• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ပွဲ လက်နက်ကိုင်တွေ ဘာကြောင့်တက်ခဲ့ကြသလဲ

by ဧရာဝတီ
14 February 2022
in သတင်း
A A
စစ်ကောင်စီကျင်းပသည့် ဗိုလ်ရှုသဘင်နှင့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ တက်ရောက်ကြသူများ

စစ်ကောင်စီကျင်းပသည့် ဗိုလ်ရှုသဘင်နှင့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ တက်ရောက်ကြသူများ

16.8k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီက ကျင်းပသည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ပွဲကို တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း (EAO) ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်သည်။

အဆိုပါ ပွဲကို တနိုင်ငံလုံး အပစ်ရပ် လက်မှတ် မထိုးထားသည့် EAO ၄ ဖွဲ့ တက်ရောက်ပြီး အပစ်ရပ် လက်မှတ်ထိုး ထားသည့် EAO ၇ ဖွဲ့ တက်ရောက်သည်။ ထိုသို့ တက်ရောက်သည့် အဖွဲ့များထဲတွင် အဖွဲ့သေး အချို့သာ ခေါင်းဆောင်းပိုင်း တက်သည်ကို တွေ့ရပြီး အများစုမှာ မိတ်မပျက်ရုံ ကိုယ်စားလှယ် အမည်ခံ အဆင့်သာ လွှတ်ခဲ့ကြသည်။

သို့သော်လည်း ပြည်သူလူထုက သပိတ်မှောက်ထားသော စစ်ကောင်စီက ငွေကုန်ကြေးကျ ခံ၍ ကျင်းပသည့် ဗိုလ်ရှုသဘင်နှင့် ပြည်ထောင်စုနေ့ကို တက်ရောက်ခဲ့ကြသဖြင့် တက်ရောက်သည့် အဖွဲ့များနှင့် လူပုဂ္ဂိုလ် အချို့မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

NCA လက်မှတ် မထိုးရသေးသည့် ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) မှ လားရှိုးမြို့ ဆက်ဆံရေး ရုံးတာဝန်ခံ ဦးညီရန်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) မှ ဆက်ဆံရေးအရာရှိကြီးမှူး စိုင်းမောက်၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) မှ ဗဟိုကော်မတီဝင် စိုင်းနော်လိတ်နှင့် ရက္ခိုင်စစ်တပ် (AA) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီဖြစ်သူကို အောင်မြတ်ကျော် အပါအဝင် နိုင်ငံရေးမှူး ဦးဦးလှစောတို့ တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

စစ်ကောင်စီကျင်းပသည့် ဗိုလ်ရှုသဘင်နှင့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ တက်ရောက်ကြသူများ

AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကလည်း AA အဖွဲ့၏ ကိုယ်စားလှယ်များ အနေနှင့် စစ်ကောင်စီက ကျင်းပသည့် ပြည်ထောင်စုနေ့ပွဲ တက်ခြင်းသည် ၎င်းတို့ ပြည်သူများ၏ အရေးကို အလေးထားသောကြောင့် ဖြစ်ကြောင်း ဆိုသည်။

ခိုင်သုခ က “ကျနော်တို့ ULA/AA အနေနှင့်ကတော့ ကျနော်တို့ ပြည်သူတွေရဲ့ အရေးကို အမြဲတမ်းအလေးထား၊ ဦးထိပ်ထား ပါ တယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေရဲ့ အကျိုး၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ထည့်တွက် စဉ်းစားပြီးတော့မှ လက် တွေ့ကျတဲ့ ညှိနှိုင်းမှုတွေနှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီ၏ ပြည်ထောင်စုနေ့တွင် ထူးခြားသည်က ရှမ်းပြည်နယ်တွင် တဖွဲ့နှင့်တဖွဲ့ ပစ်ခတ်တိုက်ခိုက်မှုများ လုပ် ဆောင်နေသော ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် SSPP နှင့် RCSS တို့သည် တဖွဲ့နှင့်တဖွဲ့ မျက်နှာချင်းဆိုင် မဆွေးနွေး နိုင်ကြသေးသော်လည်း အာဏာသိမ်း စစ်ကောင်စီကျင်းပသည့် ပြည်ထောင်စုနေ့ပွဲတွင်မူ ဗဟိုကော်မတီဝင် အချို့ စေလွှတ်တက်ရောက်နေခဲ့ခြင်း ဖြစ်သည်။

မည်သည့်အကြောင်းကြောင့် စစ်ကောင်စီ၏ စိန်ရတု ပြည်ထောင်စုနေ့ပွဲအား တက်ရောက်ရသည်ကို မေးမြန်းရန် SSPP နှင့် RCSS ပြောခွင့်ရပုဂ္ဂိုလ်အချို့အား ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် အဆက်အသွယ် မရသဖြင့် ၎င်းတို့၏ သဘောထားမှတ်ချက်အား ဖော်ပြနိုင်ခြင်းမရှိပါ။

စစ်ကောင်စီကျင်းပသည့် ဗိုလ်ရှုသဘင်နှင့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ တက်ရောက်ကြသူများ

အစည်းအဝေး တက်ခဲ့သည့် UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကမူ ပြည်ထောင်စုနေ့ပွဲ တက်ခဲ့ခြင်းသည် UWSA အနေနှင့် ယခင်နှစ်များကတည်းက တက်ရောက်ခဲ့သည့် အစဉ်အလာရှိ သောကြောင့် ယခုနှစ်တွင်လည်း အစဉ်အလာမပျက် တက်ရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးညီရမ်း က “တက်တာ မှန်ပါတယ်။ ပြည်ထောင်စုနေ့က အရင်ကတည်းက ဖိတ်ရင် တက်နေကြပါ။ ကျနော်တို့ အဖွဲ့က ပြည်ထောင်စုနေ့ အခမ်းအနားပဲတက်တယ်။ ကျနော်တို့ ဘယ်ဖက်ကိုရပ်တည်တယ်ဆိုတဲ့သဘော မဟုတ်ပါဘူး။ ပြည်သူတရပ်လုံး အေးချမ်း သာယာတဲ့ဘဝ အမြန်ဆုံး လျှောက်လှမ်းစေလိုပါတယ်” ဟု ဆိုသည်။

NCA လက်မှတ်ထိုးထားသည့် EAO များထဲမှလည်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကိုယ်စားပြု ဗဟို ဦးစီးကော်မတီဝင် လွန့်ဆန်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်း၊ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ (ALP) က ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဒူးပလာယာ ခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်း တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းပြင် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC) တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။

စိန်ရတု ပြည်ထောင်စုနေ့ပွဲ မတိုင်ခင်ကတည်းက စစ်ကောင်စီနှင့် ပတ်သက်စရာ အကြောင်းမရှိဟု ပြတ်ပြတ်သား သား ကြွေးကြော်ထားသော KNU ဘက်ကမူ KNU တပ်မဟာ ၆ အခြေစိုက်ရာ ဒူးပလာယာခရိုင်၏ ဥက္ကဋ္ဌ ဟောင်းဖြစ် သူ ပဒိုစောရွှေမောင်း အခမ်းအနား သွားတက်ခဲ့သည်လည်း ရှိသည်။

စစ်ကောင်စီကျင်းပသည့် ဗိုလ်ရှုသဘင်နှင့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ တက်ရောက်ကြသူများ

ထိုသို့ သွားတက်ခဲ့သဖြင့် အာဏာသိမ်းမှု ဆန့်ကျင်သည့် ပြည်သူအချို့က KNU၏ ရပ်တည်ချက်အပေါ် သို့လောသို့ လော ဝေခွဲမရဖြစ်လာသည့်နောက် လူမှုကွန်ရက်တွင် မေးခွန်းထုတ်မှုများ ရှိသည်။ စစ်ကောင်စီပွဲသို့သွားတက်ခဲ့သည့် ပဒိုစောရွှေမောင်းသည် ယခုနှစ် ဇန်နဝါရီလကတည်းက ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌ ရာထူးမှ အနားယူထားသူဖြစ်သည်။

KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး က “စစ်ကောင်စီက ပြည်ထောင်စုနေ့ လုပ်မယ်လို့ သတင်း ထွက်လာပြီး တည်းက KNU အနေနဲ့ မတက်ဘူးဆိုတာကို ပြောထားပြီးသားပါ။ ၁၂ ရက်နေ့ရောက်တော့ KNU တက် တယ်ဆိုပြီးတော့ သတင်းထဲမှာ ပါသွားတယ်၊ သတင်းလည်း ဖတ်လိုက်ရတယ်။ ဒီလိုသတင်းမျိုး (စစ်ကောင်စီ) ဖော်ပြတယ်ဆိုတာကတော့ KNU အနေနဲ့ လုံး၀ ကန့်ကွက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းကဆက်၍ “ကျနော်တို့က ယတိပြတ် ပြောပြီးသား ဒီလိုပွဲမျိုးကို လုံးဝမတက်ဘူးဆိုတာကို။ တက်စရာ အကြောင်းလည်း မရှိဘူး။ အခု တက်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း အဖွဲ့အစည်းမှာ ဘာတာဝန်မှ မရှိဘူးလေ၊ သူကိုလည်း ဘာတာဝန်မှ ပေးထားတာ မရှိတဲ့ အပေါ်မှာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတခုလို့မြင်တယ်၊ အဲ့ဒါကြောင့်မို့ ပြည်သူတွေ အနေနဲ့ ဒီပွဲကို KNU အနေနဲ့ လုံးဝမတက်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ဖို့လိုတယ်” ဟု ရှင်းပြသည်။

လူထုက ဒီမိုကရေစီနည်းဖြင့် ရွေးချယ်တင်မြောက်ထားသည့် အရပ်သားအစိုးရကို အဓမ္မဖြုတ်ချပြီး တိုင်းရင်းသား ပြည်သူလူထုကို အစုလိုက် အပြုံလိုက် အရှင်လတ်လတ် သတ်ဖြတ်မှု၊ ဖိနှိပ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက အသိအမှတ်ပြသလို ဖြစ်နေမည်ကို စိုးရိမ်နေကြပြီး တက်ရောက်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို ဝေဖန်နေကြခြင်းဖြစ်သည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန်ဖြစ်သူ ဦးနိုင်ထူးအောင်ကလည်း အာဏာသိမ်း စစ်ကောင်စီ ကျင်းပသည့် ပွဲကို တက်ရောက်ပါက မည်သူမဆို တက်ရောက်သည်ဖြစ်စေ တက်ရောက် သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် လူထု၏ အားပေး ထောက်ခံမှု လျော့ကျနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီကျင်းပသည့် ဗိုလ်ရှုသဘင်နှင့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ တက်ရောက်ကြသူများ

ဦးနိုင်ထူးအောင် က “လက်ရှိ စစ်ကောင်စီရဲ့ အနေအထားက ပြည်သူ တရပ်လုံးက လုံးဝ လက်မခံဘူး။ နိုင်ငံတကာအသိုင်းအဝိုင်း ဘက်မှာ လည်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ သူ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ ကောင်းစွာသိနားလည်ပြီး ဖြစ်ပါ တယ်။ ဒါကြောင့် လုံးဝ လက်မခံဘူး။ နာမည်ကောင်းလည်း လုံးဝ မရှိဘဲနဲ့၊ နာမည်ဆိုးများစွာနဲ့ ပြည့်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီလို နာမည်ဆိုးနဲ့ ပြည့်နေတဲ့ စစ်ကောင်စီ ဆောင်ရွက်တဲ့ လုပ်ငန်းအပေါ် ဘယ်လိုအဖွဲ့အစည်းပဲ ဘယ်လို လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် ပြည်သူတွေကလည်း မနှစ်သက်ဘူး။ ဒါကြောင့် စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဘယ်လို ပုဂ္ဂိုလ်ဘဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် လူထုထောက်ခံမှု လျော့ကျသွား တာမျိုးတွေ ဖြစ်နိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် နေထိုင်သည့် နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောကမူ စစ်ကောင်စီ ကျင်းပ သည့် စိန်ရတုပြည်ထောင်စုနေ့ပွဲကို တက်သည့် EAOs များသည် ၎င်းတို့တဖွဲ့ချင်းစီ၏ အခြေအနေ၊ အကျိုးစီးပွားပေါ် မူတည်ကာ အခမ်းအနားသွားတက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

၎င်းက “ကျမကြည့်တာတော့ တချို့ကိစ္စတွေက မလွှဲမရှောင်သာ တက်ကြရတယ် ထင်တယ်။ ဥပမာ အားဖြင့် ဝ တို့ ၊ မိုင်းလား တို့ဆိုရင် သူတို့နဲ့ နယ်ချင်းစပ်တာက တရုတ်ပြည်ဖြစ်တာကိုး။ တရုတ်ပြည်ဘက်ကလည်း အဲဒီပွဲကို တက်စေချင်ပုံရ တယ်လေ။ အဲဒါကြောင့် တက်ကြရတယ် ထင်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်ကလည်း တရုတ်နိုင်ငံကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်ချိတ်ဆက်ပေးမှုဖြင့် UWSA ကိုယ်စားလှယ်များနှင့် စစ်ကောင်စီကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

ဝေဖန်မှုများနှင့် ပတ်သက်၍ UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက “ကျနော်တို့က ငြိမ်း ချမ်းရေး ယူလာတာ နှစ် ၃၀ ကျော်လာပြီ။ ဖြစ်တည်မှုခြင်း မတူလို့ နားလည်မှုခြင်း မတူနိုင်တာ သဘာဝမို့ နားလည် ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ငြိမ်းချမ်းစေချင်ပါတယ်။ ကျနော်တို့ ဘယ်ဘက်ကို ရပ်တည်တယ် ဆိုတဲ့ သဘော မဟုတ်ပါ” ဟု မှတ်ချက်ပေးသည်။

ဒေါက်တာ လှကျော်ဇောကတော့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရာတွင် တိုက်ပွဲပုံသဏ္ဍာန်မှာ နည်း လမ်းမျိုးစုံဖြစ်နိုင်သဖြင့် တွေ့ဆုံဆွေးနွေးခြင်းသည် စစ်ကောင်စီနှင့် အပြတ်အသတ်ပူးပေါင်းခြင်း မဟုတ်ပါက အတိုင်း အတာတခုအထိ လက်ခံနိုင်စရာ ရှိကြောင်း ဆိုသည်။

၎င်းက “နည်းလမ်းပေါင်းစုံနဲ့ လုပ်နေတဲ့ ကာလမှာ ဘယ်သူဘယ်လိုလုပ်၊ ဘယ်သူက ဘယ်လိုလုပ်ပြောလို့တော့ မရဘူး ထင်တယ်။ အဖွဲ့ အားလုံးက သူ့အဖွဲ့နဲ့ သူ့ဒေသနဲ့ ကိုက်ညီတဲ့ နည်းနာတွေနဲ့ လုပ်ရလိမ့်မယ် ထင်တယ်” ဟုဆိုသည်။

စစ်ကောင်စီကျင်းပသည့် ဗိုလ်ရှုသဘင်နှင့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ တက်ရောက်ကြသူများ

စစ်ကောင်စီကျင်းပသည့် အခမ်းအနားကိုသွားတက်ခဲ့သည့် UWSA နှင့် NDAA တို့မှလွဲ၍ ကျန် ၉ ဖွဲ့သည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ကြသေးသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

ထိုပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က စစ်ကောင်စီက ပြုလုပ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှင်းပြခဲ့သလို တဖွဲ့ချင်းစီ၏ သဘောထားများကိုလည်း အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း အာဏာသိမ်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် အစည်းအဝေးအပြီးတွင်လည်း တဖွဲ့ချင်းစီနှင့် သီးခြားတွေ့ဆုံခဲ့သေးကြောင်းလည်း သိရသည်။

ပဒိုစောတောနီး ကတော့ စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ပွဲကိုသွားတက်ခဲ့သူများသည် အဆုံးအဖြတ်ပေးနိုင်သည့် သူများတက်ရောက်ခြင်းမဟုတ်ဘဲ ဆက်ဆံရေး မပျက်လောက်ယုံသာ သွားတက်ခဲ့ကြသူများဖြစ်ကြောင်း မှတ်ချက်ပြုသည်။

ပဒိုစောတောနီးက “သွားတဲ့အဖွဲ့ကတော့ သွားပါတယ်၊ ဒါပေမယ့် တကယ်တမ်း ငြိမ်းချမ်းဆွေးနွေးမယ်ဆိုတော့ ဆုံးဖြတ် ချက်ချမယ့် ခေါင်းဆောင်လည်း မပါ။ အဲ့ဒီ သွားတဲ့အဖွဲ့တွေကလည်း နိုင်ငံရေး မူဝါဒပဲပြောပြော၊ ခံယူ ချက်ပဲပြောပြော ဘာကို အဓိကထားလည်းဆိုတော့ နိုင်ငံရေးအရ ဆက်ဆံရေး မျက်နှာမပျက်ရေး သွားတဲ့ အဆင့်လောက်ပဲ ရှိတော့တယ်ဆိုတော့ အဲ့ဒီနိုင်ငံရေး ဆွေးနွေးပွဲက ဘယ်အဆင်လောက်ပဲ ရှိမ လဲဆိုတာ ကျနော်တို့ တွက်လို့ရတယ်လေ” ဟု ပြောသည်။

၎င်းကဆက်၍ “ဒီနေ့ ဒီအချိန်ကာလမှာ စစ်အုပ်စုက ပိုက်ဆံတွေ သောက် သောက်လဲကုန်အောင် လုပ်ထားတဲ့ တကယ်တမ်း ဖိတ်ထားတဲ့ သူက အဖွဲ့အစည်းကနေ ဘာတာဝန်မှ မယူထားတဲ့သူကို သွားဖိတ်တဲ့ဟာက ဒီကနေ့ စစ်ကောင်စီဟာ သူကြုံတွေ့နေရတဲ့ အခြေအနေကို ဘယ်လိုမှ ထိန်းမရတဲ့ အပေါ်မှာ ဂဏာမငြိမ်ဘူး၊ သွေးရူးသွေးတန်း ထလုပ်တာ၊ သူလုပ်သင့်လား၊ မလုပ်သင့် လား ဝေဖန်ပိုင်းခြားနိုင်မှု မရှိတော့ဘူးဆိုတာကို ဖော်ပြတာပဲ” ဟု ဆိုသည်။

စိန်ရတု ပြည်ထောင်စုနေ့ပွဲ သွားတက်သဖြင့် ပွဲတက်ရောက်သည့် EAO များ အဝေဖန်ခံနေရသည်နှင့် ပတ်သက်၍ လည်း ဒေါက်တာ လှကျော်ဇောက ပြည်သူလူထု၏ ဝေဖန်မှုသည် ၎င်းတို့ ခံစားကြုံတွေ့ရသည့် အတွေ့အကြုံမှ ပေါက် ဖွားလာသည့် သဘောထားဖြစ်သဖြင့် နားလည် လက်ခံပေးနိုင်ကြောင်းဆိုသည်။

သို့သော်လည်း ဝိုင်းဝန်း ဝေဖန်ကြရာတွင် အလွန်အကျွံပြစ်တင်ဝေဖန်မှုကြောင့် EAO များအား စစ်ကောင်စီနှင့် လုံးဝ ပူးပေါင်းသွားရန် တွန်းအားပေးသည့်ပုံစံ မဖြစ်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ဒေါက်တာ လှကျော်ဇောက “ပြည်သူလူထု အပေါ် ဒီလောက် ရက်စက်တဲ့သူတွေဖြစ်တဲ့ စစ်ကောင်စီကိုကတော့ အမှန်တိုင်းပြောရင် မျက်နှာ တောင် ကြည့်ချင်စိတ် မရှိပါဘူး။ ဒါပေမယ့် နိုင်ငံရေးသမားတွေကတော့ စိတ်လိုက်မာန်ပါ။ မိမိရဲ့ စိတ်ခံစားမှုကို ရှေ့ တန်းတင်လို့တော့ မဖြစ်ဘူးလေ။ ရိုးရိုးပြည်သူတွေအနေနဲ့ မခံချင်လို့ ပြောတာကတော့ ပြောပါစေ။ ကျမတို့ နားလည် ပေးရမှာပေါ့။ ကျမပြောချင်တာ တခုကတော့ ကျမတို့ အကြီးအကျယ် ဝေဖန်လိုက်လို့ စစ်ကောင်စီဘက်ကို တွန်းပို့ သလို မဖြစ်ဖို့ လိုတယ်” ဟု အကြံပြုသည်။

You may also like these stories:

သိန်းသောင်းချီ အကုန်ခံခဲ့သော်လည်း အဖက်လုပ်မခံရသည့် ဗိုလ်ရှုသဘင်

ပင်လုံစာချုပ်ကို NUG က ဦးဆောင်တာဝန်ယူရန် အရေးကြီးဟု KIA စစ်ဦးစီးချုပ်ပြော

ပြည်ထောင်စုနေ့အပေါ် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်

Your Thoughts …
Tags: EAOစစ်ကောင်စီပြည်ထောင်စုနေ့ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဂျပန်ကီရင်ဘီယာလုပ်ငန်းစုသည် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ပထမဆုံးကြေညာလာသည့် ဂျပန်ကုမ္ပဏီတခုဖြစ်သည် / AFP

ဂျပန်ကီရင်ဘီယာ မြန်မာနိုင်ငံမှ ထွက်ခွာမည်

ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး ရန်ကုန်လမ်းမပေါ် တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

CID ဒုရဲမှူးကြီး အဖမ်းခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved