• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“နိုင်ငံကြီးသား တယောက်ဖြစ်ဖို့ စည်းကမ်းနဲ့ စာနာစိတ်ရှိဖို့ လိုတယ်”လို့ ထွန်းထွန်း ပြော

by ချစ်ပိုး
7 August 2019
in Entertainment
A A
သရုပ်ဆောင် ထွန်းထွန်း  / ချစ်ပိုး / ဧရာဝတီ

သရုပ်ဆောင် ထွန်းထွန်း / ချစ်ပိုး / ဧရာဝတီ

8.7k
VIEWS
Share on FacebookShare on Twitter

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးပြီး မကြာခင် ရုံတင် ပြသတော့မယ့် “နိုင်ငံကြီးသား” ရုပ်ရှင်မှာ ဒုရဲအုပ် တယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ထွန်းထွန်းက နိုင်ငံကြီးသား တယောက်ဖြစ်ဖို့ စည်းကမ်းနဲ့ စာနာစိတ်ရှိဖို့ လိုတယ်လို့ ပြောပါတယ်။

“နိုင်ငံကြီးသား ဇာတ်ကားလေးမှာ ဒုရဲအုပ် ကာရိုက်တာလေးပေါ့။ အမှန်တရားကို မြတ်နိုးတယ်၊ တာဝန်သိတဲ့ ရဲတယောက်ပေါ့။ အဝတ်စားပိုင်းတွေရော သွားလာလှုပ်ရှားတဲ့ အပိုင်းတွေရော အကုန်လုံးလိုအပ်တာတွေ ပြင်ဆင်ရပါတယ်”

“နိုင်ငံကြီးသားဇာတ်ကားက ခေါင်းစဉ်အတိုင်း နိုင်ငံကြီးသားတယောက် ပီသဖို့အတွက် လိုအပ်ချက်တွေလည်း ရှိတယ်။ ကိုယ်တိုင် သိမြင်ရမယ့် အသိအပြင် ဘယ်လိုမျိုးတွေကို လိုအပ်ချက်တွေအရ ပြုပြင်ကြမလဲ၊ ရာထူး အခွင့်အာဏာတွေ ပေါ်မှာလည်း မူတည်ပြီးတော့ သုံးသပ်ပြထားတာလည်း ရှိတယ်။ ဒီကားလေးက ပညာပေးရာမှာ ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ ပေးထားတဲ့ ကားလေးလို့ ပြောလိုပါတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
152
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

ဆက်လက်ပြီး ထွန်းထွန်းက ရဲကာရိုက်တာဟာ ၂၀၁၈ မှာ သူ့အတွက် ပထမဆုံး ရိုက်တဲ့ ကာရိုက်တာ ဖြစ်ပြီး ဒီကာရိုက်တာနဲ့ ပတ်သက်လို့လည်း အခုလိုပဲ ဆိုပါတယ်။

“၂၀၁၈ထဲမှာ ပထမဆုံး ရိုက်ဖြစ်တဲ့ ရဲ ကာရိုက်တာပေါ့။ ကျနော့် အနေနဲ့ ဇာတ်လမ်းထဲမှာပါတဲ့ ကာရိုက်တာကိုတော့ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ နိုင်ငံကြီးသားတယောက်ဖြစ်ဖို့ စည်းကမ်းနဲ့ စာနာစိတ်ရှိဖို့ လိုတယ်၊ အမှုမှန် မပေါ်တာတွေကို ထည့်ရိုက်တယ်လို့ ပြောတယ်။ အဲ့ဒါ သုံးသပ်ချက်တခုလို့ ထင်ပါတယ်။ ကျနော်တို့ သရုပ်ဆောင်တွေက ဘယ်ဇာတ်ကားမဆို အပြင်မှာ ဖြစ်တဲ့အတိုင်း သရုပ်ဆောင်ပြရတာဆိုတော့ အလားတူတွေ ပါမယ်။ ဟုတ်ရင်လည်း ဟုတ်မယ်၊ မဟုတ်ရင်လည်း မဟုတ်ဘူး။ ကျနော်တို့ကတော့ ဇာတ်ကောင်ကို ပီပြင်အောင်ပဲ သရုပ်ဆောင် ပါတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။

“နိုင်ငံကြီးသား”ဇာတ်ကားက မင်းသွေး ပါဝင်ထားတဲ့ နောက်ဆုံး ဇာတ်ကားလို့တောင် ပြောလို့ရတယ်လို့ဆိုပြီး ထွန်းထွန်းက ပရိသတ်တွေကို လာရောက်အားပေးစေချင်တယ်လို့ ပြောပါတယ်။

“ဒီကားမှာ မင်းသွေးလည်းပါတယ်။ သူပါဝင်တဲ့ နောက်ဆုံး ဇာတ်ကားလို့တောင် ပြောလို့ရမယ်။ လာရောက် ကြည့်ရှု အားပေးစေချင်ပါတယ်။ သူနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ပြောရင်တော့ စိတ်ထဲမှာ စိတ်မကောင်းဖြစ်ပြီး စို့လာတယ်။ ဒီကားမှာ အမှတ်တရတွေလည်း ရှိတယ်။ သူပါနေတော့ အမှတ်တရတွေ ပိုများတယ်။ သူနဲ့ ဆုံတဲ့အခန်း နည်းတယ်။ ကားကြီး မဆုံဖူးဘူး။ အခု သူဆုံးတာ ၁၀ လလည်း ရှိပြီ။ ကျနော် ကောင်းမှု ကုသိုလ်တွေ လုပ်တိုင်း အမျှပေးတဲ့ထဲမှာ သူ ပါပါတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။

“နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက်ကူးတာဖြစ်ပြီး အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ သြဂုတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

“နိုင်ငံကြီးသား” ရုပ်ရှင်မှာ သရုပ်ဆောင်များအနေနဲ့ နေတိုး၊မင်းမော်ကွန်း၊ မင်းသွေး၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီးနဲ့ အောန်ဆိုင်းတို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Your Thoughts …
Tags: ထွန်းထွန်းနိုင်ငံကြီးသား
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အများပြည်သူကို အကျိုးပြုချင်ကြတဲ့ စေတနာ့ဝန်ထမ်းလူငယ်လေးတွေဟာ နိုင်ငံကြီးသားတွေပါပဲ /  မျိုးမင်းစိုး / ဧရာဝတီ

နိုင်ငံကြီးသား ပီသစမ်းပါ

by သန်းနိုင်ဦး
20 January 2017
16.4k

နေရာအနှံ့မှာ နိုင်ငံကြီးသား ပီသစမ်းပါဆိုတဲ့ အသံတွေ မကြားရတာ ကြာပါပြီ။ နိုင်ငံကြီးသားပီသသူတွေများ လာလို့ သတိပေးဖို့ မလိုအပ်တော့လို့လား

သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း / Tun Tun Examplez's Facebook

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ အနုပညာသက်တမ်း ၁၈ နှစ်ရှိပြီ ဖြစ်တဲ့ ထွန်းထွန်း

by ချစ်ပိုး
15 October 2020
7.4k

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ပရိုဂျူဆာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက ကျနော့်အပေါ်မှာ အကောင်းဆုံး တည်ဆောက်ပေးခဲ့တဲ့အတွက် အကယ်ဒမီ ထွန်းထွန်း အနေနဲ့ ရပ်တည်ခွင့်ရနေတာ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်း  / ချစ်ပိုး / ဧရာဝတီ

“နိုင်ငံကြီးသား” ရုပ်ရှင်မှာ အတူတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသွေးကို သတိရနေတဲ့ မင်းမော်ကွန်း

by ချစ်ပိုး
10 August 2019
9.2k

“ကျနော် 'နိုင်ငံကြီးသား' ဇာတ်ကားမှာ မင်းသွေးတို့ နေရဲတို့နဲ့ အတွဲ သရုပ်ဆောင်ထားပါတယ်။ ဗီလိန် ကာရိုက်တာပါ။ ကာရိုက်တာအတွက် ကျနော်တို့ ဒါရိုက်တာနဲ့ သေချာ တိုင်ပင်ဖြစ်တယ်။

အဆိုတော်၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း / ယုဖြူဟန် / ဧရာဝတီ

အနုပညာရှင်တွေ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး ထွန်းထွန်း ဘာပြောလဲ

by ချစ်ပိုး
16 August 2018
9.4k

“ကြိုက်လို့ လုပ်နေတာကို မတားဆီးလိုဘူး။ ဝေဖန်မှုလည်း မပေးလိုဘူး။ ကိုယ့် Personality ကို ထိုးချစေမယ့် အရာတွေကို မလုပ်တာတော့ အကောင်းဆုံးပါ။

အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း  / ချစ်ပိုး / ဧရာဝတီ

ဂီတလောကနဲ့ အလှမ်းဝေးနေဦးမယ့် အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း

by ချစ်ပိုး
28 September 2018
7.8k

သီချင်းတွေနဲ့ ပတ်သတ်ရင် ကိုယ်တိုင်လုပ်ရမှ ကျေနပ်တဲ့သူဖြစ်တဲ့အတွက် အခုတော့ ဂီတနဲ့ ပတ်သက်ပြီး အလှမ်းဝေးနေဦးမှာပါ”

ဒါရိုက်တာ စတီးလ် / ဝေဝေနှင်း / ဧရာဝတီ

“နိုင်ငံကြီးသား” ရုပ်ရှင်ကို နေတိုးကြောင့် အဓိက ပုံဖော်ဖြစ်ခဲ့တာလို့ ဒါရိုက်တာ စတီးလ် ပြော

by ယုဖြူဟန်
6 August 2019
11.6k

“ရေးကတည်းက အဲ့လို ရေးလိုက်တာ။ ထွန်းထွန်းနဲ့ ရိုက်ခဲ့တဲ့ဇာတ်တွေရှိတယ်။ အပုဒ် ၂၀လောက်၊ ထွန်းထွန်းဆို ထွန်းထွန်းကို တည်ပြီးရေးတယ်။ ကျနော်က ဇာတ်တွေ ကြိုပြီးရေးတာ မဟုတ်ဘူး။

Next Post
မွန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ အဆောက်အဦး ၂၀၀ ကျော်ပျက်စီး (ရုပ်သံ)

မွန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ အဆောက်အဦး ၂၀၀ ကျော်ပျက်စီး (ရုပ်သံ)

လစဉ် သင့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို မဖြစ်မနေ စုပါ

ငွေစုဖို့ ကြိုးစားနေသူတွေအတွက် အသုံးတည့်စေမယ့် ၅၀/၃၀/၂၀ ငွေစုနည်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved