• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ချက် အစိုးရ ပြန်သုံးသပ်ပေးမည်

by မျိုးပပစန်း
24 June 2020
in သတင်း
A A
အစိုးရချေးငွေ ရယူရန် လျှောက်ထားသူများကိုတွေ့ရစဉ်  / UMFCCI

အစိုးရချေးငွေ ရယူရန် လျှောက်ထားသူများကိုတွေ့ရစဉ် / UMFCCI

12.2k
VIEWS
Share on FacebookShare on Twitter

COVID-19 ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး လုပ်ငန်းများကို ကုစားရန် လုပ်ငန်းရှင်များကို ထုတ်ပေး သော ချေးငွေ ပြန်ဆပ်ရန် ကာလ ၁ နှစ် သတ်မှတ်ချက်ကို ပြန်သုံးသပ်ပေးရန် ရှိကြောင်း သိရသည်။

ယမန်နေ့ (ဇွန်လ၂၃ ရက်) ပြုလုပ်သော COVID-19 နှင့် ကုန်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦး အောင်ထူး၊ ပြည်တွင်း ကုန်သွယ်မှုနှင့် Supply Chain တွင် ပါဝင် ဆောင်ရွက်နေသော City Mart မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်နှင့် SME လုပ်ငန်းရှင် ဒေါ်သက်စုဋ္ဌေး တို့မှ အပြန်အလှန် ဆွေးနွေးသည့် အွန်လိုင်း စကားဝိုင်းတွင် အတိုင်ပင်ခံက ပြောကြားလိုက်ခြင်း ဖြစ်သည်။

လက်ရှိ နိုင်ငံတော်မှ ချေးပေးနေသော ကိုဗစ်ချေးငွေ သက်တမ်း ကာလမှာ ၁ နှစ် ဖြစ်သောကြောင့် ပြည်တွင်းရှိ တချို့ သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SME)အတွက် သက်တမ်းတိုသဖြင့် လျှောက်ထားရန် အခက် အခဲများ ရှိနေကြောင်း SME လုပ်ငန်းရှင် ဒေါ်သက်စုဌေးက ဆွေးနွေး တင်ပြခဲ့သည်။

၎င်းက “ကိုဗစ်ချေးငွေရဲ့သက်တမ်းက ၁ နှစ်ပဲ ဖြစ်နေတော့ တချို့ SME လုပ်ငန်းရှင်တွေက သက်တမ်းလည်း အရမ်းတို တော့ လျှောက်ပါလားဆိုရင် မလျှောက်ရဲဘူး။ လုပ်ငန်းက ဘယ်အချိန်ကျမှ ပုံမှန်အတိုင်း ပြန်လည်ပတ်မယ် မသိသေး ဘူး။ တကယ်လို့သာ ပုံမှန်အတိုင်း ပြန်မလည်ပတ်ရင် ဒီချေးငွေသာ ပြန်မဆပ်နိုင်ခဲ့ရင် ပိုပြီးတော့ ပြိုလဲသွားမှာ ဆိုတော့ ကိုဗစ် ချေးငွေကိုလည်း လျှောက်ချင်ပါလျက်နဲ့ မလျှောက်ခဲ့ရတဲ့ လုပ်ငန်းတွေ အများကြီးလို့ ကြားသိနေရပါတယ်” ဟု ပြော သည်။

ထိုဆွေးနွေးချက်နှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချေးငွေကိစ္စနှင့် ပတ်သက်၍ အမှန်တကယ် လိုအပ်သူများ ရရှိနိုင်ရန် မည်သို့ လုပ်ပေးမည်ဆိုသည့် အချက်ကို စဉ်းစားသွားမည် ဖြစ်သလို၊ ချေးငွေကာ လ ၁ နှစ်ကိုလည်း ပြန်ကြည့်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “ချေးငွေက ၁ နှစ်ထဲ ဖြစ်တယ်ဆိုတာ သူတို့အတွက် စဉ်းစားစရာဖြစ်တဲ့အတွက် ပြန်ကြည့်ပေး ပါ့မယ်။ လိုအပ်တဲ့သူတွေလည်းရအောင်လို့ ဒါပေမယ့် အာမခံချက်လည်း အတိုင်းအတာတခုထိ ရှိအောင် သူတို့လည်း ပြန်ပေးနိုင်အောင် ဘယ်လို လုပ်ရမလဲ၊ နိုင်ငံတော်ကလည်း ချေးတဲ့သူတွေ ပြန်ပေးနိုင်အောင် ဘယ်လိုလုပ်ရမလဲ။ ဟို ဘက် ဒီဘက် ပူးပေါင်း ဆောင်ရွက်မှ ဖြစ်မှာ” ဟု ပြောဆိုခဲ့သည်။

လက်ဖက်လုပ်ငန်းဖြစ်သည့် Nara Green Tea မှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက “ကိုဗစ်ချေးငွေ သက်တမ်းကို တိုးပေးဖို့ပေါ့နော်။၂ နှစ်လောက်ပေါ့။ အဓိကတော့ ကျနော်တို့မှာက ငွေအရမ်းကြပ်သွားတာ ရင်းစရာ မရှိတော့လောက် အောင် ဖြစ်သွားတာ။ ဒီအချိန်မှာ ချေးငွေကို ယူပြီးတော့ လုပ်ငန်းတွေ ပြန်လည်ပတ်ရမယ်။ ချက်ချင်း လည်ပတ်ဖို့ မလွယ် ဘူး။ အသစ်က ပြန် စရသလို ဖြစ်သွားတာ” ဟု ပြောသည်။

ထို့ကြောင့် ချေးငွေ သက်တမ်းကို နောက် ၆ လသော်လည်းကောင်း၊ ၁ နှစ် ထပ်တိုး၍ သော်လည်း သက်တမ်းတိုးပေး စေချင်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးကျော်သီဟက “ကျနော်တို့ လက်ဖက် လုပ်ငန်းဆိုရင် သိသာတယ်။ Customer တွေ ဖြစ်တဲ့ လက်ဖက် ရည်ဆိုင်တွေ ဟိုတယ်တွေ စူပါမားကတ်တွေ ဟိုတယ်တွေဆိုတော့ တချို့တွေဆိုရင် ပိုက်ဆံတွေ ပြန်တောင်းလို့ မရသေး ဘူး။ သူတို့လည်း မပေးနိုင်သေးဘူး။ ပစ္စည်းက ကျနော်တို့က ပို့လိုက်ရပြီ ဟိုတယ်တွေဆို ပိုက်ဆံပြန်တောင်းလို့ မရသေး ဘူး။ Customer မဝင်ဘူး။ ကျနော်တို့ ရင်းပြီး ထုတ်ထားတဲ့တာက ငွေပြန်မဝင်ဘူး ဖြစ်နေတယ်။ အဲဒီအတွက် ၁ နှစ် ဆိုတဲ့ အတိုင်းအတာက မလွယ်ဘူး ဖြစ်နေတယ်” ဟု ရှင်းပြသည်။

ထို့ပြင် လုပ်ငန်းရှင်များက အစိုးရ၏ ချေးငွေ အစီအစဉ်တွင် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများက လက်လီ လက်ကား လုပ်ကိုင်နေသော လုပ်များအတွက် ချေးငွေ ရယူရန် လက်လှမ်းမမီသည့် အနေအထားတွင် ရှိနေခြင်း၊ အစား အသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) ထောက်ခံချက်များ ရယူရာတွင် အခက်အခဲများ ကြုံတွေ့ရခြင်း စသည့် အခက်အခဲများကို တင်ပြခဲ့ကြသည်။

ယင်းသို့ တင်ပြမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မိရိုးဖလာ လုပ်ငန်းများအတွက် ငွေကြေးချေးပေးသည့် နေရာတွင် လက်လီ လုပ်စားသည့်သူများ လွယ်ကူစေရန် အစိုးရမှ ပြန်ကြည့်ပေးမည် ဖြစ်ကြောင်း၊ FDA နှင့် ပတ်သက်သည့် လုပ်ထုံး လုပ်နည်း ကြန့်ကြာခြင်းများကို လွယ်လွယ်ကူကူနှင့် ဖြေရှင်းပေးမည် ဖြစ်သော်လည်း ကုန်ပစ္စည်း အရည်အသွေးနှင့် ပတ် သက်လျှင် ဖြေရှင်းပေးရန် မရှိကြောင်း ပြောကြားသွားသည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်

ဆက်စပ်ဖတ်ရှုရန်

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

စီးပွားရေး လုပ်ငန်း ၁ ထောင်ကျော်ကို အစိုးရ ကျပ် ၃၆ ဘီလီယံကျော် ထုတ်ချေး

စတုတ္တအကြိမ်မြောက် အစိုးရချေးငွေ တိုင်းနှင့်ပြည်နယ် လုပ်ငန်းရှင်များကို ဦးစားပေးမည်

Your Thoughts …
Tags: COVID-19SMEပြန်ဆပ်ကာလအစိုးရချေးငွေ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

by Maung Kavi
2 February 2024
3.4k

တနိုင်ငံလုံးတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုသည် စစ်ကောင်စီဝါဒဖြန့် သတင်းစာ မျက်နှာဖုံးနှင့် နောက်ကျောတွင်သာ ရှိသည်။

ယခင် စစ်ဗိုလ်ချုပ်များနှင့်ပေါင်းပြီး စီးပွားရှာခဲ့သော ခရိုနီအဟောင်းများအပြင် မင်းအောင်လှိုင်လက်ထက် ခရိုနီ လက်သစ်ပေါင်းများစွာလည်း ပေါ်ထွက်လာနေသည်

အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ

by ဧရာဝတီ
6 February 2023
9.9k

စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း မြန်မာ့စီးပွားရေးကဏ္ဍမှာ အသက်ငင်နေသည့် အခြေအနေ ဆိုက်ရောက်နေပြီး လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့လုပ်ငန်း ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အကျပ်အတည်းများကြားက ရုန်းကန်နေကြရသည်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

Next Post
လူကြမ်းသရုပ်ဆောင် အောင်တိုး / Aung Toe's Facebook

တက္ကစီမောင်းတာ ၁ နှစ်ကျော်ပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး

နေပြည်တော် သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသော ဦးဇော်ဌေး / သီဟလွင်

အတိုင်ပင်ခံရုံး ညွှန်ချုပ် ဦးဇော်ဌေး အငြိမ်းစား မယူပါ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved