• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ ၃ မြို့ဝင်ထွက်ခွင့်ပိတ်

by ထွန်းထွန်း
23 January 2020
in သတင်း
A A
Coronavirus စစ်ဆေးမှုများကို ခရီးသွားများကိုလည်း ပြုလုပ် / xinhuanet

Coronavirus စစ်ဆေးမှုများကို ခရီးသွားများကိုလည်း ပြုလုပ် / xinhuanet

11k
VIEWS
Share on FacebookShare on Twitter

အဆုတ်ရောင်ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံရှိ ဝူဟန်မြို့ အပါအဝင် ဟွမ်ဂန်နှင့် အီကျိုး မြို့များကိုပါ တရုတ်အာဏာပိုင်များက ခရီးသွားလာ ဝင်ထွက်ခွင့်များ ပိတ်လိုက်ပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူမှာ လက်ရှိတွင် ၅၇၁ ဦးရှိလာပြီ ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၄၄၄ ဦး၊ ကွမ်တုံမြို့တွင် ၂၆ ဦး၊ ဘေကျင်းမြို့တွင် ၄ ဦးနှင့် ရှန်ဟိုင်းမြို့တွင် ၉ ဦးကူးစက်ခံထားရပြီး ထိုင်း၊ ဂျပန်၊ တောင် ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့တွင် ကူးစက်ခံရသူများရှိကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။

RelatedPosts

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

21 May 2025
756
ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

21 May 2025
16
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
142

ယနေ့မနက် အစောပိုင်းက ဝူဟန်မြို့မှ တိုက်ရိုက်ပျံသန်းလာသည့် China Eastern လေကြောင်းလိုင်း ခရီးစဉ်အမှတ် MU2659 သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည့်အတွက် မြန်မာနိုင်ငံသားများက စိုးရိမ်နေကြသည်။ အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၉ ဦးနှင့် ခရီးသည် ၈၅ ဦး လိုက်ပါလာသည်။

သို့သော် လေယာဉ်ပေါ်ပါသူများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု သံသယရှိလူနာ မတွေ့ရကြောင်း လေဆိပ် ကူးစက် ရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာနမှ ဒေါက်တာဉာဏ်ထက်လွင်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာ မှတဆင့် အသိပေး ထုတ်ပြန်ထားသည်။

ထို့နည်းတူ မန္တလေးမြို့တွင်လည်း သံသယဖြစ်ဖွယ် လူနာ ယနေ့အထိ မတွေ့ရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်က ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ သန်းသန်းမြင့်က “ဒီနေ့အချိန်ထိ သံသယလူနာ မတွေ့ရှိရသေးပါဘူး၊ ဝူဟန်လေကြောင်းလိုင်းကိုတော့ ပိတ်လိုက်ပါပြီ။ ဝူဟန်က တနင်္လာ၊ သောကြာ ဆင်းတာဆိုတော့ ဒီနေ့ပိတ်လိုက်တော့ မနက်ဖြန် မဆင်းတော့ပါဘူး” ဟု ပြောသည်။

ဝူဟန်မြို့နှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ်များအား မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တို့တွင် အပတ်စဉ် ပြေးဆွဲလျှက်ရှိပြီး လေကြောင်း ခရီးစဉ် ရပ်နားမှုများအား ရပ်နားမှုရှိ၊ မရှိအား ယနေ့ ညနေပိုင်းအထိ တရုတ်ဘက်မှ တရားဝင်စာဖြင့် အကြောင်းကြားမှု မရှိသေးကြောင်းလည်း တံတားဦး လေဆိပ် တာဝန်ရှိသူများက ပြောသည်။

တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ် MJET တာဝန်ခံ ဦးအောင်ခိုင်စိုး က “ကျနော်တို့လည်း ဝူဟန်လိုင်း ရပ်နားတယ်လို့ ကြားတာကြောင့် တရုတ်လေကြောင်းလိုင်းကို ဆက်သွယ်နေပါတယ်၊ အခုအချိန်ထိတော့ ရုံးချုပ်ကနေတော့ ဘာသတင်းမှ မရသေးပါဘူး၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကိုလည်း သတင်းပို့ထားပါတယ်၊ ဝူဟန်လေကြောင်းလိုင်းနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲ ရှိလား ဆိုတာကို ညွှန်ကြားချက်တော့ မရသေးပါဘူး၊ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ကိုလည်း စောင့်နေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဝူဟန်မြို့နှင့် တိုက်ရိုက်ပျံသန်းနေသည့် ခရီးစဉ်များနှင့် ပတ်သက်ပြီး စိစစ်မှုများ ပြုလုပ်ရန် လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနသို့  ညွန်ကြားထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနှင့် ပတ်သက်ပြီး စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဝင်ပေါက်များတွင် အဖျားရောဂါနှင့် တုပ်ကွေးဆန်သည့် ရောဂါလက္ခဏာများ အဓိကထား စစ်ဆေးလျှက်ရှိပြီး အခြားလေဆိပ်၊ ရေဆိပ်များတွင်လည်း စစ်ဆေးလျှက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားသည်။

အဆိုပါ ဗိုင်းရပ်စ်စတင် ဖြစ်ပွားရာ ဝူဟန်မြို့တွင် မြန်မာနိုင်ငံသား ပညာတော်သင်ကျောင်းသား ဦးရေ ၇၀ ကျော် တက်ရောက်လျှက်ရှိပြီး လတ်တလောတွင် ပိတ်မိနေသူအချို့က ယင်းမြို့တွင်း သွားလာမှုများအား သတိပေး ထိန်းချုပ်ထားမှု အခြေအနေများအား ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသည်။

အဆုတ်ရောင်ရောဂါ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် (2019 Novel Coronavirus (2019-nCoV)) သည် တရုတ်နိုင်ငံ အ လယ်ပိုင်း ဝူဟန်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာနှောင်းပိုင်းက စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ သေဆုံးသူ ၁၇ ဦးရှိပြီဖြစ်ကြောင်း တရုတ်သတင်းဌာနများက အတည်ပြုဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်မြို့ရှိ ငါးဈေး ၁ ခုမှ စတင်ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း ယူဆမှုများရှိနေပြီး လင်းနို့များထံမှ ကူးစက်ခံထားရသည့် မြွေများမှတဆင့် လူထံသို့ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း မျိုးဗီဇသရုပ်ခွဲ လေ့လာမှု ရလဒ်အချို့အား ကိုးကားပြီး ဟောင်ကောင်အခြေစိုက် သတင်းဌာနတခုက ဖော်ပြထားသည်။

လတ်တလောတွင် ရောဂါ စတင် ဖြစ်ပွားခဲ့သည့် ဝူဟန်မြို့အား ပြင်ပနှင့် ဆက်သွယ် သွားလာမှုများ ပိတ်ပင်ထား သည့်အပြင် သယ်ယူပို့ဆောင်ရေးများလည်း ယာယီ ရပ်ဆိုင်းထားပြီး ထိန်းချုပ်တားဆီးရေး လုပ်ငန်းများ တရုတ် အစိုးရက ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနေဖြင့်လည်း ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး တရပ်ကို ကျင်းပလျှက်ရှိပြီး ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ အဖြစ် ကြေညာရန် သင့်၊ မသင့်နှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ ဆွေးနွေးလျှက်ရှိသည်။

ဧရာဝတီ မန္တလေးအခြေစိုက် သတင်းထောက် ဒီလှိုင်းဝင်း ပူးပေါင်းရေးသားသည်။

You may also like these stories:

ရခိုင်တွင် ပထမဆုံး H1N1 ရောဂါကူးစက်ခံရသူ တဦးတွေ့

ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၅၉ ဦးအထိရှိလာ

တရုတ်က ထူးဆန်း ရောဂါ မကူးစက်ရေး မန္တလေး လေဆိပ်၌ တရုတ် ခရီးသည်များကို ကြပ်မတ် စစ်ဆေး

Your Thoughts …
Tags: အဆုတ်ရောင်ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ပြည်တွင် မိုးများသဖြင့် ဝါစိုက်တောင်သူများအရှုံးပေါ်

ပြည်တွင် မိုးများသဖြင့် ဝါစိုက်တောင်သူများအရှုံးပေါ်

ခူမီးရိုးရာနှစ်သစ်ကူးပွဲတော်  / ခူမီးမီဒီယာ

ခူမီးချင်းများအား ရခိုင်မျိုးနွယ်စုဝင်အဖြစ် ဖော်ပြနေမှုကို လက်မခံဟု KACC ပြော

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate