• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်တော်ပြန်များ Quarantine ဝင်နိုင်ရေး လက်နက်ကိုင် အဖွဲ့များလည်း အသင့်ပြင်

by ဇင်လင်းထက် & လဲ့လဲ့
30 April 2020
in သတင်း
A A
ပြည်တော်ပြန်များအတွက် KNU က Quarantine Center များ ပြင်ဆင်ထားမှု  /  ဒူးပလာယာခရိုင်

ပြည်တော်ပြန်များအတွက် KNU က Quarantine Center များ ပြင်ဆင်ထားမှု / ဒူးပလာယာခရိုင်

6.7k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ဝင်လာကြမည့် ရွှေ့ပြောင်းလုပ်သားများတွင် COVID –19 ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) အချို့သည် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြလျှက်ရှိသည်။

နယ်စပ်က ပြန်လည်ဝင်ရောက်လာမည့် လူများအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) က ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းများကို Quarantine Center အဖြစ်ပြင်ဆင်ထားပြီး စုစုပေါင်း ၁၃ ခုရှိကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများကို ၎င်းတို့ဇာတိသို့ အစိုးရက ပို့ပေးမည်ဖြစ်ရာ အစိုးရက မခေါ်သွားနိုင်သဖြင့် ကျန်နေ သူများကို KNU အဖွဲ့က တာဝန်ယူကာ ကျန်းမာရေး စောင့်ကြည့်ပေး သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ (၆) လုံခြုံရေး တပ်ဖွဲ့မှူး ဗိုလ်မှူးစောရန်နိုင်က ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

ဗိုလ်မှူးစောရန်နိုင်က “၁ ယောက်နဲ့ ၁ ယောက်အကွာအဝေးကတော့ ၆ ပေပေါ့။ ၁ ခန်းကို ၆ ယောက်ပဲ စီစဉ်ထားတယ်။ စုစုပေါင်း ၁၃ နေရာမှာ လူ ၁၀၀၀ လောက်တော့ ထားနိုင်မယ်ထင်တယ်” ဟု ရှင်းပြသည်။

ပြည်တော်ပြန်များအတွက် KNU က Quarantine Center များ ပြင်ဆင်ထားမှု (ဓာတ်ပုံ – ဒူးပလာယာခရိုင်)

Quarantine Center များတွင် အစိုးရ၏ ကျန်းမာရေးဝန်ထမ်းများနှင့် KNU ၏ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှု ပေးမည်ဖြစ်ပြီး Center များ၏ လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် KNU တပ်ဖွဲ့ဝင်များက ပူးပေါင်း တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း KNU ထံမှသိရသည်။

ဗိုလ်မှူး စောရန်နိုင်က “ရောဂါရှိတဲ့လူတွေ ပုံစံမျိုးမဟုတ်ဘဲ တကယ်တော့ရောဂါရှိ၊ မရှိမှ မသိတာ။ အဲဒီတော့ ရောဂါသည်လို ဆက်ဆံတာမျိုး မဟုတ်ဘဲ နွေးနွေးထွေးထွေးနဲ့ အားလုံးပြန်ပြီး ကြိုဆိုတဲ့ပုံစံမျိုးနဲ့ ရောဂါကူးစက်မပြန့်ပွားဖို့ အားလုံးပါဝင်တဲ့ပုံစံမျိုးနဲ့ ကျနော်တို့ ပေါင်းစပ်ပြီးတော့မှ ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ပြောသည်။

ထို့အတူ ထိုင်း- မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကလည်း နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများကို ကျန်းမာရေး စောင့်ကြည့်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

RCSS အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက “အခုလက်ရှိပြင်ဆင်ထားတာတော့ သူတို့အတွက် နေရာထိုင်ခင်းတွေတော့ မလုပ်ရသေးဘူးပေါ့နော်။ ဒါပေမယ့် အရင်တခေါက်က လုပ်ထားတာတွေလည်း နည်းနည်းပါးပါး ရှိတယ်။ ဝင်ရောက်လာရင်လည်း ချက်ချင်း စီစဉ်ပေးရမှာပဲ” ဟု ပြောကြားသည်။

ပြည်တော်ပြန်များအတွက် KNU က Quarantine Center များ ပြင်ဆင်ထားမှု (ဓာတ်ပုံ – ဒူးပလာယာခရိုင်)

လက်ရှိတွင် ဒုတိယအသုတ် နေရပ်ပြန်လာမည့်သူများ အတွက် RCSS အနေနှင့် ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ အစားအစားများကို တတ်နိုင်သ၍ ပြင်ဆင်ထားကြောင်း၊ ယင်းသို့ပြင်ဆင်ရာတွင် RCSS အဖွဲ့၌ ဆေးဝါးပစ္စည်း၊ ဗိုင်းရပ်စ် ကာကွယ်သည့် အရေးပေါ်ဝတ်စုံများ၊ နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာများ အလုံအလောက် မရှိသည့် လိုအပ်ချက် ရှိနေကြောင်း ၎င်းက ဆိုသည်။

ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေး က “တခြားအလှူရှင်စေတနာရှင်တွေက လှူတာတွေလည်း လက်ခံဖို့ စီစဉ်ထားတာပေါ့။ ပြီးတော့အစိုးရရဲ့  ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီလည်း ဖွဲ့ထားတော့ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ မြင်တယ်။ ကော်မတီနဲ့ ကျနော်တို့နဲ့ ညှိနှိုင်းထားတာတော့ မရှိသေးဘူး” ဟု ဆက်ပြောသည်။

သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားသည့် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီကမူ နယ်စပ်က ဒုတိယအသုတ်ပြန်လည် ဝင်ရောက်လာမည့်သူများအရေး EAO များနှင့် ဆွေးနွေးရန် ကော်မတီက စီစဉ်နေသည်ဟု ပြောသည်။

EAO များနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က “နောက်ထပ် ဝင်ရောက်လာမယ့် လူတွေကိစ္စနဲ့ ပတ်သက်လို့လည်း မကြာခင်မှာ ကျနော်တို့ ညှိနှိုင်းမှုတွေ လုပ်ပါတော့မယ်။ အခု အွန်လိုင်းမှာ တွေ့ကြဖို့တွေ၊ စကားပြောကြဖို့တွေ ကျနော်တို့ ညှိနေကြပါပြီ။ မကြာခင် ဒီတပတ်၊ ရှေ့တပတ် လောက်မှာ တော့ စတင် ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်” ဟု ပြောကြားသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဒုတိယအသုတ်အနေနှင့် မြန်မာနိုင်ငံအတွင်းသို့ မေလ ၃ ရက်တွင် ပြန်လည် ဝင်ရောက်လာမည် ဆိုသည့် သတင်းများထွက်ပေါ်နေသည်ဖြစ်ရာ နေရပ်ပြန်လာသူများ အရေးနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရ အပါအဝင် တိုင်းနှင့် ပြည်နယ်အစိုးရများက ကြိုတင်ပြင်မှုများရှိနေပြီး EAO အဖွဲ့အချို့ကလည်း အစိုးရနည်းတူ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုတင်ပြင်ဆင်နေခြင်းလည်းဖြစ်သည်။

ပြည်တော်ပြန်များအတွက် KNU က Quarantine Center များ ပြင်ဆင်ထားမှု (ဓာတ်ပုံ – ဒူးပလာယာခရိုင်)

ပြည်ထောင်စုအစိုးရကတော့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဒုတိယအသုတ်ပြန်လည် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသား ၇၀၀၀၀ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ မဲဆောက်အခြေစိုက် အလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်ကမူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မြန်မာဘက်သို့ မေလ ပထမပတ်အတွင်း ပြန်လာနိုင်ရန် ကိစ္စမှာ မသေချာ သေးကြောင်း ဧရာဝတီသို့ ပြောကြားသည်။

ထိုင်းနိုင်ငံဘက်က ဧပြီလ ၂၈ ရက်တွင် ထိုင်းနိုင်ငံအတွင်း ခရိုင်တခုမှ တခုသို့ ကူးသန်းသွားလာခွင့်အား တားမြစ်သည့် ကာဖျူး အမိန့်ကို မေလ အကုန်အထိ ထပ်မံ သက်တမ်း တိုးလိုက်သဖြင့် မြန်မာနိုင်ငံသားများ ပြန်လာရန်ကိစ္စမှာ မရေမရာ ဖြစ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

ဦးဝေလင်းမောင် က “ခရိုင်ဖြတ်သန်းခွင့်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးနဲ့ ညှိနေပါတယ်။ လောလောဆယ်။ ခရိုင်ဖြတ်သန်းခွင့်ရမှ သာလျှင် အလုပ်သမားတွေက ပြန်လာလို့ရမယ်။ ဒီအမိန့်ကြောင့် ကားတွေကလည်း မြန်မာနိုင်ငံသားတွေကို တင်ပြီးသွားလို့မရဘူး။ ဒီပြဿနာလေးရှိပါတယ်” ဟု ပြောပြသည်။

ဒုတိယအကြိမ်အဖြစ် ပြည်ပရောက်နေသူတွေကို အလုံးအရင်းဖြင့် ခေါ်ဆောင်မည့်အပေါ်  စိုးရိမ်သူတွေရှိနေသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လာမည့်သူများကို ကြိုဆိုကြရန်နှင့် အခက်အခဲများကို ညီညွတ်စွာ ရင်ဆိုင်ကြရန် တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ထိုင်းနိုင်ငံက ကျမတို့ ပြည်သူတွေ COVID ရောဂါ ပြဿနာကြောင့် ဒီအပတ်အတွင်းမှာ သောင်းဂဏန်းနဲ့ ချီပြီး ပြန် လာကြပါတော့မယ်၊ အခက်အခဲကြုံနေလို့ အမိမြေကို အားကိုးတကြီး ပြန်လာကြတာကို ကျမတို့ ဂုဏ်ယူရမှာပါ၊ အတတ်နိုင်ဆုံး ကျန်းမာရေး အစီအစဉ်တွေနဲ့ ကြိုဆိုရမှာပါ၊ ငါတို့အမိမြေ ပြန်ရောက်ပြီ၊ ငါတို့လုံခြုံပြီလို့ ခံစား စေချင်တယ်” ဟု ဧပြီ ၂၇ ရက်နေ့က ၎င်းရဲ့ လူမှုကွန်ရက်ကတဆင့် တိုက်တွန်းပြောဆိုထားသည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုက ရှိနေဆဲဖြစ်ပြီး ဧပြီလ ၂၉ ရက်နေ့အထိ ရောဂါပိုးရှိသူ ၁၅၀ ဦးရှိတဲ့ အနက် ၁၆ ဦးမှာ ပြန်လည်သက်သာ ကောင်းမွန်လာပြီဖြစ်ရာ ဆေးရုံဆင်းခွင့်ရခဲ့ပြီး ၎င်းတို့ကို Quarantine ဆက်လက် ထားရှိမည် ဖြစ်ကြောင်း သိရသည်။

ဆက်စပ်လင့်

ကိုဗစ် ဂယက်ကြားက ပြည်တော်ပြန် ဒုတိယလှိုင်း

Your Thoughts …
Tags: COVID-19KNURCSS
ဇင်လင်းထက် & လဲ့လဲ့

ဇင်လင်းထက် & လဲ့လဲ့

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.6k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

Next Post
AYA Bank မှ ပြုလုပ်ပေးထားသော စောင့်ကြည့်စင်တာကို ပိုးသတ်ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းတဦး  / ထက်ဝေ  / ဧရာဝတီ

မန္တလေးတွင် COVID-19 ပိုးစစ်မည့်ဓာတ်ခွဲခန်း မေလကုန်ဖွင့်နိုင်မည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အထွေထွေရောဂါကု ဆေးရုံကြီး  / ဧရာဝတီ

မြစ်ကြီးနားဆေးရုံတွင် COVID-19 လူနာ ၄၀ ကုသနိုင်ရန် ပြင်ဆင်ထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved