• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးက ဘာသာရေး ကျောင်းများထံ တပ်ချုပ် သွားရောက်လှူဒါန်း

by ထက်နိုင်ဇော်
11 September 2019
in သတင်း
A A
မန္တလေးက ဘာသာရေး အသင်းအဖွဲ့များထံ လှူဒါန်းနေသည့် တပ်ချုပ်  / ဧရာဝတီ

မန္တလေးက ဘာသာရေး အသင်းအဖွဲ့များထံ လှူဒါန်းနေသည့် တပ်ချုပ် / ဧရာဝတီ

39.5k
VIEWS
Share on FacebookShare on Twitter

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည့် သြဂုတ်လက ပျဉ်းမနားမြို့ ရှိ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာရေး အသိုင်းအဝိုင်းသို့ လှူဒါန်းမှုအပြီး ယနေ့တွင် မန္တလေး မြို့ ရှိ ဗုဒ္ဓ၊ ခရစ်ယန်နှင့် အစ္စလာမ် ဘာသာရေး အသိုင်းအဝိုင်းသို့ လှူဒါန်းမှုများ ထပ်မံ ပြုလုပ်ကြောင်း သိရသည်။

တပ်ချုပ်သည် မန္တလေးတိုင်း မဟာအောင်မြေက ဗန်းမော်ကျောင်းတိုက်၊ မစိုးရိမ်ကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော် သံဃာတော်များကို ဆွမ်းဆန်စိမ်း၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ ဆက်ကပ် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
7
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
13

ထို့ပြင် မန္တလေးတိုင်း၊ ချမ်းအေးသာဇံ မြို့နယ်ရှိ ဂျွမ်းဗလီသို့ သွားရောက်ပြီး ဂျွမ်းဗလီ အခြေခံ ဘာသာရေး စာသင်ကျောင်း၊ အောင်မြေသာဇံမြို့ နယ်ရှိ နှလုံးတော် ကပ်သလစ် ဘုရားရှိခိုးကျောင်းများသို့ လှူဒါန်းမှုများလည်း ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ဂျွမ်းဗလီ အခြေခံ ဘာသာရေး စာသင်ကျောင်းမှာ ဒေါက်တာ မောင်မောင်က အလှူငွေ လက်ခံပါတယ်။ ရွှေနှလုံးတော် ကပ်သ လစ် ဘုရားရှိခိုးကျောင်းမှာတော့ ဂိုဏ်းချုပ်ဆရာတော် ဖာသာတယောက်က လက်ခံပါတယ်”ဟု ပြောသည်။

အစ္စလာမ် ဘာသာရေး အသင်းအဖွဲ့များနှင့် ခရစ်ယန် ဘာသာရေး အသင်းအဖွဲ့များအတွက် လှူဒါန်းမှုမှာ အလှူငွေ ၉၅ သိန်း၊ ဆန် အိတ် ၁၄၀၊ ဆီပိသာ ၃၀ နဲ့ ကုလားပဲ၊ ဆားတို့ ဖြစ်ကြောင်း၊ လှူရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတွင် လိုအပ်နေသည့် ဘာသာရေး အရ စည်းလုံးညီညွှတ်မှု၊ နိုင်ငံရေးအရ စည်းလုံး ညီညွှတ်မှု၊ လူမှုရေးအရ စည်းလုံးညီညွှတ်မှုများ ရှိစေရန် ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဓိကကတော့ အားလုံးဟာ ဘယ်နေရာ မှာပဲနေနေ တိုင်းပြည်ကို ချစ်မြတ်နိုးဖို့နဲ့ စည်းလုံး ညီညွှတ်စွာဖြင့် တသွေးတည်း၊ တသားတည်း တူညီတဲ့စိတ်ဓါတ်နဲ့ နိုင်ငံတော် တိုးတက် ကောင်းမွန်စေရန် ဆောင်ရွက် သွားနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်ပါပဲ” ဟု ပြောသည်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု၏ ဆွမ်းဆန်စိမ်း အလှူကို ၁၉၉၆ ခုနှစ်မှ စတင်ကာ ဘုန်းကြီးကျောင်းများ၊ သီလရှင် စာသင်တိုက်များ၊ ဘိုးဘွာရိပ်သာများသို့ နှစ်စဉ်လှူဒါန်းနေရာမှ ယခုနှစ်၊ သြဂုတ်လက ပျဉ်းမနားမြို့ရှိ ခရစ်ယာန်ဘာသာ ဘုရားကျောင်း ၁၁ ကျောင်း၊ အစ္စလာမ် အာရဗီ အထက်တန်းကျောင်း၊ ဗလီ ၁၃ ခု တို့အား ထည့်သွင်း လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်သည် ယခင်က ဗုဒ္ဓ ပရဟိတ ဖောင်ဒေးရှင်းကို သိန်း ၃၀၀ တောင် လှူခဲ့ဖူးပြီး ယခု အလှူသည်လည်း ကောင်းမွန် ကြောင်း၊ လှူဒါန်းမှုများ ပြုလုပ်သလို ဆရာတော် သံဃာတော်များကိုလည်း သဘောထား ကြီးကြီးထား၍ တရားစွဲဆိုမှုများ မပြုလုပ်သင့်ကြောင်း မန္တလေးမြို့ မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီသို့ ပြောသည်။

ဦးသိန်းသန်းဦးက “တပ်မတော်မှ မဟုတ်ဘူး။ အစိုးရ အဖွဲ့ ခေါင်းဆောင်တွေလည်း ၅၀၅ (ခ)တို့၊ ၆၆ (ဃ)တို့နဲ့ တရားစွဲတာကို သဘောမတူပါဘူး။ လူတွေမှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိပါတယ်။ ဆတ်ဆတ်ထိ မခံတော့ မလုပ်သင့်ဘူး။ လှူတာတွေကိုလည်း ထောက်ခံတယ်။ ထို့အတူပဲ သံဃာတော်တွေကိုလည်း တရားစွဲတာ ရုတ်သိမ်းပေးပါလို့ မေတ္တာရပ်ခံပါတယ်”ဟု ပြောသည်။

မန္တလေးမြို့မှ ဆရာတော် ၃ ပါးသည် လူမှုကွန်ရက်တွင် တပ်မတော်နှင့် ပတ်သက်သည့် တင်ပြချက် တချို့ ကြောင့် တပ်မတော်မှ တ ရားရုံးတွင် အမှုဖွင့်ထားသည့် အခြေအနေမျိုး ရှိနေပြီး ဆရာတော် ဦးသောဘိတ (အလကာၤကြယ်) မှာ ပုဒ်မ ၅၀၅(ခ)၊ ၆၆ (ဃ) တို့ ဖြင့် အမှုဖွင့်ခံထားရသည်။

ဆရာတော် ဦးစိန္တိတကိုလည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်သော်လည်း တရားရုံးက လက်မခံသဖြင့် ယခုအခါ ၆၆ (ဃ) ဖြင့် တပ်မ တော်က အမှုဆက်ဖွင့်ထားကြောင်း၊ ယခုနောက်ဆုံး အမှုဖွင့်ခံထားရသည့် ဆရာတော်မှာ မြဝတီ မင်းကြီး ကျောင်းတိုက် ဆရာ တော် ဦးအရိယာဝံသ ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည့် မွတ်စလင်များ အပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ရာဇဝတ်မှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အပြည့်အဝတာဝန် ရှိသည်ဟု နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) သို့ လာရောက်ရန် ဖိအားပေးခံနေရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက် အာရကန် ရိုဟင်ဂျာ ကယ်တင် ရေးတပ် (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အတွက် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင် ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲ ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်း စွပ်စွဲချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက လက်မခံဘဲ ခိုင်မာသည့် အထောက်အထားများ ပေးရန် တောင်းဆိုထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှုများတွင် တာဝန်ရှိသည်ဟု ဆိုကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု အသစ်ဖြစ်သည့် ပြည်ဝင်ခွင့် ကန့်သတ်လိုက်ခြင်းသည်လည်း အနိုင်ကျင့် သည့် လုပ်ရပ်တခု ဖြစ်ကြောင်း တပ်မတော်က ထုတ်ဖော်ပြောဆိုထားသည်။

Your Thoughts …
Tags: ဂျွမ်းဗလီဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မန္တလေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

Next Post
ယနေ့ပြုလုပ်သည့် ၆ ကြိမ်မြောက် ရုံးချိန်း / ထက်နိုင်ဇော် / ဧရာဝတီ

လိင်အကြမ်းဖက်မှု ကိုကို ၂ ယောက်လုပ်ဟု ဗစ်တိုးရီးယား ထွက်ဆို

ဖယောင်း ဂိုဒေါင် မီးလောင်မှုု ဖြစ်ပွားမှု မြင်ကွင်း / မျိုးမင်းစိုး / ဧရာဝတီ

ဒဂုံဆိပ်ကမ်း ဖယောင်းစက်ရုံ မီးလောင်မှု စုံစမ်းနေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved