခဲ့ဖုူးသူ၊ ပြည်တွင်းစစ်ရဲ့အဆုုိးဆုုံးကာလနဲ့ ရင်ဆုုိင်ခဲ့ရသူ၊ ပါလီမန် ဒီမုုိကရေစီ စနစ်ရဲ့ဝန်ကြီးချုပ်ဘဝကနေ လက်နက်နဲ့ အဓမ္မ အာဏာသိမ်းခံရသူ၊ ပြည်ပြေးလုုိ့ သမုုတ်ခံရ၊ တုုိင်းပြည်ကုုိ လက်ညိုးထုုိး ရောင်းစားနေသော ဦးနုလုုိ့ အဆုုိခံရ၊ ၁၉၈၈ ဒီမုုိကရေစီ အရေးတော်ပုုံ ကာလအထိ ဒီမုုိကရေစီရေး တုုိက်ပွဲဝင်ခဲ့သူ၊ ဘာသာရေး ကိစ္စတွေမှာ တက်ကြွလှုပ်ရှားသူအဖြစ် လူသိများထင်ရှားတဲ့ ဦးနုရဲ့ငယ်လက်ရာတွေ ဖြစ်ပါတယ်။

တုုိင်းပြည်အပေါ်ထားတဲ့ စေတနာနဲ့ ပြုပြင်ပေးလိုစိတ် ပြင်းထန်နေပုုံ ရတာကုုိလည်း ဒီပြဇာတ်တွေမှာ ဖတ်ရမှာ ဖြစ်ပါတယ်။

ဦးနု၊ ရန်ကုုန်ဘဆွေ စသဖြင့် နိုင်ငံရေးနဲ့ စာပေနယ်ပယ်မှာ ထဲထဲဝင်ဝင် ဖြတ်သန်းဖူးသူတွေရဲ့ စာအုုပ်ကောင်းတွေကုုိ ပြန်လည် တင်ဆက်ပေးနေတဲ့ ငါတုုိ့စာပေရဲ့ စာအုုပ်ကောင်းတအုုပ် ဖြစ်ပါတယ်။ မျက်နှာဖုုံးဒီဇိုင်း ပြုလုပ်သူ အမည်မပါတာ၊ မာတိကာ မပါတာစတဲ့ အားနည်းချက်တွေကလွဲပြီး သပ်ရပ်တဲ့ စာအုပ်တအုပ်ပါ။

စာပေဝါသနာရှင်တွေ၊ စာချစ်သူတွေသာမက လူ့လောက သဘာဝအကြောင်း၊ နိုင်ငံရေးလောက စိတ်နေစိတ်ထားတွေ အကြောင်း လေ့လာသူတွေ တန်ဖိုးထား ဖတ်ရှုရမယ့် စာအုပ်ကောင်းတအုုပ် ဖြစ်ပါကြောင်း။

စာရေးဆရာ – ဦးနု

စာအုပ်အမည် – ခေတ်မီပြဇာတ်များ

အမျိုးအစား – ပြဇာတ်စာပေ

ထုတ်ဝေသည့်တိုက် – ငါတုုိ့စာပေ

ထုတ်ဝေသည့်ကာလ – ဒုုတိယအကြိမ်၊ ၂၀၁၆၊ ဇူလုုိင်လ

တန်ဖိုး- ၂၅၀၀ ကျပ်

 

Your Thoughts …
Tags: ဦးနု
အောင်မြို့

အောင်မြို့

Contributor

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၅)

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၅)

by ဉာဏ်သစ်
15 December 2024
5.1k

ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ယင်းတို့၏ အမိန့်အရ မည်သည့် အစိုးရ ဌာနမဆို ထောက်လှမ်းရေး လုပ်ငန်းတွင် ပါဝင်နိုင်ပေသည်။

ငပလီ၏ အလှ နှင့် ဒေါသ

ငပလီ၏ အလှ နှင့် ဒေါသ

by အထောက်တော် လှအောင်
16 November 2024
1.8k

ငပလီ ကမ်းခြေသို့ ပြေးလာ ရိုက်ခတ်နေသော ပင်လယ် ရေလှိုင်းတို့သည် ဒေါသ အမျက်ချောင်းချောင်း ထွက်နေကြ ပြန်၏။ ယမ်းပုံ မီးကျ ဆန္ဒလည်း ပြနေကြပြန်၏။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်က သမ္မတ ဦးသိန်းစိန်နှင့် မစ္စတာ ဟင်နရီ ကစ်ဆင်ဂျာတို့ တွေ့ဆုံစဉ် / President Office

ကစ်ဆင်ဂျာ ရာပြည့်နှင့် မြန်မာ့နိုင်ငံရေး သမင်လည်ပြန်

by David Scott Mathieson
5 June 2023
10k

မစ္စတာ ကစ်ဆင်ဂျာနှင့် မြန်မာအကြား ခဏတာဆက်စပ်မှုမှ သင်ခန်းစာ သုံးခု ယူစရာရှိသည်။

မြန်မာစစ်တပ် (ဝဲ) နှင့် PDF, EAO တို့၏ တပ် (ယာ)

မြန်မာ့ “ညီညွတ်ရေး တပ်ပေါင်းစု” တံလျှပ်များ

by Bertil Lintner
4 July 2023
7k

လိုအပ်နေသည့်အရာမှာ ထိုအဆုံးမရှိသည့် ပြည်တွင်းစစ်များကို ဖြစ်စေသည့် အကြောင်းရင်းနှင့် ပြဿနာ၏ အဓိက ဗဟိုချက်ဖြစ်သော တိုင်းရင်းသားပြဿနာအား မည်သို့ကိုင်တွယ်သင့်သည်ကို စစ်မှန်စွာ သရုပ်ခွဲလေ့လာခြင်းသာ။

၁၉၆၁ ခုနှစ်က ဘာသာရေး အခမ်းအနား တခုတွင် တွေ့ရသော ဝန်ကြီးချုပ်ဟောင်း ဦးနု  / ဝီကီပီးဒီးယား

ဦးနု၊ နီရိုးဘုရင် နဲ့ ပါလီမန် ဒီမိုကရေစီ

by ထက်မြက်
31 December 2018
14.2k

ဝန်ကြီးချုပ် ဦးနုဟာ သြဇာအရှိန်အဝါ ကြီးသထက်ကြီးလာပြီး ဘုရားဒါယကာ ဖြစ်လိုက်တဲ့အခါ ဗုဒ္ဓ ဘာသာဝင်တွေနဲ့ ကျေးလက်နေ လူထုကို ကောင်းကောင်း စည်းရုံး နိုင်ခဲ့တယ်။

မြန်မာ့ ဘက်မလိုက်ရေးမူဝါဒ ပျက်သုဉ်းခြင်း (ရုပ်/သံ)

မြန်မာ့ ဘက်မလိုက်ရေးမူဝါဒ ပျက်သုဉ်းခြင်း (ရုပ်/သံ)

by ဧရာဝတီ
2 January 2026
81

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်၏ ဖျက်ဆီးခြင်းခံရပြီး အရာရာသည် ပျက်စီးသွားခဲ့သည်။ ထိုသို့ စစ်တပ်က ဖျက်ဆီး ၍ ပျက်စီးသွားသည့်အထဲတွင် မြန်မာပြည် လွတ်လပ်ရေးရကတည်းက တစိုက်မတ်မတ် ဆုပ်ကိုင်လာခဲ့သည့် နိုင်ငံခြားရေးမူဝါဒဖြစ်သည့် ဘက်မလိုက် ကြားနေရေးမူဝါဒလည်း...

Next Post
ဓာတ်ချုပ်တတ်သူများသို့

ဓာတ်ချုပ်တတ်သူများသို့

မေ့သွားတယ်

မေ့သွားတယ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved