• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စီးပွားရေး လုပ်ငန်း ၁ ထောင်ကျော်ကို အစိုးရ ကျပ် ၃၆ ဘီလီယံကျော် ထုတ်ချေး

by မျိုးပပစန်း
3 June 2020
in သတင်း
A A
အစိုးရချေးငွေ ရယူရန် လျှောက်ထားသူများကိုတွေ့ရစဉ် / UMFCCI

အစိုးရချေးငွေ ရယူရန် လျှောက်ထားသူများကိုတွေ့ရစဉ် / UMFCCI

5.4k
VIEWS
Share on FacebookShare on Twitter

COVID-19 ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး လုပ်ငန်းများကို ကုစားရန် လုပ်ငန်းရှင်များကို ချေးငွေ ထုတ်ပေးရာတွင် လုပ်ငန်းပေါင်း ၁ ထောင်ကျော်ကို အစိုးရက ကျပ် ၃၆ ဘီလီယံကျော် အထိ ထုတ်ချေးပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနက သိရသည်။

ထိုချေးငွေကို နိုင်ငံတော် လှည့်ပတ် ရန်ပုံငွေမှ ကျပ်ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀ စုစုပေါင်း ကျပ် ဘီလီယံ ၁၀၀ အား COVID-19 Fund အဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် ထူထောင်ထားခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံတော် လှည့်ပတ် ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံထဲမှ ပထမအသုတ် ချေးငွေကို ဧပြီလ ၉ ရက်မှ စတင်၍ စီးပွား ရေး လုပ်ငန်းရှင် ၈၅ သို့လည်းကောင်း၊ ဒုတိယ အသုတ် ချေးငွေကို လုပ်ငန်း ၁၁၃ ဦးသို့ လည်းကောင်း၊ တတိယအသုတ် ချေးငွေကို လုပ်ငန်း ၁၁၁ ခုသို့ လည်းကောင်း၊ စတုတ္တသုတ် ချေးငွေကို လုပ်ငန်း ၄၁၇ ခု သို့ လည်းကောင်း ယခု ဇွန်လ ၂ တွင် ထုတ်ပေးမည့် ပဉ္ဓမသုတ် ချေးငွေကို လုပ်ငန်း ၂၉၀ ခုကို စုစုပေါင်း ကျပ် ၃၆ ဘီလီယံ ကျော် ထုတ်ချေးပေးလိုက် ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ချေးငွေ ထုတ်ယူခွင့် ရရှိသူများအနေနှင့် မြန်မာ့ စီးပွားရေးဘဏ်မှ ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေ များ ထုတ်ပေးမည်ဖြစ်ပြီး ကျန်ရှိသည့် လုပ်ငန်းရှင်များ၏ လျှောက်လွှာများကိုလည်း ဆက်လက် ထုတ်ပေးနိုင်ရန် ဆောင် ရွက်လျက်ရှိကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ (MIFER) က ထုတ်ပြန်ထားသည်။

သို့သော် ချေးငွေ ရရှိသူများအား ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ထုတ်ပေးရာတွင် ဘဏ်တခုခု၌ တရားစွဲဆို ခံထားရသော လုပ်ငန်းဖြစ်ပါက ချေးငွေ ထုတ်ပေးမည် မဟုတ်ကြောင်း ဇွန်လ ၂ က ထုတ်ပြန်သော ပဉ္ဓမသုတ် ချေးငွေ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖြစ်သော စားသောက်ကုန် လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်း များနှင့် လက်ခစား (CMP) လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများအပြင် မွေးမြူရေး လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ချေးငွေ ထုတ်ပေးနေခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက “ကျနော်တို့က အကြောင်းကြားတဲ့ စာ တွေကို UMFCCI ကို ပေးလိုက်တယ်။ အဲဒါတွေကို လုပ်ငန်းရှင်တွေက UMFCCI မှာထုတ်ရတယ်။ ကုမ္ပဏီ တခုချင်းစီရဲ့ အကြောင်းကြားစာကို ဆိုင်ရာဆိုင်ရာ တိုင်းဒေသကြီးတွေကို ပို့ပေးလိုက်တာ။ မန္တလေးမှာ ရှိတဲ့သူက မန္တလေးမှာ ထုတ် ရန်ကုန်မှာရှိတဲ့ လုပ်ငန်းက ရန်ကုန်မှာထုတ်ရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းကဆက်၍ “ထုတ်ပေးလိုက်သည့် ချေးငွေတွေကို လုပ်ငန်းရှင်တွေက အမှန်တကယ် ဝန်ထမ်းလစာအတွက် သုံးလား မသုံးလား ဆိုတာတော့ စစ်ဆေးဖို့ လုပ်ဖို့တော့ ပြောထားတာရှိတယ်။ လူကြီးတွေမှ သိမယ်။ အဓိက တော့ ချေးငွေက အဲဒီအတွက် ပေးတာဖြစ်တယ်။ ဒါကြောင့် အဲ့ဒါတော့ သုံးရမယ်ထင်တယ်” ဟု ပြောသည်။

အစိုးရမှ ချေးပေးသော ချေးငွေ၏ အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်း ဖြစ်ပြီး ချေးငွေ ကာလမှာ ၁ နှစ် သတ်မှတ်ထားကာ ချေးငွေ စတင် လျှောက်ထားခွင့်ရသည့် အချိန်မှ လက်ရှိအချိန်အထိ ချေးငွေ လျှောက်ထားသူများအနက် လျှောက်လွှာ ၄၀၀၀ နီး ပါးကို စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) နှင့် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များ အသင်းသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) မှ သိရသည်။

UMFCCI တွဲဖက်အတွင်းရေးမှူး ဦးအေးထွန်း က “ချေးငွေက ထုတ်တော့ ထုတ်ပေးနေပါတယ်။ ဒါပေမယ့် ချေးငွေ ရဖို့ အဆင့် တဆင့်ကတော့ ဘဏ်နဲ့ စာချုပ် ချုပ်ရပါတယ်။ ဘဏ်ကို လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရတာ လက်မှတ် ထိုးရတာတွေ ရှိတယ်။ တော်တော်များများတော့ လာထုတ်ပြီးသွားပြီ”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ငွေချေးတဲ့အခါ ကုမ္ပဏီအနေနဲ့ ချေးတယ်ဆိုရင် ဒါရိုက်တာ အဖွဲ့ဝင်တွေ ရှိတယ်။ အဲဒီ အဖွဲ့ဝင်တွေ က လက်မှတ်ထိုးတာတွေ ဘာတွေ လုပ်တယ်။ ဒါတွေပြည့်စုံရင်တော့ ရမှာပေါ့။ တချို့သော သူတွေကတော့ ဒီကနေ လာထုတ်သွားပေမယ့် ဟိုဘက်မှာ လက်မှတ်သွားထိုးဖို့တွေ ရှိတယ်” ဟု အခြေအနေကို ရှင်းပြသည်။

ယခု ထုတ်ပေးနေသည့် ချေးငွေ ၅ ကြိမ်တွင် လုပ်ငန်းရှင် ၁ ထောင်ကျော်ကိုသာ ရှိသေးသဖြင့် နောက်ထပ်ချေးငွေများ ထုတ်ပေးရန် လုပ်ငန်းရှင် တော်တော်များများလည်း ကျန်နေသေးကြောင်း ဦးအေးထွန်းက ပြောသည်။

လုပ်ငန်းရှင် တဦးလည်းဖြစ်သည့် ဦးအေးထွန်း က “ဒါက ကိုဗစ်ချေးငွေ ဖြစ်တဲ့အတွက် နိုင်ငံတော်ဘက်က အမြန်ပေးနေတဲ့ အခြေအနေမျိုး ရှိပါတယ်။ ကိုဗစ်ကာလမှာ စီးပွားရေးကုစားဖို့ အတွက်ကို မြန်မြန်လေးယူပြီးတော့ မြန်မြန်လေး လုပ်ငန်းတွေကို လည်ပတ်နိုင်အောင် လုပ်ရမယ်။ မြန်မြန်လေး ဝန်ထမ်းတွေနဲ့ အလုပ်အကိုင် ခန့်ထားနိုင်ရေး လုပ်ရမယ်”ဟု ဆိုသည်။

အစိုးရ ချေးငွေရရှိသော လုပ်ငန်းရှင်များအနေနှင့် လက်တွေ့တွင် ချေးငွေကို နိုင်ငံတော်မှ သတ်မှတ်ထားသည့် ပုံစံအတိုင်း အသုံးပြုခြင်း ရှိ၊ မရှိကို စစ်ဆေးသွားရန် အစီစဉ်ရှိသော်လည်း လက်ရှိတွင် စစ်ဆေးခြင်း မရှိသေးကြောင်း ရင်းနှီးမြှုပ်နံှမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက သိရသည်။

လုပ်ငန်းရှင်များ၏ ချေးငွေလျှောက်လွှာ စိစစ်လက်ခံပေးသော သူလည်းဖြစ်သူ ဦးအေးထွန်းက “စစ်ဆေးသွားဖို့တော့ ကျနော်တို့မှာ တာဝန်မရှိပါဘူး။ UMFCCI အနေနဲ့က အဓိကတော့ ကျနော်တို့က ချေးငွေ လက်ခံပေးတယ်။ ဝိုင်းဝန်းပြီး တော့ စိစစ်ပေးတယ်။ အဲဒါပြီးတာနဲ့ ကျနော်တို့က နောက်ထပ် အထပ် အဆင့်တွေ ဖြစ်တဲ့ Task Force တို့ စာရင်းကိုင် အသင်းတို့ကို တင်ပေးတယ်။ သူတို့ကနေ ဆုံးဖြတ်တာပါ”ဟု ရှင်းပြသည်။

လက်ရှိတွင် UMFCCI မှ ချေးငွေ လျှောက်လွှာ သုံးထောင်ကျော် ပို့ထားပြီး ကျန်ရှိနေသေးသည့် လျှောက်လွှာများအတွက် လည်း Task Force မှ ဆက်လက် ညွှန်ကြားလာပါက ထပ်မံပို့ဆောင်သွားရန် ရှိကြောင်း သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
45
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

ယခုသတင်းအား AYA Bank မှ ကူညီပံ့ပိုးသည်။

ဆက်စပ်ဖတ်ရှုရန်

COVID-19 အတွက် အစိုးရက ကျပ်ဘီလီယံ ၁၇၀၀ ကျော်ထိ အသုံးပြုနေ

COVID-19 အလွန် စိုက်ပျိုးရေးကဏ္ဍ ပြန်ထူထောင်နိုင်ရေး ကန်ဒေါ်လာ သန်း ၂၀၀ ချေးမည်

စတုတ္တအကြိမ်မြောက် အစိုးရချေးငွေ တိုင်းနှင့်ပြည်နယ် လုပ်ငန်းရှင်များကို ဦးစားပေးမည်

Your Thoughts …
Tags: စီးပွားရေးကုစားရန်အစိုးရချေးငွေ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ပထမအသုတ်အတွက် ချေးငွေ လျှောက်ထားမှုများကို တွေ့ရစဉ်  / UMFCCI

မြန်မာ့စီးပွားရေး ကုစားရန် အစိုးရချေးငွေ ဒုတိယအသုတ် ထပ်ချေးပေးမည်

by မျိုးပပစန်း
27 April 2020
8.4k

ဒုတိယ အသုတ်ချေးငွေတွင် ချေးငွေပမာဏ မည်မျှ အတိအကျ ထုတ်ပေးမည်ကို ပြောဆိုခြင်း မရှိသော် လည်း ကုမ္ပဏီ လုပ်ငန်းပေါင်း ၁၀၀ ကျော် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အစိုးရချေးငွေ ရယူရန် လျှောက်ထားသူများကိုတွေ့ရစဉ်  / UMFCCI

ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ချက် အစိုးရ ပြန်သုံးသပ်ပေးမည်

by မျိုးပပစန်း
24 June 2020
12.2k

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချေးငွေကိစ္စနှင့် ပတ်သက်၍ အမှန်တကယ် လို အပ်သူများ ရရှိနိုင်ရန် မည်သို့ လုပ်ပေးမည်ဆိုသည့် အချက်ကို စဉ်းစားသွားမည် ဖြစ်သလို၊ ချေးငွေကာလ ၁ နှစ် ကိုလည်း ပြန်ကြည့်ပေးမည် ဖြစ်ကြောင်း...

မန္တလေးစက်မှုဇုန်ထဲရှိ စက်ရုံအလုပ်ရုံများကို တွေ့ရစဉ်  / ဇော်ဇော် / ဧရာဝတီ

စတုတ္တအကြိမ်မြောက် အစိုးရချေးငွေ တိုင်းနှင့်ပြည်နယ် လုပ်ငန်းရှင်များကို ဦးစားပေးမည်

by မျိုးပပစန်း
21 May 2020
6k

အခြားတိုင်းနှင့် ပြည်နယ်များသည်လည်း ဧပြီလ ၁ ရက်၂ ရက်တွင် ချေးငွေ လျှောက်လွှာများ စတင်လက်ခံ သည် ဆိုသော်လည်း လက်ခံသည့် ဌာနမှ တဆင့် ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ရာတွင် နောက်ကျခြင်းကြောင့် ၎င်းတို့ ချေးငွေရ နောက်ကျခြင်း...

Next Post
YBS မြို့ပတ် ယာဉ်တစီး  / ထက်ဝေ / ဧရာဝတီ

YBS ယာဉ်များ ဇူလိုင်လမှသာ ပုံမှန်အစီးရေ ပြန်လည် ပြေးဆွဲနိုင်မည်

AA မှ ရွာသားတချို့ကို ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် တောင်ရှည်ပြင် ကျေးရွာ  / CUSR / Facebook

AA ဖမ်းဆီးခဲ့သည့် ချင်းအမျိုးသမီး သေဆုံးမှု လူ့အခွင့်အရေးအဖွဲ့များထံ တင်ပြမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved