• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

တက္ကစီမောင်းတာ ၁ နှစ်ကျော်ပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး

by ယုဖြူဟန်
24 June 2020
in Entertainment
A A
လူကြမ်းသရုပ်ဆောင် အောင်တိုး / Aung Toe's Facebook

လူကြမ်းသရုပ်ဆောင် အောင်တိုး / Aung Toe's Facebook

26.7k
VIEWS
Share on FacebookShare on Twitter

လူကြမ်းသရုပ်ဆောင်တဦးဖြစ်တဲ့ သရုပ်ဆောင် အောင်တိုးကတော့ ကားရိုက် မရှိတဲ့ အချိန်များမှာ တက္ကစီဆွဲနေတာ ၁ နှစ်ကျော်ပြီလို့ သိရပါတယ်။

“ကားကတော့ သိပ်ဆွဲမကောင်းပါဘူး။ ရုပ်ရှင်ရုံတို့၊ ဘုရားတို့၊ ပန်းခြံတို့ မဖွင့်မချင်းကတော့ ဆွဲမကောင်းပါဘူး။ ပုံမှန်ကတော့ ၈ ထောင်၊ ၁ သောင်းကတော့ ရနေတာပဲ။ ရနေတယ် ဆိုတာကလည်း ကိုယ့်အစ်မက အုံနာကြေး မတောင်းထားတဲ့အတွက်၊ မပေးရသေးတဲ့အတွက် ကိုယ်တွေကို လုပ်စားဖို့ပေးထားလေးဆိုတော့ ရသလောက်ကတော့ အဆင်ပြေပါတယ်။ ကားလေး မောင်းတတ်သေးတော့ အသက်ရှုချောင်တာပေါ့”လို့ အောင်တိုးက ပြောပါတယ်။

လတ်တလောမှာတော့ ရုပ်ရှင်ရုံများ ၊ ပန်းခြံများ ဘုရားများပိတ်ထားတဲ့အချိန် ဖြစ်တာကြောင့် တက္ကစီဆွဲမကောင်းပေမယ့် တက္ကစီက အစ်မဖြစ်သူရဲ့ကားဖြစ်တာကြောင့် အဆင်ပြေနေသေးတယ်လို့ ဆိုပါတယ်။

“ဈေးကတော့ သွားနေကျ ဘယ်လောက်ရှိလဲ သွားနေကျထက် လျှော့ပြီးပြောလည်း လျှော့ယူရတာပဲ။ သွားနေကျအတိုင်း ပေးလည်း ယူရတာပဲ။ ကိုယ်မှ ဈေးမပြောတတ်တာ။ တက္ကစီဆွဲတာ တနှစ်လောက်ရှိပြီ။ ကားရိုက်ရှိရင် ကားရိုက်တယ်။ မရှိရင် တက္ကစီ ဆွဲတယ်” လို့ အောင်တိုးက ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

တက်စီ လာစီးကြတဲ့သူတွေထဲမှာ တချို့သော သူများက ကိုယ်ချင်းစာကြပြီး တချို့သူများက ငတ်ကုန်ကြပြီလို့ ပြောတဲ့အခါမျိုးမှာ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

“လာစီးကြတဲ့သူတွေဆီကတော့ ရုပ်ရှင်လောက ပျက်သုဉ်းသွားတဲ့အကြောင်းလေးတွေ ၁၀ ဦးတက်ရင် ၃ ဦးလောက်က သူတို့အသိလေးတွေနဲ့ မေးကြတာပေါ့။ ခေတ်မကောင်းလို့ လုပ်စားကြရတာကိုလည်း ကိုယ်ချင်းစာတယ်။ တချို့ကျတော့လည်း ကားပေါ်တက်လိုက်တာနဲ့ စကားဆက်စပ်မိသွားရင် နှိမ်ချင်တယ်။ သွားပြီနော် အစ်ကိုတို့ ရုပ်ရှင်လောကကြီးက စုတ်ပြတ်သတ်သွားပြီ။ ငတ်ကုန်ပြီဆိုပြီး ဒဲ့ပြောတာ စိတ်ထဲမကောင်းဘူး” လို့ အောင်တိုးက ပြောပါတယ်။

ဆက်လက်ပြီး “လောကမှာ ခြေတွေလက်တွေ အကောင်းအတိုင်းရှိနေရင် လုပ်စားလို့ရတာပဲ။ ငတ်သွားတယ်ဆိုတာမှ မရှိတာ။ ကျနော်တို့ မြန်မာနိုင်ငံမှာဗျာ။ ထမင်းငတ်သေတဲ့ မသာ ကြားဖူးသလား။ မကြားဖူးဘူး။ လမ်းဘေးမှာ ဒုက္ခရောက်လို့ နေစရာ မရှိတဲ့သူတောင်မှပဲ ပရဟိတအဖွဲ့တွေက ကုသိုလ်တွေယူပြီး လိုက်လှူပေးနေတာပဲ။ အရူးကအစ ထမင်းမငတ်စေရဘူး”

“ကြိုက်တဲ့အလုပ် လုပ်စားလို့ရတယ်။ ခြေတွေလက်တွေ အကောင်းကြီး ရှိသေးတာ။ တချို့ကျတော့ ငတ်ကုန်ပါပြီတို့ ဘာတို့ဆိုပြီး သက်သက်ကြီးကို နှိမ်ချင်တာ။ အဲ့လိုလူမျိုးကျတော့ ကားပေါ်မှာသိပ်ပြီးတော့ မဖြေချင်တော့ဘူး။ သူတို့ကိုရှင်းပြလို့လည်း နားလည်မှာ မဟုတ်ဘူးလေ။ မရှင်းပြချင်တော့ဘူး” လို့ အောင်တိုးက ပြောပါတယ်။

ဒီလို စိတ်ညစ်စရာတွေလည်း ရှိသလို တချို့ငှားစီးတဲ့သူတွေထဲမှာ လူကြမ်းသရုပ်ဆောင် အောင်တိုးမောင်းတဲ့ကားကို စီးဖူးပြီဆိုပြီး ပျော်နေကြတဲ့သူတွေလည်း ရှိတာဟာ တန်ပြန် လေးစားမှုပဲလို့ ဆိုပါတယ်။

“ပျော်စရာလေးတွေလည်း ရှိပါတယ်။ ဘဝမှာ လူကြမ်းသရုပ်ဆောင် ကိုအောင်တိုးကြီး မောင်းတဲ့ကားကို စီးဖူးပြီလို့ပြောပြီး ဆင်းသွားတဲ့သူတွေ အများကြီးပဲ။ တခါတလေ အဝေးပြေးကွင်းတွေ အော်ဒါပါသွားလို့ရှိရင် နယ်ကလူတွေ များတယ်။ သူတို့ကျတော့ ဒီလူကြီး မောင်းတဲ့ကားကို စီးခွင့်ရတယ်။ မြင်ရခဲဖို့ နေနေသာသာ ကားစီးခွင့်ရတယ်ဆိုပြီး ဝမ်းသာကြတဲ့သူတွေလည်း ရှိတယ်။ လူတွေက သိပ်ချစ်ဖို့ကောင်းတာ တန်ပြန်လေးစားမှုလေးတွေပေါ့” လို့ အောင်တိုးက ပြောပါတယ်။

လူကြမ်းသရုပ်ဆောင် အောင်တိုးကတော့ ယခင်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာမှာ လူကြမ်းအနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ကိုလူချောအဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

“The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် မင်းသား Michael Keaton သရုပ်ဆောင်ဖို့ရှိ

“ရိုက်ကူးရေးတွေ ပြန်စမယ် ကြားတာ ထီပေါက်သလိုပါပဲ”လို့ သူဇာပွင့် ပြော

လက်လှမ်းမှီသလောက် ဈေးရောင်းတာကို အပြစ်မမြင်စေချင်တဲ့ ရဲလေးမ

Your Thoughts …
Tags: တက်စီလူကြမ်းသရုပ်ဆောင်အောင်တိုး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

လူကြမ်းသရုပ်ဆောင် မျိုးကြည် / ဝေဝေနှင်း / ဧရာဝတီ

Metro Brothers နဲ့ ဓာတ်ပုံတွေအကြောင်း ပြောပြတဲ့ လူကြမ်း မျိုးကြည်

by ယုဖြူဟန်
24 August 2020
87.1k

သူတို့လည်း အံ့သြနေတယ်။ မင်းတို့ရဲ့ ပထမဆုံးခြေလှမ်းမှာ ပေါက်သွားတော့ အကျိုးကျေးဇူးလည်း ရသွားတာပေါ့”လို့ လူကြမ်း မျိုးကြည်က ပြောပါတယ်။

လူကြမ်းသရုပ်ဆောင် ကိုကိုဦး / ဝေဝေနှင်း / ဧရာဝတီ

“လူကြမ်းတွေကို နေရာပေး ရိုက်စေချင်တယ်”လို့ ကိုကိုဦး ပြော

by ချစ်ပိုး
27 August 2020
15.6k

မင်းသား၊ မင်းသမီးတော့ သေချာရိုက်ပြီး ဇာတ်ပို့ ဇာတ်ရံကျ ဖြစ်သလိုတွေ ရိုက်တာများတယ်။ အနုပညာကို ထောင့်စေ့ ခံစားရင် တော်တော်ကောင်းမှာ”လို့ ကိုကိုဦးက ပြောပါတယ်။

လူကြမ်းသရုပ်ဆောင် အောင်တိုးနဲ့ မွန်လေး

“ပြည်သူတွေက အကြမ်းမဖက်ဘူး”လို့ လူကြမ်း အောင်တိုး ပြော

by ချစ်ပိုး
24 February 2021
7.3k

ဖမ်းသွားတဲ့သူတွေအတွက် စိတ်မကောင်းဘူး။ မဖမ်းသင့်ဘူး။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာပါ။ ဘာအပြစ်မှ မရှိဘဲ ဖမ်းလို့ စိတ်ထဲ မကောင်းဘူး။

လူကြမ်းသရုပ်ဆောင် ဦးဘဂျမ်း  / May Nwe Htun's Facebook

မျက်လုံးခွဲစိတ်ဖို့ ငွေကြေး အခက်အခဲ ဖြစ်နေတဲ့ လူကြမ်း ဦးဘဂျမ်း

by ဧရာဝတီ
4 June 2021
82.6k

ဦးဘဂျမ်းအား ချစ်ခင်ကြတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေက ဝိုင်းဝန်း လှူဒါန်းခဲ့ကြတာကြောင့် စုစုပေါင်း အလှူငွေ ၁၂ သိန်း ရခဲ့တယ်လို့ သိရပါတယ်။

လူကြမ်းသရုပ်ဆောင် မျိုးကြည်  / ဝေဝေနှင်း / ဧရာဝတီ

နာရေးကူညီမှုအသင်းမှာ လုပ်အားပေးနေတဲ့ လူကြမ်း မျိုးကြည်

by ယုဖြူဟန်
27 August 2020
5.5k

လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။ အကုန်လုံးကို ညီတူမျှတူပဲ။ အချိန်မရွေး ဘယ်အချိန်ပဲဖြစ်ဖြစ် သေစာရင်းရပြီဆိုတာနဲ့ သွားပြီးတော့ သယ်တယ်။

လူကြမ်းသရုပ်ဆောင် အရိုင်းမင်း / Metro Brothers

“အနုပညာသက်တမ်း နှစ် ၄၀ ကျော်မှာ ဒီလိုပုံတွေ တခါမှ မရိုက်ဖူးဘူး”

by ချစ်ပိုး
24 August 2020
25.7k

“အနုပညာကြေးကိုလည်း သူတို့ တတ်နိုင်သလောက် ပေးမယ်ဆိုပြီး ထိုက်သင့်သလောက်တော့ ပေးပါတယ်။ ကျနော်တို့ အခုလို ကိုဗစ်ဖြစ်နေချိန်မှာ အနုပညာအလုပ်က မလုပ်ရဘူးလေ။

Next Post
နေပြည်တော် သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသော ဦးဇော်ဌေး / သီဟလွင်

အတိုင်ပင်ခံရုံး ညွှန်ချုပ် ဦးဇော်ဌေး အငြိမ်းစား မယူပါ

ဟာသ သရုပ်ဆောင် ပါကျဲ / နေပိုင် / ဧရာဝတီ

ထီး၊ ဖိနပ်ချုပ်ပြီး မိဘကို ရှာကျွေးနေတဲ့ ဟာသသရုပ်ဆောင် ပါကျဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved