• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အဖုအထစ်များနှင့် ပျားရည်ဆမ်း ကာလများ

by ဧရာဝတီ
26 June 2017
in သတင်း
A A
ဦးနုနဲ့ မော်စီတုန်းတို့ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ မှာ ပီကင်းမှာ တွေ့ဆုံစဉ်

ဦးနုနဲ့ မော်စီတုန်းတို့ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ မှာ ပီကင်းမှာ တွေ့ဆုံစဉ်

12.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံဟာ ၁၉၄၈ ဗြိတိသျှနယ်ချဲ့တွေဆီက လွတ်လပ်ရေး ပြန်ရပြီးချိန်မှာ အိမ်နီးချင်း ကွန်မြူနစ် တရုတ်နိုင်ငံနဲ့ စတင် ပြီး ဆက်ဆံရပါတယ်။

မြန်မာမှာ မော်စီတုန်းကို ဘုရားလိုကိုးကွယ်သူတွေက လက်နက်ကိုင် သူပုန်ထနေချိန်၊ ပီကင်းက သူ့ရဲ့တော်လှန်ရေးနဲ့ ကွန်မြူနစ်ဝါဒကို အိမ်နီးချင်းနိုင်ငံတွေဆီ export တင်ပို့နေတာကို စိုးရိမ်နေတဲ့ အချိန်မှာ တရုတ်- မြန်မာ ဆက်ဆံရေးစ ခဲ့ပါတယ်။

ရန်ကုန်နဲ့ပီကင်းရဲ့ နိုင်ငံခြားရေးပေါ်လစီတွေ တဆင့်ပြီးတဆင့် ပေါ်ထွက် ကျင့်သုံးခဲ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါ တယ်။

၁၉၅၄ခုနှစ်မှာ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒ ပီပီပြင်ပြင် ပေါ်ခဲ့ပြီး အဲဒီအထဲမှာ အဓိကအချက်က အမေရိကန်က အာရှ မှာ ကြီးစိုးပြီး တရုတ်ကို ပတ်လည်ဝိုင်းတဲ့ (Containment) ပေါ်လစီကို တုံ့ပြန်ဖို့ ပါဝင်တာဖြစ်ပါတယ်။

ဒီနေရာမှာ ဘန်ဒေါင်းမူ ငါးချက်နဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူဆိုတာ ပေါ်ထွက်လာတာဖြစ်ပြီး၊ ဝန်ကြီးချုပ်ဦးနုရဲ့လက်ထက်မှာ မြန်မာနဲ့အရှေ့တောင်အာရှ နိုင်ငံအကြားမှာ ကြားနေရေးမူဝါဒ (Neutral policy) ကို ကျင့်သုံးကာ တရုတ်နဲ့ အိမ်နီးချင်းကောင်း ဆက်ဆံရေးကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က KMT ခေါ် ကူမင်တန်တွေရဲ့ရှမ်းပြည်မှာ ကျူးကျော်ဝင်ရောက်လာခြင်းကို မြန်မာ့တပ်မတော်က တွန်းလှန်နေရချိန် ဖြစ်သလို ဒီဖြစ်ရပ်ကို ကုလသမဂ္ဂအထိ တင်ပြနေရချိန်ဖြစ်ပြီး၊ တရုတ်ရဲ့အချိန်မရွေး ကျူးကျော်ဝင် ရောက် လာနိုင်တဲ့ အနေအထားကိုလဲ တွက်ဆစိုးရိမ်နေရချိန် ဖြစ်ပါတယ်။

၁၉၅၀ခုနှစ်မှာ မြန်မာနဲ့ တရုတ်ဟာ သံတမန်ရေးဆက်သွယ်မှု တရားဝင် စတင်ခဲ့တာ ဖြစ်တယ်။ ဦးနုရဲ့လက်ထက်မှာ ဝန်ကြီးချုပ် ချူအင်လိုင်း (Zhou Enlai) က မြန်မာနိုင်ငံကို အကြိမ်ကြိမ်လာရောက် လည်ပတ်ခဲ့သလို ဦးနုနဲ့ ဆက် ဆံရေး ကောင်းခဲ့ပါတယ်။

ဦးနုနဲ့ မော်စီတုန်းတို့ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလမှာ ပီကင်းမှာ တွေ့ဆုံစဉ် မော်စီတုန်းက ဝန်ကြီးချုပ် ဦးနုကို “ကျနော် တို့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ဆန္ဒရှိပါတယ်။ ဒီအလုပ်ကိုတော့ ကိုယ့်ဘာသာ လုပ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို ကျူးကျော်မှာ မဟုတ်ပါဘူး” ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောခဲ့သလို ချူအင်လိုင်းရဲ့ ရန်ကုန်ခရီးစဉ်မှာလည်း တော်လှန်ရေးကို export လုပ်မရဘူးလို့ မြန်မာတွေကို တရားဝင် ပြောခဲ့ပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဟာ ၁၉၅၆မှာ စိန်ခေါ်မှုနဲ့ ကြုံခဲ့ရပါတယ်။ အဲဒါကတော့ ဝနယ်ထဲကို တရုတ် တပ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်ပြီး နေရာယူခဲ့တာနဲ့ စခဲ့တာ ဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာရဲ့နယ်စပ် ပြဿနာ ကနေ စခဲ့တဲ့ အရေးအခင်းပဲ ဖြစ်ပါတယ်။

တရုတ်ရဲ့ သြဇာအရှိန်အဝါက မြန်မာ့နိုင်ငံရေး၊ ပြည်တွင်းရေးမှာ အတော်ကို စွက်ဖက်မှုရှိတာ တွေ့ရပါတယ်၊ အဲဒီ ဖဆပလခေတ်မှာ Overseas Chinese လို့ ခေါ်တဲ့ မြန်မာပြည်ဖွား မဟုတ်တဲ့ ပင်လယ်ရပ်ခြားတရုတ်တွေလည်း (အရေအတွက်အားဖြင့် ၃ သိန်းကျော်) မြန်မာပြည်မှာ နေထိုင်နေတာဖြစ်ပြီး၊ သူတို့တွေရဲ့ မြန်မာပြည်က နိုင်ငံ ရေးသမားတွေအပေါ် ပါဝင်ပတ်သက်မှု၊ ရန်ကုန်မှာ ဖွင့်ထားတဲ့ Bank of China ရဲ့ ဦးနု အစိုးရအပေါ် ကူညီ ထောက်ပံ့မှုတွေကို သမိုင်းဆရာတွေ က မှတ်တမ်းတင်ပြုစုထားတာတွေ ရှိပါတယ်။

ဒီအချိန်မှာ CPB ခေါ် Communist Party of Burma ဗမာပြည်ကွန်မြူနစ်ပါတီဟာ တရုတ်ပြည်ကွန်မြူနစ်နဲ့ ဆက်သွယ်မှုတွေ ရှိသလို ထောက်ပံ့ကူညီမှုတွေကိုလည်း ရရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ အဲဒီအချိန်က တရုတ်နီနဲ့ မော်စီတုန်းကို အားကျကိုးကွယ်သူတွေ အများအပြား ရှိခဲ့ပြီး စာပေနယ်၊ နိုင်ငံရေးနယ်နဲ့ ကျောင်းသားလောကမှာ အများဆုံးပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၂ ခု မတ်လ ၂ ရက်နေ့ အာဏာသိမ်းတော့လည်း တရုတ်အစိုးရက အာဏာသိမ်း စစ်အစိုးရကို အသိအမှတ်ပြုသင့် မပြုသင့် ခေါင်းချင်းဆိုင် တိုင်ပင်၊ ရန်ကုန်အခြေစိုက်သံရုံးနဲ့ ကြေးနန်းရိုက် အလုပ်ရှုပ်ခဲ့ ရပါတယ်။ (ဦးနေဝင်းက မတ်လ ၁ ရက်နေ့ ညမှာ တရုတ်ဘဲလေး အကကို ဟန်မပျက်သွားကြည့်ပြီး အပြန် မနက် ၁ နာရီ မတ်လ ၂ ရက် နေ့မှာ အာဏာသိမ်းတာ ဖြစ်တယ်။)

မတ်လ ၇ ရက်နေ့မှာ ပီကင်းက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီကို အသိအမှတ်ပြုကြောင်း မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာနကို အကြောင်းကြားပါတယ်။ တရုတ်မတိုင်ခင် ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယသံရုံးတွေက တော်လှန် ရေးကောင်စီအစိုးရကို အရင် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဟာ လေးနိုင်ငံမြောက်ပါ။ နောက်ပိုင်းမှာတော့ အနောက်နိုင်ငံတွေကလည်း (US အပါအဝင်) အာဏာသိမ်းအစိုးရကို လက်ခံခဲ့ကြပါတယ်။

တကယ်တော့ ဦးနေဝင်းဟာ ၁၉၆၁ခုနှစ် တရုတ်ပြည်ကို အလည်အပတ်သွားခဲ့စဉ်ကတည်းက သူဟာ အာဏာသိမ်းဖို့ အကြံအစည်ရှိတာကို တရုတ်အာဏာပိုင်တွေကို ဖွင့်ဟပြောဆိုခဲ့ဘူးပါတယ်။ တရုတ်က အာဏာသိမ်းမယ်ဆိုတာကို တော့ ကြိုသိနေတဲ့အထဲမှာ ပါပါတယ်။

နောက်တနှစ်မှာ (၁၉၆၃ ဧပြီလ) မှာ တရုတ်ရဲ့ လူရှောက်ချီ ရန်ကုန်ကို လာလည်ပတ်ပြီး ဦးနေဝင်းနဲ့ တွေ့ပါတယ်။ အဲဒီ အချိန်မှာ ဗကပခေါင်းဆောင်တဦး ဖြစ်တဲ့ သခင်ဗသိန်းတင်ဟာ ပီကင်းမှာ နေထိုင်နေတာ ဖြစ်တယ်။ ဗကပနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကို တရုတ်ဘက်ကပဲ တင်ပြီး ဦးဆောင်ကူညီခဲ့တယ်လို့ ပြောရမှာပါ။

တရုတ်ဟာ ဦးနေဝင်းရဲ့ဆိုရှယ်လစ်လမ်းစဉ်ကိုရော ဦးနေဝင်းကိုပါ သံသယ ရှိခဲ့သူပါ။ သူ့ကို ဘူဇွာတဦးလို့ပဲ တရုတ် ခေါင်းဆောင်တွေက ရှုမြင်သုံးသပ်ထားတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ရန်ကို ကြောက်တဲ့ ဦးနေဝင်းကတော့ ဖဆပလ အစိုးရ ကျင့်သုံးခဲ့တဲ့ ကြားနေရေး မူဝါဒကိုပဲ ဆက်ကျင့်သုံးခဲ့ပါတယ်။

တော်လှန်ရေးအစိုးရရဲ့ ပြည်သူပိုင်သိမ်းတဲ့ ပေါ်လစီကြောင့် မြန်မာပြည်နေ တရုတ်စီးပွားရေးလုပ်ငန်းတွေ ထိခိုက်တဲ့ ကိစ္စတွေကို ပီကင်းက စောင့်ကြည့်ပြီး၊ ဦးနေဝင်းရဲ့ လုပ်ရပ်ကို မကြိုက်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၆၄ ခုနှစ်မှာ ရန်ကုန်တရုတ်သံရုံးက ထောက်လှမ်းရေးသတင်းတခု ရခဲ့ပါတယ်။ အဲဒါကတော့ တိုင်းတပ်မှူးတချို့က ဦးနေဝင်းကို အာဏာပြန်သိမ်းမယ့် မြေပြင်သတင်းပဲ ဖြစ်ပါတယ်။

ဒီသတင်းကိုရတဲ့ တရုတ်ခေါင်းဆောင် ချူအင်လိုင်းက နောက်ဆုံးကောက်ချက်ဆွဲတာကတော့ ဦးနေဝင်းရဲ့တော် လှန်ရေး အစိုးရက တရုတ်အစိုးရကို ကောင်းကောင်းမွန်မွန် ရင်းနှီးစွာ ဆက်ဆံတယ်။ တခြားသူတွေက သူ့ထက် ဆိုးနိုင်သလို အမေရိကန်၊ ဗြိတိန်နဲ့ ဂျပန်တို့ရဲ့ မြန်မာပြည်ကို ဝင်ရောက်ရေးလည်း လမ်းပွင့်သွားနိုင်တယ်လို့ သုံး သပ်ပြီး ကောက်ချက်ချခဲ့ပါတယ်။

ဒါကြောင့် ရန်ကုန်က တရုတ်သံအမတ် Geng Biao ကို လှမ်းပြီး ဦးနေဝင်းဆီကို အချက် သုံးချက်ပါတဲ့ လျှို့ဝှက် ကြေး နန်းကို ပို့ခဲ့တယ်။

အဲဒီအထဲမှာ အာဏာသိမ်းမယ့် အစီအစဉ်ကို ဦးနေဝင်းကို ပြောခဲ့သလို၊ နံပါတ်နှစ်ကတော့ မြန်မာအစိုးရက ဘယ်လို ထောက်ပံ့ကူညီရေးတွေကို အရေးတကြီး လိုနေသလဲဆိုတာ မေးခိုင်းတယ်။ နံပါတ်သုံးကတော့ ချူအင်လိုင်း ကိုယ် တိုင် ဦးနေဝင်းကို လိုအပ်မယ်ဆိုရင် လာတွေ့မယ်ဆိုတဲ့ ကြေးနန်းပါပဲ။

ဒီကြေးနန်းကို ပို့ပြီးနောက်ပိုင်း ဦးနေဝင်းက လက်ခံတဲ့အတွက် ချူအင်လိုင်းက ဇူလိုင် ၁၀ ရက်နဲ့ ၁၁ ရက်မှာ မြန်မာနိုင်ငံကို လျှို့ဝှက်ခရီးသွားခဲ့ပါတယ်။ ဒီနှစ်ရက်ခရီးစဉ်မှာ သူတို့ ၂ ဦးအကြား ၁၁ နာရီကြာအောင် ဆွေး နွေးခဲ့ကြပါတယ်။

တရုတ်ဘက်က တွေးချက်က မှန်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ သူတို့ထောက်ပံ့ထားတဲ့ ဗကပဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းနိုင်တဲ့ အနေအထားရော အင်အားရော မရှိဘူးလို့ သုံးသပ်ခဲ့ပါတယ်။

အရှေ့တောင်အာရှမှာ ဖြစ်နေတဲ့ စစ်အေးတိုက်ပွဲကာလမှာ တခြား အာဏာသိမ်းစစ်ခေါင်းဆောင်တွေလို ဦးနေဝင်းဆီ US နဲ့ UK တို့ရဲ့ သြဇာတွေ ပြန်ပြီး စိမ့်ဝင်လာမှာကို တရုတ်ဘက်က စိုးရိမ်ခဲ့တာ အမှန်ပါပဲ။

တရုတ်နဲ့ မြန်မာဆက်ဆံရေးက အတော်ကို တိုးတက်ကောင်းမွန်ခဲ့တယ်လို့ ဆိုရမှာပါ။ ၁၉၅၅ ကနေ ၁၉၆၆ အတွင်း တရုတ်ဘက်က အားကစား၊ သာသနာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ မီဒီယာနဲ့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း တွေ ခရီးစဉ်တွေ အများအပြား လွှတ်ခဲ့သလို၊ မြန်မာဘက်ကလည်း အပြန်အလှန် အကြိမ်များစွာ စေလွှတ်ခဲ့ပါတယ်။

ဦးနေဝင်းနဲ့ တရုတ်အကြားမှာ တည်ဆောက်ခဲ့တဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဟာ ၁၉၆၇ခုနှစ် မှာ စိန်ခေါ်မှုကို ကြုံရပါတယ်။ အဲဒါကတော့ တရုတ်-ဗမာ အရေးအခင်းပဲ ဖြစ်ပါတယ်။ ၁၉၆၆ တရုတ်မှာ စခဲ့တဲ့ ယဉ်ကျေးမှု တော်လှန်ရေးရဲ့ရိုက်ခတ်မှုတွေက မြန်မာဆီကိုလည်း ကူးစက်ခဲ့ပါတယ်။

မော်စီတုန်းတံဆိပ်ကို ဝတ်ပြီး ကျောင်းကိုလာတဲ့ တရုတ်ကျောင်းသားတွေကို မဝတ်ဖို့ စည်းကမ်းထုတ်ရာကနေ တရုတ် ဗမာအရေးအခင်း စတင်ခဲ့ရတာ ဖြစ်ပါတယ်။

ဇွန်လကုန်မှာတော့ တရုတ်-ဗမာအရေးအခင်းဟာ ထိန်းမနိုင်တဲ့အဆင့်ကို ကျော်သွားခဲ့ပြီး တုတ်တွေ ဓားတွေ ကိုင် ဆောင်ထားတဲ့ လူအုပ်ကြီးဟာ တရုတ်ကျောင်းသား/သူတွေနေတဲ့ ကျောင်းတွေ၊ တရုတ်တန်းနဲ့ တရုတ်သံရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

မော်စီတုန်း တံဆိပ်ဝတ်ထားသူ ကျောင်းသား/သူတွေကို သတ်ဖြတ်ခဲ့တာတွေ ရှိခဲ့သလို ဘောင်းဘီဝတ်ထားသူတွေ ကိုတောင် ကိုယ်ထိလက်ရောက် တိုက်ခိုက်သတ်ဖြတ်မှုတွ ရှိခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ၂၆ ရက်နေ့လယ်မှာတော့ တရုတ်သံရုံးကို လူပေါင်းတထောင်ခန့်က ဝိုင်းခဲ့ပြီး စတင်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ သံရုံးကို ဝင်စီးပြီး တရုတ်အလံကို ယူဆောင်ခဲ့သလို တရုတ်သံတမန်တွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။

တရုတ်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အစည်းအရုံးတွေ (ဥပမာ တရုတ်ကျောင်းဆရာများအသင်း၊ ဧရာဝတီအ သင်း The Irrawaddy River Glee Club) အပြင် အခြားရုံးအသင်းအဖွဲ့၊ အဆောက်အအုံ၊ ဆိုင်တွေ ကားတွေကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီး တိုက်ခိုက်လိုက်ကြပါတယ်။ ဒီတိုက်ခိုက်မှုမှာ တရုတ်လူမျိုး ၃၀ ကျော်ကို ဗမာတွေက သတ်ဖြတ်ခဲ့တယ်လို့ မှတ်တမ်းများက ဆိုပါတယ်။

ဇွန်လ ၂၈ ရက်နေ့မှာ မြန်မာအစိုးရက ညမထွက်ရအမိန့် ကြေညာပြီး အရေးအခင်းကို အဆုံးသတ်ခဲ့ပါတယ်။

တရုတ်ဟာ ဦးနေဝင်းရဲ့ဆိုရှယ်လစ်လမ်းစဉ်ကိုရော ဦးနေဝင်းကိုပါ သံသယ ရှိခဲ့ပါတယ်

ရန်ကုန်တခုတည်း မဟုတ်ဘဲ တရုတ်-ဗမာအရေးအခင်းဟာ မန္တလေး၊ မော်လမြိုင်၊ မြင်းခြံ၊ ပုသိမ်၊ တောင်ကြီး နဲ့ ရေနံ ချောင်း အစရှိတဲ့ မြို့ကြီးများကိုလည်း ပျံ့နှံ့သွားခဲ့တာ ဖြစ်တယ်။

ပီကင်းဟာ ဦးနေဝင်းအစိုးရအပေါ် အတော်ကို စိတ်ဆိုးသွားခဲ့ပါပြီ။ သံအမတ်ကို ပြန်ခေါ်တယ်။ ဦးနေဝင်းအစိုးရကို အကြီးအကျယ် ရှုတ်ချခဲ့ပြီး ဒီဖြစ်ရပ်ကို တောင်းပန်ဖို့၊ ကျူးလွန်သူတွေကို အပြစ်ပေးဖို့၊ တရုတ်သံရုံးနဲ့ တရုတ်အသင်း အဖွဲ့တွေ တရုတ်လူမျိုးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တောင်းဆိုခဲ့ပါတယ်။

တရုတ်မီဒီယာနဲ့ People’s Daily ကနေ ဦးနေဝင်းအစိုးရကို နေ့စဉ်ရက်ဆက် ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။

ပီကင်းမှာတော့ လူပေါင်းတသောင်းလောက်က မြန်မာသံရုံးကို ဝိုင်းခဲ့ကြပါတယ်။ သံရုံးထဲကိုဝင် အလံကို ဆုတ်ဖြဲပြီး နိုင်ငံတော် အမှတ်တံဆိပ်ကို ဖျက်ဆီးလိုက်ကြပါတယ်။ ဒီလို နှစ်နိုင်ငံဆက်ဆံရေးဆိုးဝါးနေချိန်မှာ ဗကပ ကလည်း တရုတ်ဘက်ကနေ ဦးနေဝင်းအစိုးရကို ရှုတ်ချခဲ့တယ်။

မြန်မာပြည်ထဲမှာဆိုရင် သူ့ရဲ့ ကွန်မြူနစ်ကွန်ရက်တွေ ရှိတဲ့ ပဲခူး၊ သာယာဝတီ၊ ပုသိမ်စတဲ့ နယ်ဘက်တွေမှာ တရုတ်ဆန့်ကျင်ရေးကို ကန့်ကွက်တဲ့ စာတွေကပ်၊ လှုံ့ဆော်ရေး တရားပွဲတွေ လုပ်ခဲ့ပါတယ်။

မြန်မာအစိုးရဟာ တရုတ်ရဲ့တောင်းဆိုချက်ကို မလိုက်လျောဘဲ သူ့ရဲ့သံအမတ်ကိုလည်း ပီကင်းကနေ ပြန်ခေါ်ခဲ့ တယ်။ မြန်မာသတင်းစာတွေကလည်း တရုတ် ဆန့်ကျင်ရေးဆောင်းပါးတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။

တရုတ်ကလည်း နယ်စပ်ရှိ ဗကပကို လက်နက်တပ်ဆင်ပေးပြီး၊ စစ်သင်တန်းတွေပေးပြီး စစ်အကြံပေးအရာရှိတွေ စေ လွှတ်ကူညီစေခဲ့ပါတယ်။

၁၉၆၈ ဇန်နဝါရီ ၁ ရက်နေ့မှာ ဗကပတပ်တွေဟာ (တရုတ်တပ် အပျော်တမ်းတပ်တွေ အပါအဝင်) နယ်စပ်ကို အလုံး အရင်းနဲ့ ဖြတ်ကျော်ပြီး မြန်မာကို ထိုးစစ်ဆင်နွှဲလိုက်ပါတော့တယ်။

ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချူအင်လိုင်းတို့ တရုတ်ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်

မြန်မာဟာ ဘက်မလိုက်တဲ့ ကြားနေရေးနိုင်ငံခြားရေးမူဝါဒကို ဦးနေဝင်းလက်ထက်မှာ ဆက်လက်ကိုင်စွဲထားပါတယ်၊ ဆိုဗီယက်ရုရှား၊ အမေရိကန်နဲ့တရုတ်တို့ အကြားက မဟာအင်အားကြီးနိုင်ငံတွေရဲ့အခင်းအကျင်းမှာ ဘယ်သူ့ဘက်မှ မပါအောင်ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါကို ပီကင်းက အသိအမှတ်ပြုပါတယ်။

မြန်မာကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ယဉ်ကျေးမှုတော်လှန်ရေးကို အိမ်နီးချင်းနိုင်ငံတွေဆီ တင်ပို့နေတာကို ဇောချွေးပြန်ပြီး စောင့်ကြည့်နေရတဲ့ကာလဆိုရင်လည်း မမှားပါဘူး။

နယ်စပ်မှာ ဗ-က-ပဟာ လက်နက်အင်အား၊ လူအင်အားအပြည့် တပ်မတော်နဲ့အကြီးအကျယ် ထိုးစစ်တွေဆင်နေ ချိန်မှာ တရုတ်ပေးထားတဲ့ ဗကပ ရေဒီယိုကလည်း “နေဝင်းစန်းယု” ဆိုပြီး ဆဲဆိုကြိမ်းမောင်း ဝါဒဖြန့်နေချိန်မှာ ပီကင်းနဲ့ရန်ကုန်ကြား ဆက်ဆံရေးဟာ တဖြည်းဖြည်း ပြန်ကောင်းလာနေတာကို တွေ့ရပါတယ်။

ပီကင်းနေ့စဉ်သတင်းစာမှာ ဦးနေဝင်းအစိုးရကို ဖောက်ပြန်သူတွေ ဖက်ဆစ်တွေလို့ ခေါ်ဝေါ်သုံးစွဲတာတွေနဲ့ သွားသ လို၊ မြန်မာဘက်ကလည်း ဗ-က-ပကို တရုတ်က သင်တန်းပေးကူညီနေတဲ့ အကြောင်းကို စွပ်စွဲတာတွေကို သတင်းစာ တွေမှာ အရေးကျဲသွားပါတယ်။

၁၉၆၉ ခုနှစ် ဇန်နဝါရီလထဲမှာ ဦးနေဝင်းဟာ ပါကစ္စတန်ကို အလည်အပတ် သွားခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ တရုတ် အာဏာပိုင်တွေနဲ့ ကြိတ်ပြီးတွေ့ဆုံခဲ့ပါတယ်။ အဲဒီနှစ်မှာ ကျင်းပတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ညီလာခံကြီးမှာ ဦးနေဝင်းက တရုတ်နဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေချင်တဲ့ ဆန္ဒရှိတဲ့အကြောင်း၊ ၁၉၆၇ခုနှစ်က တရုတ်-ဗမာ အရေးအခင်းက ရတဲ့ဒဏ်ရာဒဏ်ချက်တွေကို ကုစားချင်တဲ့ အကြောင်းနဲ့ ဒီအရုပ်ဆိုးတဲ့ဖြစ်ရပ်ကို မေ့ပျောက်ဖို့ ပြော ခဲ့ပြီး၊ ဆက်ဆံရေးပြန်ကောင်းဖို့အတွက် နှစ်ဖက်စလုံးက ကြိုးစားရမှာ ဖြစ်ကြောင်း သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြော ကြားခဲ့ပါတယ်။

သံတမန်ရေးရာခြေလှမ်းတွေလည်း အကောင်းဘက်ကို စပြီးရွေ့လာတာတွေ့ရမှာဖြစ်ပါတယ်။ ရန်ကုန်မှာကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနား (မြောက်ကိုရီးယားအကြမ်းဖက်တွေ ဗုံးပေါက်ခွဲခဲ့တဲ့နေရာဟောင်း)ကို တရုတ်စစ်သံမှူး တက်ရောက်ပြီး လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။ ၁၉၊ ဂျုလိုင်၊ ၁၉၆၈ ဖြစ်ပါတယ်။

၁၉၇၀ ခုနှစ် ဇန်နဝါရီလ၃ရက်နေ့ ပီကင်းမှာ ကျင်းပတဲ့ မြန်မာ့လွတ်လပ်ရေးနေ့ပွဲကို တက်ရောက်ချီးမြှင့်ခဲ့တာက တော့ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး Xu Yixin ပဲဖြစ်ပြီး၊ ဒါဟာ ဆိုးဝါးနေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်ကောင်းချင် တဲ့လက္ခဏာကို တရုတ်ဘက်က ပြသလိုက်တာပဲဖြစ်ပါတယ်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
14
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
18
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
132

၁၉၇၀ မှာတော့ တရုတ်နဲ့ မြန်မာသံအမတ်တွေ ပြန်လည်ခန့်အပ်ခဲ့ပြီးဖြစ်ပါတယ်။

၁၉၇၁ခုနှစ် သြဂုတ်လထဲမှာတော့ ဦးနေဝင်းကိုယ်တိုင် ပီကင်းကို အလည်အပတ်သွားရောက်ခဲ့ရာ ဝန်ကြီးချုပ် ချူ အင်လိုင်းက ကြိုဆိုခဲ့တယ်။ ပေါက်ဖော်ဆက်ဆံရေးကို ပြန်ပြီး စတင်ဖို့ နှစ်ဖက် သဘောတူခဲ့သလို တရုတ်-ဗမာ အရေးအခင်းကိစ္စကိုလည်း နှစ်ဖက်ကြေကြေလည်လည် ဆွေးနွေးသဘောတူခဲ့ကြပါတယ်။ ဦးနေဝင်းဟာ တရုတ် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌမော်စီတုန်းကိုလည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။

မြန်မာကတော့ တရုတ်အပေါ်မှာ အရင်လိုပဲ ဘက်မလိုက်မူဝါဒ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒတွေ စတင် ကျင့်သုံးမှာကို သဘောတူခဲ့သလို တရုတ်ကလည်း မြန်မာကို အရင်လိုပဲ အကူအညီအထောက်အပံ့တွေ ပြန်ပြီး ပေးဖို့ သဘောတူခဲ့ပါတယ်။

ဒီမှာအရေးကြီးတာကတော့ တရုတ်ဟာ ကုလသမဂ္ဂနဲ့ UNSC ခေါ် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ် ဖို့အတွက် သူ့မဟာမိတ်နိုင်ငံတွေရဲ့မဲကို လိုအပ်နေချိန်ဖြစ်ပါတယ်။ ကွယ်လွန်သူ ဦးသန့်ဟာ အဲဒီအချိန်က ကုလသ မဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးချုပ်လည်း ဖြစ်ပါတယ်။

ဦးနေဝင်းအစိုးရက UN မှာ တရုတ်ဘက်က အဆိုပြုထောက်ခံမဲပေးခဲ့ပါတယ်။ ဦးသန့်ကလည်း ကူညီခဲ့တဲ့အတွက် ချူအင်လိုင်းက ဒီကိစ္စကို တဖွဖွ ပြောခဲ့ရတာဖြစ်ပါတယ်။ တရုတ် မြန်မာချစ်ကြည်ရေး ရဲ့အရေးကြီး ခြေလှမ်းတရပ် ဖြစ်ပါတယ်။

ဒီအချိန်မှာ တရုတ် ထောက်ပံ့ ထားတဲ့ ဗကပရဲ့အနေအထားကို သိဖို့လိုပါလိမ့်မယ်။

ဖုန်ကြားရှင်

၁၉၆၈ခုနှစ်မှာ တရုတ်နယ်စပ်က တပ်တွေကို ဦးစီးပြီး ဝင်လာသူတွေက ဖုန်ကြားရှင်နဲ့ဖုန်ကြားဖူးတို့ ဖြစ်ပါတယ်။ ဖုန် ကြားရှင်ဆိုတာ အခု (MNDAA) ကိုးကန့်အဖွဲ့ကို ဦးဆောင်နေသူဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာဆိုရင် ဗ-က-ပတပ် တွေဟာ ရှမ်းပြည် နမ်းခမ်းမြို့ရဲ့ မျက် နှာချင်းဆိုင် သံလွင်မြစ်ရဲ့မြောက်ဖျားကို စတင်သိမ်းပိုက်နေပြီဖြစ်ပါတယ်။ ဦးနေဝင်းဟာ ပြည်သူ့စစ် ဖွဲ့စည်းပြီး ဗကပသူပုန်တွေကို ခုခံဖို့ စတင် ဆော်သြနေပြီဖြစ်ပါတယ်။

၁၉၆၈မှာပဲ ဗ-က-ပဗဟိုမှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်ဝင် ဗ-က-ပရဲ့စစ်ဦးစီးချုပ်)ဟာ ပဲခူးရိုးမမှာ ကျဆုံးခဲ့ပါတယ်။ ဧပြီလထဲမှာ ဖြစ်ပါတယ်။ စက်တင်ဘာလထဲမှာတော့ သခင်သန်းထွန်းဟာ ပဲခူးရိုးမမှာပဲ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ မြောက်ပိုင်းက ဗ-က-ပ တပ်တွေဟာ ဒီဇင်ဘာ လထဲမှာတော့ ဝနယ်ထဲကို စတင်ပြီး ဝင်ရောက်နေခဲ့ပြီဖြစ်ပါတယ်။

ဦးနေဝင်းဟာ “တရုတ်အရေးကျွမ်းကျင်သူ” သို့မဟုတ် “China Expert” လို့ခေါ်ရမယ့်သူဖြစ်ပါတယ်။ အဲဒီတုန်းက တံခါးပိတ်ထားတဲ့ မော်စီတုန်းရဲ့တရုတ်ပြည်ကို နားလည်ဖို့ ဦးနေဝင်းကို အနောက်နိုင်ငံတွေကရော အရှေ့နိုင်ငံတွေ ကပါ ချည်းကပ်လေ့လာရတာဖြစ်ပါတယ်။

တကယ်တော့ မြန်မာအစိုးရရဲ့ ကြားနေရေးဘက်မလိုက်ရေးမူဝါဒဆိုတာ လူဦးရေထူထပ်ပြီး အင်အားကြီးတဲ့ တရုတ်အိမ်နီးချင်းကို ကြည့်ပြီးတော့ ပေါ်ပေါက်လာတဲ့နိုင်ငံခြားရေးမူဝါဒလို့ ဆိုရမှာဖြစ်ပါတယ်။ တရုတ်ရဲ့ရန်လို ကျူးကျော်ရန်စမှုကို စိုးရိမ်ထိတ်လန့်တဲ့အတွက်ထားခဲ့ရတဲ့ နိုင်ငံခြားရေးမူဝါဒလို့ မှတ်ချက်ချနိုင်ပါတယ်။

မြန်မာဟာ အဲဒီအချိန်တုန်းက ဆိုဗီယက်ရုရှားကိုရော အနောက်အုပ်စုဘက်ကိုပါ ပါမသွားအောင် နေပြခဲ့သလို၊ ပြည် တွင်းက US ရဲ့ ကူညီထောက်ပံ့ရေးအစီအစဉ်တွေကိုလည်း ၁၉၇၀မှာ ရပ်ဆိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံကို စိတ်ဆိုး အမျက်ထွက်စေမယ့်လုပ်ရပ်တွေကို ဦးနေဝင်းဟာ မလုပ်ခဲ့ဘူးလို့ ပြောလို့ရပါတယ်။

တရုတ်အနေနဲ့ ဗ-က-ပကို လက်နက်အင်အား၊ ငွေကြေးအင်အား၊ လူအင်အား အပါအဝင် နိုင်ငံရေးအရ အကြီးအကျယ် ထောက်ပံ့ပေးခဲ့တဲ့အချက်ကလည်း ဦးနေဝင်းအစိုးရဟာ တရုတ်နဲ့ဆက်ဆံရေးပြန်ကောင်းဖို့ အမြန်အကောင် အထည်ဖော်ရတဲ့ တွန်းအားပေးချက်တချက်လည်းဖြစ်ပါတယ်။

တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် မြန်မာပြည်လာရောက်စဉ်

တရုတ်ကတော့ သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေကို ကျူးကျော်ရန်စမှာ မဟုတ်ပါဘူး။ ဘန်ဒေါင်းမူ ငါးချက်အတိုင်းနေမှာပါလို့ ပြောပေမယ့် မြန်မာ့ကတော့ တရုတ်ရဲ့ မီးစတဖက်ရေမှုတ်တဖက်ကစားကွက်တွေကို သိုင်းပြောင်းပြန်နည်းနဲ့ တန်ပြန် ကစားဖို့ အမြဲစဉ်းစားနေရတယ်ဆိုရင် မမှားပါဘူး။

ပီကင်းဟာ ဗမာကွန်မြူနစ်ပါတီ (ဗ-က-ပ)ကိုလည်း ညီနောင်ပါတီဆက်ဆံရေးဆိုပြီး ဆက်ဆံရေးမပျက်နေသလို မ-ဆ-လ အစိုးရ (ဦးနေဝင်း ဦးဆောင်တဲ့ အစိုးရ)ကိုလည်း ဆက်ဆံရေးပြန်ကောင်းအောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဗ-က-ပ ခေါင်းဆောင်တွေဟာ ပီကင်းမှာ ကျကျနန နေရသလို၊ တရုတ်သတင်းစာတွေမှာလည်း သူတို့ရဲ့ အကြောင်း ကို ဖော်ပြတာတွေ တရုတ်အစိုးရရဲ့ ဧည့်ခံပွဲတွေကို တက်ရောက်တဲ့ပုံတွေကို ဖော်ပြခံရတာ ဖြစ်ပါတယ်။ ဒါဟာ ဦး နေဝင်းအစိုးရ ခေါင်းဆောင်တွေ တပ်မတော်ခေါင်းဆောင်တွေအတွက် အိပ်မရတဲ့ညတွေကို ဖန်တီးခဲ့တာ အမှန်ပဲဖြစ် ပါတယ်။

ဦးနေဝင်းက တရုတ်နဲ့ သံတမန်ရေးအရ ပြန်ကောင်းဖို့ ကြိုးစားနေချိန်မှာ တရုတ်ထောက်ပံ့ထားတဲ့ ဗ-က-ပတပ်တွေ ဟာ ရှမ်းပြည်မှာ တပ်မတော်နဲ့ တဂျိန်းဂျိန်း တိုက်ပွဲတွေဆင်နွဲနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်အလယ်ပိုင်း က ပဲခူးရိုးမမှာ အခြေစိုက်စိုးမိုးဖို့ ကြိုးစားခဲ့တဲ့ ဗ-က-ပဟာ ဖြတ်လေးဖြတ် ထိုးစစ်ကြောင့် ပြိုကွဲခဲ့သလို၊ သခင်ဇင်နဲ့ သခင်ချစ်တို့ကို တပ်မတော်ဘက်က ပဲခူးရိုးမတိုက်ပွဲမှာ အသေဖမ်းမိခဲ့ပြီးနောက်ပိုင်း ဗ-က-ပဟာ ပဲခူးရိုးမမှာ ခါးပြတ် သွားခဲ့ပါတယ်။

ဗ-က-ပ ရဲ့ ဗဟိုဌာနချုပ်လို့ သတ်မှတ်တဲ့ ပဲခူးရိုးမကို တပ်မ ၇၇ ရဲ့ အထူးတပ်ဖွဲ့တွေက ဝင်ရောက်ရှင်းလင်းခဲ့တာ ကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ ၁၉၇၅ခုနှစ် မတ်လအလယ်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ တရုတ်မှာလည်း နိုင်ငံရေး အပြောင်းအလဲဖြစ်နေချိန် ဖြစ်ပါတယ်။

၁၉၇၂ မှာ အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင် ပီကင်းကို သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့တယ်။ ပထမဆုံးလာခဲ့တဲ့ အမေရိကန်သမ္မတအဖြစ် သမိုင်းတွင်ခဲ့သလို တရုတ်ဟာ သူ့ရဲ့ ပိတ်ထားတဲ့ သံတခါးတွေကို ဖွင့်ဖို့အတွက် အဓိက ကျတဲ့ ခြေလှမ်းတွေစပြီး လှမ်းနေပြီဖြစ်ပါတယ်။

၁၉၇၆ ဇန်နဝါရီ ၈ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးချုအင်လိုင်း ကွယ်လွန်သွားပါတယ်၊ နောက် ၂နှစ်အကြာ ၁၉၇၈ ခုနှစ် စက်တင်ဘာ ၉ရက်နေ့မှာ တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌမော်စီတုန်း ကွယ်လွန်ပြန်ပါတယ်။

၁၉၇၇ ခုနှစ် ဇူူလိုင်လ ပီကင်းမှာ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ တိန့်ရှောင်ဖိန် အာဏာပြန်ရလာပြီး ဒုဝန် ကြီးချုပ်ဖြစ်လာတယ်၊ သူဟာ အုပ်စုတွင်း တိုက်ပွဲတွေကြား အပယ်ခံထားရက ပြန်ပေါ်လာတယ်၊ ဦးနေဝင်းက ဒီအ ချက်ကို ကောင်းကောင်း ရိပ်မိပုံရတယ်။ အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့်မြင်းကို သူလောင်းရမယ်ဆိုတာ ဦးနေ ဝင်းက သိပုံရပါတယ်။

၁၉၇၈ ဇန်နဝါရီလထဲမှာ တိန့်ရှောင်ဖိန်ဟာ မြန်မာပြည်ကို ၆ ရက်ကြာခရီးစဉ် လာရောက် လည်ပတ်ခဲ့ပါတယ်။ လေ ဆိပ်မှာ အမြောက် ၁၉ ချက် ပစ်ဖောက်ပြီး ဦးနေဝင်းကိုယ်တိုင် ကောဇောနီခင်းပြီး ဆင်းကြိုခဲ့ပါတယ်။ ကျောင်းသား၊ ကျောင်းသူနဲ့ ကြက်ခြေနီစတဲ့ လူပေါင်းတသိန်းကျော်ကို လေဆိပ်မှာ ဆင်းကြိုစေခဲ့ပါတယ်။

အစိုးရသတင်းစာတွေမှာ တိန်ရှောင်ဖိန်ရဲ့ လေယာဉ်ပေါ်က ဆင်းတဲ့အချိန်ကစပြီး ပြန်တဲ့အချိန်အထိ မျက်နှာဖုံး သတင်းတွေနဲ့ ခမ်းခမ်းနားနားဖော်ပြကြိုဆိုခဲ့ပါတယ်။ ဦးနေဝင်းဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမှာ ဘယ်လောက် ကျွမ်းကျင်သလဲဆိုတာ တရုတ်က မျက်မြင်မြည်းစမ်းခွင့်ရခဲ့ပါတယ်။

ဒီအတွင်းမှာ တရုတ်ကို သဘောကျလာအောင် လုပ်ပြတဲ့အနေနဲ့ (ပီကင်းရဲ့တောင်းဆိုချက်လည်းဖြစ်ပါတယ်) ခမာနီ ကွန်မြူနစ်တွေ အုပ်ချုပ်နေတဲ့ တမ္ဘာလုံးက သပိတ်မှောက်ထားတဲ့ ကမ္ဘောဒီးယားကို ဦးနေဝင်းက အလည်အပတ် သွားပြခဲ့ပါတယ်။

တရုတ်ရဲ့ လက်ဝေခံ ခမာနီကို လူဝင်ဆံ့အောင် သံတမန်ရေးအရ ဦးနေဝင်း တရုတ်ကိုမျက်နှာလုပ်ပြီး ရွှေ့လိုက်ရတဲ့ အကွက်တကွက်ပဲဖြစ်ပါတယ်။

ဒီလို ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး ပြန်လည်အစပျိုးခဲ့တဲ့ နောက်ပိုင်း ၁၉၇၈ ခုနှစ်မှာ တရုတ်အစိုးရက ဗကပဗဟို ရုံးနဲ့ အသံလွှင့်ဌာနကို ပန်ဆန်းဘက်မှာပဲ အခြေချဖို့ စတင်ဖိအားပေးပါတော့တယ်။

၁၉၈၀ခုနှစ်မှာတော့ ဦးနေဝင်းဟာ ပီကင်းကို တခေါက်သွားလည်ခဲ့ပါသေးတယ်၊ သူ့ရဲ့ ဆယ့်တစ်ကြိမ်မြောက် ခရီးစဉ် ပါ။ ခရီးစဉ်ရဲ့ရည်ရွယ်ချက်ကတော့ တရုတ်က ဗ-က-ပ ကို ထောက်ပံ့ကူညီနေတာတွေကို ရပ်ဆိုင်းပြီး ပြည်တွင်း သောင်းကျန်းမှု ရပ်ဆိုင်းဖို့ကို တရုတ်ရဲ့ အကူအညီရယူရေးဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ တရုတ်ဟာ ဗ-က-ပ ကို ကူ ညီနေတာတွေကို လျှော့ချနေပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာပဲ တိန့်ရှောင်ဖိန်ရဲ့စီစဉ်ပေးမှုကြောင့် ဦးနေဝင်းဟာ ဗကပဥက္ကဋ္ဌ သခင်ဗသိန်းတင်နဲ့ မိနစ် ၉၀ အကြာ လျှို့ဝှက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်၊ အဲဒီနောက်ဆက်တွဲကတော့ ၁၉၈၁ ခုနှစ်မှာ ဗကပကိုယ်စားလှယ် သခင်ဖေတင့်ဟာ လားရှိုးမှာ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံကာ ဗကပကို တရားဝင်အသိအမှတ်ပြုရေး ထပ် မံဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးပွဲပျက်သွားခဲ့ပါတယ်။

၁၉၈၀ခုနှစ်မှာ ဦးနေဝင်းဟာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် တရားဝင်ထုတ်ပြန်ပေးခဲ့တဲ့အတွက် ဗကပ ဗိုလ်သက် ထွန်းနဲ့အဖွဲ့ လက်နက်ချအလင်းဝင်ခဲသလို၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ရခိုင်ကွန်မြူနစ် ကျော်ဇံရွှီး စတဲ့ အဖွဲ့တွေလည်း အလင်းဝင်ခဲ့ပါတယ်။

တရုတ်ရဲ့နိုင်ငံခြားရေး မူဝါဒဟာလည်း မော်စီတုန်းမရှိတဲ့ နောက်ပိုင်း တိန့်ရှောင်ဖိန်လက်ထက်မှာ ပြောင်းလဲခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ Ideology တွေဘက်ကို ဇောင်းပေးတဲ့ နိုင်ငံခြားရေးပေါ်လစီမဟုတ်တော့ပါဘူး။

ဦးနေဝင်းအစိုးရနဲ့ တရုတ်ထောက်ခံအားပေးခဲ့တဲ့ ဗကပ အခြေအနေကို ကြည့်မယ်ဆိုရင် ၁၉၈၆ ခုနှစ်က ဖြစ်ခဲ့တဲ့ စီစီဝမ် တာပန်တိုက်ပွဲအပြီး ဗကပ အခြေခံဒေသတွေဖြစ်တဲ့ ပန်ဆိုင်း၊ မုန်းပေါ်၊ ကွန်ဟိုင်းနဲ့ မန်ဟီးရိုး စတဲ့ ဒေသ တွေကို အစိုးရတပ်တွေ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နောက် ၂နှစ်အကြာမှာတော့ ၁၉၈၈မှာ ဒီမိုကရေစီလှုပ်ရှားမှုကြီးနဲ့ ကြုံကာ ဦးနေဝင်းရဲ့ ၂၆ နှစ် မ-ဆ-လ ပြုတ်ကျသွားခဲ့ပါတယ်။

မြန်မာဆိုရှယ်လစ်လမ်းစဉ်အစိုးရကို ဖြုတ်ချရာမှာ ဗကပ မြေအောက်ယူဂျီ အဖွဲ့အစည်းဖြစ်တဲ့ “၄၈၂၈”လှုပ်ရှားမှုက လည်း ကြိုးကိုင်ကဏ္ဍမှ ပါဝင်ခဲ့တယ်ဆိုတာ စစ်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်က သတင်းစာ ရှင်းလင်းပွဲကနေ အတိအလင်း ထုတ်ဖော်ပြောခဲ့ရပါတယ်။

၁၉၈၉ ခုနှစ်မှာ ဗ-က-ပ ဟာ ဖုန်ကြားရှင်ရဲ့တပ်တွင်း ပုန်ကန်မှုကနေ ဧပြီလမှာတော့ “ဝ”တပ်ဖွဲ့တွေဟာ ပန်ဆန်း မှာရှိတဲ့ ဗကပဗဟိုကို ဝင်ရောက်သိမ်းပိုက်လိုက်ရာက ၄၁နှစ်ကြာ ဗကပ လက်နက်ကိုင် တော်လှန်မှုဟာ အဆုံးသတ် ခဲ့ပါတယ်။ သခင်ဗသိန်းတင်အပါအဝင် ဗကပခေါင်းဆောင်တွေလည်း တရုတ်ပြည်ဘက်ကို ထွက်ပြေးခိုလှုံခဲ့ပါတယ်။

ဗကပ တရုတ်-မြန်မာနယ်စပ်မှာ ပြိုကွဲသွားခဲ့ပြီးနောက်မှာတော့ ဝနဲ့ ကိုးကန့်လက်နက်ကိုင်တွေဟာ မြန်မာစစ်အစိုးရ (နဝတ/နအဖ) နဲ့ အပစ်အခတ်ရပ်စဲရေးယူခဲ့ပါတယ်။

၁၉၈၉ မှာတော့ တရုတ်နိုင်ငံမှာလည်း ကမ္ဘာကျော် တီယန်မင်လှုပ်ရှားမှု ဖြစ်ခဲ့ပြီး တရုတ်အစိုးရက အကြီးအကျယ် နှိမ်နင်း ဖြိုခွင်းခဲ့ပါတယ်။ ၁၉၈၈ စက်တင်ဘာလမှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်ထဲက တဦးဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွှန့်က တီယန်မင်လှုပ်ရှားမှုကို နှိမ်နင်းခဲ့တာနဲပတ်သက်ပြီး တရုတ်အစိုးရကို စာနာကြောင်း တရားဝင် ပြောကြားခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုကို သွေးထွက်သံယိုနှိမ်နင်းခဲ့လို့ နိုင်ငံတကာက သပိတ်မှောက်နေချိန်မှာ မြန်မာနဲ့ တရုတ်ရဲ့ဆက်ဆံရေးဟာ ပိုလို့တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ သမိုင်းမှာ ကြီးမားတဲ့အလှည့်အပြောင်းတခုလို့ ဆို ရမှာပါ။

၂၀၁၀ ခုနှစ် စက်တင်ဘာလ တရုတ်ပြည်ခရီးစဉ်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွေ နှင့် တရုတ်သမ္မတ ဟူကျင်းတောင် ကိုတွေ့ရစဉ်

အဲဒီနောက်ပိုင်း တရုတ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် စစ်အာဏာရှင်အစိုးရဘက်က စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး တွေမှာ ကျောထောက်နောက်ခံပြု ရပ်တည်လာခဲ့သလို၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာအရေးဆွေးနွေးမှု တွေကို တလျှောက်လုံးပယ်ချပေးခဲ့ပါတယ်။

ဒါပေမယ့် တရုတ်- မြန်မာဆက်ဆံရေးဟာ ဝန်ကြီးချုပ် ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်းတို့ လက်ထက်ကလို မဟုတ်တော့ဘဲ မြန်မာစစ်အာဏာရှင်တွေဟာ တရုတ်ရဲ့လက်ဝေခံဖြစ်သွားတယ်လို့ သတင်းစာအာဘော်တွေက ဆယ်စုနှစ် ၂ စုတိုင် တိုင် ဝေဖန်ရေးသားခဲ့ပြီး တိုင်းပြည်ရဲ့သံယံဇာတတွေကို လက်ညှိုးထိုးပြီး တရုတ်ကိုရောင်းစားခဲ့တယ်လို့ ဝေဖန်ခဲ့ကြ ပါတယ်။

ကိုးကား ။ ။ David I. Steinberg နှင့် Hongwei Fan တို့၏ Modern China Myanmar Relationship

Your Thoughts …
Tags: တရုတ် - မြန်မာ ဆက်ဆံရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးသန်းရွှေ အငြိမ်းစားမယူမီ နေပြည်တော် စစ်ရေးပြအခမ်းအနားတွင် တွေ့ရစဉ်/AFP

ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ

by ဧရာဝတီ
3 May 2023
10k

ချင်ကန်း၏ နေပြည်တော်ခရီးစဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး တရုပ်ထိပ်တန်းသံတမန်တဦး၏ ပထမဆုံး စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံမှုလည်း ဖြစ်သည်။

တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် မြန်မာပြည်လာရောက်စဉ်

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အဖုအထစ်များနှင့် ပျားရည်ဆမ်း ကာလများ(အပိုင်း ၃)

by ဧရာဝတီ
19 April 2017
24.2k

၁၉၇၇ ခုနှစ် ဇူူလိုင်လ ပီကင်းမှာ ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ တိန့်ရှောင်ဖိန် အာဏာပြန်ရလာပြီး ဒုဝန်ကြီး ချုပ်ဖြစ်လာတယ်၊ သူဟာ အုပ်စုတွင်း တိုက်ပွဲတွေကြား အပယ်ခံထားရက ပြန်ပေါ်လာတယ်၊ ဦးနေဝင်းက ဒီအချက်ကို ကောင်းကောင်း ရိပ်မိပုံရတယ်။...

၂၀၁၅ ဇွန်လတွင် ဘေဂျင်းမြို့တွင် တွေ့ရသော တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် ဒေါ်အောင်ဆန်းစုကြည် / Reuters

တရုတ်က မြန်မာ အပေါ် မီးတဖက် ရေတဖက် ဆက်ဆံရေး ကျင့်သုံးနေသည်

by ဘာတီး(လ် )လင့်တနာ
2 March 2017
25.2k

UWSA သို့ လေကြောင်း ကာကွယ်ရေး စနစ်များ၊ သံချပ်ကာတိုက်ခိုက်ရေး ယာဉ်များ၊ အမြောက်ကြီးများနှင့် အဆင့်မြင့် စစ်သုံးကိရိယာများ တရုတ်က ရောင်းချခဲ့သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ဘေဂျင်းတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်သမ္မတ ရှီကျင်ဖျင့်က လက်ခံတွေ့ဆုံစဉ်

ကယ်တင်ရှင် ပေါက်ဖော်ကြီး

by အောင်ဇော်
1 December 2017
14.1k

ရခိုင်အကျပ်အတည်းကြောင့် အနောက်နိုင်ငံများက မြန်မာကို ဖိအားပေးနေချိန် တရုတ်နိုင်ငံက ရွှေလမ်း ငွေလမ်းခင်းပြီး ဖိတ်ခေါ်ကြိုဆိုနေပြန်သည်။

တရုတ်-မြန်မာ နယ်ခြားဖြတ်ကျော်သော တံတားတစင်း / Reuters

မြန်မာကုန်သည်တွေ တရုတ်ဘဏ်စာရင်း အပိတ်ခံရတော့

by မောင်မောင်စိုး
23 June 2017
14k

ထိုသို့ ထိန်းချုပ်ခြင်းသည် တရုတ်ရဲ၏ ညွှန်ကြားချက်အရဟု ဆိုကာ ၁ နှစ်မှ ၃ နှစ်အထိ ပိတ်သိမ်းမည်ဖြစ်ကြောင်း ငွေစာရင်း ပိုင်ရှင်များကို တရုတ်ဘဏ် တာဝန်ရှိသူများက ပြောကြားခဲ့သည်

၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း ဘေဂျင်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ်  / Reuters

တရုတ်က မြန်မာကို ဘာကြောင့် ထောက်ခံ ရပ်တည်ပေးတာလဲ

by ဧရာဝတီ
5 September 2017
62.7k

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ထောက်ခံရခြင်းမှာ မြန်မာနိုင်ငံတွင် ခြေကုပ် ပိုမိုခိုင်မာအောင် ဆောင်ရွက် လိုခြင်းနှင့် အနောက်တိုင်း သြဇာပျံ့နှံသည်ကို လက်မခံနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။

Next Post
TNLA နှင့်ဆက်သွယ်ဟုဆိုကာ သတင်းထောက်အချို့ကို တပ်မတော်ဖမ်းဆီး

TNLA နှင့်ဆက်သွယ်ဟုဆိုကာ သတင်းထောက်အချို့ကို တပ်မတော်ဖမ်းဆီး

“စစ်ဒေသ ၁၇၁ထိန်းချုပ်တဲ့ နယ်မြေတောင်ပိုင်းမှာ ဘိန်းပင် လုံးဝမရှိဘူးလို့ အာမခံပါတယ်၊  ဘိန်းပန်းရှိတယ်ဆိုတာ သမိုင်းမှာ ကျန်ရစ်ခဲ့ပါပြီ ” / မျိုးမင်းစိုး / ဧရာဝတီ

UWSA က ဘိန်းမစိုက်တော့ဟု အာမခံ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved