• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်အကြွေး ဆပ်နေရပေမယ့် ပြစရာ စီမံကိန်း မရှိဟု အမတ်များ ဝေဖန်

by မိုးမိုး
19 December 2018
in သတင်း
A A
လွှတ်တော်အတွင်း ဆွေးနွေးနေသည့် ပုလဲမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်  / ပြည်ထောင်စုလွှတ်တော်

လွှတ်တော်အတွင်း ဆွေးနွေးနေသည့် ပုလဲမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် / ပြည်ထောင်စုလွှတ်တော်

74.5k
VIEWS
Share on FacebookShare on Twitter

ပြည်ပသို့ နှစ်စဉ် ကြွေးမြီး အမေရိကန်ဒေါ်လာ သန်း ၇၀၀ ပေးဆပ်နေရသော်လည်း ချေးငွေဖြင့် လုပ်ဆောင်နေသည့် စီမံကိန်းများမှာ ပြစရာ မရှိ ဖြစ်နေကြောင်း လွှတ်တော်အမတ်များက ဝေဖန်လိုက်သည်။

အစိုးရက ပေးပို့လာသည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ၊ ယင်းအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော် ဆွေးနွေးစဉ် ဝေဖန်ကြခြင်း ဖြစ်သည်။

ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “ဒေါ်လာသန်း ၇၀၀ ထဲမှာ တရုတ်နိုင်ငံကို တိုးရင်းပြန်ဆပ်နေရတာက သန်း ၅၅၀ ခန့်ရှိလို့ ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းခန့်ရှိပြီး ချေးငွေနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းစီမံကိန်းတွေကို လေ့လာကြည့်တော့လည်း ဘာမှ ထင်ထင်ရှားရှား လက်ညှိုးထိုးပြစရာမရှိတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရမှာ ဖြစ်ပါတယ်” ဟု လွှတ်တော်၌ ဝေဖန်သည်။

၎င်းက ဆက်လက်ပြီး တရုတ်နိုင်ငံ EXIM Bank နှင့် China Development Bank တို့မှ ချေးငွေရယူကာ အကောင်အထည် ဖော်နေသည့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံနှင့် စီမံကိန်းများဖြစ်သော မြင်းခြံ သံမဏိစက်ရုံ၊ သာဂရ စက်မှုဇုန်များနှင့် သမဝါယဝန်ကြီးဌာန ချေးငွေများမှာ တိုင်းပြည်အတွက် အကြွေးဝန်ပိစေသည့် လုပ်ငန်းစီမံကိန်းများ ဖြစ်ကြောင်း သာဓကပေး၍လည်း ထောက်ပြ ဆွေးနွေးခဲ့သည်။

EXIM Bank မှ သမဝါယဝန်ကြီးဌာနအတွက် ချေးယူထားသည့် ဒေါ်လာ သန်း ၃၀၀ အတွက် အတိုးနှုန်းမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းပြီး အတိုးနှုန်းမြင့်မားသည့်အတွက် ဒေါ်ခင်စန်းလှိုင်ကိုယ်တိုင် ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်က အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
71
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
678

တရုတ်သို့ ပေးဆပ်ရမည့် ကြွေးမြီများနှင့် ပတ်သက်၍ အကြွေးလျော်ပစ်ရန် (သို့မဟုတ်) အတိုးနှုန်း လျှော့ချကာ ပြန်ဆပ်ရမည့် အချိန်အား ပြင်ဆင်ရေးဆွဲမှုများ လုပ်ဆောင်ရန်အတွက် ညှိနှိုင်းသင့်ကြောင်းလည်း ဒေါ်ခင်စန်းလှိုင်က အစိုးရကို တိုက်တွန်းထားသည်။

အစိုးရကြွေးမြီမှတ်တမ်းအရ ပြန်ဆပ်ရမည့် ငွေများမှာ ၁၉၈၈ ခုနှစ် မတိုင်မီကာလအတွင် ဒေါ်လာ သန်း ၄၀၀၀ ကျော်၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဒေါ်လာ သန်း ၂၇၀၀ ကျော်ရှိပြီး ယင်းကာလချေးငွေများ၏ ၉၇ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်သည်ဟု သိရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် (ဦးသိန်းစိန်အစိုးရလက်ထက်) အထိ ဒေါ်လာ သန်း ၃၁၀၀ ကျော် ရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ ဒေါ်လာ ၉၁ သန်း ကျော်သာ ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအရ ပြည်ပသို့ ပေးဆပ်ရမည့် ကြွေးမြီမှာ ဒေါ်လာ သန်း ၁၀၂၀၀ ကျော်ရှိကာ သန်း ၄၀၀၀ ကျော်မှာ တရုတ်နိုင်ငံသို့ ပြန်ဆပ်ရမည် ဖြစ်သည်။

မကွေးတိုင်း မဲဆန္ဒနယ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်းက “အဲဒီသည် ပြည်ပချေးငွေကို ကြည့်မယ်ဆိုရင် ဘယ်ခေတ်၊ ဘယ်အခါအချိန်မှာအကြွေးဝန်ထုပ်ဝန်ပိုး ပိခဲ့တယ်ဆိုတာ သိသာပေါ်လွင်စေပါတယ်။ ၎င်းကြွေးမြီများကို ပြန်လည်ပေးဆပ်ရင်တော့ ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်” ဟု ဆိုသည်။

ပြည်ပချေးငွေမျာမးှာ အတိုးနှုန်း သက်သာပြီး နှစ်ရှည် ပြန်ဆပ်ရသော်လည်း ချေးငွေရယူခဲ့သည့် အစိုးရက ပြန်လည် ပေးဆပ်ရခြင်း မဟုတ်ဘဲ နောက်တက်လာသည့် အစိုးရအဆက်ဆက်က ပေးဆပ်ရခြင်း ဖြစ်သည့် အလွယ်တကူ ချေးယူရန် တွန်းအားပေးမှု ပိုများနေသည်ဟုလည်း ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးသည်။

၎င်းက “ပြည်ပကြွေးမြီများဟာ သက်တမ်းရှည်လျားကြတာကြောင့် ရေရှည်မှာ နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှုကြောင့် ဆုံးရှုံးနိုင်ခြေများ မြင့်တက်လာနိုင်ပြီး အတိုးအရင်းပေါင်း ပေးချေရတဲ့ ပမာဏ များပြားလာနိုင်လို့ တချိန်မှာ အခွန် ပိုမိုကောက်ခံလာရတာမျိုး၊ ဘက်ဂျက်သုံးစွဲမှု လျော့ချလာရတာမျိုး၊ ပြည်တွင်းချေးငွေတွေနဲ့ ပြည်ပကြွေးမြီတွေကို ပြန်လည်ပေးဆပ်လာရတာမျိုးတွေ ဖြစ်နိုင်တာကြောင့် ချေးငွေချေးယူခြင်းမူဝါဒကို အတိအကျချမှတ်ကျင့်သုံးဖို့ လိုအပ်နေကြောင်း အထူးပြုပြောကြားလိုပါတယ်” ဟု ပြောသည်။

ပြည်ပချေးငွေ အစီရင်ခံစာနှင့် ချေးငွေရယူထားသော သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ပြည်ထောင်စုလွှတ်တော်၌ ပြန်လည်ရှင်းလင်းရမည် ဖြစ်သည်။

Your Thoughts …
Tags: စီမံကိန်းတရုတ်ချေးငွေပြည်ပကြွေးမြီ
မိုးမိုး

မိုးမိုး

...

Similar Picks:

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

အာဆီယံဥက္ကဋ္ဌ  လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

အာဆီယံဥက္ကဋ္ဌ လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

by ဧရာဝတီ
27 January 2024
2.8k

အရှေ့တောင်အာရှ သံတမန်များသည် ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံအပေါ် တရုတ်အကြွေး ချုပ်ကိုင်မှုကို အနီးကပ်စောင့်ကြည့်ရန် အချိန်ပေးနေရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်သူများ ရန်ကုန်ရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြကြစဉ် / ဧရာဝတီ

တရုတ်အကျိုးစီးပွားကို မတိုက်ခိုက်ရန် NUG ကို တရုတ် လာရောက်ဆွေးနွေး

by ဧရာဝတီ
21 January 2022
17.7k

ရန်ကုန်မြို့ရှိ တရုတ်သံရုံးက NUG ထံသို့ ဆက်သွယ်လာခြင်းဖြစ်သည်။

တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ MNDAA စာထုတ် (ရုပ်/သံ)

တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ MNDAA စာထုတ် (ရုပ်/သံ)

by ယဉ်မွန်
31 July 2024
776

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာအမျိုးသားမဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ စာထုတ်ပြန်ထားပါတယ်။

UK ခေတ်သစ် မဟာဗျူဟာ စီမံကိန်း ထိုင်း ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်

UK ခေတ်သစ် မဟာဗျူဟာ စီမံကိန်း ထိုင်း ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်

by ဧရာဝတီ
3 August 2025
455

ထိုင်းကုမ္ပဏီတွေ အနေနဲ့ UK မှာ လုပ်ငန်း တည်ထောင်နိုင်ဖို့နဲ့ ရှိပြီးသား လုပ်ငန်းတွေကို တိုးချဲ့နိုင်ဖို့ ရည်ရွယ်တယ်လို့…

၂၀၁၅ ခုနှစ် ဇွန်လအတွင်း ပဲခူးတိုင်း သမဝါယမ ငွေချေးပွဲတခုတွင် ပြသထားသော လယ်ယာသုံး စက်ကရိယာများ 

နာမည်ပျက်ပြီး မအောင်မြင်ခဲ့တဲ့ သမဝါယမဝန်ကြီးဌာန စစ်ကောင်စီ ပြန်ဖွဲ့

by ဧရာဝတီ
28 June 2021
20.7k

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို အာဏာသိမ်းစစ်ကောင်စီက ဇွန်လ ၁၇ ရက်က ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဇွန်လ ၂၄ ရက်တွင် ဦးလှမိုးကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

Next Post
Paris Hilton နဲ့ Chris Zylka

၂၀၁၈ခုနှစ်အတွင်း ပြတ်စဲသွားကြတဲ့ Celebrity စုံတွဲများ

စောင့်မျှော်ကြည့်ရှုရတောမယ့် Horror ရုပ်ရှင်များ

ရုပ်ရှင်ချစ်သူတွေ စောင့်မျှော်ကြည့်ရှုရတောမယ့် Horror ရုပ်ရှင်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved