• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆည်မြောင်းများ ဘေးကင်းလုံခြုံရေး အစိုးရ အစီအစဉ် လွှတ်တော်တွင် မေးခွန်းထုတ်

by မိုးမိုး
23 August 2019
in သတင်း
A A
ကျိုးပေါက်သွားသော ကန်တော်ဆည်  / ဒီလှိုင်းဝင်း /  ဧရာဝတီ

ကျိုးပေါက်သွားသော ကန်တော်ဆည် / ဒီလှိုင်းဝင်း / ဧရာဝတီ

4.4k
VIEWS
Share on FacebookShare on Twitter

ဆည်မြောင်း တာတမံကြီးများ အန္တရာယ်ကင်း လုံခြုံစိတ်ချစေရန် အတွက် အစိုးရ၏ ထိန်းသိမ်းစောင့်ရှောက်မှု အစီအစဉ် များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအမတ်က ယမန်နေ့ ကျင်းပသည့် လွှတ်တော်၌ မေးခွန်းထုတ်လိုက် သည်။

ဆည်တာတမံကြီးများကို အရည်အသွေး ပြည့်ဝစွာ တည်ဆောက်ထားသော်လည်း စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် ခြင်း မပြုလုပ်ပါက ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်သဖြင့် ယခုကဲ့သို့ လွှတ်တော်သို့ မေးမြန်းရခြင်းဖြစ်ကြောင်း NLD ပါတီ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြော သည်။

၎င်းက “ယခုခေတ် ရာသီဥတုဟာ ဘာမှ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိသဖြင့် နိုင်ငံတော်၏ ပြည်သူ့ အကျိုးငှာ၊ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသော တမံကြီးများကို အန္တရာယ်ကင်း လုံခြုံ စိတ်ချရန် မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက် စီမံနေသည်ကို သိရှိလိုပါတယ်” ဟု လွှတ်တော်တွင် မေးမြန်း သွားသည်။

ယင်းသို့ မေးမြန်းမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု ဝန်ကြီး ဦးလှကျော်က ရေစီးဝင်မှု ပမာဏ များပြားသည့် ရေလှောင်တမံများ၌ အကူရေပိုလွှဲများ ထပ်မံထည့်သွင်း တည် ဆောက်ခြင်း၊ ရေလှောင်တမံ ကြံ့ခိုင်မှု၊ ဘေး ကင်းလုံခြုံမှုများ အတွက် စောင့်ကြည့် စစ်ဆေးတိုင်းတာ နိုင်သည့် Monitoring system များ တပ်ဆင်သွားရန် စီစဉ်လျက် ရှိကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။

ဦးလှကျော်က “ပြည်သူများ အသက်အိုးအိမ် စည်းစိမ် ထိခိုက်ပျက်စီးမှု လျော့ပါး သက်သာစေဖို့ ဒေသဆိုင်ရာ အုပ်ချုပ် ရေး အဖွဲ့အစည်းတွေ၊ ဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းပြီး ကြိုတင် စီမံဆောင်ရွက် နိုင်ရေး အတွက် ရေလှောင်တမံ တခုချင်း အလိုက် အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်(EPP- Emergency Preparedness Plan) တွေ စနစ်တကျ ရေးဆွဲ ဆောင်ရွက်လျက်ရှိ ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ထိုသို့ ဖြေကြားချက်များတွင် အားရစရာ အဖြေ ပါဝင်ခြင်း မရှိဘဲ ဝန်ကြီးဌာန အနေဖြင့် ယခုထက်ပို ၍ အားစိုက်ပြီး လုပ်စေ ချင်ကြောင်း၊ ဝန်ကြီးဌာနဘက်မှ ဆည်များ၏ ခံနိုင်ရည် ရှိမရှိကို စစ်ဆေးပြီး အခြေအနေကောင်းသည် ဟု ပြောပြီးနောက် ရက်မှာပဲ ဖြစ်သွားခဲ့သည့် ဆွာရေလွှဲဆည် ကိစ္စမျိုး မဖြစ်ရန် လိုအပ်ကြောင်း ဦးထွန်းထွန်းဦးက လွှတ်တော်အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောသည်။

မြန်မာနိုင်ငံ တာတမံကြီးများ ဆိုင်ရာ အမျိုးသားကော်မတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ ယုမောင်က “ဝန်ကြီး ဌာန အနေနဲ့ အဆင့်ဆင့် လုပ်ထားတာတွေ ရှိတယ်။ နောက်ပိုင်းမှာ စမ်းသပ်မှု တွေ ပြုလုပ်လာတာ တွေ့ရတယ်။ ဘယ်လို အခြေအနေမှာ ဘာဖြစ်နိုင်တယ် ဆိုတာတွေ စသဖြင့် လုပ်တာ တွေ့ရတယ်” ဟု သုံးသပ်ပြောဆိုသည်။

ဆည်မြောင်းများမှာ များစွာ အန္တရာယ်ရှိသည့် အတွက် ဆည်မြောင်း၊ တမံများ ပြုပြင်ထိန်းသိမ်း စရိတ်အဖြစ် နှစ်စဉ် ဘီလီယံ ၇၀ ခန့် ခွင့်ပြုထားကြောင်း၊ ယင်းဘတ်ဂျက်များကို အမှန်တကယ် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် ဆည်၊ မြောင်း ၊ တာတမံများ ထံသို့ ရောက် မရောက် ဆိုသည့် ကိစ္စမှာ မေးခွန်းထုတ်စရာ ကိစ္စဖြစ်ကြောင်း ဆိပ်ကြီး ခနောင်တိုမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

၂၀၁၈ ခုနှစ် သြဂုတ်လက ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ရေတာရှည် မြို့နယ်ရှိ ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ နံရံ ပြိုကျမှုကြောင့် အိမ်ခြေ ၁ သောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ သောင်းချီ ရေဘေးသင့်ကိစ္စ ဖြစ်ပေါ်ခဲ့သည့် အတွက် အဆိုပါ ဘတ်ဂျက်ငွေများကို မည်ကဲ့သို့ ခွဲဝေသုံးစွဲကြောင်းကို ဦးတင်ထွန်းနိုင်က ပြည်ထောင် စုလွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

၎င်းက “ဒီဘတ်ဂျက်တွေကို ဘယ်လို စီမံခန့်ခွဲ သုံးစွဲနေသလဲ ဆိုတာကို သိရဖို့ လိုတယ်။ မေးခွန်း မေးတော့ လွှတ်တော် ထဲမှာ ပြန်မဖြေဘဲ သိချင်ပါက ဝန်ကြီးဌာနက စာနဲ့ရေးပြီး မေးပါဆိုပြီး ဖြေသွားတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဆည်၊ ရေလှောင်တမံပေါင်း ၂၄၂ ခု ရှိပြီး ဂရုတစိုက် စောင့်ကြပ် ထိန်းသိမ်းရမည့် အရေးကြီးသော ဆည် များမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်၌ ၃၅ ခု၊ ရေအား လျှပ်စစ်အောက်တွင် ၇ ခု စုစုပေါင်း ၄၂ ခု ရှိကြောင်း ယခုကဲ့သို့ မိုးတွင်းကာလ၌ ဆည်များ တွင် ဆုံးဖြတ်ချက် ပေးနိုင်သည့် အရာရှိ အဆင့်များကို နေ့ည မပြတ် ထားရှိပေးရန် လိုအပ်ကြောင်း ဦးထွန်းထွန်းဦးက ပြောဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်တွင် ဆည်တမံ အရေအတွက် စုစုပေါင်း ၂၃၅ ခု ရှိ ကာ ရေလှောင် ပမာဏ အများဆုံး ဖြစ်သော၂၈ သိန်း ၈ သောင်း ဧကပေ သိုလှောင်နိုင်သည့် သဖန်းဆိပ်ဆည်နှင့်၊ ဧက ပေ ၇ သောင်း သိုလှောင်နိုင်သည့် မမြဆည်တို့ကြား ရဲနွယ်၊ ခပေါင်း၊ ကင်းတား၊ မုန်းချောင်း၊ ပေါင်းလောင်း စသည်ဖြင့် ဆည်ကြီး စာရင်းဝင်သည့် ဆည်အရေ အတွက် ၄၀ ခန့် ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ အတွင်းက လွှတ်တော်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက NLD အစိုးရလက်ထက်တွင် ဆည်အသစ်ဆောက်လုပ်ခြင်း မရှိကြောင်း ပြောကြားထား သည်။

ဆက်စပ်ဖတ်ရှု့ရန် – ဆွာချောင်းတမံ ပြုပြင်ထိန်းသိမ်းမှု အပေါ် လွှတ်တော်တွင် မေးခွန်းထုတ် 

Your Thoughts …
Tags: ဆည်မြောင်း တာတမံအန္တရာယ်
မိုးမိုး

မိုးမိုး

...

Similar Picks:

ရန်ကုန်မြို့ရှိ အပေါက်များ အကြောင်း

ရန်ကုန်မြို့ရှိ အပေါက်များ အကြောင်း

by မောင်သော်က
8 June 2024
4.2k

ညအချိန်တွင် အပေါက်တို့၏ အန္တရာယ် ပို၍ ထူပြော၏။ အသွားမတော် တလှမ်း ဟူသကဲ့သို့ …

မန္တလေးမြို့တွင် ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်သော စားသုံးသူ အကာအကွယ်ပေးရေးနှင့် အသိပညာ ပေးရေးဆိုင်ရာ လူထုဆွေးနွေးပွဲ  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းရှင်များ ပူးပေါင်းမှု အားနည်းဟု ဆို

by မြတ်ပြည့်ဖြိုး
14 December 2018
6.9k

စီးပွား ရေး လုပ်ငန်းရှင် တချို့က ဝိသမ လောဘသမားတွေ ရှိတယ်။ ရေသန့် တံဆိပ် တခုကို သောက်သုံးရန် မသင့်လို့ ကြေ ညာလိုက်ရင် တခြား နာမည် တခုနဲ့ ပြောင်းထုတ်ကြတယ်။

Next Post
အဆိုတော် ၊ သရုပ်ဆောင် ထွန်းထွန်း /  ဧရာဝတီ

ACID အဖွဲ့လို FG Live Lounge ပွဲမှာ ဖျော်ဖြေချင်တယ်လို့ ထွန်းထွန်း ပြော

Qantas လေကြောင်းလိုင်း

ကမ္ဘာ့အကြာဆုံး လေယာဉ်ခရီးစဉ်များ စမ်းသပ်ပျံသန်းမယ့် လေကြောင်းလိုင်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved