ဝန်ထမ်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူတွေပဲဖြစ်ဖြစ် မိမိရဲ့နောင်ရေးအတွက် တလတလကို ငွေစုဖို့အတွက်တော့ ခေါင်းထဲရှိကြမယ့် ကိစ္စတခုပါ။ ငွေကြေးစီမံခန့်ခွဲမှုဆိုတာကလည်း ထင်သလောက် မလွယ်ကူတဲ့ ကိစ္စဖြစ်တာကြောင့် အကြောင်းရင်းအမျိုးမျိုးနဲ့ ငွေမစုမိလိုက်တာမျိုးတွေလည်း ရှိနေကြမှာပါ။
မသုံးမဖြစ် သုံးလိုက်ရတဲ့ အသုံးစရိတ်တွေနဲ့ မိမိလိုချင်တာ၊ လိုအပ်တာတွေကို သုံးစွဲလိုက်ရတာကြောင့် ငွေမစုမိလိုက်တာမျိုးက လစဉ်လိုလို ဖြစ်နေပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းက သင့်ကို အထောက်အကူဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။
(၁) လစဉ်ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို မဖြစ်မနေ အသုံးစရိတ်ထဲ ထည့်ပါ
ဒီနည်းလမ်းမှာ ပထမဦးဆံုံးအနေနဲ့ သင့်ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို မဖြစ်မနေ ကုန်ကျစရိတ်တွေ ဖြစ်တဲ့ အိမ်လခ၊ ရေဖိုး၊ မီတာခနဲ့ စားစရိတ်ထဲကို ထည့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင်က တစုံတယောက်ဆီက ငွေချေးထားတယ်ဆိုရင်လည်း ပြန်ပေးရမယ့် ငွေပမာဏကို ဒီမဖြစ်မနေ အသုံးစရိတ်ထဲကို ထည့်ရမှာ ဖြစ်ပါတယ်။
(၂) သင့်ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို လိုအပ်တာတွေ သုံးစွဲဖို့အတွက် သုံးပါ
သင့်လစဉ်ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ သင်လိုအပ်တဲ့ အရာတွေကို ဝယ်ယူဖို့အတွက် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာပြောချင်တာက Need ဆိုတဲ့ လိုအပ်ချက်အတွက် မဟုတ်ဘဲ Want ဆိုတဲ့ သင့်ရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းတဲ့နေရာမှာ သုံးစွဲဖို့ကို ဆိုလိုတာပါ။ သင်လိုချင်တဲ့ အဝတ်အစား၊ အလှကုန်၊ စားချင်တဲ့ အစားအစာတွေ ဝယ်စားတာ စတဲ့ လုပ်လိုက်ရမှ၊ ဝယ်လိုက်ရမှ ကျေနပ်မယ်ဆိုတဲ့ အရာမျိုးတွေကို သုံးစွဲတဲ့နေရာမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။
(၃) ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ စုရမှာပါ
ဒါကတော့ သင့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို သွားမထိဘဲ အမှန်အကန် စုရမှာ ဖြစ်ပါတယ်။ တလတာ ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို သက်သက် ဖယ်ထားပြီး ဘဏ်စုငွေစာရင်းထဲ ထည့်တာ ဒါမှမဟုတ် စုဘူးထဲ ထည့်တာ စတဲ့ ပြန်ထုတ် မသုံးမိစေနိုင်မယ့် နည်းလမ်းတခုခုကို ရွေးချယ်ပြီး စုရမှာပါ။ ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အချိန်ကြာလာတာနဲ့အမျှတော့ စုငွေက သိသိသာသာ တိုးလာမှာဖြစ်ပါတယ်။
Ref. www.realstateview.com
You May Also Like This Story:
လစာမြန်မြန် မကုန်အောင် လိုက်နာရမယ့် နည်းလမ်းများ
ငွေကို မှန်မှန်ကန်ကန် သုံးစွဲတတ်ဖို့ အသုံးနဲ့ အဖြုန်း ခွဲခြားပါ