• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

Third Force တတိယ အင်အားစု (၄)

by ထက်မြက်
31 December 2017
in သူ့အတွေး သူ့အမြင်
A A
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက နေပြည်တော်တွင် ရခိုင်အရေး အပါအဝင် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး နှင့် ပတ်သက်သည့် မိန့်ခွန်း ပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်  /  မျိုးမင်းစိုး / ဧရာဝတီ

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက နေပြည်တော်တွင် ရခိုင်အရေး အပါအဝင် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး နှင့် ပတ်သက်သည့် မိန့်ခွန်း ပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည် / မျိုးမင်းစိုး / ဧရာဝတီ

6.3k
VIEWS
Share on FacebookShare on Twitter

ကုန်ဈေးနှုန်း အဆမတန် တက်နေသည်၊ ရာဇဝတ်မှုများ ထူပြောသထက် ထူပြောလာသည်။

အမေရိကန်မှာ လိုလို လက်နက်များ ဗုံးပေါလအော နှင့် လက်နက်များ နေပြည်တော်တွင် မိ၊ ရန်ကုန်တွင် မိနှင့် လိုင်စင်နှင့် ကိုင်သည်ဟု (ရဲမှူးကြီး ပြောသောစကား) တရားဝင် ကိုင်ဆောင်သော လက်နက်လိုလို၊ ကျည်ကာ အကျႌများ၊ မှန်ပြောင်းနှင့် အဝေးပစ် ပြောင်းရှည် သေနတ်များ စသည် စသည်ဖြင့် လုပ်ကြံ သတ်ဖြတ်ရေး အတွက် စိုးရိမ်စရာ ကောင်းလှသော လုပ်ကြံမှုကြီး တခုကို ဦးတည်နေသလားဟု ပြည်သူက သံသယဝင် စိုးရိမ် နေကြ၏။

ထိုအခြေအနေ မျိုးများ ဖြစ်ပေါ်နေရသည်မှာ ယခုအာဏာ ရလာသော အစိုးရအဖွဲ့အနေဖြင့် မှန်ကန်သော မူဝါဒ ချမှတ် ထားခြင်း မရှိသောကြောင့် ဖြစ်သည်။ အစီအစဉ်တကျနှင့် ပြင်ဆင်ထားသော အပြောင်းအလဲ၊ အစီအစဉ်၊ မူဝါဒ မရှိခြင်း ကြောင့် ဖြစ်သည်။

ထိုအခါ ယခင်ကတည်းက အတွေ့အကြုံလည်းမရှိ၊ အာဏာရလျှင် ဘယ်လိုစနစ်ကို ကျင့်သုံးမလဲ၊ ဘယ်လမ်းကြောင်း ကို သွားမလဲ၊ ဘယ်လို ယန္တရားနှင့် ဘယ်မူတွေကို အကောင်အထည် ဖော်မလဲဆိုသည်ကို ကြိုတင်ရေးဆွဲ ချမှတ် ထားခြင်း ရှိပုံမရ ဟု ကောက်ချက် ချရပေမည်။

ဆိုလိုသည်မှာ ပါတီနှင့် ခေါင်းဆောင်များသည် တိုက်ဖို့သာ အမြင်ရှိပြီး အောင်ပွဲကို မယူရဲခြင်း၊ အောင်ပွဲ ရလဒ်ကို အသုံးမပြုနိုင်ခြင်း တို့သည် အားနည်းချက်ဖြစ်သည်ဟု ဝေဖန်ရပေလိမ့်မည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
74
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
511

ထို့ကြောင့် အာဏာရသည့် အချိန်တွင် ဟိုကွေ့ရောက် ဟိုတက်နှင့်လှော်၊ ဒီကွေ့ရောက် ဒီတက်နဲ့လှော်သော ရွက်ကျ ပင်ပေါက်လို တိုင်းပြည် အတွက် ထိထိရောက်ရောက် လုပ်ရမည့်မူများကို မချမှတ်ဘဲ ယခင်အစိုးရ လက်ထက်က ယန္တရားနှင့် မူများကိုသာ ကျင့်သုံးနေခြင်း ဖြစ်သည်ဟု ဆိုရပေမည်။

ယခုဆိုလျှင် NLD အစိုးရ အာဏာရလာသည်မှာ ၂ နှစ် သက်တမ်းထဲ ဝင်နေပြီဆိုသည်မှာ ငြင်း၍မရပေ။ ထိုအချိန်ထိ ထူးခြားသော ဘာအပြောင်းအလဲမှ မတွေ့၊ တချို့က ယခင် အစိုးရထက်ပင် ပိုဆိုး သွားလေသလားဟု မြည်တွန်ကြ သည်ကိုပင် ကြားရ၏။

ရှေ့ဘယ်လို ဖြစ်မလဲဟု နိုင်ငံရေး စိတ်ဝင်စားသူများ စကားဝိုင်း ဖွဲ့ကြသည့်အခါတွင် တယောက်က “ရှေ့အတွက် ထူးထူးခြားခြားတော့ ပြောင်းလဲမယ့် အစီအစဉ်မတွေ့မိဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်ပူတိုက်ပြီး လူထုဆန္ဒ အတိုင်း ပြောင်းလဲမှာ မဟုတ်ပေမယ့် တပ်မတော်နဲ့ အတူ မြွေမသေ တုတ်မကျိုး နည်းနဲ့ လက်တွဲပြီး ပြောင်းလဲနိုင် ပါတယ်။

တပ်မတော်သား ၂၅ ရာခိုင်နှုန်းနေရာမှာ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက် လျှော့ပြီး ဆက်ထားဖို့ ရှိတယ်၊ ဒါဟာ လည်း တပ်မတော် ခေါင်းဆောင်တွေနဲ့ ညှိညှိနှိုင်းနှိုင်း အပေးအယူ လုပ်နိုင်မှသာ ဖြစ်မှာပေါ့၊ ယခုအတိုင်း ယန္တရားကို ယခင် စစ်ဗိုလ်ဟောင်းတွေ၊ တပ်မတော် အရာရှိတွေ၊ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိလာတဲ့ တပ်ခေါင်းဆောင်တွေနဲ့ အတူ ပြည်သူက ဘာပြောပြော လက်မခံ၊ အထူးသဖြင့် အခြေခံ လူတန်းစားတွေအတွက် အကျိုးမရှိနိုင်တဲ့ တပ်မတော် နဲ့ ရင်ကြားစေ့ရေးကိုသာ ဆက်လက်ကျင့်သုံးမှာပဲ။

အဲဒီ မူတွေကြောင့်ပဲ ယခင်အစိုးရကာလလို အနောက်နိုင်ငံတွေနဲ့ ပြဿနာ အနည်းအများ ပေါ်လာမှာပဲ၊ ယခင်က တရုတ်နဲ့ ရုရှားကို အားကိုးခဲ့သလို ယခုလည်း ပြန်အားထားမယ့် အရိပ်အယောင်တွေ တွေ့လာရတယ်၊ အခုအထိ ပြည်သူ အားထားရမယ့် အင်အားစု မတွေ့ရသေးတာကြောင့် ၂၀၂၀ မှာလည်း NLD ပဲ ဆက်အနိုင်ရလိမ့်မယ်၊

သူတို့အဓိက အာရုံစိုက်တာကတော့ လက်နက်ကိုင် အင်အားစုတွေထဲမှာ အင်အား အကောင်းဆုံး တပ်မတော် ဖြစ်တာ ကြောင့် တပ်မတော်နဲ့သာ ညှိနှိုင်းပါလိမ့်မယ်၊ ဒါကြောင့် ရှေ့ဆက်ပြီး တပ်မတော်နဲ့ အာဏာခွဲဝေမှုကို ယခုလိုပဲ ဆောင်ရွက် သွားမှာ ဖြစ်သလို အနာဂတ် မြန်မာ့ နိုင်ငံရေးဟာလည်း ထူးခြားမှု ရှိလာလိမ့်ဦးမယ်လို့ မယူဆပါဘူး” ဟု ဝေဖန် ပြောဆို သွားပါသည်။

လွှတ်တော်တွင်း တွေ့ရသည့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဧရာဝတီ)

မည်သို့ပင်ဖြစ်စေ မြန်မာ့ နိုင်ငံရေး အခြေအနေမှာ ထူးထူးခြားခြား ပြောင်းလဲ သွားလိမ့်မည် မဟုတ်ပေ။

၂၀၁၅ ရွေးကောက်ပွဲကို တချို့လူငယ်များက NLD ပါတီအား ပုံအော မဲထည့်လိုက်ရုံဖြင့် တော်လှန်ရေးကြီး တရပ် ဖြစ် ပေါ် သွားသလို မြန်မာနိုင်ငံ၏ အခြေအနေလည်း ပြောင်းလဲသွားလိမ့်မည်ဟု ယူဆခဲ့ကြသည်။

စစ်အာဏာရှင်စနစ်ကို မြေမြှုပ်ကာ ဒီမိုကရေစီစနစ် ပြောင်းလဲသွားမည်၊ တရုတ် ကူမင်တန်ခေတ်မှ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဖြစ်ပေါ်လာသလို ဇာဘုရင်စနစ်ကနေ ရုရှား ဖက်ဒရေးရှင်းလို ဖြစ်ပေါ်လာလိမ့်မည်ဟု ထင်သူက ထင် ကြသည်။

၁၉၈၈ မှစပြီး လူထုထောက်ခံမှု ရသောပါတီမှာ ပါတီတွင်းမှ Activities များကိုလည်း ထိုပါတီတွင် အသာစီးရနေသော စစ်ဗိုလ်ဟောင်းများနှင့် ရွှေပြည်အေးသမားများက ဖယ်ရှားပစ်ခဲ့ပြီးပေပြီ။ တချို့ အတော်များများမှာ အဖမ်းခံရပြီး ထောင်ထဲတွင်ပင် သေဆုံးခဲ့သည်။

သို့သော်လည်း ပါတီတွင်း ခေါင်းဆောင်သော လူတန်းစားသည် ဒီမိုုကရေစီကို အပြည့်အဝ ယုံကြည်သည့် လူများ ဖြစ်တန် ကောင်း၏ဟု ပြည်သူလူထုက စိတ်ချလက်ချ ယုံကြည်ခဲ့သောကြောင့် တနည်းမဟုတ် တနည်း လုံးဝ ပြောင်းပြန် လှန်မည့် ပြုပြင်ပြောင်းလဲမှုကို လုပ်မည်ဟုလည်း ထင်နေကြ၏။

သို့သော်လက်ရှိ အစိုးရနှင့် ခေါင်းဆောင်များမှာ စစ်အုပ်ချုပ်ရေးကို မလိုလားသူ ကြားသမားများ သက်သက်၊ ရွှေပြည် အေး ဝါဒကို ကျင့်သုံးသူများ သက်သက် ဖြစ်နေသောကြောင့် စေ့စပ်ညှိနှိုင်းခြင်း၊ ဆူပူအုံကြွမှုများ မပေါ်ပေါက်ခြင်း၊ အပေးအယူမျှမျှ ရှိနေခြင်း၊ ၅၀-၅၀ ပင်ဖြစ်စေ၊ ၅၀-၄၀ ပင်ဖြစ်စေ အာဏာရလျှင် ခွဲဝေယူမည့် လူတန်းစားများ ဖြစ်ခြင်း တို့ကြောင့် ယခုအခြေအနေတွင် တပ်မတော် အလိုကျမှုမှ တပါး၊ တခြား မည်သူနှင့် ရင်ဆိုင်ရ၊ ရင်ဆိုင်ရ၊ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားသော နိုင်ငံရေးသမားများ ဖြစ်နေခြင်းက ပြည်သူများ ထင်သလို ဖြစ်မလာနိုင်ခြင်း ဖြစ်သည်။

မြန်မာပြည်၏ သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံရေးကို လူတန်းစားအခြေခံ ရှုထောင့်မှ တွက်ချက်နိုင်သူများကမူ မြန်မာ နိုင်ငံတွင် စစ်အာဏာရှင်စနစ် တစချင်း ကွယ်ပျောက် သွားနိုင်သော်လည်း ယနေ့ အာဏာရနေသော NLD အစိုးရ ရော၊ တပ်မတော်ရော လက်ဝါးကြီးအုပ် အရင်းရှင် လူတန်းစားများ ဖြစ်နေသဖြင့် တဖွဲ့နှင့်တဖွဲ့၊ အပြတ်အသက် သူသေ ငါရှင် တိုက်ကြလိမ့်မည် မဟုတ်ကြောင်း အကဲဖြတ်၍ ရပါသည်။

ခေတ်၏ အနေအထားအရ နှစ်ဖက်စလုံးက အာဏာခွဲဝေရာတွင် အတတ်နိုင်ဆုံး ညှိနှိုင်း၍ ခွဲဝေရန်လည်း စဉ်းစား ထားကြလေသည်။

အထူးသဖြင့် အာဏာရနေသော အရပ်သားများက ပို၍ပင် အလျှော့ပေးကာ အာဏာကို ခွဲဝေယူဖို့ ရှိသည်ဟု လက်ရှိ နိုင်ငံရေးအခင်းအကျင်းက သက်သေပြနေပါသည်။ တပ်မတော်၏ အခန်းကဏ္ဍ၊ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင် ပတ်သက်မှု၊ တပ်မတော်၏ လုပ်ပိုင်ခွင့်၊ တပ်မတော်၏ စီးပွားရေးများစသည်တို့ကိုလည်း တပ်မတော်ဘက်မှ ညှိနှိုင်း စေ့စပ်ကာ အလျော့ပေးလိုက်လျောပြီး အရေးပါသော အဖွဲ့အစည်းတခုအဖြစ် အာဏာကို ခွဲဝေယူဖို့ ဆုံးဖြတ် ထားနိုင် သည်။

ထို့ကြောင့်လည်း ယခုလို ရခိုင်ပြည်နယ်ပြဿနာ၊ ဘင်္ဂါလီများနှင့် အပြင်းအထန် ရင်ဆိုင်ရသည့် ပြဿနာများကို NLD အရပ်သား အစိုးရက ခေါင်းခံဖြေရှင်းရခြင်း ဖြစ်သည်။ အနောက်အုပ်စုအပေါ် သြဇာရှိသည်ဟု ကမ္ဘာက အထင်ကြီးခဲ့ သော ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာလည်း ရခိုင်ပြည်နယ်က ဘင်္ဂါလီပြဿနာကြောင့် အုပ်စု၏ ထောက်ခံ မှု ဆိုးဆိုးဝါးဝါး ကျဆင်းသွားခဲ့ရလေသည်။

သြဇာပြန်ရှိလာအောင်နှင့် အမေရိကန် အပါအဝင် တကယ့် အားကောင်း သော နိုင်ငံကြီးများ၏ စီးပွားရေး ရင်းနှီး မြှုပ်နံှ မှုများ ရရှိအောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြတ်သားသော ခေါင်းဆောင်မှုနှင့် မှန်ကန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးမူကို လုပ်ဆောင်နိုင်မှသာလျှင် အနောက်အုပ်စု၏ ယုံကြည်မှုကို ပြန်လည်ရရှိမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ တတိယ အင်အားစုပဲ ခေါ်ခေါ်၊ တတိယ ပါတီပဲ ခေါ်ခေါ်၊ ယခုလို အခြေအနေမျိုးတွင် အင်အားစု အသစ် တခု ရရှိနေသည်ကား အမှန်ပင်။

သို့သော် ယနေ့ ထိုလူထုထောက်ခံမှု အားကောင်းမောင်းသန် တတိယ အင်အားစုကို ခေါင်းဆောင်နိုင်သည့် ခေါင်း ဆောင် နှင့် နိုင်ငံရေး ပါတီကိုကား မမြင်သေးပေ။
သူတို့ ဖြတ်သန်းခဲ့သော နိုင်ငံရေး လှုပ်ရှားမှုများ၊ အမြင်များ၊ နိုင်ငံရေး မူဝါဒများမှာ အခြေခံလူတန်းစား အတွေးအခေါ် နှင့် နိုင်ငံရေး မူဝါဒများ ကျင့်သုံးနိုင်မည် မဟုတ်သောကြောင့် တကယ့် အင်အားရှိသော ပြည်သူ့ဘက်တွင် ရပ်သော တတိယ အင်အားစုကို သမိုင်းနှင့် ပြည်သူက ဆက်လက် ရှာဖွေ သွားပေလိမ့်ဦးမည်။ ။

ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

ဆက်စပ် ဖတ်ရှုရန် –

Third Force တတိယ အင်အားစု

Third Force တတိယ အင်အားစု (၂)

Third Force တတိယ အင်အားစု (၃)

Your Thoughts …
Tags: Third Forceတတိယ အင်အားစု
ထက်မြက်

ထက်မြက်

Contributor

Similar Picks:

နိုင်ငံရေး ပါတီ တည်ထောင်မည့် ကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ် မတ်လအတွင်း က ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၈၈ မျိုးဆက် ဦးကိုကိုကြီး ရှင်းလင်း ပြောကြား နေစဉ် / ဧရာဝတီ

Third Force တတိယ အင်အားစု

by ထက်မြက်
7 November 2017
10.3k

မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီ အပေါဆုံး ခေတ်ကို ပြောမယ်ဆိုရင် ၈၈ အရေးတော်ပုံကြီးကို စစ်တပ်က ဖြိုခွင်း အာဏာ သိမ်းပြီးတဲ့နောက် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုပြီး ပါတီတွေ ဖွဲ့ခွင့်ပေးလိုက်တဲ့ ကာလပဲ ဖြစ်ပါတယ်။

ပြောင်းလဲချိန် တန်ပြီ ကြွေးကြော်သံနှင့်အတူ တွေ့ရသော NLD ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှု တခု / ဧရာဝတီ

Third Force တတိယ အင်အားစု (၃)

by ထက်မြက်
25 December 2017
60.3k

လူထု ရွေးကောက်သော အစိုးရပီပီ တပ်မတော်ကို လမ်းညွှန်ပေးနိုင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင် ပေးနိုင်မည်၊ ဒီမိုကရေစီကို ပီပီပြင်ပြင် ပုံဖော်နိုင်မည်ဟု ထင်မှတ်ခဲ့ကြသည်။

ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ပြုလုပ်နေသော NLD အဖွဲ့ဝင်များကို ၂၀၁၅ ခုနှစ် စက်တင်ဘာ လကုန်ပိုင်း က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် တွင် တွေ့ရစဉ်  / Myanmar Now

Third Force တတိယ အင်အားစု (၂)

by ထက်မြက်
19 December 2017
15.5k

တတိယ အင်အားစုဟာ သမိုင်းရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာပြီဆိုရင် ပျောက်ကွယ် မသွားဖို့၊ အချိန် အခါ နဲ့ ကိုက်ညီတဲ့ အင်အားတခုဖြစ်ဖို့ ကတော့ အလွန်အရေးကြီးပါတယ်။

Next Post
တောင်တရုတ်ပင်လယ်အတွင်း တည်ဆောက်မည့် တရုတ် ရေပေါ်နျူကလီးယား ဓာတ်အားပေးစက်ရုံ ပုံစံ / Indian News Nation

တောင်တရုတ်ပင်လယ်၌ တရုတ်က ရေပေါ်နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်နေ

ခွေးတွေက သူတို့ကို သခင် ချစ်အောင် ဘယ်လိုလုပ်ကြသလဲ

ခွေးတွေက သူတို့ကို သခင် ချစ်အောင် ဘယ်လိုလုပ်ကြသလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved