• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပါကစ္စတန် မြို့တော် လာဟိုး ကမ္ဘာ့ လေထု အညစ်ညမ်းဆုံးမြို့ ဖြစ်လာ၊ စာသင်ကျောင်း တချို့ ပိတ်ထားရ

by ဧရာဝတီ
10 November 2024
in သတင်း
A A
ပါကစ္စတန် မြို့တော် လာဟိုး ကမ္ဘာ့ လေထု အညစ်ညမ်းဆုံးမြို့ ဖြစ်လာ၊ စာသင်ကျောင်း တချို့ ပိတ်ထားရ

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်က လာဟိုး မြို့ပေါ်မှာ မီးခိုးမြူများကို တွေ့ရစဉ် / Reuters

361
VIEWS
Share on FacebookShare on Twitter

ပါကစ္စတန် နိုင်ငံ မြို့တော် လာဟိုး ဟာ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့ အဖြစ်သို့ ရောက်ရှိခဲ့ပြီး စာသင်ကျောင်း တချို့ ပိတ်ထားရပါတယ်။

ဆွစ်ဇာလန် အခြေစိုက် IQAir အဖွဲ့ရဲ့ အချက်အလက်တွေ အရ လာဟိုးမြို့ဟာ လေထု ညစ်ညမ်းမှု ညွှန်းကိန်း ၁၁၆၅ အထိ ရှိပြီး သူ့နောက်မှာ အိန္ဒိယ နိုင်ငံ မြို့တော် နယူးဒေလီ က ညွှန်းကိန်း ၂၉၉ ရှိခဲ့ကြောင်း သိရပါတယ်။

ပန်ဂျပ်ပြည်နယ် တာဝန်ရှိသူတွေဟာ လေထု ညစ်ညမ်းမှုကို ထိန်းချုပ်ပြီး ကလေးတွေကို ကာကွယ်နိုင်ဖို့ နေရာ များစွာက ပညာရေးဆိုင်ရာ နေရာဌာနတွေကို နိုဝင်ဘာ ၁၇ ရက်နေ့ အထိ ပိတ်ထားကာ Online သင်ကြားရေးနဲ့ အစားထိုး သင်ကြားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အစောပိုင်းကတော့ လာဟိုးမှာ ရှိတဲ့ မူလတန်း ကျောင်းတွေကိုပဲ တပတ်ခန့် ပိတ်ထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ တိုင်းတာမှု အရတော့ ပန်ဂျပ်ပြည်နယ်ရှိ လာဟိုးမြို့ဟာ အရင်အပတ် စံချိန်တင် မြင့်တက်ခဲ့တဲ့ လေထု ညစ်ညမ်းမှု ညွှန်းကိန်း ၁၉၀၀ ထက်လျော့နည်း လာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ညွှန်းကိန်း ၁၉၀၀ ဆိုတာဟာ အကြံပြုထားတဲ့ ပမာဏထက် အဆ ၁၂၀ ကျော် ပိုများတဲ့ ပမာဏ ဖြစ်ကာ အဆောက်အအုံ အချို့ကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ရပြီး အိမ်ကနေ အလုပ်လုပ်ကြဖို့ ညွန်ကြားခဲ့ရကြောင်းလည်း သိရပါတယ်။

အဆိုပါ ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့ အတွက် “Smog war room” လို့ အမည် ပေးထားတဲ့ လေထု ညစ်ညမ်းမှု တိုက်ဖျက်ရေး စင်တာ တခုကို ပန်ဂျပ်ပြည်နယ်မှာ တည်ထောင်လိုက်တယ် လို့လည်း တာဝန် ရှိသူတွေက ပြောပါတယ်။

လာဟိုးမြို့က ရာသီ ဥတု ပြောင်းလဲမှု နဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး ဆိုင်ရာ ဌာန Smog Cell မှာ မော်နီတာ စခရင်များ နဲ့ မီးခိုမြူများကို စောင့်ကြည့်နေတာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် / Reuters | လာဟိုးမြို့ ရှိ ရာသီ ဥတု ပြောင်းလဲမှု နဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး ဆိုင်ရာ ဌာနရုံး အပြင်ဘက်မှာ ရပ်ထားတဲ့ မီးခိုးမြူ နှိမ်နင်းရေး အဖွဲ့ မော်တော်ယာဉ်များကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် / Reuters

လေထု ညစ်ညမ်းမှု တိုက်ဖျက်ရေး ကော်မတီဟာ လေထု အရည်အသွေးနဲ့ ရာသီဥတု ခန့်မှန်းချက်တွေကို နေ့စဉ် စောင့်ကြည့် လေ့လာသွားမှာ ဖြစ်ပြီး ကွင်းဆင်းအရာရှိတွေရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးညွှန်ကြားသွားမှာ ဖြစ်တယ်လို့ ပန်ဂျပ် ပြည်နယ် သဘာဝ ပတ်ဝန်းကျင် ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာဂျစ်ဘာရှာ က ပြောကြားပါတယ်။

လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး အတွက် ဌာန ၈ ခုက ဝန်ထမ်းတွေကို စုစည်းထားပြီး ခေါင်းဆောင် တယောက်က ဦးဆောင်ကာ ခြံထွက်အမှိုက် မီးရှို့မှု ထိန်းချုပ်ခြင်းကနေ ယာဉ်ကြော ထိန်းချုပ်စီမံရေး အထိ တာဝန် အသီးသီးကို စီမံ ကွပ်ကဲသွားမှာ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

လေထုညစ်ညမ်းမှု တိုက်ဖျက်ဖို့ အတွက် တနေ့ကို နှစ်ကြိမ် အစည်းအဝေးပြုလုပ်ပြီး အချက်အလက်နဲ့ ခန့်မှန်းချက်များကို သုံးသပ်ကာ သက်ဆိုင်သူတွေဆီ အစီရင်ခံသွားမှာ ဖြစ်ကြောင်း၊ နေ့စဉ် အကြံပေးချက်တွေလည်း ထုတ်ပြန်သွားမှာ ဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားပါတယ်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
21
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
21
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
36

ပန်ဂျပ်ပြည်နယ်ရဲ့ ဝန်ကြီး တဦးဖြစ်တဲ့ မာရီယန် အော်ရန်ဂ်ဇက် (Marriyum Aurangzeb) ကတော့ လေထု ညစ်ညမ်းမှု ဟာ ၂၅ ကီလိုမီတာ (၁၆ မိုင်) ပဲ ဝေးတဲ့ အိန္ဒိယ နယ်စပ်ကနေ ဖြတ်သန်းလာတဲ့ ညစ်ညမ်းတဲ့ လေတွေကြောင့်လို့ ပြောဆိုပါတယ်။

အိန္ဒိယ မြောက်ပိုင်းဟာလည်း ပြင်းထန်တဲ့ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

မီးခိုးမြူများ ရှိနေတဲ့ လာဟိုးမြို့ Ravi မြစ် တံတား အနီးမှာ တငါသည် တဦးကို ငါးဖမ်း ထောင်ချောက်နဲ့ အတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် / Reuters

ပန်ဂျပ်ပြည်နယ် အစိုးရအနေနဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးရုံးနဲ့ ဆက်သွယ်ပြီး ဆွေးနွေးဖြေရှင်းပေးဖို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးရုံးကို တောင်းဆိုသွားမယ်လို့လည်း ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့တဲ့ Indian Express သတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

လယ်ယာမြေ မီးရှို့မှုက ထွက်လာတဲ့ မီးခိုးတွေ၊ ဖုန်မှုန့်တွေနဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေဟာ လေအေးတွေနဲ့ ပိတ်မိ သွားလေ့ ရှိတာကြောင့် ဆောင်းရာသီ ရောက်တိုင်း တောင်အာရှ ဒေသဟာ ပြင်းထန်တဲ့ လေထု ညစ်ညမ်းမှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က လေ့လာမှု တခုက အဆိုပါ လေထုညစ်ညမ်းမှုဟာ ဒေသတွင်း လူတွေရဲ့ ပုံမှန်သက်တမ်းကို ၅ နှစ်ခန့် လျော့နည်း သွားစေနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့တော် အဖြစ် IQAir ရဲ့ ၄ နှစ် ဆက် သတ်မှတ်ခံရတဲ့ နယူးဒေလီမြို့ရဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးက တာဝန်ရှိသူတွေ အနေနဲ့ ဒီနှစ်မှာ မိုးအတု ဖန်တီးပြီး လေထု ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းဖို့ စီစဉ်နေကြောင်းလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားထားပါတယ်။

Ref : Reuters

Your Thoughts …
Tags: IQAirပါကစ္စတန်ဘာသာပြန်မီးခိုးမြူရာသီဥတုလာဟိုးလေထု ညစ်ညမ်းမှုသဘာဝ ပတ်ဝန်းကျင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ရခိုင် “ပုံမှန်အခြေအနေသစ်”

ရခိုင် “ပုံမှန်အခြေအနေသစ်”

by ဇေယျ (အညာ)
14 May 2024
6.9k

"အေးအခုတော့ မြောက်ဦးကို ငါတို့ ရခိုင်တွေကိုယ်တိုင် အုပ်ချုပ်နေပြီကွ"

Next Post
စစ်ခေါင်းဆောင်ကို သရော်တဲ့ငါးမင်းဆွေ အဖမ်းခံရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို သရော်တဲ့ငါးမင်းဆွေ အဖမ်းခံရ (ရုပ်/သံ)

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved