• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ACID အဖွဲ့လို FG Live Lounge ပွဲမှာ ဖျော်ဖြေချင်တယ်လို့ ထွန်းထွန်း ပြော

by ချစ်ပိုး
23 August 2019
in Entertainment
A A
အဆိုတော် ၊ သရုပ်ဆောင် ထွန်းထွန်း /  ဧရာဝတီ

အဆိုတော် ၊ သရုပ်ဆောင် ထွန်းထွန်း / ဧရာဝတီ

4.9k
VIEWS
Share on FacebookShare on Twitter

Examplez အဖွဲ့အနေနဲ့ တချိန်က အဆိုတော်အဖြစ် လုပ်ကိုင်ခဲ့တဲ့ အဆိုတော် ထွန်းထွန်းကတော့ အခုချိန်မှာ သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေပြီး မကြာသေးခင်က ACID အဖွဲ့ FG Live Lounge ပွဲမှာ ဖျော်ဖြေခဲ့သလို Examplez အနေနဲ့လည်း ဖျော်ဖြေချင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ ACID အဖွဲ့က လုပ်သွာတာတွေ့တော့ Examplez အနေနဲ့ လုပ်ချင်နေတာ အရမ်းကြာပြီ။ အဲ့ဒါလေး လုပ်ချင်တယ်။ ဘယ်လို ဖြစ်ဦးမလဲတော့ မသိဘူး။ ကျနော် အပါအဝင် ၄ ယောက် ရှိတာဆိုတော့ ကျနော် တယောက်တည်း ဆုံးဖြတ်ချက်နဲ့တော့ မရဘူး။ အားလုံးဆုံးဖြတ်ချက်နဲ့ ရမှာဆိုတော့ တိုင်ပင်ကြရဦးမှာပေါ့။ အဖွဲ့သားတွေနဲ့ လူချင်းတော့ တွေ့ဖြစ်တယ်။ အကုန်လုံးကလည်း ကိုယ့်စီးပွားနဲ့ကိုယ် ဖြစ်နေတာဆိုတော့ တကယ် မလုပ်ဖြစ်သေးဘူး”လို့ ထွန်းထွန်းက ပြောပါတယ်။

“ကျနော်တို့ ၄ ယောက် အနုပညာလောကထဲကို ရောက်လာပြီး ကျနော်က အနုပညာလောကထဲ ကျန်ခဲ့တယ်။ ကျန်တဲ့သူတွေကတော့ သူတို့ စီးပွားရေးနဲ့ မိသားစုတွေလည်း ရှိနေတော့ ဒီအနုပညာက အနိမ့်အမြင့် အတက်အကျ ရှိတယ်။ သူတို့ အနုပညာတွေ လုပ်ဖို့ စိတ်ပေါ်မှာပဲ အဓိက ကျပါတယ်။ ကျနော်တို့ တတိယခွေဆို အကုန်ပြီးနေပြီ၊ မထွက်တာ။ အခွေလေးတော့ ထွက်သွားစေချင်တယ်”လို့ ထွန်းထွန်းက ဆက်ပြောပါတယ်။

သရုပ်ဆောင် ထွန်းထွန်းက လက်ရှိမှာ Bo Bo Film Proudution နဲ့အတူ “ခေါ်သံ” ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ကူးနေပြီး ကာရိုက်တာ ပြောင်းသွားတာ မဟုတ်တဲ့အတွက် ပြင်ဆင်ခဲ့ရတာ မရှိဘူးလို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
130
သဇင်ပန်း

သဇင်ပန်း

10 January 2026
144
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

“လတ်တလောမှာ ခေါ်သံ ရိုက်နေတယ်။ မပြီးသေးပါဘူး။ ကျနော် အဲ့ကားထဲမှာ အရက်သောက်တယ်။ ရွာရဲ့ အော်ကြော့လန် ၅ ယောက်ထဲက တယောက်ပေါ့။ အဓိက ဒါရိုက်တာ လိုချင်တဲ့ ဇာတ်ကောင် စရိုက်ပုံစံရယ်၊ အဝတ်အစားပုံစံတွေရယ်။၊ဇာတ်ညွှန်းရဲ့ လိုအပ်ချက်အတိုင်း သရုပ်ဆောင်ရတယ်။ အရမ်းကာရိုက်တာ ပြောင်းသွားတာ မဟုတ်တဲ့အတွက် အရမ်းပြင်ဆင်ခဲ့ရတာတော့ မရှိပါဘူး”လို့ ထွန်းထွန်းက ပြောပါတယ်။

ထွန်းထွန်းဟာ မကြာခင်မှာလည်း ရေဘေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲနဲ့ ဖျော်ဖြေပွဲတို့မှာ Music FC အနေနဲ့ ပါဝင်သွားမယ်လို့ သိရပါတယ်။

“သြဂုတ်လ ၂၄ ရက်နေ့ ရေဘေးအတွက် ရန်ပုံငွေ ဘောလုံးပွဲမှာ Music FC အနေနဲ့ပါဝင်သွားမယ်။ ရန်ပုံငွေပွဲလည်း ဖြစ်တယ်။ ပါတဲ့သူတွေ အကုန်လုံးက အလှူငွေ ရဖို့ အကုန်လုံး ဝိုင်းဝန်းပါဝင်ကြမှာဆိုတော့ ပျော်စရာလည်း ကောင်းမှာပါ။ အနုပညာ ညီအစ်ကိုတွေ ကွင်းထဲမှာ စုစုစည်းစည်းနဲ့ ဆော့ကြမှာပေါ့”လို့ သူက ပြောပါတယ်။

သရုပ်ဆောင် ထွန်းထွန်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဆက်တိုက် ပါဝင် သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဂီတလောကကနေ သရုပ်ဆောင်ပိုင်းကို ပြောင်းလဲ လုပ်ကိုင်ခဲ့တဲ့ ထွန်းထွန်းဟာ ၂၀၁၆ ခုနှစ်မှာ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

You may also like these stories:

ပရိသတ်တွေက “မိန်းမယူစေချင်နေကြပြီလား” လို့ မေးလိုက်တဲ့ ထွန်းထွန်း(Examplez)

“နိုင်ငံကြီးသား တယောက်ဖြစ်ဖို့ စည်းကမ်းနဲ့ စာနာစိတ်ရှိဖို့ လိုတယ်”လို့ ထွန်းထွန်း ပြော

“လူတယောက်ချင်းစီမှာ ကောင်းတဲ့ စိတ်ထားတွေရှိရင် ကောင်းမယ်”လို့ ထွန်းထွန်း ပြော

Your Thoughts …
Tags: ExamplezFG Live Loungeထွန်းထွန်း
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း / Tun Tun Examplez's Facebook

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ အနုပညာသက်တမ်း ၁၈ နှစ်ရှိပြီ ဖြစ်တဲ့ ထွန်းထွန်း

by ချစ်ပိုး
15 October 2020
7.4k

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ပရိုဂျူဆာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက ကျနော့်အပေါ်မှာ အကောင်းဆုံး တည်ဆောက်ပေးခဲ့တဲ့အတွက် အကယ်ဒမီ ထွန်းထွန်း အနေနဲ့ ရပ်တည်ခွင့်ရနေတာ ဖြစ်ပါတယ်။

သရုပ်ဆောင် ထွန်းထွန်း  / ချစ်ပိုး / ဧရာဝတီ

“နိုင်ငံကြီးသား တယောက်ဖြစ်ဖို့ စည်းကမ်းနဲ့ စာနာစိတ်ရှိဖို့ လိုတယ်”လို့ ထွန်းထွန်း ပြော

by ချစ်ပိုး
7 August 2019
8.7k

ရာထူး အခွင့်အာဏာတွေ ပေါ်မှာလည်း မူတည်ပြီးတော့ သုံးသပ်ပြထားတာလည်း ရှိတယ်။ ဒီကားလေးက ပညာပေးရာမှာ ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ ပေးထားတဲ့ ကားလေးလို့ ပြောလိုပါတယ်"လို့ ထွန်းထွန်းက ပြောပါတယ်။

အဆိုတော်၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း / ယုဖြူဟန် / ဧရာဝတီ

အနုပညာရှင်တွေ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး ထွန်းထွန်း ဘာပြောလဲ

by ချစ်ပိုး
16 August 2018
9.4k

“ကြိုက်လို့ လုပ်နေတာကို မတားဆီးလိုဘူး။ ဝေဖန်မှုလည်း မပေးလိုဘူး။ ကိုယ့် Personality ကို ထိုးချစေမယ့် အရာတွေကို မလုပ်တာတော့ အကောင်းဆုံးပါ။

အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း  / ချစ်ပိုး / ဧရာဝတီ

ဂီတလောကနဲ့ အလှမ်းဝေးနေဦးမယ့် အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း

by ချစ်ပိုး
28 September 2018
7.8k

သီချင်းတွေနဲ့ ပတ်သတ်ရင် ကိုယ်တိုင်လုပ်ရမှ ကျေနပ်တဲ့သူဖြစ်တဲ့အတွက် အခုတော့ ဂီတနဲ့ ပတ်သက်ပြီး အလှမ်းဝေးနေဦးမှာပါ”

Examplez အဆိုတော် အဖွဲ့ / Examplez's Facebook

ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်မယ့် “20 Years of Examplez Live Show”

by ယုဖြူဟန်
2 December 2020
4.9k

ဒီပွဲမှာတော့ Examplez အဖွဲ့နဲ့အတူ သူတို့အဖွဲ့ရဲ့လက်ဦးဆရာဖြစ်တဲ့ အဆိုတော် ဟဲလေး၊ ဧည့်သည် အဆိုတော်အနေနဲ့ မေလသံစဉ်တို့က ပါဝင်သီဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း / ယုဖြူဟန် / ဧရာဝတီ

အမှိုက်ကောက်သမားဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမယ့် အကယ်ဒမီ ထွန်းထွန်း

by ယုဖြူဟန်
10 August 2017
6.8k

ဇာတ်ကားရိုက်ကူးမှုတွေ များပြားနေပြီး ထွန်းထွန်းကို သူ့ရဲ့အဆိုပိုင်းနဲ့ ပတ်သက်လို့ မေးကြည့်တဲ့ အခါမှာတော့ “သီချင်းသီဆိုမှုကတော့ မရှိသေးပါဘူး။ ဒီနှစ်ထဲမှာတော့ လောလောဆယ်ရိုက်ကူးရေးတွေနဲ့ အချိန်ကုန် သွားပါမယ်။ အခွေထွက်သွားဖို့ကတော့ မရှိသေးပါဘူး။ ထွက်ဖြစ်ရင်တော့ နောက်နှစ်ထဲမှာလုပ်ဖြစ်မယ်” လို့ သူက ပြောပါတယ်။

Next Post
Qantas လေကြောင်းလိုင်း

ကမ္ဘာ့အကြာဆုံး လေယာဉ်ခရီးစဉ်များ စမ်းသပ်ပျံသန်းမယ့် လေကြောင်းလိုင်း

ဂျပန်နိုင်ငံကို လာရောက်ကြတဲ့ တောင်ကိုရီးယား ခရီးသွားများ

ကုန်သွယ်ရေး အငြင်းပွားမှုကြောင့် ဂျပန်နိုင်ငံကို တောင်ကိုရီးယား ခရီးသွား ဝင်ရောက်မှု ကျဆင်း

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved