• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရှမ်းပြည်နယ်၌ ၁၀ ရက်အတွင်း မူးယစ်ဆေး ကျပ် ၄၁ ဘီလီယံကျော်ဖိုး ဖမ်းမိ

by ထွန်းထွန်း
26 August 2019
in သတင်း
A A
မိုင်းပျဉ်တွင် သြဂုတ် ၂၅ ရက်က ဖမ်းမိသည့် မူးယစ်ဆေးဝါးများ  /  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး

မိုင်းပျဉ်တွင် သြဂုတ် ၂၅ ရက်က ဖမ်းမိသည့် မူးယစ်ဆေးဝါးများ / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး

13.8k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် အတွင်း သြဂုတ် ၁၆ ရက်မှ ၂၅ ရက် အထိ ကျပ်သိန်းပေါင်း ၄၁၇၄၆၅ (၄၁.၇၄၆၅ ဘီလီယံ) ခန့် တန်ဖိုးရှိ WY မူးယစ်ဆေးပြားနှင့် ICE များ ဖမ်းမိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။

နမ့်စန်မြို့နယ် အတွင်း သြဂုတ်၂၂ ရက်နှင့် ၂၃ ရက်က ဖမ်းမိသည့် မူးယစ်ဆေးချက် စခန်းများနှင့် ပတ်သက်၍ သံသယ ရှိသည်ဟု ဆိုကာ ပန်ကေတုကျေးရွာ အနီးမှ ၁၇ ဦး၊ ဝမ်ဖွန်း ကျေးရွာအနီးမှ ၇ ဦး၊ မက်လန်းကျေးရွာ အနီးမှ ၁၅ ဦး စုစုပေါင်း ၃၉ ဦးအား ဖမ်းဆီးကာ တပ်မတော်က စစ်ဆေးလျက် ရှိကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ် မူးယစ် ရဲတပ်ဖွဲ့ခွဲ ဒုရဲမှူးကြီး လင်းထွန်းမြင့်က“နမ့်စန်က၂၃ ရက်က ဖမ်းမိတဲ့ ဆေးချက်စခန်းက ဆေးပြား ထည့်ထားတဲ့ အိတ်တွေထဲကနေ ဆေးပြား ၅၇ သိန်း ရှိပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး ဖမ်းထားသူတွေကို တပ်ကပဲ စစ်နေ တာပါ။ ကျနော်တို့ဘက်ကို မလွှဲသေးပါဘူး။ အမှုလည်း လက်ရှိ မဖွင့်ရသေးပါဘူး”ဟု ယနေ့ မွန်းလွဲပိုင်းက ပြောသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
35
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
60
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
50

သြဂုတ် ၁၆ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်းမြို့ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ ဟိုတင့်ကျေးရွာ အနီး တွင် လွိုင်လင်းဘက်မှ တောင်ကြီးမြို့ဘက်သို့ စိုင်းအောင်နိုင်ထွန်း ဆိုသူ မောင်းနှင်လာသည့် ယာဉ် အောက်ကြမ်း ခင်းတွင် ICE နှင့် ကတ်တမင်း အခဲနှင့် အမှုန့် ၅၀၁ ကီလိုဂရမ် (တန်ဖိုး ကျပ် သိန်း ၁၂၅၂၅၀ ခန့်)အား ယာဉ် ပေါ် ပါသူ နှစ်ဦးနှင့်အတူ ဖမ်းမိခဲ့ကြောင်း တပ်မတော် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် သြဂုတ်၂၂ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ် နားပွဲကျေးရွာ အရှေ့တောင်ဘက် မီတာ ၁၀၀၀ ခန့် အကွာတွင် ICE မူးယစ်ဆေးချက်စခန်းအား ဖမ်းဆီးနိုင်ခဲ့ပြီး ချက်လုပ်ဆဲ မူးယစ်ဆေးများနှင့် ပစ္စည်းများ ပိုင်ရှင်မဲ့ ဖမ်းမိခဲ့သော်လည်း တန်ဖိုး ထည့်သွင်း တွက်ချက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

နမ့်ခမ်း မြို့နယ်တွင် သြဂုတ် ၂၃ ရက်က ဖမ်းမိသည့် မူးယစ်ဆေးဝါးများ (ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး)

ဆက်လက်၍ ယင်း ICE ဆေးချက်စခန်း၏ တောင်ဘက်မီတာ ၇၀၀ ခန့် အကွာတွင်လည်း WY ဆေးပြား ၈၁၀၀၀ ပြားနှင့် ဆေးချက်စခန်းအား ပစ္စည်းများဖြင့် ပိုင်ရှင်မဲ့ ထပ်မံ ဖမ်းမိခဲ့သည်ဟု ဆိုသည်။

နမ့်စန် မြို့နယ်အတွင်း၌ပင် သြဂုတ် ၂၃ ရက်ကလည်း နောင်ပိန်းကျေးရွာ အရှေ့ဘက် မီတာ ၁၅၀၀ ခန့် အကွာတွင် WY စိတ်ကြွဆေးပြား ၅၇ သိန်းပြား၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကျည်အိမ်တခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၄၆ လုံး၊ ၇ ဒသမ ၆၂ ကျည် ၃၆၀ တောင့်၊ သွပ်မိုးတဲ ၅ တဲနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းမိခဲ့ကြောင်း တပ်မတော် ထုတ်ပြန်ချက်တွင် ပါရှိသည်။

မူးယစ်ဆေးဝါး ချက်လုပ်သည့် စခန်းများအား ပိုင်ရှင်မဲ့ အဖြစ် ဖမ်းဆီးရမိမှုများနှင့် ပတ်သက်ပြီး တားဆီးနှိမ်နင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းပေါက်ကြားမှု အခြေအနေ မြင်တွေ့ရပြီး ဆေးချက်စခန်းများသည် လက်နက် ကိုင် တပ်ဖွဲ့များရှိသော ဧရိယာအတွင်း တည်ရှိသည့်အတွက် ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရန်မလွယ်ကူဘဲ တပ်မတော် နှင့် ပူးပေါင်း ဆောင်ရွက်နေရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဇော်ခင်အောင်က ပြောဆိုထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ခိုလမ်မြို့နယ် နမ့်မောင်းကျေးရွာ အနီးတွင်လည်း သြဂုတ် ၂၃ ရက်က နမ့်စန်မြို့ဘက်မှ ခိုလမ်မြို့ ဘက်သို့ စိုင်းဟောင်နူး ဆိုသူ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ICE မူးယစ်ဆေး ၆၀ ကီလိုဂရမ် (တန်ဖိုး ကျပ် သိန်း ၁၅၀၀၀ ခန့်)အား ယာဉ်မောင်းနှင့် အတူ ဖမ်းမိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် သြဂုတ်လ ၂၅ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်မြို့နယ် ကျိုင်းတုံ-တောင်ကြီးကား လမ်း ၁၆ မိုင် လမ်းဆုံအနီးတွင် ဦးကျကီး(ခ)လီဟာ ဆိုသူ မောင်းနှင်လာသည့် ယာဉ်ပေါ်ပါ ကျောပိုးအိတ်များအတွင်းမှ ICE မူးယစ် ဆေး ၇၆၂ ကီလိုဂရမ် (တန်ဖိုး ကျပ်သိန်းပေါင်း ၁၉၀၅၀၀ ခန့်)အား ယာဉ်မောင်းနှင့်အတူ ဖမ်းမိခဲ့ကြောင်း တပ်မတော် က ထုတ်ပြန်သည်။

ဖမ်းမိသည့် မူးယစ်ဆေးဝါးများတွင် တရုတ် လက်ဖက်ခြောက် တံဆိပ်ပါ အိတ်များဖြင့် ထုပ်ပိုးထားသည့် ICE မူးယစ် ဆေး အများဆုံးပါဝင်ပြီး ယင်းသို့ တရုတ် လက်ဖက်ခြောက် တံဆိပ်ဖြင့် ထုပ်ပိုးမှုပုံစံတူ ကျပ်ဘီလီယံ ၃၀ ကျော်တန်ဖိုး ရှိ ICE မူးယစ်ဆေးဝါးများအား ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း ကော့သောင်းမြို့နယ် ပင်လယ်ပြင်၌ ဖမ်းမိခဲ့သေး သည်။

ဧပြီလ အတွင်းက ကော့သောင်းမြို့နယ် ပင်လယ်ပြင်၌ ဖမ်းမိသည့် မူးယစ်ဆေးဝါးများ (ဓာတ်ပုံ – ကော့သောင်း ရဲတပ်ဖွဲ့)

ယင်းသို့ တရုတ် လက်ဖက်ခြောက် တံဆိပ်ပါ အိတ်ခွံများနှင့် ထုပ်ပိုးမှုပုံစံတူ မူးယစ်ဆေးဝါးအမှုများမှာ ဆက်စပ်မှု ရှိနေ ကြောင်း အတိအကျပြောရန် ခက်ခဲသော်လည်း မျက်မြင်ဖမ်းမိမှုအရ ပတ်သက်မှု ရှိသည်ဟု ဆိုနိုင်ကြောင်း ရဲတပ်ဖွဲ့ ဝင်များက ပြောဆိုသည်။

မူးယစ်ဆေးဝါးများ ဆက်တိုက် ဖမ်းမိခဲ့သည့် ရက်ပိုင်း အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချို၊ ကွတ်ခိုင်၊ လားရှိုး၊ နမ့်ခမ်းနှင့် သိန္နီမြို့နယ်တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် တပ်မတော်(MNDAA)၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်( TNLA)၊ ရက္ခိုင်စစ်တပ် (AA) အကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

တပ်မတော်၏ မူးယစ်ဆေးဝါး ဖမ်းမိမှု အနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၅ ရက်အထိ ဘိန်းဖြူ ၁၇၁.၇၅၈ ကီလို၊ ဘိန်းစိမ်း ၂၃၉.၆၄၁၆ ကီလို၊ ဘိန်းမည်း ၆၀.၇၅၅ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၄၂၉၅၈၈၈ ပြား၊ ICE  ၅၀၆၉.၉၁၂ ကီလို၊ အခြား ဆက်စပ်ပစ္စည်း ၁၀၈၄၈.၁၃ ကီလို (စုစုပေါင်း ခန့်မှန်း တန်ဖိုး ကျပ် ၂၁၇.၈၅ ဘီလီယံ) ဖမ်းမိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: တပ်မတော်တရုတ်တိုင်းရင်းသား လက်နက်ကိုင်မူးယစ်ဆေးရဲတပ်ဖွဲ့ရှမ်းပြည်နယ်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ကချင်ပြည်နယ်အတွင်း တွေ့ရသည့် တစ်ရှုးငှက်ပျောစိုက်ခင်း တခု / နန်းလွင် / ဧရာဝတီ

ဗန်းမော်ခရိုင်ရှိ တစ်သျှူးငှက်ပျော စိုက်ပျိုးမြေများ ပြန်လည်စစ်ဆေးတော့မည်

ငြိမ်းချမ်းရေး ကော်မရှင် (PC) ကိုယ်စားလှယ်နှင့် အပစ်ရပ် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်တို့ ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆိုင်ရာများ ဆွေးနွေးနေစဉ်  / ဦးလှမောင်ရွှေ ဖေ့စ် ဘုတ်

အစိုးရနှင့် အပစ်ရပ်အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရန် ဆွေးနွေးမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved