• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရားစွဲခံရခြင်း လွတ်လပ်စွာ ပြောဆိုခွင့်အရ နစ်နာဟု မြဝတီမင်းကြီး ဆရာတော် မိန့်ကြား

by ဒီလှိုင်းဝင်း
14 February 2020
in သတင်း
A A
မြဝတီမင်းကြီးဆရာတော် / ဇော်ဇော် / ဧရာဝတီ

မြဝတီမင်းကြီးဆရာတော် / ဇော်ဇော် / ဧရာဝတီ

10.4k
VIEWS
Share on FacebookShare on Twitter

တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခြင်းကြောင့် နိုင်ငံသား တယောက်၏ လွတ်လပ်စွာ ပြောဆိုခွင့်အရ နစ်နာ ဆုံးရှုံးမှုများ ရှိနေရဟု မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင် အရိယာဝံသာ ဘိဝံသက ယနေ့ ရုံးချိန်းတွင် မိန့်ကြားသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးသို့ ယနေ့ ၁၁ကြိမ်မြောက် ရုံးချိန်း လာရောက်ရင်ဆိုင်အပြီး ဆရာတော်က ထိုသို့ မိန့်ကြားခြင်း ဖြစ်သည်။

RelatedPosts

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
26
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
644
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
728

“ဘုန်ကြီးတို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကတော့ အရမ်းကြီးကို နစ်နာတယ်၊ တရားဥပဒေမှာတော့ မသိဘူးပေါ့လေ၊ ဘုန်းကြီးတို့ စောင့်ထိန်းရတဲ့ သိက္ခာပုဒ်တွေမှာ ပြစ်မှုနဲ့ ပတ်သက်ပြီး ဥပဒေတွေ သင်ရတာတွေ ရှိတယ်၊ တချို့ဟာ တွေက အမေး၊အဖြေ လို့ ခေါ်တာပေါ့လေ၊ မေးတဲ့သူက မေးလို့ ဖြေတာမျိုးက အပြစ်မသင့်ဘူး၊ အခုသူတို့ ဥပဒေတော့ ဘယ်လိုရှိတယ်ဆိုတာ ဘုန်းကြီးက စောင့်ကြည့်ရမှာဖြစ်တယ်”ဟု အရှင်အရိယဝံသာဘိဝံသက မြွက်ကြားခြင်း ဖြစ်သည်။

တရားစွဲခံရခြင်း၏ ဖြစ်စဉ်မှာ ပြီးခဲ့သည့်နှစ် ဇွန် ၂၁ရက်က ခေတ်သစ်မီဒီယာနှင့် အင်တာဗျူးတွင် မြဝတီမင်းကြီး ဆရာ တော်က တပ်မတော်မှာ သမိုင်းကောင်းသည့် စစ်တပ်မဟုတ်၊ ပြည်သူထဲက ပြည်သူ့စစ်သားမဟုတ်၊ အမိန့်မနာခံဟု ပြောဆိုသည့် အပေါ် တပ်မတော်ကို အကြည်ညိုပျက်စေသည့် အသုံးအနှုန်းများ သုံးစွဲသည်ဆိုကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်၂ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ဒုတိယဗိုလ်မှုးကြီး သော်တာထွေးက တရားလိုပြုလုပ်၍ ၂၀၁၉ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“အခုက မီဒီယာက လာမေးတာကို ပြောမှာပေါ့လေ၊ မပြောဘူးဆိုရင် ဘုန်းကြီးတို့က သတ္တိကြောင်ရာလည်း ရောက် သလို Right ဆိုတာက အမှန်အတိုင်းပြောခွင့်၊ လွတ်လပ်စွာပြောခွင့်ကို ဥပဒေက ခွင့်ပြုပြီးသားလေ၊ အခုလို လွတ် လွတ်လပ်လပ်ပြောမှပဲ တဖက်က မကောင်းတာလုပ်တဲ့သူတယောက်ဟာ မကောင်းတာ မလုပ်ရဲမှာ ဖြစ်တယ်”ဟု မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်က ဆက်လက် မြွက်ကြားသည်။

အဆိုပါအမှုကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ရာကြီး ၉၁၄/ ၂၀၁၉၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၀ ဖြင့် လက်ခံစစ် ဆေးနေခြင်းဖြစ်ပြီး တရားလိုအပါအဝင် တရားလိုပြသက်သေ ၅ ဦးထိ တင်သွင်းထားကာ ရုံးချိန်း ၁၁ ချိန်းပြီးသည် အထိ တရားလိုကို စစ်ဆေးပြီးကြောင်း သိရသည်။

“ဒီအပတ်ရုံးချိန်းမှာ တရားလိုကို စစ်ဆေးဖို့ ချိန်းဆိုထားတာမှာ တရားလိုရှေ့နေ ခွင့်တင်ခဲ့တာကြောင့် မစစ်ဆေးဖြစ်ခဲ့ ပါဘူး၊ ရုံးချိန်းကိုသာ ပြန်လည် ချိန်းဆိုပေးခဲ့ပါတယ်”ဟု ပြည်ကြီးတံခွန်မြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဦးက ပြောသည်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်က အရှင်အရိယဝံသာဘိဝံသက “တကယ်တော့ အသရေဖျက်စေမှုဆိုတာ အသရေဖျက်တဲ့ ပယောဂ၊ အသရေပျက်စေလိုမှုကို ဦးတည်မှ ဖြစ်တာကို၊ ဘုန်းကြီးကို လာမေးမှတော့ ဓားပြကို ဓားပြ ပြောမှာပေါ့၊ သူခိုးကို သူခိုးလို့ ပြောမှာပေါ့၊ ဒါက ဘာဆန်းသလဲ၊ သူခိုးကို သူခိုးလို့ပြောတာ၊ ဓားပြကို ဓားပြလို့ ပြော တာ ဘယ်လိုလုပ် အသရေဖျက်စေမှု ဖြစ်မှာလဲ၊ ဘာအသရေတွေရှိလို့ ဘာတွေက ပျက်ရမှာလဲ၊ အဲဒီလိုမဟုတ်ဘဲ ပြောမှသာ အသရေပျက်စေလိုတဲ့ စိတ်ဆန္ဒဆိုတာ ဖြစ်ပေါ်ရိုးထုံးစံရှိတာလေ၊ ပြောချင်တာက အသရေဖျက်ဖို့ ဦးတည်လုပ်မှ အသရေဖျက်မှုလို့ ခေါ်ရတာလေ”ဟု မြွက်ကြားသည်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်အား တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခဲ့သည့်အပေါ် ပြည်ကြီးတံခွန် မြို့နယ်တရားရုံးက မြဝတီမင်းကြီးဆရာတော်အား ကျပ်သိန်း ၁၀၀ တန် ကိုယ်ပိုင်ခံဝန် အာမခံပေးထားသဖြင့် မြဝတီဆရာတော်အနေဖြင့် အာမခံဖြင့် အမှုရင်ဆိုင်နေခြင်းဖြစ်သည်။

“လွတ်လပ်စွာပြောဆိုခွင့်က သိပ်ကို အရေးကြီးပါတယ်၊ ဒါကို ဟန့်တားတာဟာ သူတို့ မကောင်းတာ ဆက်လုပ်ချင်လ်ို့ ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တာပါပဲ၊ မကောင်းတာ လုပ်တဲ့သူတွေ များပြားလာရင် ဒီနိုင်ငံပျက်ဆီးတော့မှာပဲ၊ လူ့ အသိုင်းအဝိုင်းက ပျက်ဆီးသွားမှာပဲ၊ ဒါကြောင့် လွတ်လပ်စွာပြောဆိုခွင့်က ဘုရားရှင်ချီးမွှမ်းတဲ့ အလွန်ကောင်းတဲ့ အခွင့်အလမ်းကြီးတခု၊ သတ်မှတ်ချက်တခုလို့ ပြောချင်တာပါပဲ”ဟု မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်က ဆက်လက် မြွက်ကြားသည်။

အဆိုပါအမှုအား ဖေဖော်ဝါရီ ၂၈ ရက်နေ့သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ပြီး ထိုရုံးချိန်တွင် တရားလိုပြသက်သေကို စစ်ဆေးသွားမည်ဖြစ်သည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ တွင် အသရေဖျက်မှုအတွက် မည်သူမဆို အခြားသူတဦး၏ အသရေကို ဖျက်လျှင် ထိုသူကို ၂နှစ်ထိ အလုပ်မဲထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

Your Thoughts …
Tags: တပ်မတော်မန္တလေးမြဝတီမင်းကြီး ဆရာတော်လွတ်လပ်စွာ ပြောဆိုခွင့်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.6k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.4k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
14.9k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
13.9k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.7k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

Next Post
အထည်ချုပ် လုပ်ငန်းခွင် တခု  / ဧရာဝတီ

တရုတ်မှ အထည်ကုန်ကြမ်း မဝင်တော့၍ အခြားနိုင်ငံများ တင်သွင်းရန် စီစဉ်နေ

မင်းသား Robert Pattinson

Robert Pattinson ကို Batman ဝတ်စုံနဲ့ ပထမဆုံး မြင်လိုက်ရလို့ ပရိသတ်များ အံ့အားသင့်ကြရ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate