• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဆိုလာ တင်ဒါစည်းကမ်းများ တရုတ်ကုမ္ပဏီတွေ ချိုးဖောက်လည်း စစ်ကောင်စီ မျက်လုံးပိတ်ထား

by ဧရာဝတီ
24 January 2022
in စီးပွားရေး
A A
မြန်မာ့ ပထမဆုံး မင်းဘူးရှိ ဆိုလာပါဝါစီမံကိန်း / Facebook 

မြန်မာ့ ပထမဆုံး မင်းဘူးရှိ ဆိုလာပါဝါစီမံကိန်း / Facebook 

9.2k
VIEWS
Share on FacebookShare on Twitter

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အရပ်သား အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားခဲ့ပြီး လုပ်ငန်းများ စတင်ရန် နှောင့်နှေးခဲ့သော ဆိုလာပါဝါလျှပ်စစ်စီမံကိန်းများကို တရုတ်ကုမ္ပဏီများ မစတင်သေးဘဲ တင်ဒါစည်းကမ်းချိုးဖောက်နေသော်လည်း အာဏာသိမ်းစစ်ကောင်စီက မသိကျိုးကျွန်ပြုလျက်ရှိသည်။

လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ် မဂ္ဂါဝပ် ၁၀၀၀ ခန့် ထုတ်လုပ်ပေးနိုင်မည့် ၂၀၂၀ ခုနှစ် အောက်တိုဘာအတွင်း တင်ဒါ ခေါ်ယူအောင်မြင်ထားသော အဆိုပါ ဆိုလာပါဝါစီမံကိန်း ၂၉ ခုသည် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် တင်ဒါအောင်မြင်ထားသော တရုတ်ကုမ္ပဏီ အများစုက ဓာတ်အားဝယ်ယူရေး PPA စာချုပ်ကိုပင် (Power Purchase Agreement) လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန နှင့် ချုပ်ဆိုခြင်းကို ရွှေ့ဆိုင်းနေကြောင်း ဌာနနှင့် နီးကပ်သည့် သတင်းရင်းမြစ်နှင့် လုပ်ငန်းရှင်တချို့က ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်အထိ PPA စာချုပ်ကို စီမံကိန်းတခုသာ ချုပ်ဆိုနိုင်သေးသည်။

အာဏာသိမ်းစစ်ကောင်စီက ယခုနှစ်အစပိုင်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသော LNG စီမံကိန်းများ ရပ်ဆိုင်းထားခြင်း၊ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်း ပြုပြင်ထိန်းသိမ်းနေခြင်း နှင့် ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ ပေးပို့သော ကေဗွီတာဝါတိုင်များ မိုင်းဆွဲခံရခြင်းတို့ကြောင့် လျှပ်စစ် မီးသည် အချိန်မရွေးပြတ်တောက်နိုင်ကြောင်း ကြေညာထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် နီးစပ်သည့် ဝန်ထမ်းဟောင်းတဦးက “ဌာနဘက်တော့ PPA စာချုပ်ချုပ်ဖို့နဲ့ လုပ်ငန်းတွေ စဖို့ကို အမြဲပြောနေတာပဲ။ တရုတ်ကုမ္ပဏီတွေဘက်တော့ အခြေအနေတွေကို စောင့်ကြည့်နေတုန်းပဲ ” ဟု ဧရာဝတီသို့ ပြောသည်။

တင်ဒါစည်းမျဉ်းစည်းကမ်းတွင် တင်ဒါအောင်မြင်ပြီး ၆ လအတွင်း လုပ်ငန်းအကောင်အထည် ဖော်ရမည်ဟု သတ်မှတ်ထားသော်လည်း ဌာနနှင့် ကုမ္ပဏီကြား နောက်ဆုံးအဆင့် ချုပ်ဆိုရမည့် PPA စာချုပ်ချုပ်မည့် အချိန်ကာလတွင် စစ်အာဏာသိမ်းမှု ကြုံတွေ့ခဲ့၍ စာချုပ် မချုပ်လိုက်ရသည့်အတွက် ဌာနဘက်က ကုမ္ပဏီများဘက်ကို တွန်းအားပေးရာတွင် အခက်အခဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အဆိုပါ ဆိုလာပါဝါစီမံကိန်းတချို့သည် တိုက်ပွဲများပြင်းထန်လာနေသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင် အကောင်အထည်ဖော်ရမည်ဖြစ်ပြီး တချို့မှာ ရန်ကုန်၊ နေပြည် တော်၊ ဧရာဝတီနှင့် ပဲခူတိုင်းတို့တွင် အကောင်အထည်ဖော်ရမည်ဖြစ်ခြင်းကြောင့် ကုမ္ပဏီများဘက်က လုံခြုံရေးအာမခံချက်မရှိခြင်းကို စိုးရိမ်ချက်ရှိနေသည် ဆိုသော သုံးသပ်ချက်များလည်း ရှိသည်။

သို့သော်လည်း ကုမ္ပဏီများဘက်ကို ဝန်ကြီးဌာနဘက်က လုပ်ငန်းအကောင်အထည်ဖော်ရန် အမှန်တကယ် ဖိအားပေးမှု မရှိဘဲ လက်ဝါးချင်းရိုက်ထားကြသည့် အခြေအနေလည်း ဖြစ်နိုင်ကြောင်း ဝေဖန်သူများလည်း ရှိသည်။

PPA စာချုပ်မတိုင်မီ အရေးပါသော LOA (letter of agreement) စာချုပ်ကို ထိုတင်ဒါအောင်မြင်ထားပြီးသား တရုတ်ကုမ္ပဏီများသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ရရှိထားပြီးဖြစ်၍ ထိုစာချုပ်သဘောတရားအရ LOA ရရှိပြီး ရက်ပေါင်း ၁၈၀ အတွင်း အကောင်အထည်ဖော်ရမည်ဖြစ်ကာ သတ်မှတ်ရက်အတွင်း လုပ်ငန်းမပြီးစီးပါက ရက်လွန်ကြေးအဖြစ် တရက်လျှင် ကျပ် ၁ သိန်း ဒဏ်ငွေပေးဆောင်ရမည်ဟု ရန်ကုန်မြို့ရှိ လျှပ်စစ်လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။ ၎င်းသည် ထိုဆိုလာပါဝါစီမံကိန်းများကို တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကုမ္ပဏီတခု၏ ဒါရိုက်တာတဦးဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
89
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

အဆိုပါစီမံကိန်းများ၏ တင်ဒါအဆိုပြုလွှာတွင်လည်း PPA သည် ဗဟိုဘဏ်အပါအဝင် ဝန်ကြီးဌာနပေါင်း ၉ ခုခန့် အတည်ပြုရချက် ရယူရမည်ဖြစ်၍ LOA ရရှိပြီးပါက လုပ်ငန်းများ စတင်ရမည်ဟု အတိအလင်းဖော်ပြထားကြောင်း သိရသည်။ ယခုအခြေအနေအရဆိုပါက LOA ရရှိပြီး အချိန် ၁၆ လခန့် ကျော်လွန်နေပြီ ဖြစ်သလို ရက်ပေါင်း ၄၈၀ နီးပါး ရှိသည်။

“တကယ်က သူတို့ တင်ဒါအောင်မြင်ခဲ့တဲ့ ဈေးနှုန်းက အရမ်းကိုနည်းတယ်။ အခုချိန်မှာ မကိုက်တော့တဲ့အတွက် လုပ်ငန်းကို မလုပ်ချင်ကြတော့တာကို ဟိုအကြောင်းပြ ဒီအကြောင်းပြ လုပ်တာပေါ့။ အဲဒါကို ဝန်ကြီးဌာနဘက်ကလည်း စည်းကမ်းစည်းမျဉ်းတွေအတိုင်း မလုပ်ဘဲ လက်ဝါးချင်းရိုက်ထားကြတဲ့ သဘောပေါ့” ဟု ပြောဆိုသည်။

ထိုအချိန်က တရုတ်ကုမ္ပဏီများသည် လျှပ်စစ် 1 kWh (kilowatt-hour) ကို အမေရိကန်ဒေါ်လာ ၃.၅ ဆင့်( ကျပ် ၇၀ ဝန်းကျင်) ဖြင့် အခြားဒေသတွင်း ကုမ္ပဏီများနှင့် အနောက်နိုင်ငံ ကုမ္ပဏီများမှ မပေးနိုင်သော လွန်စွာသက်သာသည့် နှုန်းထားဖြင့် တင်ဒါအောင်မြင်ခဲ့ကြသည်။

ဆိုလာပါဝါစီမံကိန်း တင်ဒါအောင်မြင်ထားသော ကုမ္ပဏီများသည် လေလံအာမခံကြေး အမေရိကန် ဒေါ်လာ ၅ သိန်း ကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နှင့် တရုတ်ဘဏ်တို့ကြား သဘောတူညီ ချက်ဖြင့် အာမခံကြေးသွင်းထားရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြင့် တင်ဒါခေါ်ယူခဲ့သည့် ထိုဆိုလာပါဝါစီမံကိန်းများကို တရုတ် အခြေစိုက်ကုမ္ပဏီများဖြစ်ကြသော Sungrow Power Supply ကုမ္ပဏီ ၊ Consortium of SPIC Yunnan International Power Investment Co.,Ltd. and Khaing Lon Gems တို့က စီမံကိန်း အများအပြား တင်ဒါအောင်မြင်ခဲ့ကြသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသို့ လျှပ်စစ်ထုတ်လုပ်မှုလျော့ကျ၍ မီးမကြာခဏ ဖြတ်တောက်နေသော်လည်း တဖက်တွင် ယခု ဆိုလာပါဝါစီမံကိန်းများကဲ့သို့ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းတချို့ကို အကောင်အထည်၍ ရပါလျက်ဖြင့် မဖော်သည်မှာ အကျင့်ပျက် ခြစားမှုများရှိသလားဟု မေးခွန်းထုတ်စရာ ဖြစ်သည်။

ယခုသတင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိများသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ ပုံမှန်အမြင့်ဆုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှုသည် ၄၂၀၀ မဂ္ဂါဝပ်အထိရှိပြီး လတ်တလောအခြေအနေအရ ထိုပမာဏ၏ သုံးပုံ ၂ ပုံ ခန့်သာ ထုတ်လုပ်နိုင်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်းတွင် အိမ်ထောင်စုပေါင်း ၁၀.၉ သန်းခန့်မှ အိမ်ထောင်စု ၆.၆ သန်းသည် လျှပ်စစ်ဓာတ် အားသုံးစွဲလျက်ရှိသည်။

You may also like these stories:

လျှပ်စစ်မီး တွေ အရင်လို ပြန်ပြတ်တော့မလား

ဆိုလာပါဝါ စီမံကိန်းများမှ ပြန်ဆုတ်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ

မန္တလေးတွင် ဆိုလာသုံး ဆက်စပ်ပစ္စည်းများ ရောင်းအားသွက်လာ

ဇောက်ထိုးကျနေသည့် မြန်မာ့စီးပွားရေး

Your Thoughts …
Tags: စစ်ကောင်စီ မျက်လုံးပိတ်ထားဆိုလာပါဝါစီမံကိန်းတင်ဒါစည်းကမ်းများတရုတ်ကုမ္ပဏီတွေ ချိုးဖောက်လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်က မြန်မာ့ပထမဆုံးသော နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပါဝါလျှပ်စစ်ဓာတ်အားပေးစက်ရုံ

ဆိုလာပါဝါ စီမံကိန်းများမှ ပြန်ဆုတ်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ

by ဧရာဝတီ
2 April 2021
20.9k

တရုတ် ကုမ္ပဏီတချို့သည့် ၎င်းတို့ တင်ဒါအောင်မြင်ထားသော ဈေးနှုန်းနှင့် စီးပွားရေးအရ တွက်ချေ မကိုက် တော့သည့် အတွက် အခြားရင်းနှီးမြှုပ်နှံလိုသူများ လက်လွှဲပေးရန် လုပ်ဆောင်နေသော်လည်း မြန်မာ့ပြည်တွင်းရေး အခြေ အနေများကြောင့် တခြား ရင်းနှီးမြှုပ်နှံသူများကလည်း စိတ်ဝင်စားမှု မရှိကြောင်း

၂၀၁၉ ဇွန်လ ၂၇ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လှစ်သည့် မင်းဘူး မြို့နယ်ရှိ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ  / Myanmar State Counsellor Office

ဆိုလာပါဝါစီမံကိန်း တရုတ်ကုမ္ပဏီများသာ တင်ဒါအောင်မည့် အခြေအနေရှိ

by အောင်သီဟ
10 September 2020
16.8k

စီမံကိန်းတခုချင်းကို ဈေးနှုန်းအလိုက် အဆင့်ဆင့် သတ်မှတ်ထားပြီး ကုမ္ပဏီတွေကိုရွေးထားတယ်။ အနည်းဆုံးကနေ အများဆုံးပေါ့။ အခု ပထမအဆင့် ကုမ္ပဏီတွေနဲ့ PPA (Power purchase agreement) ဆက်ဆွေးနွေးမယ်။ အဆင်မပြေဘူးဆိုရင် ဒုတိယအဆင့်က ကုမ္ပဏီနဲ့ ထပ်ဆွေးနွေးသွားမယ်

နမ္မတူရှိ သတ္တုကျိုချက် ခွဲထုတ်စက်ရုံကြီး  / ဧရာဝတီ

စစ်ကောင်စီ၏ ဆိုလာပါဝါ စီမံကိန်း တင်ဒါခေါ်ယူမှု ကုမ္ပဏီ ၄၀ခန့် ဝင်ပြိုင်ရန် စီစဉ်နေ

by ဧရာဝတီ
1 July 2021
43.8k

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်မှု ရပ်တန့်နေသဖြင့် လျှပ်စစ် လိုအပ်ချက်သည် မျှော်မှန်းထားသလောက် မရှိနိုင်၍ လုပ်ငန်း တွက်ခြေ မကိုက်နိုင်သည့် အခြေအနေများကြောင့် ပြည်တွင်းက လျှပ်စစ်ထုတ် လုပ်ရေး ကုမ္ပဏီအများစုအနေဖြင့် အဆိုပါ တင်ဒါကို စိတ်ဝင်စားမှု...

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်က မြန်မာ့ပထမဆုံးသော နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပါဝါလျှပ်စစ်ဓာတ်အားပေးစက်ရုံ

ဆိုလာပါဝါ စီမံကိန်း တင်ဒါအတွက် တပ်နှင့် နီးစပ်သည့် ကုမ္ပဏီ ၆ ခုသာဝင်ပြိုင်

by ဧရာဝတီ
2 November 2021
21k

ယခင်က ဆိုလာပါဝါ စီမံကိန်းများကို တရုတ်ကုမ္ပဏီ အများအပြား ဝင်ရောက် ယှဉ်ပြိုင်မှုရှိခဲ့သော်လည်း ယခုတွင် တရုတ် ကုမ္ပဏီ ၂ ခုခန့်သာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် တရုတ်အစိုးရဘက်က မြန်မာတွင် ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများကို ချေးငွေ ထုတ်ချေးရန် အကန့်အသတ်များ...

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်က မြန်မာ့ပထမဆုံးသော နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပါဝါလျှပ်စစ်ဓာတ်အားပေးစက်ရုံ

ဆိုလာပါဝါစီမံကိန်း တင်ဒါသတ်မှတ်ချိန် နည်း၍ ရင်းနှီးမြှုပ်နှံလိုသူများ အခက်တွေ့

by အောင်သီဟ
25 May 2020
10.7k

ဆိုလာပါဝါ စီမံကိန်းများသည် ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဆိုလာပါဝါထုတ်လုပ်ရေးစက်ရုံတခုကို အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့် ရင်းနှီးမြှုပ်နှံရမည်။

Next Post
မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့ရသည့် သားအမိနှစ်ဦး  / CJ

ပုလောတွင် မြေမြှုပ်မိုင်းနင်းမိ၍ ကိုယ်ဝန်ဆောင်တဦးနှင့် ၆ နှစ်အရွယ် သားဖြစ်သူ သေဆုံး

AA စစ်သည်တဦးကို ၂၀၂၀ ပြည့်နှစ်က မှတ်တမ်းတင်ထားစဉ်  / ဧရာဝတီ

AA သြဇာကြီးလာခြင်းက စစ်ကောင်စီအတွက် ခေါင်းခဲစရာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved