ယခုနှစ်သစ်သည် စာရေးသူအတွက် ပုန်းအောင်းရန်နေရာသစ်တခုကို ယူဆောင်လာပေးသည်။ နှစ်သစ်အတွက် မိမိ၏ဆန္ဒမှာ ယခုပုန်းအောင်းနေရသည့် နေရာသစ်သည် အနည်းဆုံးကနဦးတွင် မိမိအတွက် ယခင်နေရာများကဲ့သို့ လုံခြုံမှုပေးနိုင်ရေးသာ။
ယခု ပုန်းအောင်းနေသောနေရာသည် လွန်ခဲ့သော ၁၁ လနီးပါးအတွင်း စာရေးသူ၏ စတုတ္ထမြောက် ရွှေ့ပြောင်းနေထိုင်ရသော နေရာဖြစ်သည်။ မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီက အာဏာကို ချုပ်ကိုင်ထားသရွေ့ ယခုကဲ့သို့သော ဘဝသည် ပြောင်းလဲတော့မည်မဟုတ်ဟု ထင်မိသည်။ မိမိ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မင်းအောင်လှိုင် စစ်ကောင်စီခေါင်းဆောင်အဖြစ်ရှိနေခြင်း ဆိုသည့် အရာနှစ်ခုသည် တိုက်ရိုက်ဆက်စပ်နေသည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ သူနှင့် သူ့စစ်ကောင်စီ ပျောက်ကွယ်သွားပါက စာရေးသူသည် မိမိ၏ဝပ်ကျင်းမှ လွတ်လွတ်လပ်လပ် ထွက်ခွာလာနိုင်မည်ဖြစ်သည်။
မိမိ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မင်းအောင်လှိုင် စစ်ကောင်စီခေါင်းဆောင်အဖြစ်ရှိနေခြင်း ဆိုသည့် အရာနှစ်ခုသည် တိုက်ရိုက်ဆက်စပ်နေသည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ သူနှင့် သူ့စစ်ကောင်စီ ပျောက်ကွယ်သွားပါက စာရေးသူသည် မိမိ၏ဝပ်ကျင်းမှ လွတ်လွတ်လပ်လပ် ထွက်ခွာလာနိုင်မည်ဖြစ်သည်။
အမှန်တကယ်ဆိုပါက ထိုသို့သောအခြေအနေသည် မိမိတယောက်တည်းအတွက်သာ မဟုတ်ပေ။ မြန်မာနိုင်ငံသား အားလုံးတွင် ထိုသို့သော ဆက်စပ်မှုရှိနေသည်။ အသေထွက်သည်ဖြစ်စေ အရှင်ထွက်သည်ဖြစ်စေ မအလ မရှိတော့ပါက တိုင်းပြည်အခြေအနေသည် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင်အာဏာသိမ်းပြီးနောက် မကြာမီ သူ ကျုးလွန်နေသည့် သတ်ဖြတ်မှုများကို အဆုံးသတ်နိုင်ပါက နိုင်ငံသားတိုင်း ဘေးကင်းလုံခြုံသည်ဟု ပြန်လည်ခံစားရမည်ဖြစ်ပြီး ပုန်းအောင်းနေသူများ သို့မဟုတ် အဝေးရောက်နေသူများသည် အိမ်ပြန်ရန် ဘေးကင်းသွားမည်ဖြစ်သည်။ (မှတ်ချက်။ မိမိသည် မင်းအောင်လှိုင်အမည်နေရာတွင် မအလ ဟု သုံးစွဲမည်ဖြစ်သည်။ မြန်မာပြည်သူအများစုက သူ့အမည်ကို အတိုကောက် မအလ ဟုသာခေါ်ကြသည်။ စစ်အာဏာသိမ်းခေါင်းဆောင်အတွက် ကံဆိုးသည်မှာ သူ့အမည်အတိုကောက်သည် မအေ# နှင့်လည်း တူနေသည်။ ထိုကြောင့်ပင် ပြည်သူများက ထိုအမည်ကို အားရပါးရခေါ်နေခြင်းသည် အံ့သြဖွယ် မဟုတ်တော့ပေ။)
စာရေးသူသည် နောက်ထပ် နှစ်သစ်ဆုတောင်း တခုကိုလည်း တွေးမိသည်။ ထိုဆန္ဒမှာ ဤနိုင်ငံမှ မအလ ပျောက်ကွယ်သွားရေးဖြစ်သည်။ ထိုမျှသာမကသေးပေ။ သူသည် ဤနိုင်ငံအတွက်သာမက ဤကမ္ဘာမြေအတွက်ပါ ကောင်းကျိုးတခုမျှ ယူဆောင်မပေးနိုင်သည့် မကောင်းဆိုးရွား ဖြစ်သောကြောင့် ဤကမ္ဘာမြေမှ ပျောက်ကွယ်သွားရန်ပါ လိုအပ်သည်။ ထိုနှစ်သစ်ဆုတောင်းသည် လူပုဂ္ဂိုလ်တဦးတယောက်၏ ဆန္ဒကိုကျော်လွန်ပြီး လူတိုင်း ကိုယ်စားတောင်းဆိုသော ဆုတောင်းဖြစ်သောကြောင့် ပြီးပြည့်စုံသည့် ဆုတောင်း ဖြစ်သည်။ ထိုဆန္ဒသည် မြောက်ပိုင်းကချင်ပြည်နယ်မှ တောင်ပိုင်း တနင်္သာရီတိုင်းအထိ၊ အရှေ့ဘက်တွင် ကယားပြည်နယ်မှ အနောက်ဘက်တွင် ချင်းပြည်နယ်အထိ မိမိတို့ နိုင်ငံသားအားလုံးနှင့်တူညီသည့် ဘုံဆန္ဒဖြစ်သည်။
ဇန်နဝါရီလ တရက်နေ့သန်းခေါင်အချိန်တွင် ထိုဆုတောင်းကို မိမိ၏ မိတ်ဆွေအားလုံးထံသို့ ပေးပို့ခဲ့သင့်သည်။ “၂၀၂၂ ခုနှစ်သည် မိမိတို့အားလုံးအတွက်၊ အမိမြန်မာနိုင်ငံအတွက် မအလ ပျောက်ကွယ်သွားသော နှစ်ဖြစ်ပါစေ” ဟူသည့် ဆုတောင်းဖြစ်သည်။
မိမိ၏ လုံခြုံရေးအခြေအနေကို စိုးရိမ်သောကြောင့် အိမ်မှထွက်ခွာလာသည့်နေ့ကို မည်သည့်အခါမျှ မေ့နိုင်တော့မည် မဟုတ်ပေ။ ထိုနေ့သည် မအလ အာဏာသိမ်းသည့် ၃၆ ရက်မြောက်ဖြစ်သော ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများ၊ အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများ၊ လူမဆန်သည့် ဖြိုခွဲများ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် စစ်ကောင်စီကို ဝေဖန်သူများအား သူ၏တပ်များက နိုင်ငံတဝန်း လိုက်လံရှာဖွေဖမ်းဆီးမှုများကြောင့် လူအများအပြားမှာ ပုန်းအောင်း သို့မဟုတ် နိုင်ငံမှ ထွက်ပြေးရန် ကြံစည်နေကြရပြီး ဖြစ်သည်။
စစ်ကောင်စီက သက်ညှာမည် မဟုတ်သည့် မိမိ၏ လှုပ်ရှားမှုများကြောင့် မိမိသည် ဘေးကင်းလုံခြုံသည်ဟု မခံစားရတော့ပေ။ မိတ်ဆွေများနှင့် မိသားစုများကလည်း အိမ်တွင်မနေရန် မိမိကို တိုက်တွန်းကြသည်။
ထိုနေ့က အိမ်တွင်နေ့လယ်စာ စားနေချိန်တွင် မိတ်ဆွေတဦးထံမှ မက်ဆေ့သတင်းစကားတခု မိမိ၏ဖုန်းတွင် ရုတ်တရက်ပေါ်လာသည်။ “လုံခြုံတဲ့နေရာတခုလိုသလား” ဟုဖြစ်သည်။
“လိုတယ်” ဟု မိမိအကြောင်းပြန်လိုက်သည်။
မိမိတို့သည် မထင်မရှားနေရာတခုတွင် တွေ့ဆုံရန် ရွေးချယ်လိုက်သည်။ မိမိနောက်မှ တစုံတယောက်လိုက်မလာစေရန်အတွက် ထိုနေရာသို့ တိုက်ရိုက်မသွားရန် ထိုမိတ်ဆွေက အကြံပေးသည်။ မိမိ၏ အိမ်ကိုစောင့်ကြည့်နေပြီးဖြစ်မည်ကို သူစိုးရိမ်သည်။
ညနေ ၄ နာရီခန့်တွင် မိမိတို့သည် ချိန်းထားသောနေရာတွင်တွေ့သည်။ မိမိက ကျော်ပိုးအိတ်ကိုလွယ်ပြီး သူ၏ ကားအတွင်းသို့ အမြန်ဝင်လိုက်သည်။ ကျောပိုးအိတ်အတွင်းတွင် မှတ်စုစာအုပ်တအုပ်နှင့် အဝတ်အစားအချို့ပါသည်။ နောက်ခုံတွင် လဲလျောင်းနေရန် သူက စာရေးသူကို ပြောသည်။ မိမိတို့သွားမည့် နေရာရောက်ရန် ၁၅ မိနစ်ခန့်ကြာသည်။ ပတ်ဝန်းကျင်မှ အိမ်များ မမြင်စေရန် ကားဂိုဒေါင်မှတဆင့် အိမ်တွင်းသို့ဝင်ရန် သူပြောသည်။
မိမိတို့၏ လုံခြုံရေးအတွက် ဆောင်ရန်ရှောင်ရန်များကို သူပြောပြပြီး မည်သည့်အလင်းရောင်ကိုမျှ ပြင်ပမှ မမြင်စေရန် မိမိနေမည့် အိပ်ခန်းပြတင်းပေါက်များကို စောင်များဖြင့် ဖုံးကာရန် သူကူညီသည်။
ထိုပုန်းအောင်းနေသောနေရာတွင် ပထမဆုံးညက အိပ်မပျော်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ရှေ့လာမည့် ရက်များ၊ လများ သို့မဟုတ် နှစ်များတွင် အိပ်မပျော်သောည မည်မျှရှိဦးမည်ကို မစဉ်းစားမိအောင် ကြိုးစားရသည်။
ထိုပုန်းအောင်းနေသောနေရာတွင် ပထမဆုံးညက အိပ်မပျော်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ရှေ့လာမည့် ရက်များ၊ လများ သို့မဟုတ် နှစ်များတွင် အိပ်မပျော်သောည မည်မျှရှိဦးမည်ကို မစဉ်းစားမိအောင် ကြိုးစားရသည်။
မိမိအပြင်ထွက်ရန် လိုတိုင်း ကားအတွင်းဝင်သည်ကို မည်သူမျှ သတိမထားမိစေရန် မိတ်ဆွေက ပတ်ဝန်းကျင် အိမ်များအား ဦးစွာ စစ်ဆေးသည်။
ထိုပုန်းအောင်နေသော အမိုးအောက်တွင် ပြောသမျှစကားများသည် နိုင်ငံရေးအကြောင်းများသာဖြစ်သည်။ မိမိတို့သည် န်ိုင်ငံရေးအခြေအနေနှင့် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မည်သည်တို့ ဆက်ဖြစ်မည်မှလွဲ၍ မည်သည့်အကြောင်းကိုမျှ ပြောဆိုခြင်းမရှိပေ။ နေ့တနေ့တိုင်း တနေ့တိုင်းသည် သတင်းဆိုးများမှလွဲပြီး မည်သည်ကိုမျှ ယူဆောင်လာခြင်း မရှိပေ။ မအလ စစ်တပ်၏ ထပ်မံသတ်ဖြတ်မှုများနှင့် ဖမ်းဆီးမှုသတင်းများသာဖြစ်သည်။ ထိုအမိုးအောက်တွင် မိမိတို့၏ဒေါသများနှင့် စိတ်ခံစားမှုများသည် ဆူပွက်လာသည်။
မတ်လ ၂၄ ရက်နေ့တွင် ဒုတိယမြောက် ပုန်းအောင်းမည့်နေရာသို့ ရွှေ့ပြောင်းရသည်။ ဘဝသည် ပိုမို မတည်မငြိမ်ဖြစ်လာပြီး ကြိုတင်ခန့်မှန်း မရတော့ပေ။ ပတ်ဝန်းကျင်အခြေအနေသည် အမြဲလိုလို မရေမရာ ဖြစ်နေသည်။
မိမိ၏ ဒုတိယမြောက် ပုန်းအောင်းရမည့်နေရာပိုင်ရှင်က အာဏာပိုင်များလာရောက်စစ်ဆေးပါက သူ၏ခြံအတွင်း မည်သည့်နေရာတွင် ပုန်းအောင်းရမည်ကို ပြပေးသည်။ ထပ်ခိုးအတွင်း သို့မဟုတ် ထပ်ခိုးပြတင်းပေါက်မှတဆင့် အမိုးပေါ်သို့တက်နေရန် သူအကြံပေးသည်။ အိမ်နောက်ဘက်မှ ကြီးမားလှသော သစ်ရွက်ပုံသည်လည်း အခြား ဖြစ်နိုင်ခြေရှိသည့် ပုန်းအောင်းရန်နေရာဖြစ်သည်။ ထိုသစ်ရွက်ပုံအတွင်းခုန်ဝင်ပြီး အရွက်ခြောက်များဖြင့် မိမိကိုယ် မိမိဖုံးကာထားရန် သူအကြံပြုသည်။
ထိုသို့လုပ်ရန် အခြေအနေမျိုးကြုံလာပါက သူပြောသည့် အကြံအတိုင်း လုပ်နိုင်မည် မလုပ်နိုင်မည်ကို မိမိသေသေချာချာ မသိပေ။ ကံကောင်းလှစွာပင် မိမိသည် ထိုအတိုင်းလုပ်ဆောင်ရန် အခြေအနေမျိုး မကြုံခဲ့ပေ။ နောက်တလကျော်ကြာသောအခါ တတိယပုန်းအောင်းသည့်နေရာသို့ ရောက်သောအခါမှသာ အန္တရာယ်မှ ပွတ်ကာသီကာ လွတ်မြောက်ခြင်းကို တွေ့ကြုံရသည်။
ဇွန်လအစောပိုင်း နေ့လယ်ခင်းတခုတွင် အနီးပတ်ဝန်းကျင်တွင် ကြီးမားသော ပေါက်ကွဲမှုတခုဖြစ်သည်။ ထိုအသံသည် ဗုံးပေါက်ကွဲသံဖြစ်ကြောင်း မိမိချက်ခြင်းသိသည်။ ပြင်ပအခြေအနေကို လေ့လာရန် ဝရန်တာသို့ ချက်ခြင်းပြေးသွားလိုက်သည်။ နောက်ထပ်ပေါက်ကွဲသံတခု ထပ်မံကြားရပြီး လမ်းအောက်ဘက်နေရာတခုမှ မီးခိုးများ အလိပ်လိုက်ထွက်လာသည်ကို တွေ့ရသည်။
အခန်းထဲသို့ ပြန်ပြေးဝင်ပြီး ဝပ်နေလိုက်ကာ မိမိ၏ ဦးခေါင်းသည် ကြမ်းပြင်နှင့် ထိလုနီးပါးဖြစ်နေသည်။ ထိုသို့ ဝပ်လိုက်ရင်း ကော်ဇောပေါ်တွင် မှန်ကွဲအစအနများကို တွေ့ရသည်။ တိုက်ခန်း ပြတင်းပေါက် ကွဲအက်နေပြီး အပေါက်ငယ်တခုတွေ့သည်။ ဗုံးဆန်ကြောင့် ဖြစ်သွားသော ထိုအပေါက်သည် ဦးခေါင်းခန့်အထိမြင့်ပြီး စောစောက စာရေးသူ အောက်ဘက်သို့ကြည့်ရန် ရပ်နေသော နေရာတွင်ဖြစ်သည်။
မိမိသာ နေရာမရွှေ့ပါက သေဆုံးသွားနိုင်ခဲ့သည်။ ကံကောင်းသည်။ ထို့နောက် လမ်းပေါ်မှ ပေါက်ကွဲမှု ဖြစ်သောနေရာကို စာရေးသူလှမ်းကြည့်သည်။ စစ်သားများနှင့် ရဲများသည် လမ်းကိုပိတ်ထားပြီး ကားများပြန်လှည့်သွားရန် အော်ဟစ်နေကြသည်။ ၎င်းတို့သည် ပေါက်ကွဲမှုဖြစ်ပွားသော နေရာကို နာရီပေါင်းစွာ ပိုက်စိတ်တိုက်ရှာကြသည်။
မိမိသာ နေရာမရွှေ့ပါက သေဆုံးသွားနိုင်ခဲ့သည်။ ကံကောင်းသည်။ ထို့နောက် လမ်းပေါ်မှ ပေါက်ကွဲမှု ဖြစ်သောနေရာကို စာရေးသူလှမ်းကြည့်သည်။ စစ်သားများနှင့် ရဲများသည် လမ်းကိုပိတ်ထားပြီး ကားများပြန်လှည့်သွားရန် အော်ဟစ်နေကြသည်။ ၎င်းတို့သည် ပေါက်ကွဲမှုဖြစ်ပွားသော နေရာကို နာရီပေါင်းစွာ ပိုက်စိတ်တိုက်ရှာကြသည်။
ယခုအခါ အာဏာသ်ိမ်းပြီး တနှစ်ကြာသောအခါ စာရေးသူသည် ဗုံးပေါက်ကွဲသံများကို ပုန်းအောင်းနေသော နေရာများမှ သို့မဟုတ် ညဖက်တွင် အိပ်ရာထဲမှ ကြားရသည်ကို အလေ့အကျင့်ဖြစ်လာသည်။ အိပ်မပျော်သော ညများသည် အထူးအဆန်း မဟုတ်တော့ပေ။ ထိုသို့ဆိုသော်လည်း စာရေးသူသည် အိပ်ရာသစ်များတွင် အဝေးမှ သေနတ်သံ၊ ဗုံးသံများကို နားထောင်ရင်း အိပ်ပျော်လာတတ်သည့် အကျင့်ရလာသည်။
ထိုသို့သော ကိစ္စများကို အလေ့အကျင့်ရလာသည့် သဘောဖြစ်သည်ဟု ယူဆရသည်။ သို့သော် ထိုသို့သော ကိစ္စများသည် မည်သူမျှ ကျင့်သားမရသင့်သည့် ကိစ္စများဖြစ်သည်။ ယခုအခါ ညများသည့် လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ အာဏာမသိမ်းမီက ညများနှင့်မတူတော့ပေ။
ယခုအခါ စာရေးသူသည် အိမ်နှင့်ဝေးရာ ပုန်းအောင်းသည့် နေရာအမျိုးမျိုးမှ ယာယီအိပ်ရာသစ်များတွင် ညပေါင်း ၃၀၀ ကျော် ကုန်ဆုံးခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်တွင် စာရေးသူသည် ထိုယာယီနေရာများကိုပင် အိမ်ဟု ခေါ်ရတော့မည်ကဲ့သို့ဖြစ်နေသည်။
ယခုအခါ စာရေးသူသည် အိမ်နှင့်ဝေးရာ ပုန်းအောင်းသည့် နေရာအမျိုးမျိုးမှ ယာယီအိပ်ရာသစ်များတွင် ညပေါင်း ၃၀၀ ကျော် ကုန်ဆုံးခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်တွင် စာရေးသူသည် ထိုယာယီနေရာများကိုပင် အိမ်ဟု ခေါ်ရတော့မည်ကဲ့သို့ဖြစ်နေသည်။
စာရေးသူအနေဖြင့် မသိနိုင်သည့် ကိစ္စမှာ ထိုအိပ်ရာများတွင် အိပ်စက်ရန်ကြိုးစားရမည့် နောက်ထပ် ညပေါင်းမည်မျှ ရှိသေးသည်ဆိုသည့် အချက်သာဖြစ်သည်။
သည်လိုနှင့်ပဲ ကောင်းသောညဟု နှုတ်ခွန်းဆက်လိုက်ပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Diary: Eleven Months of Sleeping Under Strange Roofs ကို ဘာသာပြန်ဆိုသည်။)
You may also like these stories :
အသက်ရှူကြပ်လာသည့် မြို့ပြ ပြည်သူများ
ပြုပြင်ပြောင်းလဲရေး အရေခြုံ ဦးစိုးသိန်း
ငွေရပေါက်ဖြစ်နေသည့် ဧည့်စာရင်း