• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ညောင်တုန်းလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများကို ပင်လုံရတနာကုမ္ပဏီ တရားစွဲ

by ဆလိုင်းသန့်စင်
3 September 2017
in သတင်း
A A
တရားစွဲဆိုခံရသည့် ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂ ဦး  / Ni Ni Moe / Facebook

တရားစွဲဆိုခံရသည့် ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂ ဦး / Ni Ni Moe / Facebook

15.3k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြေလွတ်မြေရိုင်းများ လုပ်ကိုင်ခွင့်ရရှိထားသည့် ပင်လုံ ရတနာ တိုးတက်ရေးကုမ္ပဏီက ညောင်တုန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း၊ အမှတ် ၂ တိုင်းကိုယ်စားလှယ် ဒေါ်နီနီမိုးအပါအဝင် ဌာနဆိုင်ရာ အရာရှိများနှင့် လူပုဂ္ဂိုလ်၇ ဦးအား ကျပ်သိန်း ၂ သောင်း နစ်နာကြေးရလိုမှုဖြင့် ဧရာဝတီတိုင်းဒေသ ကြီး တရားလွှတ်တော်ရုံးတွင် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ညောင်တုန်းမြို့နယ်ရှိ အမှတ် ၇၊ ၈၊ ၉ သလိပ်သုံးခွအင်း နယ်နိမိတ်နှင့်ပတ်သက်၍ ဒေသခံရေ လုပ် သား အစုအဖွဲ့နှင့် ပင်လုံရတနာကုမ္ပဏီကြား အငြင်းပွားမှုဖြစ်ပေါ်သည့်အတွက် ညောင်တုန်းမြို့နယ် စီမံခန့်ခွဲရေး ကော်မတီ ဆုံးဖြတ်ချက်ဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းတို့ ပါဝင်သောအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းတိုင်းတာခဲ့ရာ အင်းတည် ရှိသည့် မြေဧက ၅၀ ခန့်မှာ ပင်လုံရတနာကုမ္ပဏီ လုပ်ပိုင်ခွင့်ရ မြေထဲတွင် မပါဝင်ကြောင်း ထင်ရှားပေါ်ပေါက် ခဲ့သည့်အတွက် အင်းမြေအဖြစ် သတ်မှတ်ခဲ့သည်။

ထိုသို့ အင်းမြေအဖြစ်သတ်မှတ်ခြင်း၊ လူစုလူဝေးဖြင့် ဝင်ရောက်မြေတိုင်းခြင်း၊ ကုမ္ပဏီဝန်ထမ်းများကို အခွင့်မရှိ ဘဲ ဓာတ်ပုံရိုက်ခြင်း၊ အပ်နှင်းထားခြင်းမရှိသော တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ကျင့်သုံးသဖြင့် ကုမ္ပဏီ၏ အသရေ နှင့် ဂုဏ်သိက္ခာ ထိခိုက်သည်ဟုဆိုကာ ပင်လုံရတနာကုမ္ပဏီက ညောင်တုန်းမြို့နယ် စီမံခန့်ခွဲရေး ကော်မတီ တွင်ပါဝင်သည့် လွှတ်တော်အမတ် ၂ ဦးနှင့် ဌာနဆိုင်ရာအရာရှိများကို နစ်နာကြေး ကျပ်သိန်း ၂ သောင်း ရလိုကြောင်းနှင့် အဆိုပါမြေအား ငါးမွေးမြူရန် ခွင့်ပြုထားသည့်မြေဖြစ်ကြောင်း တရားရုံးမှ မြွက်ဟကြေညာပေး ရန် ပုသိမ်မြို့ရှိ တိုင်းတရားလွှတ်တော်ရုံးတွင် တရားစွဲဆိုခြင်း ဖြစ်သည်။

တရားစွဲဆိုခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက “သလိပ်သုံးခွအင်းချောင်းကို ပင်လုံရတနာ ကုမ္ပဏီက အရင်ကတည်းက သူတို့အပိုင်ဆိုပြီး နှစ်ပေါင်းများစွာ သူများကို ရောင်းစားပြီးလုပ်ခွင့်ပေးခဲ့တယ်။ အစိုးရသစ်တက်လာတဲ့အခါ ဒေသခံအစုအဖွဲ့တွေက အင်းလုပ်ပိုင်ခွင့် ရလို့ အင်းပိတ်မယ်လည်းလုပ်ရော ကုမ္ပဏီက လက်မခံဘူးဖြစ်တယ်။ အဲဒါနဲ့ မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ဆင်းတိုင်းတော့ အင်းက သူတို့လုပ်ခွင့်ရမြေထဲမပါဘူး ဖြစ်နေတယ်။ အဲဒါကို တိုင်းတာရမလားဆိုပြီး ကျနော်တို့ကို တရားစွဲတာ”ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
219

ပင်လုံရတနာကုမ္ပဏီ ကိုယ်စား ဒါရိုက်တာ ဦးမြင့်သန်းက တရားလိုပြုလုပ်၍ တရားစွဲဆိုထားသူ ၇ ဦးမှာ ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ၂ ဦး၊ ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးသန့်ဇော်ဦး၊ မြို့နယ် မြေစာရင်းဦးစီးမှူး ဦးကျော်လွင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးအောင်ဇော်ဝင်း၊ သဇင်ရေကျော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှစိန်နှင့် ညောင်တုန်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးသန်းဝင်းတို့ ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ဘယ်သူ့ကိုမှ သာစေ နာစေဆိုတဲ့စိတ်နဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ အမှန်တရားတစ်ခု ပေါ်ပေါက်ဖို့ အတွက်လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ပြည်သူလူထုအတွက် မှန်တာလုပ်ရင်း တရားစွဲခံရတာဖြစ်လို့အကောင်းဆုံး ဆက်လက်ရင်ဆိုင်သွားမယ်။ ကျနော်တို့ဘက်က လိုက်ပါမယ့် ရှေ့နေတွေ၊ ဥပဒေအကြံပေး တွေနဲ့ တိုင်ပင်ပြီး အမှုအတွက် ပြင်ဆင်နေပါပြီ”ဟု ညောင်တုန်းမြို့နယ် အမှတ် ၁ တိုင်းလွှတ်တော်အမတ် ဦးကျော်ဆန်းက ပြောသည်။

ပင်လုံရတနာကုမ္ပဏီနှင့် ညောင်တုန်းလွှတ်တော်ကိုယ်စားလှယ်များအမှုကို စက်တင်ဘာလ ၈ ရက်နေ့တွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းတရားလွှတ်တော်ရုံးတွင် စတင်ကြားနာရန် ချိန်းဆိုထားပြီး တိုင်းတရားလွှတ်တော်မှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ တရားသူကြီး ဒေါ်ခင်သန့်ဇင်က ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ပင်လုံရတနာကုမ္ပဏီအား စစ်အစိုးရလက်ထက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက မြေအောက်ရတနာဖော်ထုတ်ရေးစီမံချက်အရ ညောင်တုန်းမြို့နယ် သဇင်ရေကျော်၊ ပေါက်တော၊ သဲဖြူစသည့် ကျေးရွာများအနီးရှိ မြေလွတ်မြေရိုင်း ၁၁၅၀ ဧကကို ၂၀၀၃ ခုနှစ်တွင် လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

ပင်လုံရတနာကုမ္ပဏီမှာ သလိပ်သုံးခွအင်းချောင်းကိစ္စနှင့်ပတ်သတ်၍ ဒေသခံရေလုပ်သားများနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သလို ဝါးတရိုး၊ နားဆွဲကုန်း၊ ပေါက်တော၊ သဲကုန်း၊ အသင်းစုစသည့်ကျေးရွာများမှ လယ်သမားများနှင့်လည်း လယ်ယာမြေအငြင်းပွားမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

Your Thoughts …
Tags: ညောင်တုန်း
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

သတိထားရမယ့် မြစ်ကမ်းပါးပြိုမှု အန္တရာယ် (ရုပ်/သံ)

သတိထားရမယ့် မြစ်ကမ်းပါးပြိုမှု အန္တရာယ် (ရုပ်/သံ)

by ဧရာဝတီ
27 May 2025
66

ဧရာဝတီမြစ် ရေစီးကြောင်း ပြောင်းလဲသွားတာကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မြစ်ကမ်းပါးပြိုမှု အန္တရာယ်ကို ခံစားနေရတာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

ညောင်တုန်းမြို့နယ်တရားရုံးမှ တရားသေလွှတ်ပေးခဲ့သည့် ဗျောသလန်းကျေးရွာအုပ်စုမှ လယ်သမားများ /  ဧရာဝတီ

မြေလွတ်မြေရိုင်းဥပဒေဖြင့် တရားစွဲခံ လယ်သမား ၈ ဦးအား ညောင်တုန်းတရားရုံး တရားသေလွှတ်ပေး

by ဆလိုင်းသန့်စင်
5 January 2019
16.9k

အချိန် ၂ နှစ်ကျော် တရားရင်ဆိုင်ပြီးနောက် ညောင်တုန်းမြို့နယ် တရားသူကြီးက လယ်သမားများအား အမှုမှ တရားသေ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

Next Post
ကချင်ပြည်နယ်ရှိ ငေါ့ချန်းခ မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများကို ၂၀၁၇ ခုနှစ် မတ်လ အတွင်းက ကန့်ကွက် ဆန္ဒပြနေသော ဒေသခံ တိုင်းရင်းသားများ / KDNG

ဧရာဝတီမြစ် အထက်ပိုင်းက အန္တရာယ် ဆည်စီမံကိန်းများ

မုန့်ဟင်းခါးသည် မြန်မာနိုင်ငံကို ကမ္ဘာနှင့် ပြန်လည် မိတ်ဆက်ပေးမည်

မြန်မာတို့ရဲ့ ရိုးရာ အစားအစာ တခေတ်ဆန်းလာတော့မည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved