• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရီမုမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် ပုဏ္ဏားကျွန်းအဝင်တွင် တပ်မတော်သားတချို့ ကျဆုံး

by ထက်နိုင်ဇော်
3 June 2020
in သတင်း
A A
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ  / ထက်နိုင်ဇော် / ဧရာဝတီ

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ / ထက်နိုင်ဇော် / ဧရာဝတီ

42.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန် – စစ်တွေ ကားလမ်းမပေါ် ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားထိပ်သို့ လမ်းလုံခြုံရေး ကင်းလှည့်သည့် တပ်မ တော် စစ်ကြောင်းတခု ရောက်ရှိလာစဉ် ရီမုမိုင်း ၂ လုံး ပေါက်ကွဲသဖြင့် တပ်မတော်သားတချို့ ကျဆုံးပြီး ဒဏ်ရာ ရရှိများ လည်း ရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ယင်းပေါက်ကွဲမှု ဖြစ်စဉ် ပုဏ္ဏားကျွန်းမြို့ ဘက်မှ စစ်တွေဘက်သို့ ဆိုင်ကယ် စီးနင်းလာသူ အရပ်သား ၂ ဦးကိုလည်း ထိ ခိုက်မိပြီး ၁ ဦး သေဆုံးသွားခဲ့သည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“တပ်မတော်က ရန်ကုန်-စစ်တွေ လမ်းမကြီး လုံခြုံရေးအတွက် ကင်းလှည့်လည်ဖို့အတွက် လမ်းလျှောက်သွားနေတာ ဖြစ်တယ်။ အဲဒီအချိန်မှာပဲ အရပ်သား ၂ ဦးကလည်း ဆိုင်ကယ်နဲ့ ဖြတ်မောင်းလာတယ်။ အဲဒီမှာ ဖြစ်တာ”ဟု ရှင်းပြသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းပေါက်ကွဲသည့် ဖြစ်စဉ်များမှာ မြို့ပေါ်တွင် ဖြစ်လေ့နည်းပြီး နယ်ဘက်တွင်သာ ဖြစ်ပေါ်လေ့ ရှိ ကြောင်း၊ ယခုအခါ မြို့အဝင်အထိ ရောက်ရှိလာသဖြင့် ယခုလို မဖြစ်ပွားစေချင်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နည် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောသည်။

“မိုင်းဖြစ်စဉ်ကတော့ မှန်တယ်။ အရပ်သားတယောက် ဒဏ်ရာ ရတယ်။ တယောက်က ဆုံးသွားပြီ။ တပ်မတော်သားတွေ ကျ၊ မကျတော့ မသိဘူး။ ဒဏ်ရာရတဲ့ အရပ်သား တယောက်ကိုတော့ စစ်တွေကို ခေါ်သွားပြီ။ မိုင်းကတော့ ဘယ် က ထောင်မှန်းလည်း မသိဘူး။ ဘယ်က လုပ်လိုက်မှန်း မသိဘူး”ဟု ဦးအောင်သန်းတင်က ပြောသည်။

တပ်မတော်ကမူ ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ ၏ လက်ချက်ဟု စွပ်စွဲထားပြီး ယခုနောက်ပိုင်းတွင် ကြီးမားသည့် မိုင်းအမျိုး အစားများကို တင်ဆင် အသုံးပြုလာ၍ လူ၊ ယာဉ်များကိုပါ ထိခိုက်ပျက်စီးမှု ကြီးမားလာကြောင်း ပြောသည်။

“သူတို့ အရင်ကတည်းက ရခိုင်ဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းကို ရီမုနဲ့ တိုက်ခိုက်ဖူးပါတယ်။ အခု နောက်ပိုင်းမှာ အိန္ဒိယ တပ်မ တော်က ဒီဘက်ကို သတင်းပေးတဲ့အခါမှာ အိန္ဒိယ သတင်းစာ တချို့ မှာလည်း ရေးခဲ့တာ ရှိတယ်။ AA အနေနဲ့ ရီမု နည်းပ ညာနဲ့ ပတ်သက်ပြီးတော့ကျ နည်းပညာမြင့်တဲ့ဆီက အထောက်အပံ့ ရရှိထားတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။

AA အဖွဲ့ အသုံးပြုသည့် နည်းပညာများထဲတွင် ရီမုခလုတ်ကို နှိပ်၍ ခွဲလို့ရသည့် နည်းပညာ၊ လမ်းလျှောက်စကားပြောစက် ဖြင့် ခွဲလို့ရသည့် နည်းပညာ၊ ယခုနောက်ပိုင်း ဝိုင်ဖိုင်ချိတ်၍ ခွဲလို့ရသည့် နည်းပညာတို့ပါ ရှိလာသဖြင့် အိန္ဒိယနိုင်ငံ၏ သတင်းစကားမှာ မှန်ကန်ကြောင်း ဆိုသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ AA အဖွဲ့ ထံမှ လွတ်လပ်သည့် သဘောထား ရရှိနိုင်ခြင်း မရှိသေးပါ။ သို့သော် ယခင် မိုင်းဖြစ် စဉ်များတွင် AA က ၎င်းတို့အဖွဲ့ ၏ လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောဆိုလေ့ ရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တပ်မတော် စစ်ကြောင်းတခုအား မိုင်းခွဲ တိုက်ခိုက်မှုတွင် အမှတ် (၃၇၄) တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး ရန်နောင်ဝင်း အပါအဝင် တပ်ဖွဲ့ဝင် တချို့ ကျဆုံးခဲ့ သည့် ဖြစ်စဉ်တွင် AA အဖွဲ့ က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။
စစ်ရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က AA အဖွဲ့က ယခုလို နည်းပညာ မြင့်လာခြင်းသည် ကြီး ကျယ်သည့် ကိစ္စတခု မဟုတ်ဘဲ နိုင်ငံတခုခု၏ အကူအညီကို ရရှိနေသဖြင့် ယခုလို ဆောင်ရွက် နိုင်ခြင်း ဖြစ်ကြောင်း ပြောသည်။

ဦးသန်းစိုးနိုင်က “ဒီရီမုမိုင်းတွေ တွင်တွင်ကျယ်ကျယ် သုံးလာရင် လူထုကို ထိခိုက်နစ်နာမှုတွေလည်း ပိုများလာနိုင်တယ်။ ဒါက အတော်အန္တရာယ်ရှိတဲ့ အနေအထားတရပ်လို့ ပြောလို့ရတယ်။ ဒီမိုင်းတွေကလည်း AA က မလုပ်နိုင်ပါဘူး။ နိုင်ငံတနိုင်ငံက ပေးတာပဲ ဖြစ်မှာ”ဟု ပြောသည်။

ထို့ပြင် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့ များထဲတွင် တရုတ်နိုင်ငံထုတ် လေယာဉ်ပစ် ပုခုံးထမ်း လက်နက်များ တွေ့ ရှိစဉ် ကတည်းက ယခုလို ရီမုမိုင်း နည်းပညာလောက်ကို မအံ့သြမိတော့ဟု ဆိုသေးသည်။

တပ်မတော်က ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် တူးဖော်ရရှိခဲ့သည့် မိုင်းတချို့ မှာ အမြင့် ၁ ပေနှင့် အချင်းပတ်လည် ၁ ပေနီးပါး အထိ ရှိကြောင်း၊ ယခုနောက်ပိုင်းတွင် လက်လုပ်မိုင်းများသည်လည်း ယခင်ကထက် အရွယ်အစား ပိုကြီး လာကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြေမြုပ်မိုင်း နင်းမိသဖြင့် အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှု၊ သေဆုံးမှုများ ရှိနေဆဲ ဖြစ်ပြီး အရပ်သား သေဆုံးသည့် ဖြစ်စဉ်တိုင်းတွင် တပ်မတော်နှင့် AA ၂ ဖွဲ့ စလုံးက ၎င်းတို့ လက်ချက်ဟု ဝန်ခံပြောဆိုမှုမျိုး တခါမှ မရှိခဲ့ဖူးပါ။

မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့၏ စာရင်းပြုစုချက်များ အရ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် မိုင်းနင်းမိသည့် အရပ်သား ၅၈ ဦး ရှိပြီး ထိုအထဲမှ ၁၉ ဦးမှာ အသက်သေဆုံးခဲ့သည်။ ၂၀၂၀ ခုနှစ်ထဲတွင် မိုင်းနင်း မိသူ မည်မျှရှိကြောင်း မသိရှိရသေးပါ။

လက်ရှိ အချိန်အထိ အစိုးရနှင့် AA တို့ကြားတွင်လည်း ငြိမ်းချမ်းရေးအတွက် သဘောတူညီမှု တစုံတရာ မရရှိသည့် အပြင် AA ကို အစိုးရက အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်လိုက်သဖြင့် ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လျက် ရှိသလို အရပ်သား သေဆုံး ထိခိုက်မှုများမှာလည်း နေ့စဉ် ဆက်တိုက် ဖြစ်ပွားနေသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
4
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
87

You may also like these stories:

မန္တလေး- စစ်တွေယာဉ်လိုင်းမှ ခရီးသည် ၃၁ဦးကို မြောက်ဦးအနီး AA ဖမ်းဆီးဟုဆို

AA အဖွဲ့ဝင်ဟု သံသယ ရှိသဖြင့် အရပ်သား ၂၅ဦးကို ထိန်းသိမ်းထား

AA ဖမ်းဆီးထားသည့် ပလက်ဝ ဒေသခံ ၁၂ ဦး ထွက်ပြေး လွတ်မြောက်

Your Thoughts …
Tags: ရီမုမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် တပ်မတော်သားတချို့ ကျဆုံး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အစိုးရချေးငွေ ရယူရန် လျှောက်ထားသူများကိုတွေ့ရစဉ် / UMFCCI

စီးပွားရေး လုပ်ငန်း ၁ ထောင်ကျော်ကို အစိုးရ ကျပ် ၃၆ ဘီလီယံကျော် ထုတ်ချေး

YBS မြို့ပတ် ယာဉ်တစီး  / ထက်ဝေ / ဧရာဝတီ

YBS ယာဉ်များ ဇူလိုင်လမှသာ ပုံမှန်အစီးရေ ပြန်လည် ပြေးဆွဲနိုင်မည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved