• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောင်းသူကို ခိုးယူပေါင်းသင်းသည့် ကျောင်းထိုင်ဆရာတော် ပုဒ်မ ၂ ခုဖြင့် အရေးယူခံရ

by ကောင်းမြတ်မင်း
3 October 2019
in သတင်း
A A
ပေါင်းတလည်နယ်မြေ ရဲစခန်း /  ကောင်းမြတ်မင်း / ဧရာဝတီ

ပေါင်းတလည်နယ်မြေ ရဲစခန်း / ကောင်းမြတ်မင်း / ဧရာဝတီ

29k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ပေါင်းတလည်မြို့တွင် အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်း သူကို ခိုးယူထွက်ပြေးသည့် ကျောင်းထိုင်ဆရာ တော်အား ယမန်နေ့ညက ပန်းတောင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး၊ ပုဒ်မ၂ ခုဖြင့် အရေးယူထားကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးထံက သိရ သည်။

ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်ဝင်း က “ပုဒ်မ နှစ်ခုနဲ့ စွဲထားပါတယ် ခင်ဗျ။ ပထမက ၃၆၃၊ နောက်ထပ် ၃၇၆ ထပ်တိုးထားတာပါ။ သူ့ အစ်မအိမ်မှာလို့ သတင်းရလို့ပါ။ သူက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လက်ထပ် စာချုပ်မှာ လက်မှတ်ထိုးဖို့ လုပ်တော့ အရပ်ဘက်ကလည်း လက်မခံဘူး။ ကျနော်တို့ သတင်းရလိုက်တော့ သွားခေါ်တော့ အသာတကြည်ပဲ လိုက်လာပါ တယ်။ ညတွင်းချင်း ဖမ်းလိုက်တာပါ။ ကျနော်တို့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ အမြန်ဆုံး လုပ်ခဲ့ကြတာပါ” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ကျောင်းထိုင်ဆရာတော်မှာ ပြည်မြို့နယ် ပေါင်းတလည်မြို့မှ သက်တော် ၄၀၊ ဝါတော်၂၀ ရှိ ဆရာတော် ဦးအဂ္ဂဓမ္မ၊ လူအမည် စိုင်းအောင်မိုးကျော် ဖြစ်ပြီး ယမန်နေ့ည ၈ နာရီခွဲခန့်က ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာ အုပ်စု၊ ဆင်လူးရွာတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် သည်။

“ညက ပေါင်းတလည် ရဲစခန်းကို ခေါ်လာတယ်။ ကောင်မလေးကိုတော့ ဆေးစစ်တာတွေ ဘာတွေလုပ်ပြီး သူ့အမေဆီ ပြန်အပ်လိုက်ပြီ။ ကျန် တာတော့ ဘာမှမသိသေးပါဘူး” ဟု ကျောင်းထိုင်ဆရာတော် နေထိုင်သည့် ကျေးရွာမှ အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ ကျောင်းထိုင်ဆရာတော်အား ပန်းတောင်းမြို့နယ် ဥသျှစ်ပင် နယ်မြေရဲစခန်းမှ ဖမ်းဆီးရမိပြီး နာရီပိုင်းအတွင်း ပြည်မြို့နယ် ပေါင်းတလည် နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ အရွယ်မရောက်သေးသူကို ခိုးယူပေါင်းသင်းမှု ပုဒ်မ ၃၆၃၊ မုဒိမ်းမှု ၃၇၆ တို့ဖြင့် အမှုဖွင့် အရေးယူ ထားခြင်း ဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
377
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
52

ဖြစ်စဉ်မှာ ပြည်မြို့နယ် ပေါင်းတလည်မြို့အတွင်းရှိ ကျေးရွာနေ ၈ တန်းကျောင်းသူမှာ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်း ကျောင်းသွားချိန်တွင် ရွာဦးကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မမှ စာသင်ကျောင်းအနီး အသင့်စောင့်နေပြီး ကျောင်းသူအား ကားဖြင့် ခေါ်ဆောင်သွားသည်ကို ကျောင်း အတူသွားသည့် ညီမဝမ်းကွဲ ဖြစ်သူက မြင်တွေ့လိုက်ကြောင်း၊ ထိုကိစ္စကို ကျောင်းမှ ဆရာမများ သိရှိသွားပြီး မိဘများကို အကြောင်းကြားသဖြင့် ရဲစခန်း၌ အမှုဖွင့်ပြီး ၄၈ နာရီအတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန် – ရှစ်တန်းအရွယ် ကျောင်းသူကို ခိုးယူသွားသည့် ဘုန်းကြီးအား အမှုဖွင့်

Your Thoughts …
Tags: ကျောင်းထိုင်ဆရာတော်ပေါင်းတလည်
ကောင်းမြတ်မင်း

ကောင်းမြတ်မင်း

ဧရာဝတီ

Similar Picks:

ယနေ့ အရာတော်မြောက်နယ်၊ ရဲချင်းကျေးရွာမှ မြောက်ဘက် ငြိမ်းစံရွာသို့ ရောက်ရှိလာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ငြိမ်းစံရွာထဲက နေအိမ် ၂၈ လုံးနှင့် ရဲချင်း-ငြိမ်းစံကြားမှ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွား ခဲ့  / အရာတော် ပကဖ

အရာတော်တွင် ကျောင်းထိုင်ဘုန်းကြီး အပါအဝင် ၂၂ ဦး ဖမ်းခံရ

by ဧရာဝတီ
19 August 2022
9.2k

လက်ရှိတွင် ငွေတွင်းကျေးရွာ ပုဗ္ဗာရုံကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဓမ္မိဿာရ အပါအဝင် ဒေသခံအရပ်သား ၂၂ ဦးထိ ဖမ်းဆီးခံထားရပြီး မိသားစုဝင်များကို ဆက်သွယ်၍ တဦးလျှင် ငွေကျပ် ၂၅ သိန်းဖြင့် လာရောက်ရွေးယူရန် ငွေညှစ်နေကြောင်း ဒေသခံများက ဆိုသည်။

ဆောမြို့နယ်

ဆောမြို့နယ်မှ ကျောင်းထိုင်ဆရာတော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဖမ်းခေါ်

by ဧရာဝတီ
17 January 2022
7.4k

အဆိုပါ ကံကြီးကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၆ ရက်က ကံကြီး ဆရာတော် အပါအဝင် အသက် ၁၅ နှစ်ခန့်အရွယ်ရှိ လူငယ် ၅ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရ သည်။

သာ့သနာဗိမာန်ကုသရေးစင်တာတွင် ဆေးကုသမှုခံယူနေကြသည့် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ ကိုဗစ်ပိုးတွေ့သံဃာတော်များ / Zaw Myo Thein / Facebook

အင်းစိန်ရွာမ စာသင်တိုက်ရှိ သံဃာနှင့် လူ ၂၇၉ ဦး တွင် ကိုဗစ်ပိုး ထပ်တွေ့

by ထွန်းထွန်း
25 September 2020
32.9k

စာသင်တိုက်အတွင်း ပိုးတွေ့ရှိမှုအခြေအနေများနှင့် ပတ်သက်၍လည်း စက်တင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ကျောင်း တိုက်ဘက်မှ အတည်ပြု သတင်းထုတ်ပြန်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိ ကြောင်းလည်း ကြေညာခဲ့သည်။

Next Post
စိတ်ကူးယဉ် သိပ္ပံ ရုပ်ရှင်ဇာတ်ကား "The Matrix"

"The Matrix 4" ရုပ်ရှင်အတွက် သရုပ်ဆောင် စတင်ရွေးချယ်နေပြီဖြစ်တဲ့ Warner Bros

Screen နှစ်ခု ပါဝင်တဲ့ Surface Duo ခေါက်ချိုးစမတ်ဖုန်း

Screen နှစ်ခု ပါဝင်တဲ့ Surface Duo ခေါက်ချိုးစမတ်ဖုန်းကို Microsoft မိတ်ဆက်ပြသ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved