• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ရှုသဘင်နောက်ပိုင်း နေပြည်တော်တွင် ကိုဗစ်ပိုးတွေ့မှု မြင့်တက်လာ

by ဧရာဝတီ
23 February 2022
in သတင်း
A A
ပြည်ထောင်စုနေ့ နေပြည်တော်တွင် ကျင်းပသည့် ဗိုလ်ရှုသဘင်အခမ်းအနား

ပြည်ထောင်စုနေ့ နေပြည်တော်တွင် ကျင်းပသည့် ဗိုလ်ရှုသဘင်အခမ်းအနား

6k
VIEWS
Share on FacebookShare on Twitter

ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ၇၅ နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့နှင့် ဗိုလ်ရှုသဘင် အခမ်းအနား ပြုလုပ်ပြီး နောက်ပိုင်း နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိမှုများ မြင့်တက်လာပြီး တရက်တည်း ၉၀၀ ခန့်ထိ အတည်ပြူလူနာဖြစ်ခဲ့ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်များ အရ သိရသည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် မြို့နယ် ၈ ခုရှိပြီး ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိမှု ရုတ်တရက် မြင့်တက်လာခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ ပိုးတွေ့အတည်ပြုလူနာ ၈၉၂ ဦးထိ ရှိခဲ့သည်။

“အတည်ပြုလူနာတွေ့ရှိမှှုုန်း မြင့်တက်လာတာ မှန်ပါတယ်ဗျ၊ ၁၉ ရက်နေ့ထိကတော့ ပိုးတွေ့အတည်ပြုလူနာတွေ့တာ နည်းပါတယ်၊ သံသယလူနာတွေ များလာတော့ ဓာတ်ခွဲနမူနာယူပြီး စစ်တာမှာ Positive အဖြေထွက်တဲ့သူ များလာတယ်လေ၊ အခုလို Positive အဖြေထွက်တဲ့သူများလာတာ ကောင်းပါတယ်၊ ဘာကြောင့်လဲဆိုတော့ များများစစ်ပြီး Positive ဆိုရင် အမြန်ဆုံး ကုသမှု ခံယူနိုင်တာပေါ့လေ”ဟု လယ်ဝေးမြို့နယ်ကျန်းမာရေးဌာနမှ ဆရာဝန်တဦးက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
89
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီမှ ၂၀ ရက် ည ၈ နာရီထိ ကိုဗစ် ၁၉ ရောဂါအတည်ပြုလူနာ ၃၃၀၃ ဦးထိ တွေ့ရှိခဲ့သည့်အနက် နေပြည်တော်မှ ပိုးတွေ့ရှိမှုသည် ဇေယျာသီရိမြို့နယ်တွင် ၇၃၅ ဦးထိ တွေရှိခဲ့သဖြင့် အများဆုံးတွေ့ရှိမှု ဖြစ်ကြောင်း၊ ကျန်မြို့နယ်များဖြစ်သည့် ဇမ္ဗူသီရိမြို့နယ် ၈၉ ဦး၊ ဒက္ခိဏသီရိ မြို့နယ် ၄၀ ဦး၊ ပျဉ်းမနားမြို့နယ် ၉ ဦး၊ ပုဗ္ဗသီရိမြို့နယ် ၈ ဦး၊ တပ်ကုန်းမြို့နယ် ၄ ဦး၊ ဥတ္တရသီရိမြို့နယ် ၄ ဦး၊ လယ်ဝေးမြို့နယ် ၃ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရုတ်တရက် မြင့်တက်လာသော ပိုးတွေ့အတည်ပြုလူနာများတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုနေ့နှင့် ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့သူ အများဆုံးပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

“နေပြည်တော်ထဲမှာတော့ ကိုဗစ်လက္ခဏာတွေနဲ့ ဖျားတဲ့သူ၊ ချောင်းဆိုးတဲ့သူတွေ ပြန်များနေတယ်၊ နောက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ပိုးတွေ့လူနာစာရင်းထဲမှာ ပြည်ထောင်စုနေ့ အခမ်းအနားတက်ခဲ့တဲ့သူတွေ အများကြီး ပါတယ်လို့တော့ သိရတယ်၊ စစ်ကောင်စီရဲ့ ထိပ်ခေါင်းဆောင်အချို့တောင် ပါတယ်လို့ သိရတယ်၊ ဘယ်လောက်ထိ ကူးစက် ခံရသလဲတော့ အသေးစိတ် မသိရဘူး”ဟု နေပြည်တော်မှ ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ပြောသည်။

နေပြည်တော်နယ်မြေတွင် ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ကာ နေ့စဉ် ၁၀၀ ဝန်းကျင်အထိသာ တွေ့ရှိနေရာမှ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ အတည်ပြုလူနာတွေ့ရှိမှု ၃၃၀၃ ဦးတွင် ပိုးတွေ့မှု နေ့စဉ် ဆက်တိုက်များပြားခဲ့သည့် ရန်ကုန်တိုင်းထက် ကျော်လွန်ခဲ့ပြီး ကျန်တိုင်းနှင့်ပြည်နယ်များထက် အများဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“လုံခြုံရေးနဲ့ အစစ်အဆေး အများကြီးရှိတဲ့ နေပြည်တော်လို နေရာမျိုးမှာ ကိုဗစ်ဖြစ်တဲ့သူများလာတယ်ဆိုရင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာဆိုရင် ဘယ်လောက်များမလဲဆိုတာ ခန့်မှန်းလို့ရလောက်ပါတယ်၊ အခုတွေ့တာက စစ်လို့တွေ့တာ၊ မစစ် နိုင်တဲ့သူတွေလည်း အများကြီး ရှိနိုင်သေးတယ်၊ စကစရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ ဆိုရင်တောင် ကိုဗစ်စတုတ္ထလှိုင်း စ နေပြီလို့ ပြောလို့ရမယ့် အခြေအနေပဲ၊ ဒါကို စကစက ကာကွယ်ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်နေတာ တခုမှ မတွေ့ရသေးဘူး”ဟု နေပြည်တော်ဒေသခံတဦးက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ နေပြည်တော် ၈ မြို့နယ်မှ ၈၉၂ ဦး၊ ရန်ကုန်တိုင်း ၄၄ မြို့နယ်မှ ၅၆၇ ဦး၊ ဧရာဝတီတိုင်း ၂၆ မြို့နယ်မှ ၃၅၃ ဦး၊ ကချင်ပြည်နယ် ၁၀ မြို့နယ်မှ ၁၆၆ ဦး၊ ရှမ်းပြည်နယ် ၂၇ မြို့နယ်မှ ၁၅၅ ဦး၊ မန္တလေးတိုင်း ၂၄ မြို့နယ်မှ ၂၂၃ ဦး၊ မကွေးတိုင်း ၁၆ မြို့နယ်မှ ၁၆၈ ဦး၊ ပဲခူးတိုင်း ၂၂ မြို့နယ်မှ ၂၉၅ ဦး၊ တနင်္သာရီတိုင်း ၁၀ မြို့နယ်မှ ၈၁ ဦး၊ စစ်ကိုင်းတိုင်း ၁၆ မြို့နယ်မှ ၁၂၂ ဦး၊ မွန်ပြည်နယ် ၁၀ မြို့နယ်မှ ၁၁၉ ဦး၊ ရခိုင်ပြည်နယ် ၈ မြို့နယ်မှ ၂၉ ဦး၊ ချင်းပြည်နယ် ၂ မြို့နယ်မှ ၁၃ ဦး၊ ကယားပြည်နယ် ၂ မြို့နယ်မှ ၁၉ ဦး၊ ကရင်ပြည်နယ် ၄ မြို့နယ်မှ ၁၀၁ ဦးတို့ ဖြစ်သည်။

သေဆုံးမှုအနေဖြင့် ၇ ဦးရှိခဲ့ရာ ရန်ကုန်တိုင်း လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ မှော်ဘီ၊ သန်လျင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ စမ်းချောင်းနှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ၁ ဦးတို့ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီမှ ၂၁ ရက် ည ၈ နာရီထိ ပိုးတွေ့ရှိမှု ၂၈၉၇ ဦးထိ တွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင်လည်း နေပြည်တော် ၈ မြို့နယ်မှ ၄၁၉ ဦးထိ ပါဝင်နေပြီး ရန်ကုန်တိုင်း ၄၁ မြို့နယ်မှ ၅၉၀ ဦး၊ ဧရာဝတီတိုင်း ၂၆ မြို့နယ်မှ ၄၁၅ ဦး၊ ကချင်ပြည်နယ် ၁၂ မြို့နယ်မှ ၂၅၀၊ ရှမ်းပြည်နယ် ၂၅ မြို့နယ်မှ ၂၃၆ ဦး၊ မန္တလေးတိုင်း ၂၅ မြို့နယ်မှ ၂၀၉ ဦး၊ မကွေးတိုင်း မြို့နယ် ၂၀ မှ ၁၈၉ ဦး၊ ပဲခူးတိုင်း ၂၃ မြို့နယ်မှ ၁၈၅ ဦး၊ တနင်္သာရီတိုင်း ၁၀ မြို့နယ်မှ ၁၀၄ ဦး၊ စစ်ကိုင်းတိုင်း မြို့နယ် ၂၀ မှ ၁၀၃ ဦး၊ ရခိုင်ပြည်နယ် ၄ မြို့နယ်မှ ၂၅ ဦး၊ ချင်းပြည်နယ် ၄ မြို့နယ်မှ ၂၃ ဦး၊ ကယားပြည်နယ် လွိုင်ကော်မှ ၁၇ ဦး၊ ကရင်ပြည်နယ် ၃ မြို့နယ်မှ ၄ ဦးတို့ ဖြစ်သည်။

သေဆုံးမှုအနေဖြင့် ၄ ဦးရှိခဲ့ရာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှ ၁ ဦး၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှ ၁ ဦး၊ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှ ၁ ဦး၊ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

You may also like these stories:

သိန်းသောင်းချီ အကုန်ခံခဲ့သော်လည်း အဖက်လုပ်မခံရသည့် ဗိုလ်ရှုသဘင်

စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ပွဲ လက်နက်ကိုင်တွေ ဘာကြောင့်တက်ခဲ့ကြသလဲ

မြန်မာပြည်မှာ ကိုဗစ် စတုတ္ထလှိုင်း စပြီလား

ကိုဗစ်နိုင်တင်းကြောင့် ရန်ကုန် ဆေးရုံကြီးမှ ပြင်ပလူနာဌာနများ ပိတ်ထားရ

Your Thoughts …
Tags: COVID-19ကိုဗစ်ပိုးတွေ့မှုကျန်းမာရေးဝန်ကြီးဌာနစစ်ကောင်စီနေပြည်တော်ပိုးတွေ့အတည်ပြုလူနာဗိုလ်ရှုသဘင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာနိုင်ငံ လူသားအရင်းအမြစ် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရတော့မည်

မြန်မာနိုင်ငံ လူသားအရင်းအမြစ် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရတော့မည်

လေးကေ့ကော် စစ်ရှောင်စခန်းဝင်းအတွင်း ကျန်းမာရေးအဖွဲ့မှ ကိုဗစ်စစ်ဆေးမှုများပြုလုပ်စဉ်

ကိုဗစ်ကူးစက်ခံ လေးကေ့ကော်စစ်ရှောင်များ သီးသန့်ခွဲထားရန် နေရာခက်ခဲနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved