• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“နိုင်ငံကြီးသား” ရုပ်ရှင်ကို နေတိုးကြောင့် အဓိက ပုံဖော်ဖြစ်ခဲ့တာလို့ ဒါရိုက်တာ စတီးလ် ပြော

by ယုဖြူဟန်
6 August 2019
in Entertainment
A A
ဒါရိုက်တာ စတီးလ် / ဝေဝေနှင်း / ဧရာဝတီ

ဒါရိုက်တာ စတီးလ် / ဝေဝေနှင်း / ဧရာဝတီ

11.6k
VIEWS
Share on FacebookShare on Twitter

ရုပ်ရှင်ပိုစတာ ထွက်ရှိလာကတည်းက ပရိသတ်များ စိတ်ဝင်စားခဲ့ကြတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ကိုတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က နေတိုးကြောင့် အဓိက ပုံဖော်ဖြစ်ခဲ့တာလို့ ဧရာဝတီကို ပြောပါတယ်။

“ဒီဇာတ်ကို စရိုက်မယ်ဆိုကတည်းက ဇာတ်ကို သစ္စာရှိကြမယ်ဆိုပြီး ရွေးချယ်ကြတယ်။ အဲ့အပေါ်မှာမှ ဇာတ်နဲ့ လိုက်မယ့် သရုပ်ဆောင်ကို စဉ်းစားတာပေါ့။ ဒီဇာတ်ကို စရေးကတည်းက နေတိုးနဲ့ ရိုက်မယ်ဆိုပြီး စရေးခဲ့တယ်။ တကယ်လို့ နေတိုးက မရိုက်ဘူးဆိုရင် မရိုက်တော့ဘူးဆိုပြီးတော့ ဆုံးဖြတ်ချက် ချခဲ့တယ်။ သူ့ကို အရင်ဆုံး သွားပြတာ၊ သူက မီးစိမ်းပြတော့မှ ကျန်တဲ့ ကာရိုက်တာတွေကို စဉ်းစားတယ်”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
143
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

အရင်ကလည်း သရုပ်ဆောင် ထွန်းထွန်းကို အခုလိုပဲရိုက်ကူးပေးခဲ့တဲ့ ဇာတ်လမ်းအပုဒ် ၂၀ ခန့် ရှိပြီး ဒီဇာတ်လမ်းကိုလည်း နေတိုးကို သွားရောက်ပြသချိန်မှာ လက်ခံလိုက်မှသာ ဇာတ်လမ်းကို ဆက်လက် ဖန်တီးဖြစ်တာလို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။

“ရေးကတည်းက အဲ့လို ရေးလိုက်တာ။ ထွန်းထွန်းနဲ့ ရိုက်ခဲ့တဲ့ဇာတ်တွေရှိတယ်။ အပုဒ် ၂၀လောက်၊ ထွန်းထွန်းဆို ထွန်းထွန်းကို တည်ပြီးရေးတယ်။ ကျနော်က ဇာတ်တွေ ကြိုပြီးရေးတာ မဟုတ်ဘူး။ ကိုနေတိုးကိုဆိုလည်း မရေးခင် သွားပြောတာ မဟုတ်ဘူး။ မရေးခင် အကြောင်းအရာကို စာမျက်နှာ ၃ မျက်နှာနဲ့ ရေးပြီးတော့သွားပြတာ။ သူက ဇာတ်ကြောရိုးလေးကို ကြိုက်တယ် ပြောတယ်၊ အဲ့လိုပြောမှ ဇာတ်ကို သေချာရေးတာ”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကျောရိုးကို အရင်ဆုံး စဉ်းစားရေးသားပြီးမှသာ ဇာတ်ညွှန်းကို ရေးသားခဲ့တာဖြစ်ပြီး ဇာတ်လမ်းကျောရိုး စတင်ဖြစ်တည်ခဲ့ပုံကိုလည်း အခုလိုပြောပါတယ်။

“ဒီကားကို ၂၀၁၇ ခုနှစ်၊ ၇ လပိုင်းလောက်မှာ ကျနော် သတင်းစာတွေ၊ ဂျာနယ်တွေ ဖတ်၊ သတင်းတွေနားထောင်၊ စာနယ်ဇင်းပွဲတွေ သွားနားထောင်တဲ့အချိန်မှာ သတင်းစာဆရာကြီး ဦးဝင်းတင် ရေးခဲ့တာလေးကို ဖတ်လိုက်ရတယ်။ အဲဒီကနေ အိုင်ဒီယာလေးရပြီးတော့ ဒီဟာလေးကို အကြောင်းပြုပြီးတော့ ဇာတ်လမ်းလေးတပုဒ် လုပ်ရင် ကောင်းမယ်ဆိုပြီး စဉ်းစားမိပြီး ဇာတ်ညွှန်းရေးဆရာ ကိုမြတ်ဆွေနဲ့ ညှိပြီးတော့ ဒီဇာတ်ကို လုပ်ဖြစ်သွားတာ”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

“နိုင်ငံကြီးသား” နာမည်ရတဲ့ ဒီကားကတော့ နိုင်ငံရေးလို့ပြောတာထက် နိုင်ငံ့အရေးလို့ ပြောရင်ပိုမှန်မှာဖြစ်ပြီး နိုင်ငံ့အရေးအတွက် အုတ်တချပ် သဲတပွင့်ပါဝင်ဖို့အတွက် စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။

“နိုင်ငံရေးလို့ ပြောတာထက် နိုင်ငံ့အရေးလို့ပြောတာက ပိုမှန်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် လူတိုင်းလူတိုင်းမှာ နိုင်ငံ့အရေးဆိုတာရှိ တယ်လေ။ ကျနော်တို့ဆိုရင်လည်း နိုင်ငံရေးတော့ နားမလည်ဘူး။ ဒါပေမယ့် ကိုယ့် နိုင်ငံရေးကိုတော့ ကိုယ်သိထားဖို့ လိုတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲ၊ နိုင်ငံကောင်းစားဖို့အတွက် ပြုပြင်ပြောင်းလဲဖို့အတွက် ဘာတွေများ အုတ်တချပ်သဲတပွင့် ဘာတွေပါဝင်ပေးရမလဲ၊ ဒီလိုမျိုးလေးတော့ စဉ်းစားမိတာပေါ့” လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

“နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကိုတော့ သြဂုတ်လ ၅ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ Red Carpet Show ပြုလုပ်ခဲ့ပြီး သြဂုတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

ဖန်တီးသူတယောက်ရဲ့ ရင်ခုန်သံကိုလည်း ဒါရိုက်တာ စတီးလ်က “အနုပညာရှင် တယောက်ဟာ ကိုယ်ဖန်တီးထားတဲ့ အနုပညာတခု ပရိသတ်ရှေ့ကို ကျရောက်တော့မယ်ဆိုရင် ခံစားချက်ကို ဘယ်လိုပုံဖော်ရမှန်းမသိဘူး။ ဘာဖြစ်လို့လဲဆိုရင် ပရိသတ်ကြိုက်မှ ကြိုက်ပါ့မလား။ ငါလုပ်ထားတဲ့ အမှားတွေကိုရော ပြင်ဆင်ပြီးပြီလား။ ဘယ်လို မျိုးမှတ်ချက်တွေ ပေးမလဲ။ ဒီလိုမျိုးလေးတွေ ခံစားချက်တွေက အမြဲတမ်းရှိနေတာလေ။ အဲ့ရင်ခုန်မှုက ဘာနဲ့မှလဲလို့ မရပါဘူး။ စားလို့လည်း မဝင်ဘူး၊ အိပ်လို့လည်း မပျော်ဘူး”လို့ ဆိုပါတယ်။

“နိုင်ငံကြီးသား” ရုပ်ရှင်မှာတော့ သရုပ်ဆောင်များအဖြစ် နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီး၊ အောန်ဆိုင်း၊ ဆာရာဆောင်းဦး စတဲ့ အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

“အရင်တည်းက ရုပ်ရှင်တွေကို မှီငြမ်းရိုက်ကူးတာ ရှိတယ်” ဆိုတဲ့ ဒါရိုက်တာ စတီးလ်

သရုပ်ဆောင် အသစ်တွေကို နေရာပေးပြီး ဒါရိုက်တာ စတီးလ် ရိုက်ကူးမယ့် “ငါတို့သည်” ရုပ်ရှင်

Your Thoughts …
Tags: ဒါရိုက်တာ စတီးလ်နိုင်ငံကြီးသား
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အများပြည်သူကို အကျိုးပြုချင်ကြတဲ့ စေတနာ့ဝန်ထမ်းလူငယ်လေးတွေဟာ နိုင်ငံကြီးသားတွေပါပဲ /  မျိုးမင်းစိုး / ဧရာဝတီ

နိုင်ငံကြီးသား ပီသစမ်းပါ

by သန်းနိုင်ဦး
20 January 2017
16.4k

နေရာအနှံ့မှာ နိုင်ငံကြီးသား ပီသစမ်းပါဆိုတဲ့ အသံတွေ မကြားရတာ ကြာပါပြီ။ နိုင်ငံကြီးသားပီသသူတွေများ လာလို့ သတိပေးဖို့ မလိုအပ်တော့လို့လား

သရုပ်ဆောင် ခန့်စည်သူ  / ချစ်ပိုး / ဧရာဝတီ

“အမျှ အမျှ” ရုပ်ရှင်မှာ လူနည်းနည်းနဲ့ ရိုက်ခဲ့တာ အမှတ်တရပါပဲလို့ ခန့်စည်သူ ပြော

by ချစ်ပိုး
4 October 2019
7.9k

“ကျနော်သရဲတို့၊ တစ္ဆေတို့၊ ဝိညာဉ်တို့ တခါမှတော့ မကြုံဖူးဘူး။ မကြုံဖူးလို့ သူတို့ မရှိနိုင်ဘူးလို့တော့ ကျနော် မပြောဘူး။ ၃၁ ဘုံမှာ သူ့ဘုံနဲ့သူ ရှိကြတာပေါ့။

သရုပ်ဆောင် ထွန်းထွန်း  / ချစ်ပိုး / ဧရာဝတီ

“နိုင်ငံကြီးသား တယောက်ဖြစ်ဖို့ စည်းကမ်းနဲ့ စာနာစိတ်ရှိဖို့ လိုတယ်”လို့ ထွန်းထွန်း ပြော

by ချစ်ပိုး
7 August 2019
8.7k

ရာထူး အခွင့်အာဏာတွေ ပေါ်မှာလည်း မူတည်ပြီးတော့ သုံးသပ်ပြထားတာလည်း ရှိတယ်။ ဒီကားလေးက ပညာပေးရာမှာ ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ ပေးထားတဲ့ ကားလေးလို့ ပြောလိုပါတယ်"လို့ ထွန်းထွန်းက ပြောပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်း  / ချစ်ပိုး / ဧရာဝတီ

“နိုင်ငံကြီးသား” ရုပ်ရှင်မှာ အတူတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသွေးကို သတိရနေတဲ့ မင်းမော်ကွန်း

by ချစ်ပိုး
10 August 2019
9.2k

“ကျနော် 'နိုင်ငံကြီးသား' ဇာတ်ကားမှာ မင်းသွေးတို့ နေရဲတို့နဲ့ အတွဲ သရုပ်ဆောင်ထားပါတယ်။ ဗီလိန် ကာရိုက်တာပါ။ ကာရိုက်တာအတွက် ကျနော်တို့ ဒါရိုက်တာနဲ့ သေချာ တိုင်ပင်ဖြစ်တယ်။

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) / ဧရာဝတီ

“ဗိုလ်နေတိုး” ရုပ်ရှင် ရိုက်ကူးစဉ်က အခက်အခဲများအကြောင်း ပြောတဲ့ ဒါရိုက်တာ စတီးလ်

by ချစ်ပိုး
22 November 2019
5.9k

မိုင်းအစစ်တွေလည်း ခွဲချင်တာဖြစ်တာကြောင့် စာတင်ထားပေမယ့် စိုးရိမ်စိတ်တွေလည်း ရှိခဲ့တယ်။ ရာသီဥတုကလည်း မိုးရွာလိုက်၊ နေပူလိုက်ဖြစ်တာကြောင့် အခက်အခဲတွေ ရှိခဲ့တယ်။

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)  / ဧရာဝတီ

“ပျံကျကူလီ” ဇာတ်ကား ရိုက်ခဲ့တုန်းက အတွေ့အကြုံတွေအကြောင်း ပြောပြတဲ့ ဒါရိုက်တာ စတီးလ်

by ချစ်ပိုး
16 January 2020
3.2k

“ပျံကျကူလီ ဇာတ်ကားမှာ အခက်အခဲတွေ ရှိတယ်။ ဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ပုံဖော်ခဲ့တာပါ။ ရုံတင်ခွင့် နောက်ကျအတွက်ကြောင့် အခုမှ တင်ခွင့် ရတယ်။

Next Post
မင်းသား Keanu Reeves

မင်းသား Keanu Reeves ဟောလိဝုဒ်ကနေ ယူကေနိုင်ငံဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေ

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း တပ်မတော်ပိုင် ဦးပိုင်စီးပွားရေးလုပ်ငန်းက ရှယ်ယာပိုင်သော ဆက်သွယ်ရေးကုမ္ပဏီ ဖွင့်ပွဲ  / ဧရာဝတီ

တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို ဒဏ်ခတ်အရေးယူရန် ကုလသမဂ္ဂ တိုက်တွန်း

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved