• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ပြည်သူတွေက အကြမ်းမဖက်ဘူး”လို့ လူကြမ်း အောင်တိုး ပြော

by ချစ်ပိုး
24 February 2021
in Entertainment
A A
လူကြမ်းသရုပ်ဆောင် အောင်တိုးနဲ့ မွန်လေး

လူကြမ်းသရုပ်ဆောင် အောင်တိုးနဲ့ မွန်လေး

7.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင် ဆန့်ကျင်ရေးအနေနဲ့ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကို ပြည်သူ့ဝန်ထမ်းများ လုပ်ဆောင်ကြဖို့ လှုံ့ဆော်တဲ့ အနုပညာရှင်များအား ဖမ်းဆီးတဲ့အပေါ် လူကြမ်းသရုပ်ဆောင် အောင်တိုးက အခုလိုပဲ ပြောပါတယ်။

“အနုပညာရှင်တွေကို ဖမ်းဆီးသွားတာ ပုံစံမကျဘူး။ ဘောင်လည်း မဝင်ဘူး။ လက်ရှိ အစိုးရ သူတို့မှ မဟုတ်တာ။ ကျနော်က သူတို့ကို အစိုးရလို့ မခံယူဘူး။ အခုလို အာဏာသိမ်းတာ မိုက်ရိုင်းတာပေါ့။ ပစ်ခတ်နေတာက ပြည်သူတွေ အုံကြွမယ့် ဒေါသကို လိုချင်တာလေ။ ကျနော်တို့ ပြည်သူတွေက သူတို့လို အကြမ်းမဖက်ဘူး။ သူတို့လို မယုတ်မာဘူး။ ရအောင် ပြန်တိုက်မယ်”လို့ အောင်တိုးက ပြောပါတယ်။

CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ မပါဝင်ကြသေးသူတွေကိုလည်း တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့အတွက် တထောင့်တနေရာကနေ ပါဝင်ကြပါလို့ အောင်တိုးက ဆိုပါတယ်။

လူကြမ်းသရုပ်ဆောင် အောင်တိုး

“CDM မပါဝင်ရသေးတွေ မြန်မာ့အသံနဲ့ မြဝတီ များများကြည့်ပေးပါ။ ဒါမှ ဒေါသထွက်ပြီး လမ်းပေါ်ရောက်လာမှာပါ။ ဒါမှ CDM ထဲ ရောက်လာမှာပါ။ ကျန်သေးတဲ့ ပြည်သူတွေလည်း လမ်းပေါ် ထွက်ပေးပါ။ လမ်းပေါ်ထွက်နေသူတွေသည် တဦးတယောက် ကောင်းစားဖို့ ထွက်နေကြတာ မဟုတ်ဘူး။ တတိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် ဝိုင်းဝန်းပြီး အကြမ်းမဖက်တဲ့ နည်းနဲ့ တထောင့်တနေရာက ပါပေးကြပါ”လို့ အောင်တိုးက ပြောပါတယ်။

လူကြမ်းတွေကို ပြည်သူတွေက ရုပ်ရှင်ထဲမှာ မုန်းသလို အာဏာသိမ်းသူတွေကိုလည်း ပြည်သူတွေက မုန်းကြတယ်လို့ အောင်တိုးက ဆိုပါတယ်။

“ကျနော်တို့ ရုပ်ရှင်ထဲက လူကြမ်းတွေကို ပြည်သူတွေက မုန်းသလို အခု သူတို့ကိုလည်း ပြည်သူတွေကမုန်းတယ်။ ကျနော်တို့ကို ရုပ်ရှင်ထဲမှာ မုန်းကြတယ်။ ကျနော်တို့ကို ပြည်သူတွေက အပြင်မှာ ချစ်ပေးကြတယ်။ သူတို့ကို ပြည်သူတွေက မုန်းနေလို့ အပြင်မှာ သူတို့ကိုလည်း ချစ်ပါစေလို့ ဆုတောင်းတယ်”လို့ အောင်တိုးက ပြောပါတယ်။

အနုပညာရှင်များကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးတာကို စိတ်မကောင်းဘူးလို့ လူကြမ်းသရုပ်ဆောင် မွန်လေးက ဆိုပါတယ်။

လူကြမ်းသရုပ်ဆောင် မွန်လေး

“ဖမ်းသွားတဲ့သူတွေအတွက် စိတ်မကောင်းဘူး။ မဖမ်းသင့်ဘူး။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာပါ။ ဘာအပြစ်မှ မရှိဘဲ ဖမ်းလို့ စိတ်ထဲ မကောင်းဘူး။ အာဏာသိမ်းတာ မိုက်ရိုင်းတာပေါ့။ ကျနော်တို့ ဒီမိုကရေစီ အမြန်ဆုံး ပြန်ရတော့မှာပါ”

“ပစ်ခတ်နေတာတွေက သူတို့က ပြည်သူတွေ အုံကြွအောင် ပစ်တာပေါ့။ အေးချမ်းစွာ ဆန္ဒပြတော့ သူတို့ လိုချင်တဲ့ဘက် မရောက်သွားဘူးပေါ့။ အေးအေးချမ်းချမ်းနဲ့ပဲ ဆန္ဒဖော်ထုတ်နေတာကြောင့် သူတို့ မရပါဘူး။ ကျနော်တို့ပြည်သူတွေပဲ ပြန်ရမှာပါ”လို့ မွန်လေးက ပြောပါတယ်။

ဆန္ဒဖော်ထုတ်နေသူတွေကိုလည်း နောက်နေ့တွေ ရှိသေးတာကြောင့် ကျန်းမာရေး ဂရုစိုက်ကြပါလို့ မွန်လေးက ဆိုပါတယ်။

RelatedPosts

အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
299
အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

4 January 2026
1.8k
အိန္ဒြေသိက္ခာ ရှိသော ဗျစ်ဆိုင်များ ကွယ်လွန်ခြင်း

အိန္ဒြေသိက္ခာ ရှိသော ဗျစ်ဆိုင်များ ကွယ်လွန်ခြင်း

3 January 2026
581

“ကျနော်တို့လည်း ချမ်းသာလို့ မဟုတ်ဘူး။ ရှိလို့ မဟုတ်ဘူး။ ဒါပေမဲ့ CDM မှာ ပါဝင်ပေးနေတာ။ မရှိတဲ့သူတွေလည်း ပါဝင်စေချင်တယ်။ အကုန်လုံးကို ပါဝင်စေချင်တယ်။ ကျနော်တို့ကို ရုပ်ရှင်ထဲမှာ မုန်းနေတဲ့ ပရိသတ်တွေက ကျနော်တို့ လူကြမ်းတွေထက် မုန်းရမယ့်သူ ပေါ်သွားတဲ့အတွက် ဂုဏ်ယူတယ်။ ဝန်ထမ်းတွေ ပြည်သူတွေအကုန်လုံး လမ်းပေါ် ထွက်နေကြပြီ။ ဆန္ဒဖော်ထုတ်နေသူတွေလည်း နောက်နေ့တွေ ရှိသေးတာကြောင့် ကျန်းမာရေး ဂရုစိုက်ကြပါ”လို့ မွန်လေးက ပြောပါတယ်။

လူကြမ်းသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မွန်လေးနဲ့ အောင်တိုးတို့ကတော့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တထောင့်တနေရာကနေ ပါဝင်ပေးနေတာ ဖြစ်ပါတယ်။

You may also like these stories:

ဖမ်းဆီးထားသူများအား အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အနုပညာရှင်များ တောင်းဆို

သံပုံးတီးတဲ့သူများအား သေနတ်ပြ ခြိမ်းခြောက်သူကို ပြန်တုံ့ပြန်ခဲ့တဲ့ မင်းမော်ကွန်း

“ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန် ပစ်ခတ်ခံရတာ ဝမ်းနည်းဖို့ ကောင်းတယ်”

Your Thoughts …
Tags: ဖမ်းဆီးမှုမွန်လေးလူကြမ်းသရုပ်ဆောင်အနုပညာရှင်များအောင်တိုး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ဗစ်ကီဘိုးမန်းနှင့် ထိန်လင်းတို့စုံတွဲသည် နယ်ပယ်များစွာတွင် လူသိများသည်

ဗြိတိန်သံအမတ်ဟောင်း ဖမ်းဆီးမှု “ဓားစာခံ သံတမန်ရေး” ဟု ဆိုကြ

by ဧရာဝတီ
27 August 2022
11.6k

ဖမ်းဆီးမှုနှင့် ပိတ်ဆို့အရေးယူမှုများ ဆက်စပ်နေကြောင်း ချက်ချင်းသက်သေမပြနိုင်သော်လည်း နိုင်ငံခြားအစိုးရများထံ ပေးပို့သည့် သတင်းစကားမှာ ရှင်းလင်းသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

လူကြမ်းသရုပ်ဆောင် မျိုးကြည် / ဝေဝေနှင်း / ဧရာဝတီ

Metro Brothers နဲ့ ဓာတ်ပုံတွေအကြောင်း ပြောပြတဲ့ လူကြမ်း မျိုးကြည်

by ယုဖြူဟန်
24 August 2020
87.1k

သူတို့လည်း အံ့သြနေတယ်။ မင်းတို့ရဲ့ ပထမဆုံးခြေလှမ်းမှာ ပေါက်သွားတော့ အကျိုးကျေးဇူးလည်း ရသွားတာပေါ့”လို့ လူကြမ်း မျိုးကြည်က ပြောပါတယ်။

“အဖေများနေ့” အမှတ်တရ စကားများ ပြောပြခဲ့ကြတဲ့ အနုပညာရှင်များ

“အဖေများနေ့” နဲ့ ပတ်သက်ပြီး အမှတ်တရများ ပြောပြခဲ့ကြတဲ့ အနုပညာရှင်များ

by ချစ်ပိုး
16 June 2019
7.7k

အဖေများနေ့ဆိုပြီး လက်ဆောင် ရည်ရွယ်ပြီးတော့ ပေးတာတော့ မရှိဘူး။ အဖေ လိုအပ်တာတွေ အကုန်ဖြည့်ဆည်းပေးတယ်"လို့ နန်းဆုရတီစိုးက ဧရာဝတီကို ပြောပါတယ်။

လူကြမ်းသရုပ်ဆောင် ကိုကိုဦး / ဝေဝေနှင်း / ဧရာဝတီ

“လူကြမ်းတွေကို နေရာပေး ရိုက်စေချင်တယ်”လို့ ကိုကိုဦး ပြော

by ချစ်ပိုး
27 August 2020
15.6k

မင်းသား၊ မင်းသမီးတော့ သေချာရိုက်ပြီး ဇာတ်ပို့ ဇာတ်ရံကျ ဖြစ်သလိုတွေ ရိုက်တာများတယ်။ အနုပညာကို ထောင့်စေ့ ခံစားရင် တော်တော်ကောင်းမှာ”လို့ ကိုကိုဦးက ပြောပါတယ်။

လမ်းခွဲခဲ့ကြတဲ့ သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံ

၂၀၁၉ ခုနှစ်အတွင်း ချစ်သူအဖြစ်မှ လမ်းခွဲခဲ့ကြတဲ့ အနုပညာရှင်များ

by ယုဖြူဟန်
2 January 2020
18.7k

မောင်လေးနဲ့ မမ စုံတွဲအဖြစ် သီချင်းများနဲ့ ရိုမန့်တစ်ဖြစ်ခဲ့ကြတဲ့ စုံတွဲ G Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူ နှစ်ဦးကလည်း ၂၀၁၉ နှစ်ကုန်ခါနီးမှာပဲ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးခဲ့ကြပါတယ်။

အဆိုတော် ချမ်းချမ်း နေအိမ် ချိပ်ပိတ်ခံရစဉ်

လွှတ်တော်အမတ်များ၊ အနုပညာရှင်များ၏ နေအိမ်များ ဆက်တိုက် ချိပ်ပိတ်ခံရ

by ဧရာဝတီ
23 February 2022
9.6k

အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီမှ NLD လွှတ်တော်အမတ်များ၊ နာမည်ကြီး အနုပညာရှင်များနှင့် ၎င်းတို့အား ဆန့်ကျင်သည့် ပြည်သူများ၏ နေအိမ်များကို ပြီးခဲ့သည့်လအတွင်းမှ စတင်ကာ ဆက်တိုက်ဆိုသလို ချိပ်ပိတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း...

Next Post
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအလံ

စစ်ကောင်စီ ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ALD မတက်

“အာဏာရှင်ကို တော်လှန်တဲ့ ရဲတပ်ဖွဲ့ဝင် သား ၂ ယောက်အတွက် ဂုဏ်ယူတယ်” (ရုပ်/သံ)

“အာဏာရှင်ကို တော်လှန်တဲ့ ရဲတပ်ဖွဲ့ဝင် သား ၂ ယောက်အတွက် ဂုဏ်ယူတယ်” (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved