• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွှတ်တော်အမတ်များ၊ အနုပညာရှင်များ၏ နေအိမ်များ ဆက်တိုက် ချိပ်ပိတ်ခံရ

by ဧရာဝတီ
23 February 2022
in သတင်း
A A
အဆိုတော် ချမ်းချမ်း နေအိမ် ချိပ်ပိတ်ခံရစဉ်

အဆိုတော် ချမ်းချမ်း နေအိမ် ချိပ်ပိတ်ခံရစဉ်

9.6k
VIEWS
Share on FacebookShare on Twitter

အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီမှ NLD လွှတ်တော်အမတ်များ၊ နာမည်ကြီး အနုပညာရှင်များနှင့် ၎င်းတို့အား ဆန့်ကျင်သည့် ပြည်သူများ၏ နေအိမ်များကို ပြီးခဲ့သည့်လအတွင်းမှ စတင်ကာ ဆက်တိုက်ဆိုသလို ချိပ်ပိတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အဆိုတော် လင်းလင်းနှင့် ချစ်သုဝေတို့၏ နေအိမ်၊ မြောက်ဒဂုံမြို့နယ်ရှိ ပန်ဆယ်လို၏ နေအိမ်၊ သန်လျင်မြို့နယ်ရှိ အဆိုတော် ချမ်းချမ်း၏ နေအိမ်နှင့် တာမွေမြို့နယ်ရှိ တင်ဆက်သူ မောင်မောင်အေးတို့၏ နေအိမ်များကို ချိပ်ပိတ်ခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ ဒါရိုက်တာ ကိုပေါက်၏ နေအိမ်ကို ချိပ်ပိတ်ခဲ့သည်။ NUG (အမျိုးသားညီညွှတ်ရေးအစိုးရ) နှင့် ဆက်သွယ်ကာ PDFs (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ) အား လက်နက် ဝယ်ယူရန် ရန်ပုံငွေ ရှာဖွေပေးသည်ဟုဆိုကာ စစ်တပ် လော်ဘီအကောင့်များမှ ကိုပေါက်၏ နေအိမ်အား ချိပ်ပိတ်ရန် တယ်လီဂရမ် လူမှုကွန်ရက်တွင် လှုံ့ဆော် ရေးသားမှုများ ရှိခဲ့သည်။

လင်းလင်းနှင့် ချစ်သုဝေတို့အိမ် ချိပ်ပိတ်ခံရစဉ်

ဒါရိုက်တာ ကိုပေါက်အား ပြီးခဲ့သည့်နှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင် လှုံ့ဆော်ခြင်းကြောင့်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ လက်ရှိတွင် ဒါရိုက်တာ ကိုပေါက်သည် လွတ်မြောက်နယ်မြေ တနေရာ၌ ရောက်ရှိနေပြီး စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်နေဆဲ ဖြစ်သည်။

ကိုပေါက်က “ကျနော် အဆင်ပြေပါတယ်။ ပရိသတ်ကြီးပဲ ကျန်းမာအောင် နေကြပါ။ မြန်မာပြည်ရဲ့ သမိုင်းတလျှောက် တော်လှန်ရေးတွေ အားလုံးထဲမှာ ဒီနွေဦးတော်လှန်ရေးက အရင်းအနှီးကြီးသလို ပြည်သူတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေက ကမ္ဘာလည်း ကျော်တယ်။ ကျနော့်ထက် အများကြီး ပေးဆပ်ထားတဲ့ ညီအစ်ကိုတွေအတွက် အမြဲဂုဏ်ယူနေမိတယ်”ဟု ပြောသည်။

ဒေါ်သီရိရတနာအိမ် ချိပ်ပိတ်ခံရစဉ်

အာဏာသိမ်း စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ NLD နှင့် ဆက်စပ်သူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တွင် ပါဝင်နေသူ တို့၏ နေအိမ်များကို ချိပ်ပိတ်နေသလို ယင်းတို့နှင့် ဆက်သွယ်သည်ဆိုကာ ပြည်သူအချို့၏ နေအိမ်များကိုလည်း လိုက်လံ ချိပ်ပိတ်လျက် ရှိသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
21
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
676
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
45

အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ပြည်သူအချို့၏ စားသောက်ဆိုင်နှင့် နေအိမ်များအား ဖေဖော်ဝါရီ ၁၃ ရက်နေ့က ချိပ်ပိတ်ခဲ့သည်။

ထို့အတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ နေအိမ်ကို ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက ချိပ်ပိတ်သွားကြောင်း သိရသည်။

ကိုဘိုတောက်အိမ် ချိပ်ပိတ်ခံရစဉ်

ဒေါ်သီရိရတနာအား အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ၎င်းမိသားစုပိုင် နေအိမ်ကို ချိပ်ပိတ်ခြင်း ဖြစ်သည်။ ဒေါ်သီရိရတနာသည် စစ်အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရပြီး လွတ်မြောက်နယ်မြေ တနေရာတွင် တိမ်းရှောင်နေသူ ဖြစ်သည်။

တရားလွှတ်တော် ရှေ့နေတဦးက “တရားရုံးအမိန့် မပါဘဲနဲ့ အခုလို လိုက်လံ ချိပ်ပိတ်နေတာတွေက ဥပဒေရဲ့ အထက်မှာ မည်သူမည်ဝါရှိလဲ။ ဥပဒေရဲ့ ပြဋ္ဌာန်းချက်နဲ့ အညီဆိုရင် တရားစွဲရတဲ့အချိန်ထိ အပြီးသတ်အမိန့် မချခင်အထိ ဒီလူဟာ စွပ်စွဲခံရသူအဆင့်ပဲ ရှိသေးတယ်။ အဲ့လို မစစ်ရသေးဘဲ ဒီလူကို အကြမ်းဖက် ပုဒ်မနဲ့ တရားစွဲထားတယ်ဆိုပြီး ဝရမ်းကပ်တာမျိုးတွေ၊ ချိပ်ပိတ်တာမျိုးတွေက ဥပဒေနဲ့ လုံးဝ ဆန့်ကျင်တယ်”ဟု ဧရာဝတီကို သုံးသပ် ပြောသည်။

ပန်ဆယ်လိုအိမ် ချိပ်ပိတ်ခံရစဉ်

ထို့အတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ရှိ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘိုတောက်၏ နေအိမ်ကို စစ်ကောင်စီ တပ်သားများ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့် စကစ လက်အောက်ခံ ရာအိမ်မှူးများ လာရောက်ကာ ၎င်း၏ နေအိမ်ကို ချိပ်ပိတ်သွားကြောင်း သိရသည်။

အဆိုပါ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တရက်တည်း၌ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိချိုသဲ၏ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရောက်ရှိလာပြီး နေအိမ်ရှိ မိဘနှစ်ပါးကို နှင်ထုတ်ကာ နေအိမ်ကို ချိပ်ပိတ်သွားကြောင်း သိရသည်။

ယင်းအပြင် မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ မြိုင်၊ မော်လမြိုင်၊ မုဒုံ၊ ဘီလင်း၊ သထုံ စသည့် မြို့နယ်များရှိ NLD လွှတ်တော်အမတ်များ၊ ပရဟိတ လုပ်ကိုင်နေသူများနှင့် စစ်ကောင်စီ ဆန့်ကျင်သူများ၏ နေအိမ်များကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဆက်တိုက်ဆိုသလို ချိပ်ပိတ်ခြင်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

You may also like these stories:

စစ်ကောင်စီရဲ့ မြေလှန်မီးတိုက်စစ်ဆင်ရေးနဲ့ ပြာပုံထဲက ပြည်သူ့ စိတ်ဓာတ်

ထောင်တွင်း ကန့်သတ် ဆေးကုသခွင့်ကြောင့် နိုင်/ကျဉ်းများကျန်းမာရေး စိုးရိမ်ရ

သတင်းထောက်တဦး၏ စွန့်စားခန်းများ

စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သေဆုံးသူ ၁၈၄ ဦးရှိကြောင်း NUG ထုတ်ပြန်

Your Thoughts …
Tags: ချမ်းချမ်းနေအိမ်များ ချိပ်ပိတ်ပန်ဆယ်လိုလင်းလင်းနှင့် ချစ်သုဝေလွှတ်တော်အမတ်များအနုပညာရှင်များအာဏာသိမ်း စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

ဇွန်လ ၈ ရက် ချုံချင့်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ်

တရုတ်က မြန်မာကို ဝင်မစွက်ဖက်ဘူးတဲ့လား

by Bertil Lintner
12 June 2021
34.3k

မြန်မာနိုင်ငံသည် တရုတ်၏ အရှင်းလင်းဆုံးနှင့် အပြင်းထန်ဆုံး အခြားနိုင်ငံပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု ဥပမာတခုဖြစ်နိုင်သည်။

အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး 

စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ

by ဧရာဝတီ
10 January 2022
22.2k

ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအား တပ်မတော်အရန်အင်အားအဖြစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

by ဧရာဝတီ
30 May 2024
1.5k

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချရန် ကုန်သွယ်ဖက် နှစ်နိုင်ငံခြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement-BAT) ကို ပြန်ကျင့်သုံးမည်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်ဆန္ဒပြပွဲတနေရာ / ဧရာဝတီ

၁၉၈၈ ကလို ၂၀၂၁ က စစ်ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်

by Bertil Lintner
14 October 2021
18.4k

ယခု စစ်ကောင်စီ မည်သို့ကျဆုံးမည်ကို မခန့်မှန်းနိုင်ပါ။ ၁၉၈၈ ကဗိုလ်ချုပ်များကဲ့သို့ ၂၀၂၁ ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်ပေ။

၂၀၂၀ မတ်လ ကရင်ပြည်နယ် ကမမောင်းမြို့နယ်အတွင်း NLD ပါတီဆိုင်းပုတ်တင်ပွဲတွင် တွေ့ရသည့် ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် / National League for Democracy-Kayin State

စစ်တပ်ကို ဦးမညွှတ်သူ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်

by ဧရာဝတီ
23 November 2021
11.1k

နန်းခင်ထွေးမြင့်သည် သူ၏ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားမှုနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် မိသားစုသမိုင်းကြောင်းကြောင့် စွန့်လွှတ်အနစ်နာခံမှု များစွာပြုလုပ်ခဲ့ရသည်။

Next Post
အလှမယ် သင်းသင်း

အလှမယ် သင်းသင်းအား ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ဖမ်းဆီး

ပြည်ထောင်စုနေ့ နေပြည်တော်တွင် ကျင်းပသည့် ဗိုလ်ရှုသဘင်အခမ်းအနား

ဗိုလ်ရှုသဘင်နောက်ပိုင်း နေပြည်တော်တွင် ကိုဗစ်ပိုးတွေ့မှု မြင့်တက်လာ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved