• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စသုံးလုံး ညွှန်ကြားရေးမှူး အိမ်မှ ဖောက်ထွင်းခံရသည့် ပစ္စည်းများ ပြန်တွေ့

by ဉာဏ်စိုးဝင်း
19 April 2019
in သတင်း
A A
သံသယ တရားခံ ရဲမင်းပိုင်နှင့် ဇနီး  / ဉာဏ်စိုးဝင်း / ဧရာဝတီ

သံသယ တရားခံ ရဲမင်းပိုင်နှင့် ဇနီး / ဉာဏ်စိုးဝင်း / ဧရာဝတီ

92.7k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်း နေအိမ်မှ ဖောက်ထွင်း ခိုးယူခြင်း ခံရသည့်ပစ္စည်းများကို သံသယရှိသူ၏ နေအိမ်မှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

နေအိမ် ဖောက်ထွင်းခံရမှုမှာ ဧပြီ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွှေ ၃၀ ကျပ်သား ဝန်းကျင်နှင့် ကျပ် သိန်း ၈၀ ခန့် ပါသွားပြီး ယင်းပစ္စည်းများကို ဖောက်ထွင်းမှုဖြင့် သံသယရှိသူ နေအိမ်မှ ဧပြီ ၁၈ ရက်နေ့တွင် ပြန်လည် သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဖောက်ထွင်းမှုဖြင့် သံသယရှိနေသည့် ရဲမင်းပိုင် (၂၄) နှစ်မှာ စသုံးလုံး ညွှန်ကြားရေးမှူး၏ နေအိမ်ကို မဖောက်ထွင်းမီ ယင်းနေ့မနက်ပိုင်းက မော်လမြိုင်မြို့ပေါ်ရှိ အခြား အိမ်တအိမ်ကို အလားတူ ဝင်ရောက် ခဲ့သည့် ဖြစ်စဉ်မှ သဲလွန်စရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းအိမ်သို့ ဝင်ရောက် ဖောက်ထွင်းချိန်တွင် မီးခံသေတ္တာအား မဖောက်နိုင်ခဲ့၍ ပစ္စည်းများ ပါမသွားခဲ့ကြောင်း သို့သော်လည်း ယင်းအိမ်တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းတွင် ရဲမင်းပိုင်၏ ဖောက်ထွင်းမှု လှုပ်ရှားပုံ မှတ်တမ်းများ ကျန်ခဲ့ကြောင်း သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
30
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
33
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
639

ထိုမှတ်တမ်းထဲမှ တရားခံသည် စသုံးလုံး ညွှန်မှူးအိမ်သို့ ဝင်ရောက်ဖောက်ထွင်းသူ ဖြစ်နိုင်ဖွယ်ရှိကြောင်း ရဲက သံသယ ရှိခဲ့ပြီး ယင်းသံသယ တရားခံ ရဲမင်းပိုင်ဆိုသူ နေထိုင်ရာ နေရာကို စုံစမ်း သိရှိခဲ့ပြီးနောက် ပိတ်ဆို့ ရှာဖွေမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သံသယ တရားခံအိမ်မှ ရှာဖွေတွေ့ရှိခဲ့သော ပစ္စည်းများ (ဓာတ်ပုံ – မွန်ပြည်နယ် ရဲတပ်ဖွဲ့)

ရဲမင်းပိုင်မှာ မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်းမ ဘောလုံးကွင်း၊ ဇွဲကပင်ခြံ (မုပွန်သင်္ချိုင်းအနီး) ၌ ဇနီးဖြစ်သူ မဇာဇာအောင် (ခ) မလိမ္မာ (၂၆ နှစ်) နှင့်အတူ နေထိုင်ပြီး ပိတ်ဆို့ ဖမ်းဆီးစဉ် ရဲမင်းပိုင်နှင့် အမျိုးသား တဦးတို့မှာ အဖြူရောင် Wave I ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက် သွားခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

နေအိမ်အတွင်းသို့ ဝင်ရောက် ရှာဖွေရာတွင် လက်ဝတ်ရတနာ ၉၇ မျိုး၊ ကျပ်ငွေ သိန်း ၅၀၊ EFI Yamaha ဆိုင်ကယ်တစီးအပြင် ထိုင်းဘတ်ငွေ ၆၆၉၃ ဘတ်တို့ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း မုပွန်နယ်မြေ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

ရဲမင်းပိုင်၏ ဇနီးဖြစ်သူကိုတော့ ရဲက ထိန်းသိမ်းထားသည်။ ရဲမင်းပိုင်ကို အမြန်ဆုံး ဖမ်းဆီး ရမိရေး အတွက် ပိတ်ဆို့ ရှာဖွေမှုများလည်း ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရဲတပ်ဖွဲ့သိမ်းဆည်းရရှိခဲ့သည့် သတ်သေခံ လက်ဝတ်ရတနာ ၉၇ ခု၏ ရွှေနှင့် ကျောက် စုစုပေါင်းအလေးချိန်မှာ ၂၈ ကျပ်သားဖြစ်ကြောင်းနှင့် သိမ်းဆည်းရရှိခဲ့သည့် သက်သေခံပစ္စည်းများအနက်မှ လက်ကောက် ၂ ကွင်းကို ကိုရဲမင်းပိုင်၏ နေအိမ်ဘေးကပ်လျှက်တွင် နေထိုင်သော ကိုလှနိုင် (ခ) လက်မဇမ်းအာလီ (၂၁ နှစ်) နှင့် ဇနီးဖြစ်သူ မဟာဇဒါ (ခ) အိအိစံ (၂၃ နှစ်) တို့၏ ပိုက်ဆံအိတ်အတွင်းမှ သိမ်းဆည်းရမိခဲ့ခြင်းကြောင့် ၎င်းတို့ ၂ ဦးကိုပါ ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့သိမ်းဆည်းရမိခဲ့သော ပစ္စည်းများထဲတွင် စသုံးလုံး ညွှန်ကြားရေးမှူး အိမ်မှ ပစ္စည်းများ အပြင် အခြား ထိုင်းဘတ်ငွေနှင့် လက်ဝတ်ရတနာများမှာ မည်သည့် အိမ်များမှ ဖောက်ထွင်း၍ ရရှိခဲ့သည့် ပစ္စည်းများ ဆိုသည်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ် ဖတ်ရှုရန်

မွန်ပြည်နယ် စသုံးလုံး ညွှန်ကြားရေးမှူးအိမ် ဖောက်ထွင်းခံရ

Your Thoughts …
Tags: စစစစသုံးလုံးညွှန်ကြားရေးမှူးဖောက်ထွင်းမှုမွန်ပြည်နယ်
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

by မိုးစက်ငြိမ်းချမ်း
6 September 2023
7.2k

တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

by အေးချမ်းဆု
16 October 2023
7k

PNDF သည် စစ်အာဏာရှင် အပြုတ်တိုက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းချက်ထား၏။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

by မိုးစက်ငြိမ်းချမ်း
4 September 2023
6.4k

၂၀၂၃ မိုးရာသီတွင် မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သော တိုက်ပွဲကြီးများ နေ့စဉ်ဖြစ်ပွားလာကာ ကရင်နီပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားသည်။

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

by အေးချမ်းဆု
5 July 2025
4.3k

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ်အတွင်း ပြောက်ကျားတိုက်ပွဲများသာ များသည်။

စစ်တပ် ထိန်းချုပ်ထားသည့် မိုးမိတ်မြို့၌ အိမ်များ ဖောက်ထွင်းခံနေရ

စစ်တပ် ထိန်းချုပ်ထားသည့် မိုးမိတ်မြို့၌ အိမ်များ ဖောက်ထွင်းခံနေရ

by ဧရာဝတီ
5 February 2024
2.1k

မိုးမိတ်မြို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံများ ဝင်ရောက် နေထိုင်ခွင့်မပြုသေးသည့်အချိန်မှာပင် နေအိမ်၊ ဈေးဆိုင်ခန်းများ ဖောက်ထွင်းခံရမှု ဖြစ်ပွားနေ

Next Post
ရန်ကုန်မြို့လည် အမြင့်မြင်ကွင်း  / ဧရာဝတီ

စီးပွားရေး လုပ်ကိုင်ရ လွယ်မှု အဆင့် တက်ရန် ပြောင်းလဲမှုများ လုပ်ဆောင်နေဟု ဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် ( / ဧရာဝတီ

ARSA အကြမ်းဖက်မှု စုံစမ်းရေး ဥပဒေအကြံပေးအဖွဲ့ တပ်မတော်ဖွဲ့စည်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved