• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အသက်ရှူကြပ်လာသည့် မြို့ပြ ပြည်သူများ

by အဲဟိန်း
24 January 2022
in ဆောင်းပါး
A A
လူထုက သပိတ်မှောက်ထားသည့် မြန်မာပလာဇာတွင် လုံခြုံရေး ယူထားကြသည့် စစ်ကောင်စီတပ်ဖွဲ့များကို နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့မြင်ရခြင်းဖြစ်သည်

လူထုက သပိတ်မှောက်ထားသည့် မြန်မာပလာဇာတွင် လုံခြုံရေး ယူထားကြသည့် စစ်ကောင်စီတပ်ဖွဲ့များကို နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့မြင်ရခြင်းဖြစ်သည်

14.9k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီသည် နည်းမျိုးစုံဖြင့် ပြည်သူများကို တရစ်ချင်း လည်ပင်းညှစ်လာနေသည်။ အနုနည်း၊ အကြမ်းနည်း နည်းမျိုးစုံ ဒုက္ခပေးခြင်းအားဖြင့် ပြည်သူကို အသက်ရှူကြပ်အောင် လုပ်လျက်ရှိသည်။

လတ်တလော ထင်ရှားသည့် ဥပမာများမှာ လျှပ်စစ်မီးကို ထင်သလို ဖြတ်တောက်ခြင်း၊ မီတာမဆောင်သည့် အိမ်များကို မိန်းထုတ် ဖြုတ်ခြင်း သို့မဟုတ် မီတာပုံးကြိုးကို ဖြတ်တောက်ခြင်း၊ ဖုန်း ဆင်းမ်ကတ်များကို ဈေးသောင်းချီ တင်လိုက်ခြင်း၊ ဧည့်စာရင်း စစ်ခြင်း၊ လမ်းများအတွင်း ကားမဝင်ရ၊ ဆိုင်ကယ်မဝင်ရ၊ စက်ဘီးဆင်းတွန်းရန် ကန့်သတ်ပိတ်ပင်ခြင်း၊ လမ်းဘေး ဈေးဆိုင်နှင့် ကျူးကျော်များကို တရက်သာ အချိန်ပေးပြီး ဖျက်ခိုင်းခြင်း၊ ကိုဗစ်ဆေး ထိုးမထားလျှင် ဧည့်စာရင်းတိုင်ခွင့် မပြုဟု ရပ်ကွက်အတွင်း လိုက်လံ ကြေညာခြင်း၊ စစ်ကောင်စီကို အာခံသည့် CDM များကို စာရင်းကောက်ယူခြင်းနှင့် PDF ခေါင်းစဉ်ဖြင့် ညနက်သန်းခေါင် လူငယ်များကို ဝင်ရောက် ဖမ်းဆီးခြင်းတို့ ဖြစ်သည်။

ပန်းချီဆရာ ကိုကို (အမည်လွှဲ) သည် ဆန္ဒပြပွဲများတွင်လည်း တက်ကြွခဲ့သကဲ့သို့ မီတာမဆောင်၊ အခွန်မပေးဟု စစ်အာဏာသိမ်းကတည်းက အာခံခဲ့သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်က သူ့အိမ်နီးချင်းမိတ်ဆွေအိမ်ကို မီတာပုံး လာဖြုတ်သွားသောအခါ ကိုဗစ်နှင့် အာဏာသိမ်း ကာလအတွင်း ရှားရှားပါးပါး ရောင်းရပြီး အိမ်ခန်းဆက်ငှားရန် စုဆောင်းထားရသည့် ပန်းချီကား ရောင်းရငွေကို မီတာခ ပြေးဆောင်လိုက်ရသည်။ တင်းခံထားသည့် မီတာမဆောင်ရေး အာခံမှုမှာ မိအိုဖအို အနေအထိုင် အဆင်ပြေစေရေးနှင့် စိတ်ကူးပေါက်သလို ညဘက်ဖြစ်စေ၊ မီးလာချိန်ဖြစ်စေ ထ ဖန်တီးရသည့် အနုပညာအတွက် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ချေ။

“ဒီကောင်တွေနဲ့ ဇယား မရှုပ်ချင်တော့ဘူးဗျာ” ဟု စမတ်ကျကျနေတတ်သူ ပန်းချီဆရာက စိတ်ပျက်လက်ပျက် ပြောသည်။

ထို့ထက်တဆင့်တိုး၍ မီတာခမဆောင်ဟုဆိုကာ မီတာပုံးများကို ဖြတ်တောက်သောအခါ ရန်ကုန်မြို့ တိုက်ခန်းနေ ပြည်သူများမှာ ရေရေး၊ မီးရေး သောက ရောက်ရသည်

လျှပ်စစ် မီတာ မဆောင်ခင် သီတင်းပတ် အနည်းငယ်အကြာက သူတို့ ရပ်ကွက် လူပြတ်သည့်နေရာ ဗုံးပေါက်ကွဲမှုဖြစ်ရာ စိုးရိမ်တတ်သော သူ့ဖခင်က စစ်အာသိမ်းပြီးကတည်းက မတိုင်ခဲ့သည့် ဧည့်စာရင်းကို တိုင်လိုက်ရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
556
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

ဗုံးပေါက်ကွဲမှု ဖြစ်ပြီဆိုလျှင် မည်သည့်အဖွဲ့ လက်ချက်မှန်း မသိစေကာမူ စစ်ကောင်စီ အဖွဲ့ဝင်များသည် သေနတ်ဖြင့် မည်းမည်းမြင်ရာ ပစ်ခတ်ခြင်း၊ နီးစပ်ရာ အိမ်များသို့ ဝင်စစ်ဆေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည်မှာ ထုံးစံလို ဖြစ်နေသည်။

စစ်ကောင်စီ၏ အဖွဲ့ဝင်များ အိမ်ပေါ်တက်၍ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့် ကလေးငယ်

ပန်းချီဆရာ ကိုကိုနည်းတူ ဧည့်စာရင်း မတိုင်ဘဲ တင်းခံနေခဲ့ကြသူများမှာလည်း ရှောင်တခင် ဝင်စစ်မှုများကြောင့် မခံချိမခံသာသော်လည်း ဧည့်စာရင်း တိုင်ကြရသည်။ မတိုင်၍လည်း မဖြစ်ပေ။ ဧည့်စာရင်းခေါင်းစဉ်ဖြင့် သူတို့ အိမ်နီနားချင်းများကို ဖမ်းဆီးပြီး ရပ်ကွက်ရုံးမှတဆင့် ငွေညှစ်သည်ကို တွေ့မြင်ရပြီး ဖြစ်သည်။

ထို့ထက်ပိုဆိုးလာသည်မှာ လျှပ်စစ်မီး မီတာခဖြစ်သည်။ NLD အစိုးရလက်ထက်က ကိုဗစ်ကပ်ရောဂါကြောင့် လအတိုင်းအတာ တခုအထိ ပလပ်ခွင့် ပြုထားသည့် မီတာခမှာ စစ်ကောင်စီ တက်ပြီးနောက် အတင်းအကြပ် ဆောင်ခိုင်းခြင်းကြောင့် ပြည်သူများ ဒုက္ခများကြသည်။ ပြည်သူအများစုမှာ အထွေထွေ ဖိနှိပ်မှုများကြောင့် ဝင်ငွေရပေါက်ရလမ်း အဆင်မပြေ၊ ဘဏ်အပ်ငွေများကအစ လိုသလောက် ထုတ်မရချေ။ မီတာခ ကောက်ခံသည့် စာရွက်တွင် “ကြွေးကျန်” ဟုဆိုကာ ကျပ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ဖော်ပြထားသော်လည်း မည်သည့်ဖြေရှင်းချက်မျှ မရပေ။

ထို့ထက်တဆင့်တိုး၍ မီတာခမဆောင်ဟုဆိုကာ မီတာပုံးများကို ဖြတ်တောက်သောအခါ ရန်ကုန်မြို့ တိုက်ခန်းနေ ပြည်သူများမှာ ရေရေး၊ မီးရေး သောက ရောက်ရသည်။ အထပ်မြင့် အခန်းများ ရေချိုးခန်း၊ အိမ်သာ မသုံးမဖြစ်အတွက် ရေတင်မရ၍ ဒုက္ခရောက်သည်။ အင်တာနက် ဝိုင်ဖိုင် မသုံးမဖြစ် သုံးရမည့်သူများ ဒုက္ခများသည်။ Zoom ကို အသုံးပြု၍ စာသင်နေရသော ဆရာ၊ ဆရာမများ၊ တပည့် ကလေးသူငယ်များ လမ်းပျောက်ကုန်သည်။

ဤသို့ဖြင့်ပင် “မဆောင်တာ ကြာပေမယ့် တတ်နိုင်သလောက် တလ၊ နှစ်လစာ ဆောင်ပါမယ်၊ မီးမဖြတ်ပါနဲ့” ဟု အလျှော့ပေးခဲ့ရကြောင်း အိမ်ရှင်မတဦးက ပြောသည်။ တချိန်တည်းတွင်ပင် မီတာနှင့် အခွန်ဆောင်ခြင်းက ပြည်သူကို နှိပ်ကွပ်သတ်ဖြတ်ရန် စစ်ကောင်စီအတွက် ကျည်ဆန်ဖိုး ဖြစ်စေသည်ဟူသော လူပြောများသည့်အချက်အပေါ် သူ လိပ်ပြာမလုံကြောင်းလည်း ဝန်ခံသည်။ သို့သော် ထိုအိမ်ရှင်မအတွက် ရွေးစရာ လမ်းမရှိပါ။

ဖုန်းဆင်းမ်ကတ်များကို မှတ်ပုံတင်ပြီး သုံးခဲ့ရသော်လည်း စစ်အာဏာ သိမ်းပြီးနောက် လုံခြုံရေးအရ စိတ်မချတော့သဖြင့် ကတ်အသစ်များ ပြောင်းသုံးနေသူ များပြားသည်

လျှပ်စစ် မီတာခ ကျပ်ငွေ ၂ သိန်းအထက် မဆောင်ထားလျှင် မီတာပုံးများကို မိန်းထုတ်ဖြုတ်ခြင်း၊ ဖျု့စ်ဖြုတ်ခြင်း၊ မီတာပုံးကြိုးကို (မီးဖြတ်ထားချိန်၌) ဖြတ်တောက်သွားခြင်းများ ရပ်ကွက်တိုင်းတွင် ကြုံတွေ့နေရသည်။

ဖုန်းဆင်းမ်ကတ်များကို ငွေကျပ် ၂ သောင်းကျော် ဈေးမြှင့်လိုက်သောအခါ ဂယက်ရိုက်ကုန်သည်။ ဖုန်းဆင်းမ်ကတ်များကို မှတ်ပုံတင်ပြီး သုံးခဲ့ရသော်လည်း စစ်အာဏာ သိမ်းပြီးနောက် လုံခြုံရေးအရ စိတ်မချတော့သဖြင့် ကတ်အသစ်များ ပြောင်းသုံးနေသူ များပြားသည်။

တိုက်ဆိုင်မှုလော၊ နည်းပညာကြောင့်လော မသိ၊ ပြောင်းသုံးထားသော ကတ်တော်တော်များများကို ဖုန်းဖြင့် သုံးသည့်အခါ တချို့ ဖေ့စ်ဘုတ် သုံးမရ၊ ထို့ထက်ပိုများသည်က မက်ဆင်ဂျာ သုံးမရ ဖြစ်နေကြသည်။ စစ်ကောင်စီကလည်း တိကျရေရာသော ကြေညာချက် ထုတ်ပြန်ခြင်း မရှိသည်က ဆိုးသည်။

လျှပ်စစ်မီတာခ မဆောင်ဟု အာခံကြသော ပြည်သူများ နောက်ထပ် အလျှော့ပေးရသည်မှာ ဧည့်စာရင်း ဖြစ်သည်။ “သတင်းအရ” ဟူသော ခေါင်းစဉ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး မပါ၊ တိုက်မှူး မပါ၊ ဌာနေရဲဝန်ထမ်းပင် မပါဘဲ ညနက်သန်းခေါင်တွင် အရပ်ဝတ်ဖြင့် သေနတ်လွယ်ကာ၊ တိုက်ပွဲဝင် စစ်ဝတ်စုံပြည့်ဖြင့် သေနတ်တကားကား ကိုင်ကာ အများအားဖြင့် အရက်မူးနေသည့် စစ်သားများက “ဧည့်စာရင်း စစ်ခြင်း” ဖြစ်သည်။

ဧည့်စာရင်း မတိုင်လျှင်လည်းဖမ်း၊ တိုင်ထားသော်လည်း ရက်လွန်နေလျှင်လည်း ဖမ်းသည်။ တညတာ အချုပ်ခန်းတွင် ဒုက္ခခံပြီးနောက် ၃ သောင်း၊ ၅ သောင်းမှသည် သိန်းဂဏန်းအထိ ပေးပြီး ရွေးမှ ပြန်လွှတ်ပေးသည်။

၎င်းတို့ စစ်ကောင်စီ အဖွဲ့ဝင်များ မျက်စိတွင် လူငယ်ဆိုသည်နှင့် PDF ဟု အမြင်ခံရသော လူငယ်တဦးဆိုလျှင် ရာဇဝတ်မှုမြောက်သည့် တစုံတရာ မတွေ့သည့်တိုင် ပစ်ခတ်ဖောက်ခွဲမှုများအတွက် လူစားထိုးခံရမည်စိုး၍ မိခင်ဖြစ်သူက မရှိသော်ငြားလည်း ငွေကျပ် သိန်း ၅၀ အကုန်အကျခံတာ အချုပ်ထဲမှ ထုတ်ခဲ့ရသည်။ သူလုပ်ခဲ့သည့် အပြစ်မှာ သူငယ်ချင်းများနှင့် သောက်စားပြီးနောက် အိမ်ပြန်နောက်ကျရာမှ လမ်းခုလတ်တွင် အဖမ်းခံရခြင်း ဖြစ်သည်။

စစ်ကောင်စီက စီစဉ်သည့် ကိုဗစ်ဆေး မထိုးထားပါက ဧည့်စာရင်းတိုင်ခွင့်မပြု၊ ခရီးသွားခွင့်မပြုဟု ရပ်ကွက်များအတွင်း လိုက်လံကြေညာမှုမှာလည်း အာခံနေသည့် ပြည်သူများကို လည်ပင်းထပ်ညှစ်သည့် ကိစ္စပင်ဖြစ်သည်။

ပစ်ခတ်ဖောက်ခွဲမှုများအတွက် လူစားထိုးခံရမည်စိုး၍ မိခင်ဖြစ်သူက မရှိသော်ငြားလည်း ငွေကျပ် သိန်း ၅၀ အကုန်အကျခံတာ အချုပ်ထဲမှ ထုတ်ခဲ့ရသည်

“ဒီကောင်တွေ ထိုးပေးမယ့်ဆေး မထိုးဘူးကွာ”၊ “သူတို့ ထိုးပေးမယ်ဆိုတဲ့ဆေး မယုံဘူး” ဟု ဆိုသူများလည်း ညနက်သန်းခေါင် အိပ်ရေးပျက်၊ ပြဿနာ ရှာခံရမည့် အရေး၊ အရေးပေါ် ခရီးသွားလာရေးတို့ကြောင့် ကိုဗစ်ဆေး ထိုးပြီးကြောင်း လက်မှတ်ရလျှင် ပြီးရောဟုဆိုကာ ဆေးထိုးခံဖို့ အကြောင်းဖန်လာရသည်။

ရန်ကုန်ကဲ့သို့သော မြို့တွင် အိမ်ငှားနေသူများ များပြားသည့်အပြင် အိမ်ခန်း ဝယ်လိုက်သော်လည်း ကိုဗစ်နှင့် အာဏာသိမ်းမှုတို့ကြောင်း သန်းခေါင်းစာရင်း ရွှေ့ပြောင်းရန် အခွင့်မသင့်သူများပါ ဧည့်စာရင်း တိုင်နေရသည့် အခြေအနေ ရောက်နေသည်။

အဓိက လမ်းမကြီးများဘေးရှိ မြောင်းကျော်၊ ဘောင်ကျော် အခန်းတိုးချဲ့ထားသူများ၊ ကျူးကျော်ထားသူများ၊ ကွမ်းယာဆိုင်ပါမကျန် ဖျက်ပေးရန် အချိန် တရက်သာ ပေးသည်။ သေနတ်ကိုင် စစ်သားများ အစောင့်အရှောက်နှင့် စည်ပင်ဝန်ထမ်းများက အခိုင်အမာ ဆောက်လုပ်ထားသည်များ ဖျက်သိမ်းရန် လှည့်လည် သတိပေးသည်။

ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းမှ စတင်ကာ လျှပ်စစ်ဖြန့်ဖြူးရေးဌာနသည် အချိန်ပိုင်း မီးဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည် / AFP

“အပင်စိုက်ရင်စိုက်၊ မစိုက်ရင် ကားပါကင်လုပ်လို့ ပြောသွားတယ်” ဟု သတိပေးခံရသူတဦးက ပြောသည်။

နောက်ထပ် တဦးကမူ စစ်ကောင်စီနှင့် အဖွဲ့ဝင်များ လိုက်လံ အမိန့်ပေးမှုနှင့် ပတ်သက်၍ “ကျူးနဲ့ မြေလွတ်မှာ အလုံပိတ် ခြံကာထားတွေက သူတို့ကင်းလှည့်တာမှာ အနောက်အယှက် ဖြစ်၊ မလုံခြုံသလို ခံစားရလို့ နေမှာ၊ ပြီးတော့ PDF တွေ ချောင်းပစ်မှာ ကြောက်တာ နေမှာ” ဟု ပြောသည်။

မုန့်ဟင်းခါး အပါအဝင် ကိုယ်ကျွမ်းကျင်ရာ စားသောက်စရာရောင်း၊ အွန်လိုင်းတွင် ဈေးရောင်းပြီး လတ်တလော ဝမ်းရေး ဖြေရှင်းရသည့် လူထုအာဏာ ဖီဆန်ရေး လှုပ်ရှားသူ အစိုးရဝန်ထမ်း CDM များအကြား ဂယက်ရိုက်မှု တခုမှာ စစ်ကောင်စီက CDM ဝန်ထမ်းများ စာရင်း တောင်းယူမှု ဖြစ်သည်။

စစ်ကောင်စီက တိတိပပ မကြေညာသော်လည်း ထွက်ပေါ်နေသည့် အကြောင်းရင်းက အစုံဖြစ်သည်။ NLD အစိုးရလက်ထက် အစိုးရဝန်ထမ်းများကို ထုတ်ပေးခဲ့သည့် ကိုဗစ်ကာလ သက်သာချောင်ချိရေး ကြိုထုတ်ပေးခဲ့သော လခ ၃ လစာကို ပြန်လည်တောင်းယူရန်၊ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်ခြင်း မရှိဘဲ မိမိဝမ်းစာကို ဈေးရောင်း၍ ဖြစ်စေ၊ မိမိတတ်ကျွမ်းသည့် ပညာဖြင့်ဖြစ်စေ ဆက်လက် ရပ်တည်နေသူများကို အလုပ်ပြန်ဝင်လာစေရေး ဖိအားပေးရန်၊ ဝန်ထမ်းလိုင်းခန်း ယူထားသော်လည်း CDM လုပ်သွားပြီးနောက် ပြန်မအပ်သူများကို စိစစ်ရန် စသည်ဖြင့် သတင်းများက အစိုးရဝန်ထမ်းများအကြား အမျိုးမျိုးထွက်ပေါ်နေခြင်းကြောင့် သောက ဗျာပါဒ ရောက်ရှိနေကြရသည်။

ညနက်သန်းခေါင် အိပ်ရေးပျက်၊ ပြဿနာ ရှာခံရမည့် အရေး၊ အရေးပေါ် ခရီးသွားလာရေးတို့ကြောင့် ကိုဗစ်ဆေး ထိုးပြီးကြောင်း လက်မှတ်ရလျှင် ပြီးရောဟုဆိုကာ ဆေးထိုးခံဖို့ အကြောင်းဖန်လာရသည်

CDM စာရင်း တောင်းယူမှု မှန်ကန်ကြောင်း ဌာနဆိုင်ရာ အကြီးအကဲ နှစ်ဦးက အတည်ပြု ပြောကြားသည်။ သို့သော် မည်သည့်အတွက် ဆိုသည်ကိုမှု ပြောဆိုချက် ကွဲလွဲနေသည်။ စစ်ကောင်စီကလည်း အကြောင်းရင်းကို ထုတ်ပြန်ခြင်း မရှိပေ။

ပန်းချီဆရာ ကိုကိုက “စကစရော နုဂျီ (NUG – အမျိုးသား ညီညွတ်ရေးအစိုးရ) ရော ဘာတွေ ဖြစ်နေပြီလဲ၊ ကျနော်တို့ ဘာဆက်လုပ်ရမှာလဲ” ဟု မေးသည်။ သူသည် မီတာခ ငွေကျပ် ၂ သိန်းကျော် သွားဆောင်ရခြင်းနှင့် သူ့ဖခင်က ဧည့်စာရင်း သွားတိုင်နေရခြင်းအပေါ် စိတ်မသက်မသာဖြစ်နေသည်။

ကြော်ငြာ ဆိုင်းဘုတ်လုပ်ငန်း တွင်ကျယ်နေဆဲတွင် ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် နေ့စဉ်ရပ်တည်ရေး အနိုင်နိုင်ရုန်းကန်နေရသည့် သူ၏ မိတ်ဆွေက ပြောသည့်စကားမှာ အဖြေဖြစ်ပေလိမ့်မည်။

“စစ်ကောင်စီက တရစ်ချင်း လည်ပင်းညှစ်နေတာ၊ အသက်ရှူတွေ ကြပ်လာပြီ” ဟူ၍ ဖြစ်သည်။

You may also like these stories:

မီးတွေ ပြန်ပျက်တဲ့အခါ

ငွေရပေါက်ဖြစ်နေသည့် ဧည့်စာရင်း

မြို့ပြများကို အဓိကပစ်မှတ်ထားခြင်း

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက ကားဖြင့်တိုက်သတ်သည့် မှတ်တမ်းများ

Your Thoughts …
Tags: CDMPDFကိုဗစ်နိုင်တင်းခရီးသွားလာမှုစစ်ကောင်စီဘဏ်မီတာခလျှပ်စစ်မီးဧည့်စာရင်း
အဲဟိန်း

အဲဟိန်း

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေသည်ဟု ချင်းအမျိုးသားတပ်မတော်က ပြောဆိုထားသည့် ဇိုမီးတော်လှန်ရေး တပ်မတော် (ZRO/ZRA)တပ်ဖွဲ့များ(Zomi Flag)

ZRA က စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတာ ကျနော်တို့ အင်မတန် ဝမ်းနည်းတယ်

မြန်မာ့ ပထမဆုံး မင်းဘူးရှိ ဆိုလာပါဝါစီမံကိန်း / Facebook 

ဆိုလာ တင်ဒါစည်းကမ်းများ တရုတ်ကုမ္ပဏီတွေ ချိုးဖောက်လည်း စစ်ကောင်စီ မျက်လုံးပိတ်ထား

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved