• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သတင်းထောက်တဦး၏ စွန့်စားခန်းများ

by ဝေဟင်စိုး
14 February 2022
in ဆောင်းပါး
A A
စစ်အာဏာသိမ်းမှုအောက်က ရန်ကုန်ညများက ချောက်ခြားဖွယ် / AFP

စစ်အာဏာသိမ်းမှုအောက်က ရန်ကုန်ညများက ချောက်ခြားဖွယ် / AFP

32.6k
VIEWS
Share on FacebookShare on Twitter

ည ၁၁ နာရီ ဝန်းကျင်အချိန်၊ မီးပျက်နေသည်မှာ ၁ နာရီကျော်ကြာနေပြီ။ သူ့အနေနဲ့ မီးအလာမျှော်နေ၍ မရချေ။ ကွန်ပျူတာတွင် ရှိနေသော လက်ကျန်ဘက်ထရီအား ၄၀ မျှနှင့် သတင်းအပြီးရေးရတော့မည်။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုစဉ်မှာပင် သူနေထိုင်သော ၆ ထပ်တိုက်၏ အောက်မှ ခွေးဟောင်သံတွေ ကြားလိုက်ရသည်။ ပြတင်းပေါက်လိုက်ကာ အသာဖွင့်ပြီး ကြည့်လိုက်သည့်အခါ သူတို့တိုက်ရှေ့ လမ်းမပေါ် စစ်တပ်နှင့် ရဲအင်အား ၂၀ ဝန်းကျင်လောက်ရှိမည် ထင်သည်။ မြင်ကွင်းကမသဲကွဲ၊ သူတို့စီးလာတဲ့ ကားမီးရောင်ကြောင့်သာ အင်အားကို ခန့်မှန်းပြောနိုင်ခြင်းဖြစ်သည်။

ဘာအကြောင်းကြောင့် ဒီလိုအချိန် ရောက်လာမှန်းမသိပေမယ့် ကြောက်စိတ်က တဆက်တည်းဆိုသလို လွှမ်းမိုးလာသည်။ သူ၏ ကွန်ပျူတာထဲက သတင်းအချက်အလက်တွေကို အခြားလုံခြုံရသည့် နေရာတခုတွင် သိမ်းဆည်းထားပြီးဖြစ်သော်လည်း ဖျက်ရန်ရှိနေသော သတင်းအချက်အလက်အချို့ကို မဖျက်ရသေးပေ။ မီးပျက်နေသည်မို့ စမ်းတဝါးဝါးနှင့် ဖျက်စရာရှိသည်များကိုတော့ ဖျက်နေရသည်။ စိတ်နှင့် ကိုယ်မကပ်ဖြစ်နေသည်။

“သတင်းရထားလို့ ဧည့်စာရင်းစစ်ဖို့ လာတာ”ဆိုသည့် အသံတသံကို သူ့နားထဲတွင် ပီပီသသ ကြားလိုက်ရသည်။ ဓာတ်မီးတွေနှင့် လိုက်ထိုးကြည့်သည်။ မြေညီထပ်မှ အမျိုးသား တဦးက လှေခါးတံခါး သော့ဖွင့်ပေးလိုက်သည်နှင့်တပြိုင်နက် လှေခါးအတိုင်းတက်လာသည့် စစ်ဖိနပ်သံများသည် ဆူညံသွားသည်။

သူ ပြတင်းပေါက်နားတချက် ပြန်သွားကြည့်သည်။ ကိုယ့် တိုက်လှေခါးအနားကို လေးငါးယောက် ကပ်လာသည်ကိုတွေ့နေရသည်။ “သတင်းရထားလို့ ဧည့်စာရင်းစစ်ဖို့ လာတာ”ဆိုသည့် အသံတသံကို သူ့နားထဲတွင် ပီပီသသ ကြားလိုက်ရသည်။ ဓာတ်မီးတွေနှင့် လိုက်ထိုးကြည့်သည်။ မြေညီထပ်မှ အမျိုးသား တဦးက လှေခါးတံခါး သော့ဖွင့်ပေးလိုက်သည်နှင့်တပြိုင်နက် လှေခါးအတိုင်းတက်လာသည့် စစ်ဖိနပ်သံများသည် ဆူညံသွားသည်။

ထို့နောက် တထပ်ပြီးတထပ် မေးမြန်းသံတွေ ကြားနေရသည်။ တံခါးဖွင့်သံ ပိတ်သံတွေလည်း ကြား နေရသည်။ ထို့နောက် တဖြည်းဖြည်းနှင့် စစ်လိုက် တက်လာလိုက်ဖြင့် ၄ လွှာရှိ အခန်းများကိုရောက်လာသည်။ သူနေထိုင်သည်က ၅ လွှာဖြစ်သည်။ အသံတွေက ပိုနီးလာသည်။ သတင်းအရ လူတယောက်ကို လာရှာပြီး နေအိမ်အတွင်း လူဘယ်ယောက်နေထိုင်လဲ၊ သန်းခေါင်စာရင်းလား၊ ဧည့်စာရင်းလား၊ အိမ်ရှင်လား၊ အိမ်ငှားလား စသည်ဖြင့် မေးခွန်းပေါင်းများစွာကို မေးသံကြားနေရသည်။

ထို့အပြင် အိမ်မှာ ကွန်ပျူတာသုံးလား။ ဖုန်းဘယ်နှစ်ယောက်သုံးလဲ။ ခဏပြပါ။ ခင်ဗျားတို့ဘက်က ဘာမှလုပ်ထားတာ မဟုတ်ရင် ကြောက်စရာမလိုဘူး။ တာဝန်အရ စစ်ဆေးတာဖြစ်ကြောင်းပြောသံကြားရသည်။ သူ့စိတ်တွေ စိုးရိမ်စိတ် အမြင့်ဆုံးဖြစ်လာသည်။

တချိန်တည်းမှာ လူတယောက်ကို သတင်းအရ လိုက်ရှာနေတာ၊ အခန်းတိုင်း၏ ကွန်ပျူတာနှင့် ဖုန်းတွေကို စစ်မယ်လို့ ပြောသံ ကြားလိုက်ကတည်းက သူခေါင်းနပန်းတွေ တော်တော်ကြီးသွားသည်။ သို့လော သို့လောဖြင့် ကြောက်စိတ်က ပိုဝင်လာမိသည်။ လူတယောက်ကို သတင်းအရ လာရှာသည်ဆိုသော်လည်း မည်သူမည်ဝါမှန်း မသိ။ နောက်ကျောမလုံ။ သူနေသည့် အလွှာကိုရောက်ဖို့ လှေခါးနှစ်ဆင့်တက်လာရန်သာ ကျန်တော့သည်။

သူ့အခန်းတံခါး လာခေါက်ပေပြီ။ စိတ်ကို အတည်ငြိမ်ဆုံး ထား၍ အခန်းတံခါးဖွင့်ပေးလိုက်သည်။ ခေါင်းဆောင်ဖြစ်ဟန်တူသူ၏ လက်ထဲတွင် ဖုန်းတလုံးကို အလင်းလျှော့ချကာ ကိုင်ထားသည်။ သူ့ကို သေချာကြည့်ရင်း အခန်းတွင် ဘယ်နှစ်ယောက်နေကြောင်းမေးသည်။ အောက်ထပ်ရှိ အခန်းများနည်းတူ မေးခွန်းပေါင်းများစွာကိုမေးပြီးနောက် အိမ်ထဲသို့ စစ်ဖိနပ်ဖြင့် ဝင်၍ အခန်း ၂ ခန်းအတွင်းသို့ အရပ်ဝတ်နှင့် လူတဦးနှင့် စစ်သားတယောက် ဟိုကြည့်ဒီကြည့်လုပ်သည်။

မင်းဖုန်းခဏပြဟုဆိုလိုက်သည့် အသံကြောင့် သူတချက်တွေဝေသွားသည်။ လက်တွင် အဆင်သင့်ကိုင်ထားသော ဖုန်းကို အသာတကြည်ပင်ပေးလိုက်သည်။ ဖုန်းစာမျက်နှာများကို ဟိုလှန်ဒီလှန်ကြည့်သည်။ မက်ဆင်ဂျာကို ကြည့်သည်။ မျက်နှာကို တချက်ပြန်ကြည့်ရင်း ဖုန်းပြန်ပေးသည်။

ပြီးနောက် မင်းဖုန်းခဏပြဟုဆိုလိုက်သည့် အသံကြောင့် သူတချက်တွေဝေသွားသည်။ လက်တွင် အဆင်သင့်ကိုင်ထားသော ဖုန်းကို အသာတကြည်ပင်ပေးလိုက်သည်။ ဖုန်းစာမျက်နှာများကို ဟိုလှန်ဒီလှန်ကြည့်သည်။ မက်ဆင်ဂျာကို ကြည့်သည်။ မျက်နှာကို တချက်ပြန်ကြည့်ရင်း ဖုန်းပြန်ပေးသည်။ တာဝန်အရပါဟုပြော၍ ပြန်ထွက်သွားကြသည်။

ထို့နောက် အပေါ်ထပ်ကို မစစ်ဘဲ သူ့အလွှာကို နောက်ဆုံးစစ်ကာ ပြန်ဆင်းသွားကြသည်။ သူတို့စစ်ဆေးသည်က ဖုန်းတလုံးထဲကိုသာ စစ်ဆေးသွားခြင်းဟု ဆိုရမည်။ ထိုသို့မဟုတ်ဘဲ အောက်ထပ်မှာ ကြားထားသည့် အသံများအတိုင်း အိမ်တွင်း လူမမြင်ရာ ဝှက်ထားသော ကွန်ပြူတာများနှင့် ဖုန်းများကို စစ်ဆေးမည်ဆိုလျှင်…။

ရေးလက်စ သတင်းများ၊ အသံဖိုင်များနှင့် အခြားသမဂ္ဂများနှင့် ပြောဆိုမေးမြန်းထားသည့်အသံဖိုင်များ၊ လွတ်မြောက်နယ်မြေရောက် ရွေးကောက်ခံကိုယ်စားလှယ်များ၊ လွတ်မြောက်နယ်မြေရောက်နေသည့် PDF များကို အင်တာဗျူးထားသည့် အသံဖိုင်များရှိနေသည်။

သူ့ အတွက် အဲ့ဒီညက တကယ်ကံကောင်းပါသည်။ ဟန်ကိုယ်ဖို့သာနေရသည် နောက်ကျောကမလုံ။ မှင်သေသေဖြင့် သတိထားဆက်ဆံနိုင်ခဲ့သည်။ အခန်းတွင်းမှ ကွန်ပျူတာနှင့် ကျန်နေသေးသည့် ဖုန်းများကို စစ်မည်ဆိုလျှင် မတွေးရဲ။ ခြေသံတွေ ဝေး၍ဝေး၍ သွားပြီ။ သူ့နှလုံးခုန်သံ သူပြန်ကြားရသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူ ပြတင်းပေါက်အနားသွားပြီး ခန်းဆီးစကိုအသာလှပ်၍ ကြည့်လိုက်သည်။ မျက်နှာချင်းဆိုင်တိုက်ကို ဝင်စစ်နေသေးသည်။

ဤသည်မှာ မြန်မာပြည်က သတင်းသမားတိုင်းလို ကြုံတွေ့ခံစားဖူးသည်ချည်း ဖြစ်သည်။ ကြာတော့ အားလုံးက ကျင့်သားရလာသည်။ ရုပ်ရှင်သရုပ်ဆောင်ကောင်းတဦးလို ဟန်ဆောင်ပြခြင်းကို ကျွမ်းကျင်လာသည်။

ကုလသမဂ္ဂ ယူနက်စကို၏ စစ်တမ်းများအရ ပြီးခဲ့သည့် တနှစ်အတွင်း အဖမ်းဆီးခံရသည့် သတင်းသမားများသည် အာဏာသိမ်း တနှစ်ပြည့်သော ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အနည်းဆုံး ၁၄၆ ဦး ရှိနေပြီး အမျိုးသမီးသတင်းထောက် ၁၂ ဦး အပါအဝင် သတင်းသမား ၅၂ ဦးက ယခုထိ အဖမ်းခံနေရဆဲ ဖြစ်သည်။ အဖမ်းခံရစဉ်သေဆုံးရသူ ၃ ဦးထက်မနည်းလည်း ရှိသည်။

မြန်မာနိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းယူအပြီး သတင်းစာလွတ်လပ်ခွင့် မရှိတော့ဘဲ သတင်းသမားများ ဖမ်းဆီးခံလာရပြီး တချို့ဆို စစ်ကြောရေးစခန်းမှာပင် ရိုက်နှက်ညှင်းပမ်းခံရကာ အသက်သေဆုံးသွားကြရသည်။ ကုလသမဂ္ဂ ယူနက်စကို၏ စစ်တမ်းများအရ ပြီးခဲ့သည့် တနှစ်အတွင်း အဖမ်းဆီးခံရသည့် သတင်းသမားများသည် အာဏာသိမ်း တနှစ်ပြည့်သော ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အနည်းဆုံး ၁၄၆ ဦး ရှိနေပြီး အမျိုးသမီးသတင်းထောက် ၁၂ ဦး အပါအဝင် သတင်းသမား ၅၂ ဦးက ယခုထိ အဖမ်းခံနေရဆဲ ဖြစ်သည်။ အဖမ်းခံရစဉ်သေဆုံးရသူ ၃ ဦးထက်မနည်းလည်း ရှိသည်။

သတင်းစာတိုက် အတော်များများလည်း ပိတ်သိမ်းခံထိပြီး အွန်လိုင်းတွင်သာ အလုပ်လုပ်နေကြရသည်။ လိုင်စင်ပိတ်သိမ်းခံထိသော မီဒီယာတိုက် ၁၀ တိုက်နှင့် ရပ်နားလိုက်ရသော တိုက် ၃ တိုက်ရှိကြောင်း သတင်းလွတ်လပ်ခွင့် စောင့်ကြည့်သူများက ဆိုကြသည်။ စစ်အာဏာသိမ်းကောင်စီသည် နိုင်ငံခြားသတင်းဌာနများနှင့် စစ်အာဏာသိမ်းမှုကို မဆန့်ကျင်သော ပြည်တွင်းမီဒီယာများကိုသာ ရှင်သန်ပိုင်ခွင့် ပေးထားသည်။ ထို့ကြောင့် မိမိတို့လို သတင်းထောက်များ လုံခြုံရေးအတွက် နားမျက်စိများဖွင့်ကာ သတိကြီးစွာဖြင့် သွားလာ နေရသည်။

သတင်းအချက်အလက်မှန်များ အများပြည်သူထံ ရောက်ရှိရေးအတွက် သတင်းလွတ်လပ်ခွင့်နှင့် သတင်းထောက်များ လုံခြုံရေးက စစ်အာဏာမသိမ်းမီ ရွေးကောက်ခံအစိုးရများလက်ထက်ကလို မဟုတ်တော့။ တရားဥပဒေ အကာအကွယ်လည်း မရှိတော့။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k

သို့သော် စစ်အာဏာသိမ်းမှုနောက်ပိုင်း အများပြည်သူသိရှိစေရန် လိုအပ်သည့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် လွတ်လပ်စွာရေးသားဖော်ပြပေးနိုင်ရန်မှာ သတင်းသမားများအတွက် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတခုကို ရောက်ရှိနေသည်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကာလတွင် စစ်တပ်၏ ဝါဒဖြန့်ယန္တရားက ပြည်သူများအား အမှန်တရားအပေါ် ဝေဝါးစေခဲ့သည်။ သတင်းသမားများက ပြည်သူလူထုအတွက် သတင်းမှန်ကို ရှာဖွေဖော်ထုတ်ကာ တင်ပြပေးခဲ့ရသည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟု အမည်ကင်ပွန်းတပ်ခဲ့သည့် လူထုအုံကြွမှုတွင်လည်း သတင်းသမားတို့၏ တာဝန်ကျေပွန်မှုကြောင့် ကမ္ဘာက မြန်မာစစ်အာဏာရှင်တို့၏ စက်ဆုတ်ဖွယ်ကောင်းသည့် အမူအကျင့်များကို မြင်တွေ့ ကြားသိခွင့်ရခဲ့ကြသည်။

ယနေ့ နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ကမ္ဘာကြီးက ရွာကြီးအသွင် ဆောင်လာခဲ့သည်။ ကမ္ဘာ့နိုင်ငံအနှံ့အပြား ဖြစ်ပျက်နေသည်များကို စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း သတင်းစီးဆင်းမှုမှာ အလွန်မြန်ဆန်အားကောင်းလာခဲ့သည့် အချိန်လည်းဖြစ်နေသည်။ ဆိုရှယ်မီဒီယာကလည်း နေ့စဉ်ဘဝတပိုင်း ဖြစ်နေပြီ ဖြစ်သည်။

ယခုဆောင်းပါးတွင် စစ်တပ်အာဏာသိမ်းယူပြီးနောက် သတင်းအချက်အလက်ရရှိရေးအပါအဝင် အခြား ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အတွေ့အကြုံအချို့ကို အခြားသတင်းသမားများများက ပြောပြကြသေးသည်။

အိမ်မက်ထဲမှာ ဝင်လာပြီး ဖမ်းခံရတာတွေ၊ စစ်ဆေးခံရတာတွေကို လုပ်တယ်လို့ မက်တဲ့အခါကျတော့ ကိုယ့်သတင်းအချက်အလက်တွေကို အသုံးပြုပြီးတာနဲ့ အမြဲဖျောက်ဖျက်ပစ်ဖို့ဆိုတဲ့ အသိနဲ့ အလေ့အကျင့်လုပ်ပြီး ဖျောက်ဖျက်တတ်လာတယ်။ အမြဲ လုံခြုံရေး သတိနဲ့ နေ နေရတယ်

“အရေးပေါ် အခြေအနေမျိုးမှာ ကိုယ့်ကွန်ပျူတာထဲမှာရေးထားတဲ့ မှတ်ထားတဲ့ အချက်အလက်တွေကို ဖျက်ရတယ်။ ခွေးဟောင်သံကြားရင်လည်း တချက်တချက် လန့်လန့်သွားတာမျိုးတွေဖြစ်တယ်။ တခါတလေ အိမ်မက်တွေတောင် မက်တယ်။ အိမ်မက်ထဲမှာ ဝင်လာပြီး ဖမ်းခံရတာတွေ၊ စစ်ဆေးခံရတာတွေကို လုပ်တယ်လို့ မက်တဲ့အခါကျတော့ ကိုယ့်သတင်းအချက်အလက်တွေကို အသုံးပြုပြီးတာနဲ့ အမြဲဖျောက်ဖျက်ပစ်ဖို့ဆိုတဲ့ အသိနဲ့ အလေ့အကျင့်လုပ်ပြီး ဖျောက်ဖျက်တတ်လာတယ်။ အမြဲ လုံခြုံရေး သတိနဲ့ နေ နေရတယ်” ဟု အလွတ်တန်းသတင်းထောက်တဦးက ဆိုသည်။

ထို့အပြင် သတင်းသမားများအနေဖြင့် ဒစ်ဂျစ်တယ် နည်းပညာပိုင်းများကို အတော်အသင့် နားလည်ထားသင့်သည်။ မိမိဘယ်သူဆိုသည်ကို ပတ်ဝန်းကျင်က မရိပ်မိအောင်နေထိုင်ခြင်းနှင့် မိမိ အလုပ်လုပ်နေသည့် ပစ္စည်းကိရိယာများအတွက် နည်းပညာပိုင်း အနည်းနှင့် အများ သိထားသင့်သည်။

စစ်တပ်က နိုင်ငံတလျား တောနှင့် မြို့ပါမကျန် ပိုက်စိပ်တိုက်ဝင်ရောက်စစ်ဆေးခြင်းများပြုလုပ်နေခြင်းကြောင့် သတင်းသမားများအဖို့ သွားသတိ လာသတိဖြင့် နေထိုင်သွားလာနေရသည်။ ပြည်သူထဲမှ ပြည်သူတယောက် အသွင်ယူရသည်မှာ မခက်ခဲလှသော်လည်း ကိုယ်အသုံးပြုနေသော အကောင့်များ ၊ အဆက်အသွယ် အရင်းအမြစ်များကိုတော့ လုံခြုံအောင်သိမ်းဆည်းခြင်းနှင့် အသုံးမလိုတော့သည့် အရာများကို ချက်ချင်းဖျက်ဆီးပစ်နိုင်ရန် လိုသည်။

ထို့အပြင် အင်တာနက်ချိတ်ဆက်နိုင်မည့် ကွန်နက်ရှင်ကောင်းသည့် ဝိုင်ဖိုင်တခု လိုအပ်သည်။ ကိုယ် ချိတ်ဆက်သုံးစွဲမည့် ဝိုင်ဖိုင်ကွန်နက်ရှင်မှာလည်း ကောင်းရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စ၍ အင်တာနက်ဈေးနှုန်းများ အဆမတန် ခုန်တက်ကုန်သည်။ ဈေးနှုန်းခုန်တက်သလို ဒေတာရရှိမှုကို လျှော့ချလိုက်ခြင်းကြောင့် အခက်အခဲကြုံရပြန်သည်။ ထို့အပြင် ကွန်နက်ရှင်က ယခင်လို မြန်ဆန်မှုမရှိ နှေးလွန်းခြင်းကြောင့် အခက်အခဲကြုံရသည်။ ကွန်နက်ရှင် မကောင်းလျှင် သတင်းစီးဆင်းမှုများ နောက်ကျတတ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အများခေါ်ဝေါ်ကြသည့် NUG အစိုးရအတွက် ပြည်သူလူထုက လိုအပ်နေသောနေရာများအတွက် ဖြည့်ဆည်းရန် ရံပုံငွေများကို အွန်လိုင်းမှ တဆင့် Click တချက်နှိပ်ရုံဖြင့် ထောက်ပံ့လာနိုင်ခဲ့သည်။ ယင်းသည် နည်းပညာခေတ်၏ သာလွန်ကောင်းမွန်သော အချက်တချက်ဖြစ်သည်။ သို့သော် စစ်တပ်ဘက်ကလည်း အွန်လိုင်းကို အလုံးစုံ မထိန်းချုပ်နိုင်သောအခါ အွန်လိုင်းသုံးစွဲမှုကို လျှော့ချရန် ဖုန်းကတ် ဈေးနှုန်းများ မြှင့်တင်လိုက်သည်။ အင်တာနက်ဒေတာ ဈေးနှုန်းတွေကို မြင့်တင်လိုက်သည်။ အင်တာနက်အမြန်နှုန်းကိုလည်း နှေးကွေးပစ်လိုက်သည်။

အခြား အလွတ်တန်းထောက် နောက်တဦးက အင်တာနက်ဒေတာဝယ်ယူသုံးစွဲမှု ဈေးမြင့်တက်ခြင်းအပါအဝင် လျှပ်စစ်မီး ပျက်ခြင်းကြောင့် ကြုံတွေ့နေရသည့် သူ၏ အတွေ့အကြုံကို ရှင်းပြသည်။

“မီးဆိုရင်လည်း တနေကုန်ပျက်နေတာမျိုးတွေ ရှိတယ်။ တခါတလေ ၁ နာရီလောက်ဘဲ လာပြီးတော့ နောက်ထပ်ပျက်သွားတာမျိုးတွေရှိတယ်။ အင်တာနက်ချိတ်ဆက်မှုက ဖုန်းဒေတာနဲ့ကျတော့၂၀၀ MB ကို ၄၅၅ ကျပ် ပေးရတယ်။ ကြားထဲမှာ အလိုအလျှောက်တွေ ဖြတ်သွားတာလည်း ရှိတယ်။ ငွေ ၁ ထောင်ဖိုးဆို အင်တာနက်သုံးရင် ၁ နာရီတောင် မခံဘူး။ ဖုန်းဘေလ်တအားကုန်တယ်။ နောက်ပြီး လုံခြုံရေးအရ ဖုန်းဆင်းကတ်အပြောင်းအလဲတွေ လုပ်ဖို့အခါကျရင် အရင်က တကတ်ကို ၁၅၀၀ ကျပ်လောက်နဲ့ ရတဲ့ဆင်းကတ်တွေက အခု အခွန်တိုးကောက်လိုက်တော့ နှစ်သောင်းလောက် ဖြစ်သွားတယ်။ ဆင်းကတ်အပြောင်းအလဲတွေ လုပ်ဖို့ဆိုတာလည်း မလွယ်ကူတော့တဲ့ အခြေအနေမျိုးရှိတယ်။ ဒီအတိုင်းဒေတာ ဝယ်သုံးရင် မစားသာဘူး။ ဝယ်သုံးရင်တောင် ကွန်နက်ရှင်တွေက အရမ်းနှေးတယ်” ဟု ဆိုသည်။

VPN စစ်လို့ တွေ့ရင် ဒဏ်ငွေရိုက် နေသည်ကို မပြောပလောက်သော်လည်း မိမိဖုန်းအတွင်း သိုဝှက်ထားသော သတင်းနှင့် ပတ်သက်သည့် အချက်အလက်များ တွေ့ရှိသွားပါက အဖမ်းခံရနိုင်သည်။

ထို့အပြင် စစ်တပ်က အင်တာနက်သုံးစွဲမှုကို ကန့်သတ်ထားသည်။ လူတိုင်း အင်တာနက်သုံးစွဲမှုတွင် ကြားခံသုံးစွဲရသည့် စနစ် VPN ကို စစ်ဆေးနေသည်ဆိုသောကြောင့် သတင်းသမားတစ်ယောက်အဖို့ ပြင်ပသို့ ထွက်ခွာရာတွင် သတိကြီးစွားထားရသည်ဟုဆိုသည်။ VPN စစ်လို့ တွေ့ရင် ဒဏ်ငွေရိုက် နေသည်ကို မပြောပလောက်သော်လည်း မိမိဖုန်းအတွင်း သိုဝှက်ထားသော သတင်းနှင့် ပတ်သက်သည့် အချက်အလက်များ တွေ့ရှိသွားပါက အဖမ်းခံရနိုင်ဖွယ်ရှိကြောင်း အခြားအလွတ်တန်း သတင်းထောက်တဦးက ဆိုသည်။

“ VPN ကိစ္စမှာလည်း စစ်ကောင်စီက စစ်ဆေးနေတယ်ဆိုတော့ သတိနဲ့ သွားလာနေရတာပေါ့။ ကားစီးရင် သတိထားတယ်။ အမြဲတမ်းကြိုတင်ပြင်ဆင်ထားတယ်” ဟုဆိုသည်။
သတင်းရေးသားခြင်းသည် ရာဇဝတ်မှု မမြောက်ကြောင်း ခံယူထားသော်လည်း လက်တွေ့တွင် သတင်းသမားတဦး ဖမ်းခံရပြီဆိုပါ အနည်းဆုံး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ အပါအဝင် ဆက်သွယ်ရေးဥပဒေပုဒ်မ တို့ဖြင့် ဖမ်းဆီးတရားစွဲခံရမည်မှာ သေချာသလောက်ဖြစ်သည်။

ထို့အပြင် ဝန်ကြီးဋ္ဌာနများနှင့် သက်ဆိုင်ရာ ဋ္ဌာနများကို သတင်းအချက်အလက်မေးမြန်းရာတွင်လည်း အခက်အခဲများစွာရှိသည်။ အချို့ဋ္ဌာနများက မည်သည့်သတင်းဋ္ဌာနက သတင်းထောက်လဲမေးသည့်အခါမျိုးတွင် ဖုန်းချသွားတတ်ကြသည်။

သတင်းသမားများသည် ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏အဆက်အသွယ် သတင်းအရင်းအမြစ်များကို ခြိမ်းခြောက်အန္တရာယ်ပေးခြင်းမှ ကာကွယ်ထားနိုင်ရန် တာဝန်ရှိသလို ဒုတိယအစီအစဉ်ကို အမြဲ ထည့်တွက်ထားရသည်။

“ ကျန်းမာရေးလို သတင်းရေးတဲ့ အခါမှာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဋ္ဌာနက သူတွေကို ဖုန်းခေါ်တယ်။ သူတို့က ဘယ်ဋ္ဌာနကလဲ။ အလွတ်တန်း သတင်းထောက်ပါလို့ ပြောရင် မဖြေဘူး။ နောက်တခေါက် ကိုယ်အလုပ်လုပ်နေတဲ့ တိုက်နာမည် ဘယ်သတင်းဋ္ဌာနကပါလို့ ပြောရင် ပိုတောင်ဆိုးတယ်။ မဖြေနိုင်ဘူးဆိုပြီးတော့ ဖုန်းချက်ချင်းချပစ်လိုက်တာမျိုးတွေရှိတယ်။ ဒီလိုဘဲ အခြားဋ္ဌာနက သတင်းနဲ့ ပတ်သက်တဲ့ သူတွေကို ဖုန်းဆက်ရင်လည်း မဖြေတာမျိုးရှိတယ်။ သိချင်ရင် သူတို့ဆီ လာရင်ဖြေပေးမယ်လို့ပြောတယ်။ နောက်တခုက မီးလောင်ရေကြီးကိစ္စမျိုးလိုတွေမှာ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကို မေးတာတောင် အချို့တွေက မဖြေရဲကြဘူး။ အွန်လိုင်းပေါ်ကမေးလည်း မဖြေကြဘူး။ သတင်းက အခုချက်ချင်းဖြစ်ဖြစ်ချင်းဘဲ ရှိသေးတယ် ဖြေစရာလားပေါ့။ ဘာကိစ္စလာမေးတာလဲတို့ဆိုတဲ့ဟာတွေကို ပြန်ရှင်းပြရတာမျိုးတွေလည်း ရှိတယ်” ဟု အလွတ်တန်းသတင်းထောက် အမျိုးသမီးတဦးက သူ့ကြုံတွေ့နေသည့် အခက်အခဲကို ရှင်းပြသည်။

သတင်းသမားများသည် ကိုယ့်အလုပ် ကိုယ်လုပ်ရင်း ဒုတိယအစီအစဉ်ကို အမြဲစဉ်းစားထားရသည်။ သတင်းသမားများသည် ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏အဆက်အသွယ် သတင်းအရင်းအမြစ်များကို ခြိမ်းခြောက်အန္တရာယ်ပေးခြင်းမှ ကာကွယ်ထားနိုင်ရန် တာဝန်ရှိသလို ဒုတိယအစီအစဉ်ကို အမြဲ ထည့်တွက်ထားရသည်။

“အလွတ်တန်းသတင်းထောက်အနေနဲ့ ဒုတိယအစီအစဉ်အနေနဲ့ လုပ်ဆောင်ဖို့ ချမှတ်ထားရတာ ရှိတယ်။ မလွဲသာမရှောင်သာလို့ ဖမ်းဆီးထိန်းသိမ်းခံရပြီဆိုရင်တော့လည်း မတတ်နိုင်ဘူး။ သတင်းရေးသားတာဟာ ရာဇဝတ်မှု မဟုတ်ဘူး။ အဲ့ဒီတော့ သတင်းရေးတာအပြစ်မရှိဘူး။ ကိုယ်အလုပ်ကိုယ်လုပ်တာဆိုတဲ့ ပုံစံမျိုးဘဲ ရင်ဆိုင်သွားဖို့ရှိတယ်” ဟု သူမက ပြတ်သားစွာ ဆုံးဖြတ်ချက် ချထားသည်။

You may also like these stories :

အသက်ရှူကြပ်လာသည့် မြို့ပြ ပြည်သူများ

စစ်ကောင်စီ ဆိုက်ဘာဥပဒေကို စီးပွားရေးလုပ်ငန်းများ ဆန့်ကျင်

မတူညီသော ခေါင်မိုးများအောက်

မီးတွေ ပြန်ပျက်တဲ့အခါ

ငွေရပေါက်ဖြစ်နေသည့် ဧည့်စာရင်း

Your Thoughts …
Tags: VPNစစ်အာဏာသိမ်းကောင်စီနိုင်ငံခြားသတင်းဌာနများပြည်တွင်းမီဒီယာများသတင်းထောက်တဦး၏ စွန့်စားခန်းများသတင်းလွတ်လပ်ခွင့်ဧည့်စာရင်း
ဝေဟင်စိုး

ဝေဟင်စိုး

Similar Picks:

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

by ဧရာဝတီ
13 May 2024
8.7k

အဖွဲ့ဝင်အမျိုးသမီး ၂ ဦးထဲမှ ၁ ဦးအား မေလ ၉ ရက်နေ့ညက ရန်ကုန်မြို့ရှိ နေအိမ်အပြန်လမ်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ၁ ဦးအား ယင်းနေ့ ညသန်းခေါင်အချိန် ၎င်းနေထိုင်ရာအဆောင်၌ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း

ဆိုက်ဘာဥပဒေကြောင့် မန္တလေးတွင် ဖုန်းစစ်ဆေးမှု ပြန်လုပ်

ဆိုက်ဘာဥပဒေကြောင့် မန္တလေးတွင် ဖုန်းစစ်ဆေးမှု ပြန်လုပ်

by ဧရာဝတီ
5 August 2025
7.4k

ထို့ပြင် ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ပြည်တွင်း၌ ဖြစ်စေ၊ တည်ဆဲဥပဒေ တရပ်ရပ်အရ မှတ်ပုံတင်ထားသည့် ရေယာဉ် (သို့မဟုတ်) လေယာဉ်တခုခုပေါ်တွင် ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ၊ အမျိုးသား ဆိုက်ဘာနယ်ပယ်အတွင်း၌ ဖြစ်စေ၊ အမျိုးသားဆိုက်ဘာနယ်ပယ်နှင့် ချိတ်ဆက်နေသော အခြားဆိုက်ဘာနယ်ပယ်တခုခု၌ ဖြစ်စေ...

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

by ဧရာဝတီ
15 June 2024
5.3k

စစ်ကောင်စီသည် အင်တာနက်တွင် သတင်းစီးဆင်းမှု ပိတ်ပင်ရန် အဓိက အားထုတ်မှုအနေဖြင့် VPN များကို လိုက်လံပိတ်ဆို့နေသည်။

ရန်ကုန်ရောက် ရခိုင်စစ်ရှောင်လူငယ်များ စစ်မှုထမ်းရန် ဖိအားပေးခံနေရ

ရန်ကုန်ရောက် ရခိုင်စစ်ရှောင်လူငယ်များ စစ်မှုထမ်းရန် ဖိအားပေးခံနေရ

by ရိုးကျော်
30 July 2024
4.7k

ဧည့်စာရင်းလာတိုင်ပါက ယင်းသို့ စစ်မှုထမ်းလျှောက်လွှာ အတင်းကျပ်ဖြည့်ခိုင်းနေသောကြောင့် နေရာ အတည်တကျ မနေထိုင်ရဲတော့ဘဲ ရန်ကုန်မြို့နယ်အနှံ့ ပြောင်းရွှေ့နေထိုင်ရသည့် လူငယ်များရှိနေသလို၊ ဧည့်စာရင်းစစ် မည်စိုးသဖြင့် စိတ်မလုံခြုံမှုများနှင့် စိုးရိမ်ထိတ်လန့်စွာနေရ

Next Post
ကျောင်းသား ၁၃ သန်း ပညာသင်ကြားခွင့်ပျက်ဆီးခဲ့တယ် (ရုပ်/သံ)

ကျောင်းသား ၁၃ သန်း ပညာသင်ကြားခွင့်ပျက်ဆီးခဲ့တယ် (ရုပ်/သံ)

ချင်းအမျိုးသား တပ်မတော် (CNA) တပ်ဖွဲ့ဝင်များ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက စစ်သင်တန်းဆင်း ချီတက်ပွဲ လေ့ကျင့်ရေး ပြုလုပ်စဉ် / Chinland Information Center

ချင်းလက်နက်ကိုင်များ၊ မဏိပူသူပုန်များနှင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved