အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ဟာ စစ်အာဏာရှင်ကို မလိုလားတဲ့ မြန်မာပြည်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အပေါ်မှာ သက်ရောက်မှုတွေရှိနိုင်တယ်လို့ တရုတ်-မြန်မာအရေး စောင့်ကြည့် လေ့လာသူတွေက မှတ်ချက်ပြုပါတယ်။
စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာ ၅ ရက်ကတည်းက မဲခေါင်ရပ်ဝန်း ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ ကူမင်းကို ရောက်ရှိနေတာဖြစ်ပြီး တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး တွေ့ဆုံ ဆွေးနွေးမှု ရှိခဲ့ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ဟာ တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့အကြားက နှစ်ဖက် အကျိုးစီးပွားအပေါ်မှာ အပြန်အလှန် မှီခိုနေတာပါ။ တရုတ်ဘက်က ပထဝီအကျိုးစီးပွား ရှိသလို၊ တဖက်က စစ်ကောင်စီဘက်မှာလည်း လုံခြုံရေးဆိုင်ရာနဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အကူအညီလိုအပ်ချက်တွေရှိနေတယ်လို့ဆိုပါတယ်။
နိုင်ငံရေး အကဲခတ်တွေနဲ့ မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေကတော့ တရုတ်ရဲ့ လုပ်ရပ်တွေဟာ မြန်မာလူထုရဲ့ ဆန္ဒကိုပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေပြီး ပိုမိုရှုပ်ထွေးလာမယ့် မြန်မာ့နိုင်ငံရေးနဲ့ တရုတ်ရဲ့ ကိုယ်ကျိုး စီးပွားတွေကိုသာ ဦးတည်နေတယ်လို့ တရုတ် မြန်မာအရေး ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ခေါင်းဆောင် #မဲခေါင်ရပ်ဝန်းဆွေးနွေးပွဲ #တရုတ်ခရီးစဉ် #ကူမင်း #တရုတ်ဝန်ကြီးချုပ်