• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ICC ဥပဒေအရာရှိကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်ပင်

by ဧရာဝတီ
6 April 2019
in သတင်း
A A
ICC ၏ ဥပဒေအရာရှိ ဖာတို ဘင်ဆူဒါ / Reuters

ICC ၏ ဥပဒေအရာရှိ ဖာတို ဘင်ဆူဒါ / Reuters

7.8k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ၏ ဥပဒေအရာရှိ ဖာတို ဘင်ဆူဒါကို အမေရိကန် နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ကြောင်း ၎င်း၏ရုံးက ကြာသပတေးနေ့တွင် ပြောကြားလိုက်ပြီး ယင်းသို့ ရုပ်သိမ်းရခြင်းမှာ အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့ဖွယ် ရှိသော စစ်ရာဇဝတ်မှုများကို ၎င်းက စုံစမ်းခဲ့ခြင်းအပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

မည်သည့် အမေရိကန်နိုင်ငံသားကို မဆို စုံစမ်းစစ်ဆေးရန် တိုက်ရိုက်တာဝန်ရှိသူ ICC အဖွဲ့ဝင်များအား အမေရိကန် နိုင်ငံက ပြည်ဝင်ခွင့် ငြင်းပယ်၊ သို့မဟုတ် ဖျက်သိမ်းရလိမ့်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ယခင်လက ပြောဆိုခဲ့သည်။

ယင်းတုံ့ပြန်မှုသည် စစ်ရာဇဝတ်မှု ဆိုင်ရာ ကမ္ဘာ့ အမြဲတမ်း တရားရုံး၏ ဆောင်ရွက်ချက်အပေါ် မလျော်ကန်သော ဝင်ရောက် စွက်ဖက်မှုဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများက ဝေဖန်လိုက်သည်။ ဥရောပသမဂ္ဂ ထံမှလည်း အလားတူ ဝေဖန်ထောက်ပြမှုများ ထွက်ပေါ်လာခဲ့သည်။

“အမေရိကန် အာဏာပိုင်တွေက ဒီဥပဒေအရာရှိကို ပြည်ဝင်ခွင့် ပိတ်လိုက်တယ်ဆိုတာ ကျနော်တို့ အတည်ပြု နိုင်ခဲ့ပါတယ်” ဟု ဘင်ဆူဒါ၏ ရုံးက ရိုက်တာသို့ အီးမေးလ်ဖြင့် ပြောကြားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

ဖာတို ဘင်ဆူဒါ အနေဖြင့် အမေရိကန်သို့ လာရောက်၍ ၎င်း၏ ကုလသမဂ္ဂ တာဝန် ဝတ္တရား ဆောင်ရွက်ရန်အတွက် ထိခိုက်မှု မရှိစေသင့်ကြောင်း နားလည်ရသည်ဟု အဆိုပါ မေးလ်တွင် ဆိုထားသည်။

ICC သည် ကုလသမဂ္ဂ တရားရုံး မဟုတ်သော်လည်း ဘင်ဆူဒါသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံသို့ ဟိဂ်မြို့ရှိ ICC ကိုယ်စား ပုံမှန် တင်ပြရသည်။

ကုလသမဂ္ဂသို့ တရားဝင် လာရောက်ရသည့် နိုင်ငံတကာ အဖွဲ့အစည်းများက အဖွဲ့ဝင်များအတွက် သံတမန် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဆိုသည်။

“ပြည်ဝင်ဖို့ အရည်အချင်း ပြည့်မီမှုကိုကြည့်ပြီးတော့ လျှောက်ထားသူတွေကို ကျနော်တို့က အဆောတလျင် ထောက်ခံပေးမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ပြောခွင့်ရသူက ရှင်းပြသည်။

အမေရိကန်သည် အခြားအင်အားကြီး နိုင်ငံများ ဖြစ်ကြသော ရုရှားနှင့်တရုတ်ကဲ့သို့ပင် ICC အဖွဲ့ဝင် မဟုတ်ပေ။

ဘင်ဆူဒါသည် သူ၏ တာဝန်ဝတ္တရားများကို “ကြောက်ရွံ့ခြင်းနှင့် မျက်နှာသာပေးခြင်း ကင်းစွာဖြင့်” ဆက်လက် ဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း အဆိုပါ ဥပဒေအရာရှိရုံးက ကြာသပတေးနေ့တွင် ပြောသည်။

အာဖဂန်နစ္စတန် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အဖွဲ့အစည်း အားလုံးအပေါ် စွဲချက်များကို သူ့အနေဖြင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက စုံစမ်းစစ်ဆေးနေခဲ့ရာတွင် သံသယ ရှိသူများအား ဖမ်းဆီးမှုတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ဖြစ်နိုင်ချေရှိသည့် အခန်းကဏ္ဍလည်း ပါဝင်ခဲ့သည်။

ICC တရားသူကြီးများက အကြောင်းချင်းရာများကို သုံးသပ်နေဆဲဖြစ်ပြီး အာဖဂန်နစ္စတန် နိုင်ငံတွင် တရားဝင် ကွင်းဆင်း၍ စုံစမ်းလေ့လာရန် ဆုံးဖြတ်ချက် မချရသေးပေ။

ICC သည် အဖွဲ့ဝင် ၁၂၂ နိုင်ငံပါဝင်သော နောက်ဆုံး အထောက်အကူပြု တရားရုံးတရုံး ဖြစ်သည်။ ရက်စက်သည့် စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်ခြင်း (သို့မဟုတ်) ဆိုးဝါးသော ကျူးလွန်မှုများအပေါ် နိုင်ငံများအနေဖြင့် စီရင်ဆုံးဖြတ်ရန် မစွမ်းနိုင်ခြင်း (သို့မဟုတ်) ဆန္ဒမရှိခြင်း ဖြစ်ပေါ်သည့်အခါ ICC က တရားစီရင် ပေးနိုင်သည်။

ကိုးကား ။ ။ Reuters

Your Thoughts …
Tags: ICCအမေရိကန် ပြည်ဝင်ခွင့်အာဖဂန်နစ္စတန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

by Anthony Davis
17 July 2024
8.6k

လာမည့်နှစ်အတွင်း မြန်မာ၏ ဖရိုဖရဲနိုင်သည့် စစ်မြေပြင်ကို ပုံဖော်ရာတွင် အဓိက အချိန်မရွေး ပြောင်းလဲနိုင်သည့် အခြေအနေ နှစ်ခုသည် အရေးပါမည်ဖြစ်သည်။

မောင်တောတိုက်ပွဲနှင့် နောက်ဆက်တွဲ မွတ်ဆလင်ပျူ‌စောထီး ပြဿနာ

မောင်တောတိုက်ပွဲနှင့် နောက်ဆက်တွဲ မွတ်ဆလင်ပျူ‌စောထီး ပြဿနာ

by ဗညားအောင်
12 December 2024
7.8k

ဘူးသီးတောင်၊ မောင်တောတိုက်ပွဲတွင် တွေ့ရသည့်ပြဿနာမှာ ရိုဟင်ဂျာ မွတ်ဆလင်များက မြန်မာစစ်တပ်နှင့် ရန်/ငါ မပြတ်သားမှု ပြဿနာဖြစ်၏။

၂၀၂၄ ခုနှစ်အတွင်း အထင်ကရဖြစ်သူများ

၂၀၂၄ ခုနှစ်အတွင်း အထင်ကရဖြစ်သူများ

by ဧရာဝတီ
30 December 2024
6.8k

၂၀၂၄ ခုနှစ် တနှစ်လုံး ရခိုင် တပြည်နယ်လုံးနီးပါး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် AA ၏ နှစ်ဟုပင် ဆိုရမည်ဖြစ်သည်။

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

by ဂျိမ်းရွှေ
17 February 2025
6.5k

ခေါင်းအေးအေးထားပြီး တုံ့ပြန်ပါ။ ဤကိစ္စသည် လူထုကို စိတ်မငြိမ်မသက် ဖြစ်စေပြီး စိတ်ဓာတ်ကျစေမှု၊ တဦးနှင့်တဦး အပြစ်တင်၍ စိတ်ဝမ်းကွဲစေမှုတို့ ဖြစ်စေနိုင်ပါသည်။

Next Post
"Ehang 216" မိုးပျံတက္ကစီ

လေယာဉ်မှူး မပါတဲ့ မိုးပျံတက္ကစီကို ဗီယင်နာမြို့တွင် စမ်းသပ် ပျံသန်း

အဆိုတော် နီနီခင်ဇော် / ချစ်ပိုး / ဧရာဝတီ

ဒီနှစ် ရန်ကုန် မြကျွန်းသာ သင်္ကြန်မှာ ဖျော်ဖြေမယ့် အဆိုတော် နီနီခင်ဇော်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved