• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျာနယ်ကို တရားစွဲဆိုမှု ရုတ်သိမ်းမည် မဟုတ်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော

by ထက်နိုင်ဇော်
30 December 2017
in သတင်း
A A
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်  / ထက်နိုင်ဇော် / ဧရာဝတီ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် / ထက်နိုင်ဇော် / ဧရာဝတီ

43.4k
VIEWS
Share on FacebookShare on Twitter

ထားဝယ်မြို့ အခြေစိုက် တနင်္သာရီဂျာနယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလက ဖော်ပြခဲ့သည့် သရော်စာတပုဒ်ကြောင့် ယင်းဂျာနယ် တာဝန်ရှိ သူများကို မီဒီယာ ဥပဒေနှင့်အညီ အရေးယ ူပေးရန် မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားမှုကို ပြန်လည် ရုတ်သိမ်းရန် မရှိကြောင်း တနသာၤရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ပြောသည်။

“နဂိုကတည်းက ဥပဒေနဲ့အညီဖြစ်အောင် တရားရုံးမှာ ဦးတိုက်လျှောက်ထားတာပါ။ မီဒီယာ ဥပဒေနဲ့ တင်ထားတာဖြစ်လို့ အခုချိန်မှာ ပြန်ရုတ်ဖို့လည်း မရှိပါဘူး။ တရားရုံးရဲ့ အဆုံးအဖြတ်ကိုပဲ စောင့်မှာပါ”ဟု ဒေါ်လဲ့လဲ့မော်က နေပြည်တော်တွင် သတင်းမီဒီယာတချို့ သို့ ပြောဆိုခဲ့သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သည့် “မူးဆေးအိုး” ကလောင်အမည်ဖြင့် ရေးသားထားသော “မဲဆွယ်အပြုံး” ဆိုသည့် သရော်စာသည် ၎င်းနှင့် ၎င်း၏ မိသားစုကို ထိခိုက်သည်ဟ ုဆိုကာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ထားဝယ် မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့် အမှုတခု ဖြစ်သည်။

အဆိုပါလျှောက်ထားမှုကို တရားရုံးက ပိုမို ကျယ်ပြန့်စွာ သိနိုင်ရန်ဟုဆိုကာ ရဲတပ်ဖွဲ့ အား စစ်ဆေးခိုင်းခဲ့ပြီး ရဲတပ်ဖွဲ့၏ ပြန်လည် တင်ပြချက်များဖြင့် သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)ဖြင့် တရား စွဲဆိုခွင့်ပြုကြောင်း အမိန့်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထားဝယ်မြို့နယ် တရားရုံးက ချမှတ်ခဲ့သည်ဟု တနသာၤရီဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ဧရာဝတီသို့ ပြောသည်။

“လက်ရှိ ကျနော်ဆီကို ဆင့်ခေါ်စာ ရောက်နေ ပြီ။ ဇန်နဝါရီလ ၂ ရက်နေ့မှာ တရားရုံးကို သွားရမယ်။ ပထမဆုံး ရုံးထုတ် မှာပါ။ လက်ရှိ တော့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်။ အာမခ ံရအောင်လို့။ အာမခံအတွက် ပြင်ထားပါဆိုလို့ ပြင်ဆင်နေပါတယ်”ဟု ဦးမျိုးအောင်က ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
17
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
20
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
147

ဆက်လက်၍ ၎င်းက “ အဓိကကတော့ သရော်စာ အပေါ်မှာ သို့မဟုတ် မီဒီယာ အပေါ်မှာ နားလည်သဘောပေါက်မှု ဘယ်လောက်အထိ ရှိလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ဖြစ်တာပေါ့။ တယောက်နဲ့ တယောက်တော့ မတူဘူး။ အစိုးရအဖွဲ့ထဲမှာလည်း တယောက်နဲ့ တယောက်က ရေချိန် မတူနိုင်ဘူး။ မတူတဲ့အပေါ်မှာ မူတည်ပြီး ဖြစ်နေတဲ့ ကိစ္စတွေပါပဲ”ဟု ရှင်းပြသည်။

သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)တွင် မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (စ)နှင့် ပုဒ်မခွဲ (ဆ)တို့ပါ တာဝန်နှင့် ကျင့်ဝတ်တရပ်ရပ်ဖြင့် ပြစ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်းအထိ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ယင်း ပုဒ်မ ၉ ပုဒ်မခွဲ (ဆ)တွင် အများပြည်သ ူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်း ရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့် အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြည်ခြင်းဟု ဖော်ပြ ထားသည်။

သတင်းမီဒီယာ ဥပဒေအရ တရားစွဲဆိုခြင်း ခံရပါက အာမခံ ရရှိနိုင်ပြီး ရဲအရေးပိုင်ခွင့်ဖြင့် ချက်ချင်း ဖမ်းဆီးချုပ်နှောင်ခြင်း မခံရကြောင်း ရန်ကုန်မြို့မှ မီဒီယာ အမှုများတွင် လိုက်ပါ ဆောင်ရွက်နေသူ ရှေ့နေ ဦးသန်းဇော် အောင်က ပြောသည်။

တနသာၤရီ ဂျာနယ်တွင် ဖော်ပြခဲ့သည့် မဲဆွယ် အပြုံးဆိုသည့် သရော်စာတွင် “ရွာသားများ သူ့ကို မကြည်ညိုတော့သည်ကို ရှင်ဂွမ်းဂွိ သိသည်။ သူမ စတက်သောအခါ သူမ၏ အုပ်ချုပ်ရေးမှူးရုံးရှေ့က ထော်လာဂျီနှင့် နွားလှည်းမဖြတ်ရဟု ဆုံးဖြတ် ကြေညာ မိသည်အစ၊ အုပ်ချူပ်ရေးမှူး မလုပ်တတ်ပါဘူး ပြောမိသည်အလယ်၊ ရွာနံဘေး စားကျက် မြေမှာ ကျွဲ၊ နွား၊ ဆိတ် မကျောင်းရဟု ပြောမိသည် အဆုံး သူမကို ရွာသားများ ဝိုင်းဟားကြလေသည်”ဟု ဖော်ပြထားရာ ယင်းအချက်များသည် တနင်္သာရီ ဝန်ကြီးချုပ်၏ ပြောဆိုချက်များနှင့် တိုက်ဆိုင်မှုများ ရှိနေသည်ဟု သိရသည်။

Your Thoughts …
Tags: ဒေါ်လဲ့လဲ့မော်ဝန်ကြီးချုပ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဒုဗိုလ်ချုပ်ကြီး သက်ပုံ စစ်ကိုင်းတိုင်းက ဝင်ပြိုင်မည်

ဒုဗိုလ်ချုပ်ကြီး သက်ပုံ စစ်ကိုင်းတိုင်းက ဝင်ပြိုင်မည်

by ဧရာဝတီ
12 October 2025
3.6k

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းအနေဖြင့် စစ်ကိုင်းမြို့မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ

စစ်ကော်မရှင် ဝန်ကြီး ဝန်ကြီးချုပ်တွေ ဘယ်နယ်တွေက ဝင်ပြိုင်ကြမလဲ

စစ်ကော်မရှင် ဝန်ကြီး ဝန်ကြီးချုပ်တွေ ဘယ်နယ်တွေက ဝင်ပြိုင်ကြမလဲ

by ဧရာဝတီ
3 November 2025
879

အာဏာသိမ်းစစ်ခေါင်းဆောင် ရွေးချယ်ခန့်အပ်ထားတဲ့ စစ်ကော်မရှင်အဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်ပေါင်း ၂၀ ကျော်ဟာ ဒီဇင်ဘာ ၂၈ ရက် စတင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ် ဘာတွေရိုက်ခတ်လာနိုင်လဲ (ရုပ်/သံ)

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ် ဘာတွေရိုက်ခတ်လာနိုင်လဲ (ရုပ်/သံ)

by ဧရာဝတီ
10 November 2024
331

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ဟာ စစ်အာဏာရှင်ကို မလိုလားတဲ့ မြန်မာပြည်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အပေါ်မှာ သက်ရောက်မှုတွေရှိနိုင်တယ်လို့ တရုတ်-မြန်မာအရေး စောင့်ကြည့် လေ့လာသူတွေက မှတ်ချက်ပြုပါတယ်။

ပြည်သူ့တရားစီရင်မှု မခံရမီ ကွယ်လွန်သွားတဲ့ သမိုင်းတရားခံ (ရုပ်/သံ)

ပြည်သူ့တရားစီရင်မှု မခံရမီ ကွယ်လွန်သွားတဲ့ သမိုင်းတရားခံ (ရုပ်/သံ)

by ဧရာဝတီ
7 August 2025
264

အာဏာသိမ်း စစ်အုပ်စုမှာ ယာယီသမ္မတအဖြစ်ပါဝင်ခဲ့တဲ့ ဦးမြင့်ဆွေဟာ ဒီကနေ့ ဩဂုတ်လ ၇ ရက် မနက် ၈ နာရီ ၂၈ မိနစ်အချိန်က ရန်ကုန် အမှတ်(၂) ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ စစ်ကော်မရှင်က...

နိုင်ငံရေးမှာ ဒူးထောက်၊ လက်မြှောက်တဲ့သူမဟုတ်ဘူး (ရုပ်/သံ)

နိုင်ငံရေးမှာ ဒူးထောက်၊ လက်မြှောက်တဲ့သူမဟုတ်ဘူး (ရုပ်/သံ)

by ဘုန်းအောင်
8 October 2024
211

အသက် ၇၃ နှစ်အရွယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ဒုတိယဥက္ကဋ္ဌ (၂) နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းက မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

ကောင်းမှုတော်စေတီတွင် တည်ထားမည့် စည်တော်ကြီး  / ပြည့်ဖြိုးအောင် /  စစ်ကိုင်း

မြန်မာ့ အကြီးဆုံး စည်တော်ကြီးကို ကောင်းမှုတော် စေတီတွင် တည်ထားမည်

by ဒီလှိုင်းဝင်း
30 December 2018
11.4k

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာတွင် ထုလုပ်ခဲ့သည့် မြန်မာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်၌ ထားရှိသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

Next Post
ပုသိမ်မြို့မ ရဲစခန်း / ဆလိုင်းသန့်စင် / ဧရာဝတီ

၅ နှစ်အရွယ်ကလေးငယ် သတ်ဖြတ်ခံရမှု ပုသိမ်မြို့တွင်ဖြစ်ပွား

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက နေပြည်တော်တွင် ရခိုင်အရေး အပါအဝင် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး နှင့် ပတ်သက်သည့် မိန့်ခွန်း ပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်  /  မျိုးမင်းစိုး / ဧရာဝတီ

Third Force တတိယ အင်အားစု (၄)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved